Yin Nyine NwayAugust 22, 20101min1281
၁) သံပရာပင် သစ်ပင်တစ်ပင်ရှေ့ ကိုယ်အမြဲဖြတ်တယ်။ အဲဒီသစ်ပင်မှာ တစ်ခြားသစ်ပင်လိုပဲ စိမ်းစိုတဲ့ သစ်ရွက်တွေရှိတယ်။ ပန်းပွင့်တွေရှိတယ်။ အဲဒီသစ်ပင်က ကိုယ့်အတွက် ဘာမှမထူးခြားလို့ သတိမထားခဲ့မိဘူး။ ဒါပေမယ့် တစ်ရက်မှာ အဲဒီသစ်ပင်ရှေ့ ကိုယ်ရုတ်တရက် ရပ်လိုက်မိတယ်။ မရည်ရွယ်ဘဲ အပင်ပေါ်က အရွက်တစ်ရွက်ကို ဆိတ်ပြီး ချေမွကြည့်တယ်။ တခဏအတွင်း သင်းပျံ့တဲ့ ရနံ့တစ်ခု လေထဲ လွင့်ဝဲလာခဲ့တယ်။ မွှေးကြိုင်တဲ့ရနံ့ကို ကိုယ်ရှုရှိုက်မိပြီး ဒီသစ်ပင်ဟာ သံပရာ(ရှောက်)ပင် ဆိုတာ ကိုယ်သိလိုက်တယ်။ ကိုယ့်ပတ်ဝန်းကျင်လေထုမှာ သံပရာရနံ့က သင်းပျံ့မွှေးကြိုင်နေခဲ့တယ်။ နောင်နောက် သစ်ပင်ရှေ့ ကိုယ်ဖြတ်တိုင်း အဲဒီသစ်ပင်က အရင်ကလို ကိုယ့်အတွက် အဓိပ္ပါယ်မဲ့ မနေခဲ့တော့ဘူး။ သံပရာပင်ကို ချည်းကပ်သလိုမျိုး အရင်က ကိုယ်တကယ် မသိ၊ နားမလည်ခဲ့တဲ့ သူငယ်ချင်းတွေကို ချည်းကပ်ပါ။ သူတို့ဆီကနေ မွှေးကြိုင်တဲ့ရနံ့တွေ […]


Yin Nyine NwayAugust 22, 20107min1782
(၁) Start Menu ကို ပိုမိုမြန်ဆန်စေဖို့ Start ကိုနှိပ်ပါ။ Run box ကိုဖွင့်ပါ။ Regedit လို့ရိုက်ပါ။ (Registry editor ကိုဆိုလိုတာပါ။) ဘယ်ဘက် panel မှာ “HEYCURRENT USER” ကို ကလစ်နှိပ်ပါ။ အဲဒီထဲ ကမှ “control panel” ကို ထပ်ရွေးပါ။ “Control panel” ထဲကမှ Desktop ကို ရွေးပါ။ ညာဘက်အကွက်မှာ ပေါ်လာတဲ့ “Menushowdelay” ကို Right click နှိပ်ပါ။ Modify ကိုရွေးပြီး Value ကို “0″ ထားပါ။ ပြီးပြီဆိုတာနဲ့ Restart ပြန်လုပ်ပါ။ (၂) မလိုအပ်တဲ့ ဖိုင်တွေကို ရှင်းပစ်ရင် ပိုမြန်ဆန် […]


Yin Nyine NwayAugust 22, 20101min1410
သတင်းခေါင်းစဉ် ၁။ မျဉ်းဝါမှတစ်ဆင့် လမ်းဖြတ်ကူးသူများ ဖိနပ်စီး၍ လမ်းလျောက်လျက်ရှိ၊ ၂။ AIDS ရောဂါကို လူတိုင်းကြောက်ရွံ့၊ ၃။ တရားသူကြီးများ တရားစီရင်ရေးကိစ္စဆွေးနွေး၊ ၄။ နှာခေါင်းတွင် အပေါက်နှစ်ပေါက်မပါပါက လူများအသက်ရှုရာတွင် အခက်အခဲတွေ့နိုင်ဟု သိပ္ပံပညာရှင်များဆို၊ ၅။ အခိုးခံရသော ပန်းချီကားများ ပျောက်ဆုံးလျှက်ရှိ၊ ၆။ ကျောင်းသားတစ်ဦး ကျောင်းကားပေါ်တွင် ကျောင်းသားများနှင့် စာအကြောင်းဆွေးနွေး၊ ၇။ နားမကြားသူများ နားကြားကိရိယာအသုံးမပြုပါက နားကြားရမည်မဟုတ်ဟု ကျွမ်းကျင်သူများပြောကြား၊ ၈။ ခရီးသည်တင်ကားများတွင် ထိုင်ခုံမရပါက မတ်တတ်စီး၍ လိုက်ပါနိုင်၊ ၉။ မဆင်မခြင်သောက်သုံးမှုကြောင့် အရက်သမားတစ်ဦး အမူးလွန်၊ ၁၀။ ရထားစီးစဉ် ပြတင်းပေါက်များဖွင့်ထားပါက လေကောင်းလေသန့်ရနိုင်၊ ဘီယာအဖြတ်တော်သူ တစ်ခါတုန်းက မန္တလေး နည်း ပညာ တက္ကသိုလ် ကြီးမှာပေါ့ သူငယ်ချင်း သုံးယောက်ရှိတယ် […]


Yin Nyine NwayAugust 22, 20101min1503
သက်သတ်လွတ် စားခြင်းအကြောင်းသည် လျော်၏ မလျော်၏ သင့်၏ မသင့်၏ကို အမြင်ရှင်းလင်းစေရန် ကျနော စုဆောင်းဖတ်မိထားသော သက်သတ်လွတ်စားခြင်းရဲ့ ကောင်းကျိုး ဆိုးကျိုးများကို အနည်းငယ်မျှ တင်ပြလိုက်ပါတယ်…..။ (၁) သက်သတ်လွတ်စားခြင်းသည် စင်ကြယ်သော ကျင်စဉ် ဟုတ်မဟုတ်။ သက်သတ်လွတ်စားခြင်းသည် ဗုဒ္ဓ၏ တရားဓမ္မနယ်ပယ်တွင် ကျင့်စဉ်တစ်ရပ်အနေနှင့် ရှိခဲ့သလား။ သက်သတ်လွတ်စားခြင်းသည် မဂ်၊ ဖိုလ် ၊ နိဗ္ဗာန်ရောက်ကြောင်းဟုတ်ပါသလား…။ သက်သတ်လွတ်စားခြင်းသည် မဂ်၊ ဖိုလ် ၊ နိဗ္ဗာန်ရောက်ကြောင်းဟုတ် အကျင့်ဟုတ်ခဲ့လျှင် သက်သတ်လွတ် စားခြင်းသည် စင်ကြယ်သော ကျင့်စဉ်တစ်ရပ်ဖြစ်ခဲ့ပါမူ ကျင့်စဉ်တစ်ရပ်အနေနှင့် ရှိသင့်လျင် ဘုရားဟော ပရိယတ်ပါဠိတော်များနှင့် အဠကထာ ဋီကာများတွင် ဟောကြားထားမည်ဖြစ်ပါသည် ယုခု မဟောကြားခဲ့ပါ မဖွင့်ဆိုခဲ့ပါ။ (၂) သက်သတ်လွတ်စားခြင်းသည် တစ်စုံတစ်ရာ အပြစ်ကျူးလွန်မူ့ရောက် မရောက်။ သက်သတ်လွတ်စားရုံသက်သက်နှင့် […]


Yin Nyine NwayAugust 22, 20104min1160
၁) ရာဇသတ်ကျင့်ထုံး ဥပဒေသစ် – ပိုးပန်းသူများသော အမျိုးသမီးမှန်သမျှ မိမိနှစ်သက်ရာ တစ်ယောက်ကိုရွေးယူပြီး ကျန်ယောက်ျားများကို လိုအပ်နေသူများအား လွှဲပြောင်းပေးရမည်။ – မျက်နှာအလှပြင်ဆေးအမျိုးမျိုးကို အသုံးပြုသူ အမျိုးသမီးများအား သက်သေအထောက်အထား စာရွက်စာတမ်းတို့ကို အတုလုပ်သူအဖြစ် အရေးယူနိုင်သည်။ – ယောက်ျားတို့ကို ဂရုမစိုက်သော အမျိုးသမီးများအား ဒုက္ခရောက်နေသူကို လျစ်လျူရူမှုဖြင့် အရေးယူရမည်။ – မိမိ၏ချစ်သူကို တစ်ခါမျှမနမ်းဖူးသေးသော လူငယ်တို့ကို အလုပ်တာဝန် လစ်ဟင်းမှုဖြင့် အရေးယူရမည်။ – မိမိချစ်နေသူကို ချစ်ကြောင်းဖွင့်ပြောရန် မဝံ့မရဲ ဖြစ်နေသူလူငယ်တို့ကို စစ်မြေပြင်မှ ထွက်ပြေးသူအဖြစ် ခုံရုံးတင်စစ်ဆေးရမည်။ – လမ်းပေါ်တွင် ဖက်ရမ်းနမ်းရူပ်နေသော စုံတွဲတို့ကို လမ်းစည်းကမ်းဖောက်ဖျက်မှုဖြင့် အရေးယူမည်။ – ကလေးမရှိသော လင်မယားတို့ကို အလုပ်တာဝန် ပေါ့လျော့မှုဖြင့် အရေးယူရမည်။ – ယောက်ျားတစ်ယောက်ကို […]


Yin Nyine NwayAugust 22, 20101min3378
ဒီနေ ့လုပ်စားတဲ့မြေအိုး မြီးရှည်ကတော့မြေအိုးမရှိလို ့ဒန်အိုးနဲ့ ချက်စားဖြစ်တာပါ။မန္တလေးမှာတော့ေ မြအိုးမြီးရှည်ဆိုင်တွေက ညဈေးတန်းတလျှောက်မှာ ပေါမှပေါ ပါဘဲ။မြေအိုးမြီးရှည်ရဲ ့အရသာကိုတော့ ပူပူစပ်စပ်နဲ ့မာလာဟင်းကြိုက်တဲ့သူတိုင်း ကြိုက်ပါလိမ့်မယ်။ ကျွန်မကတော့ မြေအိုးမြီးရှည်ကို ကြေးအိုးထက် ကြိုက်ပါတယ်။ လက်ကိုင် ရိုးတံရှည်လေးနဲ ့မြေအိုးလေးထဲမှာ ထည့်ချက်ပြီး gas မီးဖို ပေါ်ကချချချင်း ပူပူနွေးနွေး စားရတာ တော်တော်ကောင်းပါတယ်။ ကျွန်မကတော ့ဒန်အိုးထဲမှာ ထည့်ချက်ပြီး ရိုးရိုးပန်းကန်ထဲမှာ ထည့်စားပါတယ်။ ပြုလုပ်ပုံ အဆင့်ဆင့်ကတော့ ကြက်ရိုးကို ဆား၊ငံပြာရည်၊ဂျင်းရည်တို ့နဲ ့နယ်ပြီး ပြုတ်ထားပါတယ်။ ပြီးရင် အရိုးတွေဖယ်ပြီး အရည်စစ် ယူထားပါတယ်။ ငါးဖယ်လုံး၊ငုံးဥပြုတ်ထားပါတယ်။ မြီးရှည်ဖတ်ကို ရေနွေးဖျောထားပါတယ်။ စားတော့မယ်ဆိုမှ gas မီးဖိုကိုဖွင့်၊ဒန်အိုးထဲကို ကြက်ပြုတ်ရည် တစ်ခါစား စာထည့်ပါ။ မပွက်ခင် မာလာဟင်းအနှစ်ကို ဟင်းစား […]


Yin Nyine NwayAugust 21, 20101min2194
မြန်မာလူမျိုးတို့၏ အဓိကအစားအစာမှာ ထမင်းဖြစ်ပြီး နေ့စဉ်ထမင်းစားနေကြသည်ဖြစ်ရာ ထမင်းစားပြီး ရှောင်ကြဉ်သင့်သော အချက်(၇)ချက်ကို ကျန်းမာရေးအသိရှိစေရန် ဖော်ပြလိုက်ရပါသည်။ (၁) ဆေးလိပ်မသောက်ပါနှင့်။ ကျွမ်းကျင်သူများ၏ လေ့လာသုတေသနပြုချက်များအရ ထမ်းစားပြီး စီးကရက်တစ်လိပ်သောက်ခြင်းသည် စီးကရက် ဆယ်လိပ်သောက်ခြင်းနဲ့ညီမျှပြီး ကင်ဆာရောဂါဖြစ်ပွားရန် အခွင့်လမ်းအများဆုံးဖြစ်ကြောင်း သိရှိရသည်။ (၂) သစ်သီးများကိုချက်ချင်း မစားပါနှင့်။ ထမင်းစားပြီးသစ်သီးများကို ချက်ချင်းစားခြင်းသည် အစာအိမ် လေခံစေသည်။ ထို့ကြောင့် သစ်သီးများ စားသုံးမည်ဆိုပါက ထမ်းစားပြီး တစ်နာရီ(သို့) နှစ်နာရီအကြာနှင့် ထမ်းမစားမီ တစ်နာရီအလိုတွင်သာစားသုံးသင့် သည်။ (၃)လက်ဖက်ရည်မသောက်ပါနှင့်။ လက်ဖက်ရွက်တွင် အက်ဆစ်ပါဝင်မှုနှုန်းမြင့်မားပြီး ၎င်းသည် ကျွန်ုပ်တို့စားသုံးလိုက်သော အစာအိမ်ရှိပရိုတိန်းဓာတ်များကို မာကျောစေသည့်အတွတ်အစာချေရန် အခက်ခဲဖြစ်စေသည်။ (၄) သင့်၏ခါးပတ်ကို မဖြည်လိုက်ပါနှင့်။ ထမင်းစားပြီး ခါးပတ်ကိုဖြည်လိုက်ခြင်း(တစ်နည်းအနည်းငယ်လျှော့လိုက်ခြင်း)သည် ဝမ်းအတွင်းရှိ အူကိုခေါက်စေသည်။ (၅) ရေမချိုးပါနှင့်။ ထမ်းစားပြီးရေချိုးခြင်းသည် လက်များ၊ […]


Yin Nyine NwayAugust 21, 20103min1330
အင်းသားရိုးရာ ဟင်းထုပ်ကို တစ်ဆင့်ချင်း ဘယ်လိုလုပ်သလဲ ဆိုတာ ကြည့်ရင်း သွားရည်ယိုကြရအောင်လား ကြက်သွန်မြိတ်ကို သေးသေးလေးတွေဖြစ်အောင်လှီး။ ဆန်နဲ့ကောက်ညှင်းကြိတ်ထားတာထဲကို ကြက်သွန်မြိတ်နဲ့ ဆီ၊ဆား ရော။ (ကြိတ်စက်မရှိရင် အဆင်သင့်ဝယ်လို့ရတဲ့ ဆန်မှုန့်နဲ့ကောက်ညှင်းမှုန့်ကိုရေနဲ့ရောလုပ်လည်းရတယ်။) သမအောင်မွှေပြီး အပေါ့၊အငံမြည်း။ ပျော့ပြီးလုပ်ကိုင်ရလွယ်ကူအောင် ငှက်ပျောရွက်ကို မီးကင် (သို့) နေလှန်း။ ငှက်ပျောရွက်ထဲ ဒီလိုထည့်။ လှပအောင်ခေါက်ပြီး တုတ်တံလေးနဲ့ထိုး။ ပေါင်းအိုးနဲ့ နာရီဝက်ခန့်ပေါင်း။ ကြက်သွန်ဖြူဆီကျက်လေးကို အရောင်လှလှလေးလုပ်။ အနံမွှေးမွှေးလေးဖြစ်လာရင်ပေါင်းအိုး ကိုဖွင့်ကြည်လိုက်ဦး။ အိုးထဲက ထုတ်ထားတဲ့ ပူပူနွေးနွေး ဟင်းထုပ်။ ဆန်းလုံးစိကြော်လေးနဲ့ဆို လိုက်ဖက်တယ်။ ဂျူးမြစ်၊ ငရုတ်သီးကြော် နဲ့ နံနံပင်လေးထည့်။ မန်ကျည်းအချဉ်ရည်စပ်စပ်၊ ရေနွေးကြမ်းလေးနဲ့။ ကဲ…စားဖို့အဆင်သင့်ဖြစ်ပြီ အင်းလေးရိုးရာ ဟင်းထုပ် လုပ်နည်းကတော့ ရှင်းရှင်းလေးနဲ့ လွယ်လွယ်လေးပါပဲ။  အပေါ့၊ အငံ နဲ့ အပျော့အမာကတော […]


Yin Nyine NwayAugust 21, 20101min3539
မာလဟင်းသီးရွက်စုံသုပ် ရှူးရှူးရှဲရှဲလုပ်ထားတယ်။ ညနေစာ ထမင်းလွတ် သူတစ်ပန်းကန်၊ ကိုယ်တစ်ပန်းကန် (ရေနွေးကြမ်းနဲ့ လွေးကြမယ်) ပြုတ်ထားသေား အသီးအရွက်များ လိုအပ်သော အသီးအရွက်များ ကျောက်ကျောချောင်း(ခေါ်)ခေါက်ဆွဲ ချောင်း ကြာစွယ် အာလူး မုန်လာဥနီ(ခေါ်)ဥနီ ပန်းပွင့်စိမ်း(ခေါ်)ဘလိုကိုလီ မှိုခြောက်(ခေါ်)ကြွက်နားရွက်မှို မုန်းညင်းဖြူထုပ် ဂေါ်ဖီထုပ် ဘေဘီမုန်းညင်း ပဲပြား ပဲကြာဇံ ပန်းမုန်လာ ဘေဘီပြောင်းဖူး ကိုက်လန် ပဲပင်ပေါက် ကန်စွန်းရွက် ကန်စွန်းဥ (အသီးအရွက်ကတော့ ကိုယ်ကြိုက်တဲ့ အသီးအရွက်ထည့်လိုရပါတယ်) ကျွန်မကတော့ ကိုယ်ရှိတဲ့ အသီးအရွက်ပဲထည့်လိုက်ပါတယ်။ ဘေဘီပြောင်းဖူး၊ ကိုက်လန်၊ ပဲပင်ပေါက်၊ ကန်စွန်း ရွက်၊ ကန်စွန်းဥ အဲဒါတွေ မရှိလို့မထည့်လိုက်ပါဘူး။ မာလဟင်းအတွက် လိုအပ်သောအရာ ကြက်သား(သို့)ဝက်သားတောက်တောက်စင်း မာလဟင်းအနှစ်ထုပ် မြေပဲဆံထောင်း စောကောဆီကျက်(ကျွန်မကြိုက်လို့ထည့်တာပါ။ မကြိုက်လဲ မထည့်ရင်ရပါတယ်။) ငရုတ်သီးကြော်ထောင်း(သို့)ငရုတ်သီးလှော်ထောင်း ကြက်သွန်နီ ၂ […]


Yin Nyine NwayAugust 20, 20101min1852
တစ်ခါက ရွာတစ်ရွာမှာ လင်မယားနှစ်ဦးရှိသတဲ့။ တစ်နေ့မှာ ယောက်ျားဖြစ်သူက မိန်းမဖြစ်သူကို ဒီလိုပြောလိုက်ပါတယ်။ “မင်းအဖေက ငါ့လောက် ဉာဏ်မကောင်းပါဘူးကွာ။ မင်းအဖေထက် ငါကပိုပြီးတော့ ဉာဏ်ကောင်းတယ် သိလား´´ အဲ့စကားကိုကြားရတဲ့အခါ မိန်းမဖြစ်သူက ဟားတိုက်ရယ်မောပြီးတော့ ပြန်ပြောသတဲ့။ “တော်စမ်းပါရှင်။ ရှင်က ဘာများဉာဏ်ကောင်းလို့လဲ။ ကျုပ်အဖေက ရှင့်ထက်ပိုပြီးတော့ ဉာဏ်ကောင်းတယ်သိလား။ ဘယ်လောက်တောင် ကောင်းသလဲဆိုရင် ကျုပ်အဖေက ရှင့်အဖေ မမွေးခင်ကတည်းက ဉာဏ်ကောင်းတာ´´ ဒါပေမဲ့ ယောက်ျားဖြစ်သူကတော့ မိန်းမဖြစ်သူရဲ့ စကားကိုလက်မခံဘူး။ သူ့ယောက္ခမထက် သူကပိုပြီး ဉာဏ်ရည်သာတဲ့အကြောင်းကို မိန်းမသိစေရမယ်ဆိုပြီး တွေးနေသတဲ့။ တစ်နေ့မှာတော့ သူ့ယောက္ခမဆီကို သူ့မိန်းမကတဆင့် အိုးအလွတ်တစ်လုံး ပို့လိုက်တယ်။ အိုးကို ပို့လိုက်တဲ့အပြင် သူ့ယောက္ခမကို မှာလိုက်တာကတော့ … “အဖေ၊ ကျွန်တော့်ရဲ့ ဒီအိုးအလွတ်ထဲကို အရက်တွေ ပြန်ဖြည့်ပြီး ပို့ပေးလိုက်ပါ […]


Yin Nyine NwayAugust 20, 20101min2683
သွေးအမျိုးအစား ကပြောသော ဗေဒင် ” A “သွေးပိုင်ရှင်များ ၏ထူးခြားချက် သွေးအမျိုးအစားကို လိုက်ပြီး လူတွေရဲ့ စိတ်နေစိတ်ထားတွေကို ခန့်မှန်းလို့လည်း ရပါတယ်..ဒီနေ့တော့ သွေးအုပ်စု လေးမျိုးထဲက အေသွေးပိုင်ရှင်များရဲ့ စိတ်နေစိတ်ထားများကို ဖော်ပြပေးလိုက်ပါတယ်.. အေသွေးပိုင်ရှင်များရဲ့ စိတ်နေစိတ်ထားကတော့ အောက်ပါအတို်င်းပါ.. ငယ်စဉ်ဘဝမှာတော့ သူတပါးကို စဉ်းစားပေးတယ်ဆိုတာ သိပ်မရှိခဲ့ဘဲ ကိုယ်အတွက်ကိုသာ စဉ်းစားတတ်ကြပါသတဲ့… သူတပါးကို နောက်ပြောင်ရတာကိုလဲ ကြိုက်နှစ်သက်ပါသတဲ့… ဒါပေမယ့် ကြီးပြင်းလာတာနဲ့ အမျှ ငယ်စဉ်က စရိုက်သဘာဝများက တဖြည်းဖြည်း ပြောက်ကွယ်သွားပြီး သူများတကာတွေ အံ့အားသင့်လောက်အောင် အေးဆေးတည်ငြိမ်တဲ့သူ ဖြစ်လာပါတယ်တဲ့… အရွယ်ရောက်လာတဲ့ အခါမှာတော့ ကိုယ်လုပ်ရမည့် အရာအားလုံးကို တာဝန်သိစွာ လုပ်ကိုင်တတ်သူများ ဖြစ်လာပါတယ်တဲ့… တခါတလေ ပတ်ဝန်းကျင် အခြေအနေ မကောင်းတဲ့ အခါမှာ စိတ်လေလွင့်တတ်ပါတယ်တဲ့… အသစ်အဆန်းတွေကို […]


Yin Nyine NwayAugust 20, 20101min1631
လွယ်ကူပြီး စားရတာအရသာရှိတာမို့ တင်ပြပေးလိုက်ပါတယ် ငါးထမင်းနယ်လုပ်နည်း ပါဝင်ပစ္စည်းများ ကြက်သွန်မြိတ်        – အနည်းငယ် နံနံပင်            – အနည်းငယ် ဆား            – အနည်းငယ် ခရမ်းချဉ်သီး        – ၃ လုံး မန်ကျည်းနှစ်        – အနည်းငယ် ကြက်သွန်ဖြူ        – ၃ လုံး ငါး (ရေချိုငါး)        – ၂၅ သားခန့် အာလူး             – ၂ လုံးခန့် ဆန်            – ၅ လုံး (ထမင်းပေါင်းအိုးနဲ့ပါလာသော ဗူးနဲ့ ချိန်ပါ၊ နို့ဆီဗူး မဟုတ်ပါ) ပထမဆုံး ငါးနဲ့ အာလူးကို ဆားအနည်းငယ်စီ ထည့်ပြီး (တအိုးစီ) ပြုတ်ထားပါ။ အဲဒါတွေ ပြုတ်နေတုန်းမှာ ထမင်းကိုလဲ တပြိုင်နက်ချက် (ရေ ၇-၈ လုံးလောက်ထည့်ချက်ပါ)၊ မန်ကျည်းနှစ်ကို ရေနွေးဖျော၊ ကြက်သွန်မြိတ်နဲ့ နံနံပင်ကို လှီး၊ ကြက်သွန်ဖြူ […]