Yin Nyine NwayAugust 8, 20101min1422
လူမှုဆက်ဆံရေးနယ်ပယ်မှာ ကိုယ်သင်းနံ့လေးကောင်းမွန်မှသာ မိမိကိုယ်မိမိယုံကြည်မှုရှိပြီး ပေါင်းသင်း ဆက်ဆံရေးမှာလည်း အောင်မြင်မှာပါ။ တချို့ကတော့ တစ်ကိုယ်ရေသန့်ရှင်းမှုနည်းပြီး အမွှေးနံ့သာတွေနဲ့ဖုံးအုပ် တတ်ပါတယ်။ ဒါပေမဲ့ တကယ့်စစ်မှန်တဲ့ ကိုယ်သင်းနံ့ကိုတော့ မပိုင်ဆိုင်နိုင်ပါဘူး။ လူ့ခန္ဓာကိုယ်မှအနံ့ဆိုးထွက်ရ တဲ့ အကြောင်းရင်းတွေထဲမှာ လိင်အမျိုးအစားအလိုက်လည်းကွာခြားပါတယ်။ အမျိုးသားတွေက အမျိုးသမီးတွေ ထက် ချွေးနံ့ပိုထွက်လေ့ရှိပါတယ်။ ဒါတွေအပြင်နေ့စဉ်စားသုံးနေတဲ့ အစားအစာတွေနဲ့ဆေးဝါးတွေကလည်းချွေး နံ့ထွက်စေတဲ့ ကိစ္စတွေပါပဲ။ ကျန်းမာရေးချို့တဲ့ခြင်း၊ ဆေးပြင်းပြင်းများမှီဝဲခြင်း၊ အရက်သောက်ခြင်း၊ ဇင့်ဓာတ် လျော့နည်းခြင်းနဲ့ တစ်ကိုယ်ရေသန့်ရှင်းမှု မရှိခြင်းတွေကတော့ခန္ဓာကိုယ်မှအနံ့ဆိုးထွက်စေတဲ့အဓိကအကြောင်း အရာတွေလို့ လေ့လာတွေ့ရှိရပါတယ်။ ချွေးနံ့သက်သာစေမည့် အစားအစာများ အမျှင်ဓာတ်ပြည့်ဝတဲ့ အစားအစာများ၊ ဂျုံနဲ့လုပ်တဲ့စားသောက်ဖွယ်ရာများ၊ အစိမ်းရောင်ခြယ်အသီးအနှံများ၊ဟင်း သီးဟင်းရွက်များနဲ့ မုန်လာဥနီကို နေ့စဉ်ပုံမှန်စားသုံးပေးခြင်းက ကိုယ်သင်းရနံ့ကောင်းအောင်အထောက်အပံ့ဖြစ် စေပါတယ်။ ချွေးနံ့သက်သာစေမည့် အပြုအမူများ ချွေးနံ့သက်သာစေဖို့ တစ်ကိုယ်ရေသန့်ရှင်းရေးက အလွန်အရေးကြီးပါတယ်။ နေ့စဉ် ရေမှန်မှန်ချိုးပြီး တစ်နေ့အ ဝတ်အစားတစ်နေ့ပုံမှန်လျှော်ပါ။ […]


Yin Nyine NwayAugust 8, 20101min39315
နယ်စပ်မြို့လေး တမြို့ရှိ အိမ်တအိမ်တွင် အရမ်းရှက်တတ်သော အပျိုကြီးညီမ နှစ်ယောက်နေထိုင်သည်၊ အဲဒီ ညီမနှစ်ယောက်ဟာ ဘယ်လောက်ရှက်တတ်သလဲ ဆိုရင် လူမှန်းသိတတ်ချိန်မှစပြီး သူစိမ်းတွေနဲ့လဲ ဆက်ဆံမှုနည်းပါပြီး ယောကျာင်္းလေးများနဲ့လဲ အကျွမ်းတဝင်သိပ်မရှိပဲ အိမ်ထဲမှာတွင်သာ အနေများကြလေသည်။ထို အပျိုကြီးများ၏မိဘနှစ်ပါးသည် သူတို့အတွက်အစိုးရိမ်လွန်နေကြသည်။ အဘိုးကြီး။ ။မိန်းမရေ..ငါတို့သမီးနှစ်ယောက်အတွက် ဘယ်လိုလုပ်ကြမလဲ။ဒီလို အရှက်အကြောက်ကြီးနေရင်တော့ ငါတို့ မရှိတော့ရင် သူတို့ဘယ်လိုနေထိုင်ကြမလဲ? အဘွားကြီး။ ။ဟုတ်တယ်ရှင့် သူတို့အတွက် တခုခုတော့ ကျွန်မတို့ လုပ်ပေးသင့်နေပြီထင်တယ်။ တနေ့တော့ သူတို့မြို့မှာ ကာယအလှမယ် ပြိုင်ပွဲကျင်းပလေသည်။အဲဒီမှာ အဘိုးကြီးက သူ့သမီးနှစ်ယောက်ကြည့်ရအောင် လက်မှတ်နှစ်စောင် ဝယ်ခဲ့လေသည်။အိမ်ရောက်တော့ “သမီးတို့ရေ သမီးတို့ နှစ်ယောက်လဲ အပြင်မထွက်တာကြာပြ။ီသမီးတို့အတွက် ကာယအလှမယ်ပြိုင်ပွဲကြည့်ရအောင်လက်မှတ်ဝယ်ခဲ့တယ်။သမီးတို့ သွားကြည့်လို်က်လိုက်ဦး” အဲဒီတော့ အပျိုကြီးညီအမ နှစ်ယောက်လဲ သွားကြည့်ကြလေသည်။သိပ်မကြာမီ အပျိုကြီးညီမ နှစ်ယောက် သုတ်သုတ် သုတ်သုတ်နဲ့ ပြန်ရောက်လာကြသည်။သူ၏ […]


Yin Nyine NwayAugust 8, 20101min2545
မြန်မာပြည်မှ အင်တာနက်ဆိုင်ဖွင့်သူ သူငယ်ချင်းကို စီးပွားရေးအဆင်ပြေမပြေမေးကြည့်ေ တာ့ ဝင်ငွေ ကောင်းသော်လည်းစိတ်မကောင်းပါတဲ့။ သူအင်တာနက်ဆိုင်ဖွင့်တာ မြန်မာတွေအသိပညာကြွယ် စေဖို့၊ ကမ္ဘာ့နိုင်ငံအသီးသီးကလူတွေအကြောင်း၊ စီးပွားရေးလုပ်ပုံတွေအကြောင်း၊ ပညာရေးအခွင့်အလမ်း တွေအကြောင်းသိပြီး ကြိုးစားစေချင်လို့ သည်အင်တာနက်ဆိုင်ကို အသက်သာဆုံးဈေးနဲ့ ပြည်သူတွေ သုံးနိုင်အောင်ဖွင့်တာဖြစ်ပေမယ့် အင်တာနက်ကိုလာရောက်သုံးစွဲသူအားလုံးလိုလိုက အရေမရအဖတ်မရ ချတ်တင်းထိုင်ရင်း ချစ်သူရှာနေတာသာ များတဲ့အတွက် နိုင်ငံခြားပြန်ဖြစ်တဲ့ သူ့အနေနဲ့ အလွန်ရင်လေး မိကြောင်း၊ ပေါ့စေလိုလို့ကြောင်ရုပ်ထိုးကာမှ ဆေးကြောင့်လေး ဆိုသလို မြန်မာတွေအလိမ်မခံရစေချင် လို့အင်တာနက်ဆိုင်ဖွင့်ကာမှ အလိမ်ခံဖို့ ဖွင့်ပေးသလိုဖြစ်မှာစိုးရိမ်ကြောင်း ပြောခဲ့လို့ သည်ဆောင်းပါး လေး ကိုရေးမိခြင်းဖြစ်ပါသည် ညီအစ်မတို့။ နိုင်ငံခြားသားသူဌေးဆိုသူနဲ့ အင်တာနက်မှာတွေ့ကြိုက်ချစ်ပြီး အပြင်မှာတွေ့ကြပြီးလက်ထပ်သူများ ထဲက မည်သည့်ရာခိုင်နှုံး မိန်းကလေးများ အိမ်ထောင်ရေးကံကောင်းပြီး ရာခိုင်နှုံးမည်မျှက တိတ်တိတ် ကြိတ် ဒူးနဲ့ မျက်ရည်သုတ်ပြီး ရာခိုင်နှုံးမည်မျှက နာမည်ကျော် ပြည့်တန်ဆာဗွီဒီယိုမင်းသမီးဘဝ […]


Yin Nyine NwayAugust 8, 20101min42720
ဟိုး ရှေးရှေးတုန်းက ရွာတရွာမှာ မြေတိုင်းရုံးမှာ စာရေး အလုပ် လုပ်တဲ့ စာရေကြီး တစ်ဦးရှိတယ်ဗျ၊ စာရေးကြီးက အသက်ကလည်း ၃၅ ကျော် အိမ်ထောင်ကလည်း မရှိတဲ့ လူပျိုကြီးပေါ့ ဗျာ သူက ကျန်းမာရေးလည်းသိပ်မကောင်းဘူးဗျ ဇီဇာ ကလည်းနည်းနည်းကြောင်တယ်ဗျ အဲတော့ သူကို ဆို ကြိုက်တဲ့ မိန်းမ ကရှိတော့ဘူးဗျာ ။ လူပျိုကြီးကလည်း မိန်းမ တအားလိုချင်နေတာဗျ။ ဒီလိုနဲ ဘယ်လောက်ဘဲကြိုးစား ကြိုးစား သူခင်မျာမိန်းမ မရလိုက်ပါဘူးဗျာ။ဒီတော့ သူကလည်း စိတ်နာနာ နဲ အရက်တွေကို ဘဲ စွတ်ကန်သောက်တော့တာပေါ့ ဗျာ။ ဒီလိုနဲ အသက် ၄ဝ လောက်လည်း ရောက်ရော သူပန်းနာရောဂါဒဏ် အရက်ဒဏ်တွေရယ်နဲ လူပျိုကြီး အိပ်ယာထည်းလဲတာဘဲဗျာ အိပ်ယာထည်း လဲ နေပြီး […]


Yin Nyine NwayAugust 8, 20101min1774
(((((အမှိုက်.. အမှိုက်..))))) (((((အမှိုက်.. အမှိုက်..))))) နေပူကျဲကျဲမှာ အမှိုက်လှည်းကြီးကို တွန်းရင်း တစ်လမ်းဝင် တစ်လမ်းထွက် အမှိုက်လိုက်ကောက်နေတဲ့ ကျနော်တို့ မောင်နှမ နှစ်ယောက် အတွက်တော့ နေမင်းကြီး ပူလောင်တယ် ဆိုတာထက် လူလုံးမလှပတဲ့ ဘဝရဲ့ ပူလောင်မှုက အရာရာကို ရင်ဆိုင်ဖို့ ကျင့်သားရခဲ့ပြီးသားပဲလေ..။ နားထဲမှာတော့ ဖေဖေ မဆုံးခင် ပြောသွားတဲ့ ဆုံးမ စကားလေးကို ကြားနေမိသေးတယ်.. “သားရေ ဖေဖေတို့က အမှိုက်ကောက်တဲ့ သူတွေဆိုတော့ လူတွေက မသတီကြဘူး.. အကျိုးပေး မကောင်းခဲ့လို့ နှိမ့်ကျတဲ့ ဘဝ ရောက်နေပေမယ့် စိတ်ဓါတ်ကို အမြဲ မြင့်မြင့်ထားပါ.. ဘယ်လောက်ပဲ ဆင်းရဲနုံချာနေပါစေ.. သူများပစ္စည်း မခိုးနဲ့.. မတရားတာ မလုပ်နဲ့.. ရိုးသားဖြူစင်တဲ့ စိတ်ဓါတ်နဲ့ ဘဝကို ရဲရဲ ရင်ဆိုင်ပါ..” […]


Yin Nyine NwayAugust 8, 20101min1502
ပြသနာ ဖြေရှင်းပုံ(Problem Solving)နှစ်မျိုးရှိတယ် တစ်မျိုးက  “ပြသနာကို အဓိကထားတဲ ့နည်း(Problem Oriented Method)”ပါ။ နောက်တစ်မျိုးကတော့ . . . . .။ “အဖြေကို အဓိက ထားတဲ ့နည်း(Solution-Oriented Method)”ပါ။ ပထမနည်းက “ပြသနာကို အဓိကထားတဲ ့နည်း(Problem Oriented Method)”ပါ။ မိသားစုတစ်စု ရှိတယ်ဆိုပါကြပါစို ့။ အဖေရယ်… အမေရယ်…အစ်မဖြစ်သူရယ်၊ မောင်လေးရယ်… ပေါ့။ မောင်လေးဖြစ်တဲ ့သူက အတော်ငယ်သေးတယ်။လမ်းလျှောက်တတ်ခါစ ဆိုပါတော့…။ ဟိုဟိုဒီဒီ သွားရင်း ဟိုဟာ လှမ်းကိုင် ဒီဟာလှမ်းဆွဲ လုပ်ရင်း… ဗြုန်းဆို . . . ရေအိုးစင်က ဖန်ခွက်ကို လှမ်းဆွဲ လိုက်မိတယ်။ “ခွမ်း”ခနဲ မြည်ပြီး ကြမ်းပေါ်မှာ ဖန်ခွက် […]


Yin Nyine NwayAugust 8, 20101min1604
ကျန်းမာချမ်းသာစွာဖြင့် ဘဝနေနည်း 1. ရေများများသောက်ပါ။ 2.မနက်စာကို ဘုရင်လိုစား၊ နေ့လည်စာကိုတော့ မင်းသားလေးလိုစား၊ ညစာကိုတော့ သူတောင်းစားလို စားပါတဲ့။ 3. သစ်ပင်ပေါ်က ရတဲ့ ဟင်းသီး ဟင်းရွက်တွေကို များများစားပေးပါ၊။ 4. ဘဝမှာ 3 E နဲ့ ရှင်သန် နေထိုင်ပါ — Energy, Enthusiasm နဲ့ Empathyတို့ဖြစ်ပါတယ်။ 5. တရားထိုင်ခြင်း၊ ယောဂ ကျင့်ခြင်း၊ ဘုရားရှိခိုးခြင်း တို့ကိုလည်းပြုလုပ်ပေးသင့်ပါတယ်။ 6. ကစား ခုန်ကစားလည်း များများ ပြုလုပ်ပေးဖို့ လိုအပ်တယ်။ (ခုန်ရင်သတိထားပါ ပြုတ်ကျမယ်။) 7. သင် 2008 ခုနှစ်မှာ ဖတ်ခဲ့တဲ့ စာအုပ်အရေအတွက်ထက် ဒီနှစ်မှာ များများပိုဖတ်ပါ။ 8. တစ်ရက်မှာ 10 မိနစ်လောက် […]


Yin Nyine NwayAugust 8, 20101min1564
“ ရော ့ “ ဖိုးသား က ဝယ် လာ သောအရက် ပု လင်း တွေ ကို ချ ရင်း ကျွန်တော် ့ ကို ဘယ်လိုလဲဟူသော ပုံစံ နှင် ့မေး ဆတ် ပြ သည် ။ “ အေး ချ မယ် ကွာ “ ကျွန်တော် ဒီ နေ ့ လတ်လတ်ဆတ်ဆတ် အသဲကွဲနေ တာ ကို သိလို ့သူငယ်ချင်းနှစ်ယောက် သား အဆောင် ခန်း မှာ အရက် သောက်ဖို ့ စိတ် ကူးမိ ခြင်း ဖြစ်သည် .. ကျွန်တော်တို […]


Yin Nyine NwayAugust 8, 20103min1142
တရုတ်ပြည် တောင်ပိုင်းမှ လှပသော ရေခဲမိုးရွာသွန်းမှု ဝိုး…..မယုံကြည်နိုင်စရာ ကောင်းလောက်အောင်ပါပဲ ။ တရုတ်နိုင်ငံ တောင်ဖက်ပိုင်းမှာ ရေခဲမိုးရွာသွန်းမှုကနေ မိုးတိတ် သွားတဲ့အခါ အခွန်လှပတဲ့ ရေခဲချပ်လေးတွေ ပန်းပုဆရာတစ်ယောက်က သွန်းထု ထားသလား ထင်မှတ် ရလောက်အောင် လက်ရာလှပစွာ ထွက်ပေါ်လို့ လာပါတယ် ။ ရေခဲမှုန်လေးတွေ ဖြန့်ကျဲထားသလို ရွာသွန်းတာ ဖြစ်ပြီး အောက်ခံ ပန်း(သို့မဟုတ်) အရောင်ကို အတိုင်းသား မြင်ရလောက်အောင် ကြည်လင် လှပါ တယ် ။ ကဲ့ ရေခဲမိုးကနေတဆင့် ဖြစ်ပေါ်လာတဲ့ လှပတဲ့ အနုပညာလက်ရာ သဘာဝ တရားကြီးကို ခံစား ကြည့် ရအောင် ။ မြင်မြင်သမျှ သဘာဝတရားကြီး ရဲ့ အလှအပဖန်ဆင်းမှုဟာ လူသားတွေတမင်တကာ ပြုပြင်ဖန်တီးထားတဲ့ အရာ တွေထက် […]


Yin Nyine NwayAugust 8, 20101min921
— ( ၁ ) နားဖာချေးကို မကလော်ပါနဲ့ နားဖားချေးတွေဟာ နားရဲ့သူ့ဘာသာ သန့်စင်စေတဲ့ လုပ်ငန်းစဉ်ကို ကောင်းကောင်း အလုပ်လုပ်နိုင်အောင် ဆောင်ရွက်ပေးပါတယ်။ နားဖာချေးတွေဟာ ဆိုးဆိုးဝါးဝါးပိတ်ဆို့ မနေရင် ကလော်ပြီး မဖယ်ရှားသင့်ပါဘူး။ အပြင် နားစည်အရေပြားရှိ ဂလင်းကနေ ထုတ်ပေးလေ့ရှိတဲ့ နာဖာချေးတွေဟာ အရေးကြီးတဲ့ လုပ်ငန်းဆောင်တာ တွေကို လုပ်ဆောင်နေပါတယ်။ နားစည်ရဲ့ အရေပြားကို ကာကွယ်ဖုံးအုပ်ပေးခြင်း၊ ရေကို တွန်းထုတ်ခြင်းနဲ့ နားတွင်းပိုးဝင်တာနဲ့ ထိခိုက်ဒဏ်ရာမဖြစ်အောင် ကာကွယ်ပေးခြင်းစတဲ့ လုပ်ငန်းတွေအပြင် နားအတွင်း အရေပြားခြောက်သွေ့ ယားယံခြင်းမဖြစ်အောင် ထိန်းသိမ်းပေးပါတယ်။ ဒါ့ပြင် နားဖာချေးဟာ အပြင်ကနေဝင်လာတဲ့ ဖုန် နဲ့ ပိုးမွှားတွေကို နားစည်ထဲမရောက်အောင် သယ်ယူထားပေးပါတယ်။ အများအားဖြင့် နားဖာချေးဟာ သူ့အလိုလို ထွက်သွားလေ့ရှိပါတယ်။ ဒါပေမဲ့ တချို့လူတွေမှာတော့ အလိုလို […]


Yin Nyine NwayAugust 8, 20101min2031
သူငယ်ချင်းတို့အတွက် လက်ဆောင်- သူငယ်ချင်းတို့ရေ- မျက်လုံး၊ မျက်ခမ်း၊ မျက်ခုံး သီးသန့် အသားလှုပ်နိမိတ်လေး မျှဝေလိုက်တယ်နော်- နေ့အလိုက် အသားလှုပ်မှုနိမိတ်တွေပါ- မှန်တယ်လို့ ခံစားရရင် ကိုယ်ခင်မင်တဲ့သူတွေကို လက်ဆင့်ကမ်းလိုက်ပေါ့- နော်။ တရုတ်ရိုးရာထုံးတမ်းစဉ်လာယုံကြည်မှု စာအုပ်မှကောက်နှုတ်ထားတာပါ။ (1) တနင်္လာ- ဘယ်= ဒီနေ့အဖို ့ (ကောင်းသော(သို့)ဆိုးသော)ကိတ် စတခုခုတောက်ပေါ်ပေါက်လိမ့်မယ်။ (2) တနင်္လာ- ညာ= မစိုးရိမ်ပါနဲ့၊ ဒါဟာ သွေးသားလှုပ်ရှားမှုသက်သက်ပါ။ (3) အင်္ဂါ- ဘယ်= စိတ်ကြည်နူး ပျော်ရွှင်ရပါလိမ့်မယ်။ (4) အင်္ဂါ- ညာ= မမျှော်လင့်သော၊ မလိုလားသော ကိတ်စတခုပေါ်ပေါက်လိမ့်မယ်။ (5) ဗုဒ်ဓဟူး- ဘယ်= တစ်ယောက်ယောက်တော့ မင်းကို ကြိုက်နေတယ်။ (6) ဗုဒ်ဓဟူး- ညာ= မင်းကို စိတ်တိုစေမယ့် ကိတ်စတစ်ခုပေါ်ပေါက်လိမ့်မယ်။ (7) […]


Yin Nyine NwayAugust 8, 20107min2014
ကျွန်မရဲ့ဇာတိ ဖားကန့်ဒေသမှာ လွန်ခဲ့တဲ့ တစ်ပတ်ကျော်လောက်က မိုးအပြင်းအထန်ရွာပါတယ်.. မိုးရွာသွန်းမှုကြောင့် ထူးထူးခြားခြား ရေကြီးတဲ့ ဖြစ်ရပ်တွေ ဖြစ်ခဲ့ပါတယ်.. ကျွန်မ ဒီအကြောင်းတွေ မရေးချင်ပါဘူး.. ကျွန်မဘလော့ လာတဲ့ သူတွေကို စိတ်ညစ်စရာ၊ စိတ်မချမ်းသာစရာ အကြောင်းအရာတွေနဲ့ ဆီးကြို ဧည့်ခံတာမျိုး မလုပ်ချင်ပါဘူး.. ဒါကြောင့် ဒီဓာတ်ပုံတွေကို မတင်တော့ဘူးလို့ စဉ်းစားမိပါတယ်.. ဒါပေမဲ့ ဒီလိုနေပြန်ရင် ကိုယ့်ဒေသအပေါ် တာဝန်မကျေရာ ကျမယ်ဆိုတဲ့စိတ်က ဖိစီးထားတော့ မနေနိုင်ဘူး ဖြစ်ပြန်တယ်.. ဒီလို ရေကြီးရေလျှံတာဟာ သဘာဝရာသီဥတုကြောင့် မဟုတ်ဘဲ လူတွေရဲ့ လောဘ၊ လူတွေရဲ့ ပယောဂကြောင့်ဆိုတာ သိစေချင်တယ်.. ဒီလိုသိလာခြင်းအားဖြင့်လည်း ဖားကန့်ဒေသမှာ စီးပွားရေး လုပ်နေကြသူများရော ဒေသခံများနဲ့ တာဝန်ရှိကြသူများပါ အားလုံး ပူးပေါင်းဆောင်ရွက်ကြမယ်၊ သဘာဝ ပတ်ဝန်းကျင်ကို ထိန်းသိမ်းကြဖို့ အသိတရားတစ်စုံတစ်ရာ […]


Yin Nyine NwayAugust 8, 20101min3375
ဖားကန့် မရှီကထောင် ဘေလီတံတား လွန်ခဲ့တဲ့ တစ်ပတ်လောက်ကျော်လောက်က ကျွန်မတို့ ဇာတိဖြစ်တဲ့ ဖားကန့်ဒေသမှာ မိုးအပြင်းအထန် ရွာသွန်းပါတယ်.. မိုးရွာသွန်းမှုကြောင့်  ဖားကန့်ဒေသမှာ မကြုံစဖူး ရေကြီးခြင်းများ ဖြစ်ပေါ်ခဲ့ပါတယ်.. ရေကြီးပြီး ၃ရက်လောက်မှာတော့ ဖားကန့်မြို့နဲ့ မရှီကထောင် ရပ်ကွက်ကို ဖြတ်သန်းဖို့ ဖောက်လုပ်ထားတဲ့ မရှီကထောင် ဘေလီတံတားဟာ ကျိုးကျသွားခဲ့ပါတယ်.. ကျိုးကျရတဲ့ အကြောင်းရင်းကတော့  ကျောက်မျက် ကုမ္ပဏီတစ်ခုက စွန့်ပစ်မြေစာတွေအပြည့် တင်ဆောင်လာတဲ့ မြေသယ်ကား ဖြတ်သန်းတဲ့အချိန်မှာ ခံနိုင်ဝန်အားမမျှဘဲ ကျိုးကျသွားတာ ဖြစ်ပါတယ်..  မြေသယ်ကားနဲ့အတူ အဲဒီချိန်မှာ တံတားဖြတ်နေတဲ့ နောက်ထပ်ကား၁စီး ၊ဆိုင်ကယ်၃စီးနဲ့ လမ်းလျှောက်ကူးနေတဲ့ လူအချို့ပါပြုတ် ကျသွားကြောင်း သိရပါတယ်..  ဥရုချောင်း ရေကြီးနေတဲ့ အချိန်ဖြစ်တာကြောင့် ပြုတ်ကျသွားတဲ့ ကားတွေကို ချက်ခြင်း ဆယ်ယူဖို့ ခက်သလို ပြုတ်ကျသွားချိန်မှာလည်း လူအချို့ […]