လင်းဝေAugust 12, 20101min1501
မြန်မာပြည်ကြီးမှာ ပိုက်ဆံလေးလက်ထဲရှိနေတဲ့သူတွေ အများစုက ဟိုဟာကောင်းတယ်ဆိုလိုက်လုပ် ဒီဟာကောင်းတယ်ဆိုလိုက်လုပ် လုပ်တတ်ကြလွန်းလို့ ပုံပြင်လေးကို တင်ပေးလိုက်တာပါ။ မြန်မာပြည်မှာ ပိုက်ဆံလေးလက်ထဲရှိနေသူတွေရဲ့ ၅ဝရာခိုင်နှုန်းလောက်က ပြည်သူ့ပိုက်ဆံတွေကို မတရားခိုးစားထားတဲ့ ကျွန်စုတ်တွေ သူခိုးတွေ ဆိုတော့ ဦးဏှောက်မရှိတာတော့ ပြောမနေပါနဲ့တော့။ ကဲ ပုံပြင်လေး ဖတ်ကြည့်ကြပါဦး။ တစ်ခါတုန်းက ရွာတစ်ရွာမှာ မိဘမဲ့နေတဲ့ ကောင်လေးတစ်ယောက်ရှိတယ်။သူကအရမ်းအပျင်းထူတဲ့အတွက် တစ်ရွာလုံးက သူ့ကိုငပျင်းဆိုတဲ့နာမည်ကိုပဲခေါ်ကြတယ်။ မိဘကလည်းမရှိလေတော့ အရမ်းဆင်းရဲတာပေါ့။ သူ့ကို ရွာသားတွေက သနားပြီး နွားကျောင်းတဲ့ အလုပ်ကိုခိုင်းသတဲ့။ နောက်ပြီး ပိန်ခြောက်နေတဲ့ နွားလေးတစ်ကောင်ကိုလည်း သူ့ကိုလက်ဆောင်ပေးသေးတယ်။ ဒီလိုနဲ့ ငပျင်းဟာ ရွာပြင်ထွက်ပြီး ရွာထဲကနွားတွေကို ကျောင်းပေးလိုက်တာ တဖြည်းဖြည်းနဲ့ ရွာသားတွေရဲ့နွားတွေကပိန်ခြောက်လာပြီး သူ့နွားပိန်လေးက ဝဖီးလာတယ်။ ဒါနဲ့ ရွာသားတွေကမကျေနပ်လို့ လိုက်ခြောင်းကြတော့ ငပျင်းဟာ စားကျက်ထဲရောက်တာနဲ့သူ့နွားကလွဲရင် ကျန်တဲ့နွားတွေကို သစ်ပင်ရိပ်မှာချည်ပြီး သူကအိပ်နေတယ်။ညနေရောက်မှ […]


လင်းဝေJuly 22, 20101min1200
မျှဝေချင်တာလေးတွေပါ။ ပျော်ရွှင်သော မိမိကိုယ်ကို ယုံကြည်သော စိတ်ထားကြီးမြတ်လူငယ်များ ထွန်းကားရေးအတွက်ပါ။ မိမိကိုယ်တွင် စိတ်ကျရောဂါ မဝင်ရောက်စေဘဲ ရင့်ကျက်သော သဘော ကာယနှင့် ကြံ့ခိုင်တည်ကြည်စွာ နေနိုင်သောနည်းများကို စိတ်ပညာ ဆိုင်ရာ သုတေသန ပညာရှင်များက အချိန်ယူ လေ့လာခဲ့ပြီး ဖော်ထုတ်ထားခဲ့ကြသည်. .. ထိုနည်းများကား သိပ္ပံနည်းကျ၍ စိတ်ကျရောဂါ မဝင်နိုင်အောင် ဟန့်တားနိုင်စွမ်းရှိကြ သဖြင့် စိတ်ကျန်းမာခြင်းကို အလိုရှိသူတိုင်း လိုက်နာသင့်ကြပါသည်. . . ယင်းနည်းလမ်းကောင်းများမှာ- ၁။ တုံ့ပြန်မှုတိုင်းကို တည်တည်ငြိမ်ငြိမ် ရင်ဆိုင်နိုင်အောင် လေ့ကျင့်ထားပါ။ ၂။ လူသားတစ်ဦး၏ တာဝန်ဝတ္တရားနှင့် လွပ်လပ်မှုကို ခွဲခြားနားလည်ပါ။ ၃။ ရယူလိုသောစိတ်ထက် ပေးခြင်းကို ပို၍ ဦးစားပေး မွေးမြူပါ။ ၄။ ပြိုင်ဆိုင်ခြင်းထက် အချင်းချင်း ပူးပေါင်းဆောင်ရွက်တတ်အောင် သတိပြုပါ။ […]


လင်းဝေJuly 22, 20101min990
မူရင်းကတော့ ရုူံးတစ်ရုံးရဲ့Bulletin Board ပေါ်က “12 quick tips for boosting your happiness at work” ဆိုတဲ့ Article လေးပါ။ တနေ့တနေ့မှာ အိမ်မှာနေတဲ့ အချိန်ထက် ရုံးမှာရှိတဲ့အချိန်က ပိုများနေတဲ့ ရုံးဝန်ထမ်းတွေအတွက်ရုံးမှာပျော်မှ ဘဝကလည်း နေပျော်မှာပါ။ ဒါကြောင့် ကိုယ့်အတွက်လည်း လက်တွေ့အသုံးဝင်တဲ့ အချက်တွေမို့ မကြာခဏ ပြန်ဖတ်မိသလို စိတ်ဝင်စားတဲ့ မဖတ်ရသေးသူတွေ အတွက်လည်း ဘာသာပြန်ပြီး ဝေမျှလိုက်တာကို ထပ်ဆင့် ဝေမျှခြင်းဖြစ်ပါတယ်။ မူရင်းရေးသူက Happiness Project Blog ကိုရေးသားနေသူ Gretchen Rubin ဖြစ်ပါတယ်။ ၁) မျက်လုံးအားစိုက်ရတဲ့ ပမာဏကို စစ်ဆေးပါ။ အလေးပြုသလိုမျိုး နဖူးပေါ်မှာ လက်ကို တင်ကြည့်ပါ။ မျက်လုံးကြည့်ရတာ သက်သာသွားတယ်ဆိုရင် […]


လင်းဝေJuly 21, 20101min2462
( ပထမ ဦးစွာ ပြောလိုတာကတော့ ဒီစာကို ဘယ် အမျိုးအစားထဲ ထည့်ရမလဲ ရှာမတွေ့လို့ ဒီအတိုင်းတင်လိုက်တယ်။ ရှာကြည့်တော့ တွေ့တာက Business မှာလည်း မပါ။ ကျွန်တော်ပြောတာက နိုင်ငံရေးလည်းမဟုတ် ဆိုတော့(တရုတ်ပြည်မှာ ဆိုရင်တောင် ဒီလိုအပြောမျိုးကို အစိုးရကိုယ်တိုင်က လက်ခံနားထောင်ပေးနေပါပြီ။) တကယ်တော့ Management ဖြစ်ဖြစ် Economy ဖြစ်ဖြစ် Contemporary Issues ဆိုပြီးဖြစ်ဖြစ် ခေါင်းစဉ်တစ်ခု တပ်စေချင်ပါတယ် အက်ဒမင်များတို့..။ ) ပုဂ္ဂလိက ပိုင် ပြုလုပ်ရေး ဟာ မြန်မာပြည်မှာ ၁၉၈၉ ခုနှစ် ဦးပိုင်းက စတင်ပြီး ပြုလုပ်ခဲ့ ပြုလုပ်ရန် တာစူ ခဲ့တာဖြစ်ပါတယ်။ ပုဂ္ဂလိက ပိုင်ဘာဖြစ်လို့ လုပ်ရသလဲဆိုတော့ လုပ်ငန်းများကို နိုင်ငံတော်ပိုင် ၊ ပြည်သူပိုင်အဖြစ် ပြုလုပ်ထားလို့ […]


လင်းဝေJuly 13, 20101min1884
အခုကြားနေရတာကတော့ အကြောင်းအမျိုးမျိုးကြောင့် အပြင်မှာ ကျန်နေသေး မောင်းနေသေးတဲ့ ဝစ်သောက်ကား ခေါ် လိုင်စင်မဲ့ကားတွေကို အခွန်ဆောင်စေပြီး တရားဝင်လိုင်စင်ထုတ်ပေးတော့မယ် လို့ ကားပွဲစားတန်းမှာရော အပြင်မှာပါ သတင်းထွက်နေတယ်။ ဝစ်သောက်ကားတွေ ကို ကားဈေးကွက်မှာ လိုင်စင်ရပြီး ပေါက်ဈေးရဲ့ ၈၅% အခွန်ဆောင်ခိုင်းလို့ လိုင်စင်ထုတ်ပေးမယ်လို့ပြောနေကြပါတယ်။ အဲဒီလိုဘာကြောင့်များ လုပ်ရသလဲဆိုတာ စဉ်းစားလို့မရသလောက်ပါပဲ။ လိုင်စင်မဲ့ကားတွေကို မထိမ်းနိုင်တော့လို့လား…? ဒီလိုဆိုရင်လည်း ဆိုင်ကယ်ကို သင်ခန်းစာယူကြည့်ရင် သိသာနေတာပါပဲ။ လိုင်စင်မဲ့ ဆိုင်ကယ်တွေကို လိုင်စင်လုပ်ပေးလိုက်တာ လိုင်စင်မဲ့ဆိုင်ကယ်တွေ ပျောက်မသွားပဲ ပိုလို့သာ တိုးလာတာလေ။ နောက်တစ်ခါ ကားတွေ ပေးသွင်းစေချင်လို့လား.. ဒီလိုဆိုရင်လည်း တရားဝင် ကားအသစ်တွေပေးသွင်းလိုက်ပါလား။ အဲဒါဆိုရင်ပိုပြီးကောင်းတဲ့ကားတွေကို တရားဝင်စီးခွင့်ရမှာပေါ့။ အခုတော့ ဝစ်သောက်ကား ကိုင်တဲ့ ကိုင်ရဲတဲ့ မမှန်မကန် လုပ်စားနေသူတွေအတွက်ပဲကောင်းမယ့်ကိစ္စဖြစ်နေတယ်။ နောက်တစ်ခုက စဉ်းစားစရာ ပြဿနာက […]


လင်းဝေJuly 12, 20101min1533
ဒီနေ ့၁၂.၇.၂၀၁ဝ နေ့လည်မှာ ရန်ကုန် သင်္ကန်းကျွန်းမြို ့နယ်၊ သုဝဏ္ဏမြို ့ ပေါ်ဆန်းမွှေးလမ်းမှာရှိတဲ့ CNG ဓါတ်ငွေ ့ဆိုင်က ဂက်စ်အိုးပေါက်လို ့ မီးလောင်ပါတယ်။ ကားတွေ လူတွေ ထိခိုက်မှု မရှိလို့ သိရပါတယ်။ မြန်မာနိုင်ငံရဲ့ အန္တရာယ်ရှိ အရာများကို ထိမ်းသိမ်းကိုင်တွယ်နိုင်စွမ်းကို အကဲဖြတ်ကြည့်ချင်သူများအတွက် စဉ်းစားစရာအချက်တစ်ခုဖြစ်မယ်ထင်ပါတယ်။


လင်းဝေJuly 8, 20103min1863
တရုပ်ပြည်က လာဘ်စားတဲ့ လူဆိုးဂိုဏ်းတွေကို အကာအကွယ်ပေးနေတဲ့ တက္ကသိုလ်ကျောင်းသူတစ်ယောက်ကို မုဒိန်းကျင့်တဲ့ တရားရေးအရာရှိ ကို သေဒဏ်ပေးပါပြီ။ သူအဖွဲ့ကိုပါ အရေးယူတာပါ။ ဘယ်လောက်များ စက်ဆုပ်စရာကောင်းလိုက်သလဲ….။ တရားဥပဒေကို ကာကွယ်ရမယ့်သူက တရားလက်မဲ့ လုပ်နေတာ။ လူအများကို နှိပ်စက်တဲ့ လူဆိုးဂိုဏ်းတွေကို အကာအကွယ်ပြန်ပေးနေတာ သူကိုယ်တိုင်က မိန်းကလေး တစ်ယောက်ကို မုဒိန်းကျင့်တာ။ အဲသလို လူမျိုးတွေကြောင့် အပြစ်မဲ့တဲ့သူတွေ ဘယ်လောက်တောင် ဒုက္ခရောက်သွားသလဲ၊ သေကြရသလဲ မသိပါ။ အောက်မှာ မူရင်း ကို သာ ဖတ်ကြည့်ကြပါ။ China executes top Chongqing official for corruption The corruption scandal has involved dozens of officials in ChongqingChina has […]


လင်းဝေJuly 7, 20101min1382
မရေးဘူးလို့ စဉ်းစားပေမယ့် တစ်ယောက်က ရေးသင့်တယ် လူတွေရှောင်နိုင်တာပေါ့လို့ အကြံပေးလို့ ရေးလိုက်မယ်။ တကယ်လည်းဖတ်မိတဲ့သူတွေအတွက် သတိထားရှောင်သွားနိုင်မယ့်ဟာပါ။ စားသောက်ဆိုင်တွေမှာ ပေါက်ကရတွေ လာချပေးပြီး မဟုတ်မဟတ်ဈေးတွေ တောင်းတိုင်းပေးနေရတာ စိတ်တော်တော် တိုချင်စရာပါ။ သူတို့ ရဲ လောဘ နဲ့ အကုသိုလ် က ကိုယ့်မှာ ဒေါသထွက်ပြီး ခံလည်းခံရသေး ဒေါသဖြစ်နေတော့ ကိုယ်ပါပြန်ပြီး အကုသိုလ် ဖြစ်ရသေးတွေ မို့ ဒီအဖြစ်မျိုး လူအများမကြုံတွေ့ရလေအောင် ရေးလိုက်ပါတယ်။ ပုံမှန်အားဖြင့်တော့ အစားအသောက်ဆိုတာ သူ့ဈေးတန်းလေးတွေရှိပါတယ်။ နည်းတာများတာ ကွာပေမယ့် ၁၀၀၊၂၀ဝ ကနေ အများဆုံး ၅၀ဝ ပေါ့လေ။ ဥပမာ ကြေးအိုးတစ်ပွဲကို ၂၂၀ဝ ဆိုရင် သူ့ဈေးတန်းမှန်ပါလိမ့်မယ်။ ဒါတောင် ကျောက်မြောင်းက ရွှေနဂါးမှာ ကြေးအိုးတစ်ပွဲ ၁၅၀ဝနဲ့ရောင်းနေတုန်းပါ။ ကောင်းလဲကောင်းပါတယ်။ မုန့်ဟင်းခါးအလွတ်တစ်ပွဲ […]


လင်းဝေJune 23, 20101min1604
ဒီနေ့ ငွေဈေး ထပ်ဆင်းပါတယ်။ 1US$ / Ks. 977 ဖြစ်ပါတယ်။ ( ဖေါ်ပြတဲ့ဈေးက ရန်ကုန် မှာ US$100 note ရောင်းရင် ဒိုင်က ဝယ်တဲ့ဈေးပါ။ သူတို့ ပြန်ရောင်းဈေးက Ks.981/1US$ )


လင်းဝေJune 22, 20101min1432
ငွေလဲနှုန်းတွေပြောရင် များစွာသောငွေလဲနှုန်းတွေ မြန်မာနိုင်ငံထဲမှာ ရှိပါတယ်။ အရွက်ဈေး၊ FECဈေး ၊ စာရင်းပြောင်းဈေး ၊ အဝေးဈေး ၊ Earning ဈေး အမျိုးမျိုးပါ။ ဒါပေမယ့် ငွေဈေးလို့ ပြောလိုက်ရင် အဓိက မှတ်တာကတော့ အရွက်ဈေးပါ။ အဝေးမှာ အလုပ်လုပ်နေသူတွေအတွက်တော့ အရွက်ဈေးသာအဓိက ပါ။ အဝေးဈေး ကို ဟွန်ဒီသမားတွေက ပေးလေ့မရှိပါဘူး။ အရွက် လက်ရှိပေါက်ဈေးကတော့ ( ၂၂ဇွန်၂၀၁ဝ ) 1US$/Ks.985       ဖြစ်ပါတယ်။


လင်းဝေJune 21, 20101min1572
အောက်က စာကလေးက လည်း မေးလ်ထဲ ကိုပို့လာတာပါ။ သူကိုယ်တိုင်ကြုံလာတာကို ပို့လာတာပါ၊ ပို့လာတဲ့သူကတော့ ဆွေမျိူးအရင်းခေါက်ခေါက်ကြီး နောက်ပြီး ကိုယ်တိုင်လည်း အတူတူ ဝိုင်းနေကြဆိုတော့ မှန်တယ်ဆိုတာ ထောက်ခံပါတယ်။ ( ၁၇.၆.၁ဝ ) နေ.က ပုဇွန်တောင်-ဗိိုလ်ချုပ်လမ်းမ ပေါ် ၅၁-လမ်းထိပ်တည့်တည့်မှာရှိတဲ့ Woody House ဆိုတဲ့ စားသောက်ဆိုင်မှာ ဂျာနယ်တစ်ခုက ဒု-အယ်တီတာချုပ်ဖြစ် တဲ့သူငယ်ချင်း တစ်ယောက်နဲ.ထိုင်ပြီး ဘီယာသောက်ရင်း အာဂျင်တီးနားနဲ. တောင်ကိုရီးယား တို.ရဲ. ဘော်လုံးပွဲကို ထိုင်ကြည်.နေခဲ့ပါတယ်။ ဆိုင်ထဲမှာတော့ အားလုံးသိကြတဲ့အတိုင်း တိုက်ဂါးဘီယာက Promotion Girl လေးက ဘီယာသောက်သူတွေကို လက်ဆောင်ပစ္စည်းနဲ.လဲလှယ်ရမယ့် ကူပွန်ကဒ်ပြားပေါ်မှာ စတစ်ကာလေးတွေလိုက်ကပ်ပေးနေပါတယ် ။ ဒီနေရာမှာ ဘီယာမသောက်တတ်သူတွေနဲ. ပြင်ပကလူတွေနားလည်အောင် တိုက်ဂါးဘီယာရဲ.World Cup Promotion ပုံစံကို ရှင်းပြချင်ပါတယ် […]