လင်းဝေFebruary 15, 20121min16614
ဘာရယ်မဟုတ် မသိချင်ယောင်ဆောင်နေမလို့ပါပဲ။ ဟိုးကတည်းက တွေ့နေတာတွေ များပေမယ့် မသိယောင်ဆောင်ခဲ့တာပါပဲ။ အခုဟာက profile ကြီးကြီး ရဟန်း ၂ပါးက လုပ်နေတာ မတော်မတဲ့ကို အခုရက်ပိုင်းမှာ ဆက်တိုက်ဖတ်မိတော့ နည်းနည်း ပြောချင်စိတ်ဖြစ်လာတယ်။ အဲသလိုမျိုးတွေဖြစ်နေတာကို အရင်ကတည်းကလည်း စိတ်ကုန်နေတာပါတော့ ပြောဖြစ်သွားပါတယ်။ အလုပ်တွေများလို့ တစ်ခါတစ်လေ အားမှ ဂျာနယ် ကောက်လှန်ဖြစ်ပေမယ့် တိုက်တိုက်ဆိုင်ဆိုင်ကို အဲဒီသတင်းက လာတွေ့လေတော့ ပြောလိုက်ပါပြီ။ သဘောမတူသူ များ မကြိုက်ကြသူများ ကိုယ့်သဘောကိုယ်ဆောင် ဆက်လို့သာ လှူကြပါလေ။ ခွင့်လွှတ်တယ် ဆိုပြီး ကြောက်ရွံ့ ပျော့ညံ့သူများလည်း သဘောရှိသာ အသက်အောင့်နေကြပါကုန်။ ဘာသာရေး ရေးတင်ခွင့်မရှိလို့ ပိတ်မယ် ဖျက်မယ်ဆိုလည်း ပိတ်လိုက်ဖျက်လိုက်ပါ သူကြီးရေ။ ဒါဘာသာရေး တော့ မဟုတ်ဘူး ထင်တာပါပဲ။ မျက်စိမှိတ်ပြီး လှူချင်တာပဲ သိတဲ့ […]


လင်းဝေFebruary 10, 20121min35714
တော်တော်တော့ လွဲနေပါပြီကော။ နိုင်ငံခြားသား က ကျူးလွန်တာကို အရေးယူဖို့ ရဲအရေးမပိုင်ဘူး ဆိုတာ ဘယ်ဥပဒေမှာတုန်း။ တကယ်လား… တကယ်ဆိုရင် လက်ရှိလွှတ်တော်ကျင်းပနေတုန်း အခုချက်ချင်းဖျက်တာ ပြင်တာလုပ်စမ်းပါ အဲဒီ ဥပဒေကို။ လုပ်စမ်းပါဦး ဦးသိန်းညွန့်ရယ်၊ ဦးရွှေမန်းရယ်။ ဥပမာ ဆိုပါတော့ နိုင်ငံခြားသား က ကိုယ့်ကိုသတ်မလို့ လုပ်နေတာကို ရဲခေါ်လိုက်တယ်။ ရဲကလာပြီး သူတို့ ရဲအရေးမပိုင်တဲ့ အမှု ဆိုပြီး ပြန်သွားမှာလား။ ဥပဒေ နားလည်ကျွမ်းကျင်သူများက ရှင်းပြတာကို နာခံချင်ပါရဲ့။ ဘယ်အကြောင်းကြောင့် ဒါကို ပြောနေရသလဲ ဆိုတာ က အခုရက်ပိုင်းဖြစ်သွားတဲ့ အောခစ်ဟိုတယ် က မိန်းကလေးကို ပါးရိုက်တဲ့ ဂျပန် ကြောင့်ပါပဲ။ ဂျပန်တစ်ယောက်က ညဘက် ဟိုတယ်ကို ကြက်မ ခေါ်လာတဲ့အတွက် ဧည့်ကြိုကောင်တာက စစ်ဆေးတဲ့ […]


လင်းဝေFebruary 3, 20121min19219
“တောက်တီးတောက်တဲ့ ပဲနံ့သာ နံ့သာအောက်က ဆီမီးခွက် လက်တစ်ဖက် ထွက် ” ဘာမှန်းတော့ မသိဘူး ကိုယ်လည်း ငယ်ငယ်တုန်းက ကစားခဲ့တာပဲ။ အခုလည်း ကလေးတွေကစားကြတုန်းပဲ။ တော်တော်တော့ တောက်တီးတောက်တဲ့နိုင်တာပဲ။ တွေ့ကရာကောက်ရွတ်ပြီး လက်တစ်ဖက်ထွက် ခိုင်းလိုက်တာပဲ။ အေးရော။ အဆီအငေါ်မတည့် ဟုတ်မှ ဟုတ်ပါ့မလားဆိုရင် ကြီးတော် က “ဟဲ့ကလေးတွေ တောက်တီးတောက်တဲ့ ဘာတွေတုန်းဟဲ့” လို့လည်း မြည်တွန်တတ်ကြသေးတာပဲ။ အခုလည်း တောက်တီးတောက်တဲ့… တောက်တဲ့ တစ်ကောင် သိန်းတစ်ထောင် ဆိုပါလား။ တောက်တီးတောက်တဲ့တော်။ ဟုတ်တယ် ကြီးတော်ရေ တောက်တဲ့တစ်ကောင် သိန်းတစ်ထောင် ပေးမတဲ့။ တောက်တဲ့ က အလေးချိန် အစိတ်သားတော့ ရှိရမတဲ့။ အာ…. ဟုတ်ပါ့မလား မောင်ကာလူးရယ် ( မောင်ကာဠု မဟုတ်ဘူး နော် ဝင်ပြင်ဖို့ […]


လင်းဝေFebruary 1, 20121min13411
ပွင့်အံထွက်လာသော အမှန်များလား ဘာလားတော့မသိပါဘူးကွယ်။ အခုတလော ဒါမျိုးတွေ ကြားရတာများလာသလိုပဲ။ ဘယ်သူ့ဆီ ဘယ်လိုတိုင်နေကြတာမှန်းတော့ နားတောင်မလည်တော့ဘူး။ ကြားရသမျှကတော့ နားဝ ရင်ဝ မချောင်တာအမှန်ပါပဲ။ ဖတ်ကြည့်ကြပေါ့။ ပထမစာ က မြိတ်သားတစ်ဦး ဆီကပါ။ ဦးနေဇော်နိုင် နိုင်ငံတော်သမ္မတကြီးဦးသိန်းစိန်ကို ကျေးဇူးတင်ကြောင်းပြောပေးပါ။ ကျွန်တော်တို့ ဘိတ်မြို့ သူမြို့ သား တွေအင်မတန်မှ စိတ်ချမ်းနေကြရပါတယ်။ ဘာကြောင့်လဲ့ဆိုတော့ ကျွန်တော်တို့ တနင်္သာရီဝန်ကြီးချုပ် ဗိုလ်ချုပ် ခင်ဇော် ထုတ်ပယ်ခံလိုက်ရလို့ပါ။ အမှန်တရားပေါ်လာအောင် ရဲဝံ့စွာမကြောက်မရွံ့ ဝိုင်းဝန်းကြိုးပမ်းပေးကြတဲ့ ပြည်နယ်လွှတ်တော် အမတ်တွေကိုလည်း ကျေးဇူးတင်ပါတယ်။ ဗိုလ်ချုပ်ကြီးဟောင်းခင်ဇော်ဦးဟာ ပြည်နယ်အကျိုးဆိုလို့ ဘာတစ်ခုမှမလုပ်ခဲ့သူပါ။သူ့လို အရက်ကြိုက် ၊မိန်းမကြိုက်တဲ့သူ၊ အောက်လက်ငယ်သားတွေနဲ့အခြားပြည်နယ်အမတ်တွေကို ခြိမ်းခြောက် ဆဲဆို ဟောက်ငမ်း တဲ့သူ၊ ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းကို အကြောင်းပြပြီး ပြည်သူပိုင် ဥယျာဉ်ခြံမြေတွေကို မတရားသိမ်း၊ […]


လင်းဝေJanuary 31, 20121min21757
လူတိုင်းသိတဲ့ လိမ်ညာမှု ဇာတ်လမ်းကြီးပါဗျား။ နောက်ကွယ်က ကိုယ်ကျိုးစီးပွားတွေအတွက် တိုင်းပြည်က ဆင်းရဲသား၊ သာမန်လူတန်းစား၊ လူလတ်တန်းစား တွေဆီက ငွေကို ညှစ်ထုတ်ဖို့ ကြံစည်ချက် အထမြောက်ကာနီးမှ ပါးစပ်ထဲ သွင်းကာနီးမှ ပုတ်ချ ခံရတဲ့ နှာခေါင်းသွေးထွက်ကာနီး ဇာတ်လမ်းကြီးပါဗျား။ မြို့နေလူထု အလွန်စိတ်ဝင်စားနေသော သတင်းတစ်ပုဒ်ဖြစ်သလို ရှင်းရှင်းလေးလေးနဲ့ ရှုပ်နေတဲ့ ဇာတ်လမ်းလေးကို ပြပါဆိုရင်တော့ လူတိုင်းသိပြီးသား ၅၀၀ဝတန်ဖုန်းကဒ် ဇာတ်လမ်းပါခင်ဗျား။ ဒီဇာတ်လမ်း မှာ အဓိက အာဏာပိုင်ကတော့ ဆက်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာန ဖြစ်သော်လည်း အဲဒီ ဌာနကြီး က အသံလုံးလုံး တိတ်နေပါတယ်ဗျ။ အခုတော့၊ ဇန်နဝါရီ ၂၉ရက်နေ့က ဆက်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာန နဲ့အတူတူ အငြင်းပွားနေကြတဲ့ ကိစ္စကို ရွှေပြည်တံခွန်ဆက်သွယ်ရေးလုပ်ငန်း နဲ့ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း တို့က အောက်ပုဇွန်တောင် […]


လင်းဝေJanuary 25, 20121min18716
“ ကောင်းမွန်သင့်မြတ်ပါပေတယ် မင်းကြီး ” “ အိမ်း ….. အသို့ဆိုလျှင် ဤဝဠာ ဤကမာ္ဘတွင် ဤမည်သော အရာကို ဤသို့ပြုကြပေကုန် ” တကယ်တော့ ဂလိုမျိုးတန်းပြီး ဇာတ်ကို တောက်လျှောက်ဆွဲပြီး ခင်းတဲ့အဆင်ဖြစ်ရမှာပေါ့။ ရှေ့ဗရမ်းသပွတ် မှာ “ပြည်တည်” ပြီးသွားပြီဆိုတော့။ သို့သော်လည်းပဲ ကိုရီးယားကား အကြည့်များသည့် ဇာတ်ဆရာမှာကား လျှာရှည်ပြီး မွှေချင်တာ မွှေပါလေဦးမည်။ ဒါနဲ့ ပြည်တည် တာဆိုတာလေး ရှင်းပြလိုက်ဦးမယ်။ သိပြီးသားသူများ ကျော်ဖတ်ကြပေတော့။ ပြည်တည် တယ် ကြားတာနဲ့ လက်ယားပြီး ခွဲချင်စိတ်ချင် ဆွချင်မွှချင်တဲ့ ဆရာဝန်၊ သူနာပြု၊ ဆေးခန်းအကူ များလည်း ရှိနေနိုင်တာမို့။ ပြည်တည် တယ်ဆိုတာကတော့ ဇာတ်တော်ကြီးများ ကတော့မယ်ဆိုရင် ဘယ်တိုင်း ဘယ်ပြည် ဘယ်အရပ်မှာ ဘယ်မင်းက […]


လင်းဝေJanuary 20, 20129min1487
နောက်ပိုင်းလည်း မေးလ်ထဲ ရောက်ရောက်လာတတ်တဲ့ အလုပ်ခေါ်တာလေးတွေ ပြန်တင်ပေးဖို့ ရည်ရွယ်ထားပါတယ်။ ဒီလိုတင်တာ အဆင်ပြေရဲ့လားတော့မသိပါဘူး။ PARAMI ENERGY GROUP OF COMPANIES is currently looking for qualified and motivated candidates to fill the following position. We offer competitive packages and respectful working environment for high caliber people. Applicants should possess the high sense of professionalism, ethical values, trustworthiness and willingness to make a long […]


လင်းဝေJanuary 18, 20121min30120
ဒီခေါင်းစဉ်ကိုစဉ်းစားမရခင် ကပေါက်တိကပေါက်ချာဂေဇက်လို့ ပဲ ပေးလိုက်ရမလား လို့ စိတ်ကူးမိသေးတယ်။ ကပေါက်တိ ကပေါက်ချာ ဂေဇက် ဆိုတာ ဟိုတုန်းက မဟေသီမှာ ဆရာသိမ်းတင်သား(ခ) ကိုကြွက်နီ ရေးခဲ့တဲ့ ပင်တိုင်အခန်းကဏ္ဍပါ။ ကြိုက်လွန်းလို့ အမြဲတမ်း မဟေသီမှာ စောင့်ဖတ်ရတယ်။ သို့သော်လည်းပဲ ကပေါက်တိကပေါက်ချာဂေဇက် အခန်းက သူ့အမည်နဲ့ လိုက်စွာ လတိုင်းပါချင်မှ ပါတာပါ။ မပါတဲ့လ ဆို မဟေသီမဂ္ဂဇင်းထဲ ဖင်ပြန်ခေါင်းပြန်ရှာ မာတိကာကို အခါခါပြန်ဖတ်ပြီး အင်း မပါဘူးဆိုပြီး တစ်အုပ်လုံးတောင်ဖတ်ချင်စိတ်မရှိတော့တာမျိုးလည်း ရှိဖူးပါတယ်။ ( ဖူး နဲ့ ဘူး ကို အသုံးပြုနည်း သတိချပ်ရန် သတိပေးဖို့ စာလုံးပေါင်းသတ်ပုံဌာနကို သတိပေးပါသည်။) သိမ်းတင်သားရဲ့ အရေးအသားက အလွန်မှကိုကောင်းတဲ့ သရော်စာ အရေးအသားပါ။ ကျနော်သိသလောက်တော့ မြန်မာစာပေမှာ သူ့လိုရေးပုံမျိုး […]


လင်းဝေJanuary 13, 20121min43452
သိပ်ပြီး အထိတ်တလန့်ဖြစ်မသွားကြပါနဲ့။ မြန်မာ့လေကြောင်းက လေယာဉ်အပိုင်းစီးခံရလို့ ဆိုပြီး အလန့်တကြားတွေဖြစ်ကုန်မှာ စိုးလို့ပါ။ လေယာဉ်ကို အပိုင်စီးခံရပေမယ့် ရန်ကုန်လေယာဉ်ကွင်းကို ချောချောမောမော ပြန်ဆင်းသက်ပြီး ဒီအတိုင်းပြီးသွားပါတယ်။ ဖြစ်တာကတော့ ရက်နည်းနည်းတောင် ကြာပါပြီ။ မပြောပဲထားမလို့ပဲ။ ဒီလိုမျိုးတွေကို မပြောပဲထားရင် ပိုဆိုးလာတတ်လို့ နည်းနည်းပြောပါရစေ။ ဖြစ်တာကတော့ ၂၀၁၂ ဇန်နဝါရီလ ၂ ရက်နေ့ကပါ။ လေယာဉ်ခရီးစဉ်ကတော့ မြိတ်-ရန်ကုန် ခရီးစဉ်ပါ။ ခရီးစဉ်အမှတ် UB-351 ။ ပုံမှန်ပျံသန်းမှု လမ်းကြောင်းကတော့ မြိတ်-ရန်ကုန် တိုက်ရိုက်ဖြစ်ပါတယ်။ အဲဒီ ဇန်နဝါရီလ ၂ရက်နေ့က ပန်ကာတပ် ATR-72 လေယာဉ် က အဲဒီခရီးစဉ်ကိုပြေးဆွဲပေးပါတယ်။ ဒါပေမယ့် တိုက်ရိုက် ရန်ကုန်ကို ပျံမှာ မဟုတ်ပါဘူးတဲ့။ ရန်ကုန်ကနေ မြိတ်ကို တိုက်ရိုက်ပျံသန်းပြီး မြိတ်ကနေ ရန်ကုန်အပျံမှာ မော်လမြိုင်ကို […]


လင်းဝေDecember 15, 20111min1216
နိုဝင်ဘာလ အတွင်းက ဂျပန်နိုင်ငံက METI(Ministry of Economic, Trade and Industry ) က အရာရှိများ မြန်မာနိုင်ငံကို လာခဲ့ပါတယ်။ နေပြည်တော်မှာ အမျိုးသားစီမံကိန်းနဲ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာန(Ministry of National Planning and Economic Develipment- MNPED ) တွေ့ဆုံပြီး ODA တွေအတွက် ဆွေးနွေးခဲ့ပါတယ်။ ဂျပန်ဘက်က အိုဒီအေနဲ့ ပတ်သက်တာတွေ ပြင်ဆင်လာပေမယ့် မြန်မာဘက်ကတော့ အိုဒီအေနဲ့ ပတ်သက်တဲ့ စာရင်းဇယား၊ ကိုယ်ဘက်က ဘာတွေ စတောင်းဆိုမယ်၊ အရင် အဟောင်းတွေ ဘာရှိတယ် စတာတွေ ဆွေးနွေးဖို့ အဆင်သင့်မဖြစ်ခဲ့ပါဘူးလို့ ဆိုပါတယ်။ အဲဒီအဖွဲ့ဟာ မြန်မာပြည်ကို အကူအညီပေးဖို့အတွက် စတင်ပြီး လေ့လာ ဆန်းဆစ်တဲ့ အဖွဲ့ပါပဲ။ အခု […]


လင်းဝေDecember 13, 20111min20111
နေ့လည် ၁၂ နာရီလောက်ကတည်းက ဖုန်းပြောရတာ လိုင်းပျောက်သွားလို့ ဘာဖြစ်ပါလိမ့် နဲ့ သတိထားမိလိုက်တယ်။ နောက် ဆားဗစ်မရှိတော့ဘူး no network coverage ဆိုပြီး ပေါ်လာနေလို့ ဘာတွေဖြစ်ပါလိမ့်နဲ့ ဖုန်းကို ကလိကြည့်လည်း မထူးခြားလာပါဘူး။ စိတ်ထဲ လိုင်းမမိလည်း နားအေးတာပေါ့ ဆိုပြီး ထားရင်းမှ ဘာဖြစ်တာလည်း သိချင်လာတယ်။ တော်ကြာ ကိုယ့် ကဒ်များ ထပြီးပျက်သွားရင် အလကားနေ ပိုက်ဆံကုန်မှာမို့ ဖုန်းဆိုင်ကိုသွားတော့ ဖုန်းဆိုင်က မုတ်ဆိတ်က အစ်ကိုနဲ့ဆို လေးယောက်ရှိသွားပြီတဲ့။ ဝ၉ ၅၀— တွေ အကုန်ဖြစ်နေတာတဲ့။ ဒါပေမယ့် ဖုန်းဆိုင်မှာ ငယ်သူငယ်ချင်းတစ်ယောက်လည်း သူ့ဖုန်းလိုင်းပျောက်နေလို့ ဆိုပြီး လာပြနေပါတယ်။ သူ့ဖုန်းက ဝ၉ ၅၃— ပါပဲ။ အဲဒါနဲ့ ဖုန်းဆိုင်က အိတ်ချိန်းကို လှမ်းမေးတော့ […]


လင်းဝေDecember 9, 20111min972
တစ်ယောက်က တင်လာတဲ့ အကြောင်းလေးပါ။ ဖြိုးမင်းသိန်းနဲ့ ကိုသိန်းတင်အောင်ကို တွယ်ထားတဲ့စာပါ။ အဲဒီစာကို သားဆွေ ဆိုတဲ့ သူရဲ့ ဖေ့စ်ဘွတ်မှာ တင်ထားပါတယ်။ အဲဒီ ဖေ့စ်ဘွတ်မှာပဲ ဗိုလ်မှုးစိုင်းသိန်းဝင်း က ဝင်ပြီး ကွန်မန့်ပေးထားတာကို တင်သူ သားဆွေ နဲ့ စိုင်းသိန်းဝင်း တို့ အပြန်အလှန် မေးဖြေ နေကြတာကို ဖတ်ကြည့်ရင် ပိုပြည့်စုံလို့ အတင်းအဖျင်းရဲ့ နောက်ဆက်တွဲ အနေနဲ့ ဖတ်ကြရအောင်ပါ။ Sai Thein Win ပြည်ပသို့ ထွက်ပြေးတိမ်းရှောင်လာသော ဗိုလ်မှူးဟောင်း စိုင်းသိန်းဝင်းဆိုသူမှာလည်း သိန်းတင်အောင်၏ ဇနီးဖြစ်သူ ဒေါက်တာနန်းညိုညိုဝင်း၏ မောင်အရင်းဖြစ်ပြီး ပြည်ပမှ နိုင်ငံရေးလှုပ်ရှားသူများအကြား သပ်လျှိုသွေးခွဲရန် ဗိုလ်ချုပ်သိန်းဌေးမှ အကွက်ဆင် စေလွှတ်လိုက်သူဖြစ်သည်။ (ဖြည့်ရေးပေးတာ..) Thar Swe တကယ်ပြောတာလား ဗိုလ်မှူး း) […]


လင်းဝေDecember 7, 20111min23026
လုပ်ရင်းကိုင်ရင်း သွားရင်းလာရင်း မြင်မိတာလေးအပေါ် ဖောက်သည်ချရင်း တွေးမိရေးမိတာလေးတွေပါ။ ကပေါက်ကချာလေးတွေ တောင်စဉ်ရေမရ ရေးခွင့်ပြုကြပါ။ မနေ့က နေ့လည်ဖက် MRTV-4 ကနေပြီး သီချင်းဆိုတဲ့ ပွဲတစ်ခု လွှင့်နေတာမှာ ထွန်းအိန္ဓြာဗိုလ် တစ်ယောက် ဆိုနေတာများ ဖြူဖြူကျော်သိန်း ကို အားကျသော ကြီးတော်ကြီး လို့ပြောရမလိုပါပဲ။ ဘာတွေ လျှောက်လုပ်ပြနေမှန်းကို မသိနိုင်အောင် အူကြောင်ကြောင်ပုံဖြစ်နေတယ်လို့ မြင်မိတာပဲ။ ဝတ်ထားတာကလည်း ရင်ရှားလိုမျိုးပုံပါ။ အတူပါလာတဲ့ ရုံးက ကလေးမ လေးက အခုတလော အဲဒါမျိုး ရင်ရှားတွေပဲ ဝတ်တယ်လို့ပြောနေသေးတယ်။ ကိုယ့်အမြင်မှာတော့ ဘယ်ဝက်သားသည်က ( ဝက်သားသည်ဆိုတော့ သူ့ရောင်းကုန်ပဲ မျက်စိထဲ စွဲနေမယ်ထင်တယ်လေ၊ ဝက်ပေါင်တင်းတင်းလေးတွေဆိုရင် လှတယ် မှတ်မှာပေါ့) မြှောက်ပေးလိုက်တာကို အဟုတ်မှတ်ပြီး လက်မောင်းဖော်ဝတ်နေသလဲမသိပါဘူး။ ဆိုနေတဲ့ သီချင်းက ကော်ပီ။ ဝတ်ထားတာက […]