Yin Nyine NwayAugust 8, 20101min990
တစ်ရက်မှာ အသားငါးတွေ  ကုန်ခြောက်တွေ ရောင်းချတဲ့ ဆိုင်တစ်ဆိုင်ထဲကို  ခွေးတစ်ကောင်ဟာ တန်းတန်းမတ်မတ် ဝင်လာခဲ့ပါတယ်.. ဆိုင်ရှင်ဖြစ်သူဟာ အဲဒီခွေးကို အကြိမ်ကြိမ် မောင်းထုတ်ပေမဲ့လို့ မောင်းထုတ်ချိန်မှာတော့ ဆိုင်ထဲကနေထွက်သွားလိုက် ခနကြာတော့ ပြန်ဝင်လာလိုက်နဲ့ အကြိမ်ကြိမ် လုပ်နေတာတွေ့တော့ ဆိုင်ရှင်က သူ့စိတ်ထဲမှာ ထူးခြားတယ်လို့ ထင်လာမိပါတယ်.. ဒါနဲ့ ခွေးရဲ့ အနားကို တိုးကပ်သွားတဲ့အခါမှာ ခွေးရဲ့ ပါးစပ်ထဲမှာ ကိုက်ချီထားတဲ့စာရွက်ပိုင်းလေးတစ်ခုကို တွေ့လိုက်ပါတယ်.. စာရွက်လေးကို ယူပြီး ဖွင့်ကြည့်လိုက်တော့ “ဝက်အူချောင်း၁၂ချောင်းနဲ့ သိုးခြေထောက်တစ်ချောင်း ရောင်းပေးလိုက်ပါရန်နှင့် ခွေးပါးစပ်ထဲတွင် ပိုက်ဆံ ထည့်ပေးလိုက်ပါတယ် ” လို့ ရေးထားတာကို တွေ့ရပါတယ်.. ဆိုင်ရှင်ဟာ ခွေးပါးစပ်ထဲကို ကြည့်လိုက်တော့ တကယ်ကို ၁ဝဒေါ်လာတန် တစ်ရွက်ကို တွေ့လိုက်ရပါတယ်.. ဒါနဲ့ ပိုက်ဆံကိုယူလိုက်ပြီး ဝက်အူချောင်း ၁၂ချောင်း၊ သိုးခြေထောက်တစ်ချောင်း၊ […]


Yin Nyine NwayAugust 7, 20101min1664
ဗုဒ္ဓဘာသာ မြန်မာလူမျိုးများသည် ရတနာသုံးပါးကို ကြည်ညိုလေးစား ဦးခိုက်ကြသော်လည်း ကံနှင့် ပတ်သက်၍ ယုံကြည်မှု အားနည်းမှုများကို တွေ့ရသည်။ ဗုဒ္ဓမြတ်စွာ ဘုရားရှင်သည် ကောင်းတာလုပ် ကောင်းကျိုးပေးမည်၊ မကောင်းတာလုပ် မကောင်းမှုများ အကျိုးရမည်ဟူ၍ ဟောကြားခဲ့တော်မူသည်။ မိမိ၏ ကံသာလျှင် မိမိ၏ ကိုယ်ပိုင်ပစ္စည်း၊ ကိုယ်ပိုင်ဥစ္စာများဖြစ်သည်။ ကောင်းကျိုး၊ ဆိုးကျိုး တို့သည် ကံတရားပေါ်၌သာ တည်လေသည်ဟူ၍ မြတ်စွာဘုရားရှင်၏ ဒေသနာတော်များရှိခဲ့သည်။ သို့သော် . . . . .”ဟာ … မင်းတို့က တတ်လည်း တတ်နိုင်ရဲ့သားနဲ့၊ ပိုက်ဆံလည်း ရှိသားနဲ့ ဘာလို့ ဒီနာရေး ကူညီမှု အသင်းကိုမှ သွားပြီး အကူအညီ တောင်းရတာလဲ” ဘာဖြစ်လို့ ကိုယ်ပိုင် အခေါင်း (Coffin) နဲ့ မီး […]


Yin Nyine NwayAugust 7, 20101min1403
ဖန်ဆင်းရှင်က ခွေးကို ဖန်တီးလိုက်သည်။ ခွေး၏သက်တမ်းကို ၂ဝ နှစ်ရှိစေဟု သတ်မှတ်လိုက်သည်။ ခွေးက ဆင်ခြေတက်၏။ ခွေး။ ။ ဖန်ဆင်းရှင်ခင်ဗျား နှစ် ၂ဝ တောင်ဆိုတော့ အချိန်အကြာကြီးဟောင်နေရမှာပေါ့။ ၁ဝ နှစ်ပဲ နေချင်ပါတယ်။ ပိုတဲ့ ၁ဝ နှစ် ပြန်ယူထားပေးပါလား။ ဖန်ဆင်းရှင်က သဘောတူလိုက်သည်။ ထို့နောက် မျောက်ကို ဖန်ဆင်းပြန်၏။ မျောက်၏ ဘဝသက်တမ်းကို နှစ်၂ဝ သတ်မှတ်ပေးလိုက်၏။ မျောက်က ဆင်ခြေပေးသည်။ မျောက်။ ။အောင်မယ်လေး။ နှစ်၂ဝ လုံးလုံး လူတွေကို ဖျော်ဖြေနေရမယ်။ သွားဖြဲပြနေရမယ်ဆိုတော့ ဘယ်ကောင်းတော့မလဲ။ ဖန်ဆင်းရှင်ရယ် ၁ဝ နှစ်ပဲ နေပါရစေ။ ကျန်တဲ့ ၁ဝ နှစ်ပြန်နုတ်ပေးပါ။ ဖန်ဆင်းရှင်က သဘောတူလိုက်ပြန်သည်။ ထို့နောက် နွားကိုဖန်ဆင်းပြန်၏။ နွား၏ သက်တမ်းကို […]


Yin Nyine NwayAugust 7, 20101min1553
ကယ်လီဖိုးနီးယား ပြည်နယ် ရှိ စာအိတ်လုပ် စက်ရုံတစ်ရုံတွင် အမျိုးသမီး တစ်ဦးသည်အလုပ်လုပ်ခဲ့ဖူးလေသည်။ တစ်နေ ့တွင် စာအိတ်တစ်အိတ်ကို လျာ ဖြင့်လျက်ပြီး တံဆိပ်ခေါင်းကပ်ပေးလိုက်မိသည်၊ ရေမြုပ် က်ိုမသုံးလိုက်မိ။ ၎င်းနေ ့ချင်းတွင်း ပင် သူမ၏လျှာတွင် ကွဲကြောင်း လေးကို သတိပြုမိ၏။ တစ်ပါတ်လောက်ကြာသော အခါ လျှာမှာ အတော်လေး ရောင်ရမ်းနေလေပြီ။ ု ဆရာဝန်ဆီ သွားပြကြည့်သော်လည်း ဆရာဝန်ကဘာမျှမဖြစ်ဟုဆိုကာ ပြန်လွှတ်လိုက်လေ၏။ သူမ၏လျှာမှာ လျှာနာလည်းမဟုတ် မည်သည့်ရောဂါ အမျိုးအစားထဲတွင်မှ မပါဘဲဖြစ်နေလေသည်။ နှစ်ရက်လောက်ကြာသည်တွင် လျှာမှာထပ်ပြီး ရောင်ရမ်းလာလေ ရာ အလွန်နာကျင်သည့်အလျောက် ထမင်းပင်မစားနိုင်အောင်ဖြစ်လာလေ၏။ ဆေးရုံကို နောက် တစ်ခေါက်သွားပြီး “တစ်ခုခုတော့လုပ်ပေးပါအုံး ဆရာရယ်….ဒီမှာနာလို ့သေတော့မယ်” ဆိုပြီး တော့အတင်းအကျပ်တောင်းဆိုရတော့ သည်။ သူ ့လျှာကို ဆရာဝန်က […]


Yin Nyine NwayAugust 7, 20101min1091
မနက် စောစော နိုးနေသော်လည်း (၆)နာရီလောက် မှ အိပ်ယာမှထဖြစ်သည် ။ အသက် နည်းနည်ရလာတော့ ခန္ဓာကိုယ် ငယ်ငယ်တုန်းကလို စိတ်သွားတိုင်းကိုယ်မပါနိင်တော့ ။ သားသမီးတွေမျက်နှာကို ကြည့်မနေချင်လို့ ဇနီးမောင်နှံ (၂ ) အေးအေးဆေးဆေး နေခဲ့တာ အခုဆို ရှစ်နှစ်နီးပါး တောင်ရှိခဲ့ ပြီ ။ အခုလည်းစောစောပိုင်း ဘုရားဝတ်ပြုပြီး နည်းနည်း ချူချာသော ဇနီးသည် အတွက် ဆေးမသောက်ခင်စားရန် လက်ဖက်ရည် လာဝယ်ခြင်းဖြစ်သည် ။ ……………………………………………………….. အဘိုးကို ဘက်ဖက်ရည် ပါဆယ် ( ၁ )ခွက် နဲ့ အီကြာကွေး (၁)ချောင်းပေးပါ ။ ဟုတ်ကဲ့ အဖိုး …………………………………………….. ဒီဆိုင်လေး ဖွင့်တာမကြာသေး ပေမယ့် ဆိုင်ရှင် အညာသားလင်မယား ၏ဆက်ဆံရေးကောင်းမွန်မှုကြောင့် […]


Yin Nyine NwayAugust 7, 20102min1200
A man should not sleep on silk till he has walked on sand. သဲလမ်းပေါ်မလျှောက်ဖူးသရွေ့ ပိုးထည်ပေါ်မအိပ်စက်သင့်ပေ။ Rich miser is poorer than a poorer than a poor man. ကပ်စေးနည်းသောသူဌေးသည် ဆင်းရဲသော သူထက် ပိုဆင်းရဲသည်။ Never underestimate the power of forgiveness. ခွင့်လွှတ်ခြင်း၏စွမ်းအားကို ဘယ်တော့မှ အထင်မသေးပါနှင့်။ When you shoot the arrow of truth, just dip its point in honey. အမှန်တရားတည်းဟူသောမြားတံကို ပစ်သောအခါ မြားထိပ်ကို […]


Yin Nyine NwayAugust 7, 20101min1150
အနာဂတ်မြန်မာန်ိုင်ငံ နိုင်ငံတော်အလံ ကိုပြောင်းလဲတော့မယ်လို့ ယုခုလ ၁၁ ရက်နေ့မှာ ထုတ်ဝေခဲ့တဲ့ နိုင်ငံပိုင်သတင်းစာတွေကနေ အကျယ်တဝင့် ဖော်ပြခဲ့ပါတယ်။ ပြောင်းလဲမဲ့ အနာဂတ် နိုင်ငံတော်အလံမှာ အစိမ်းရောင်၊ အဝါရောင်နှင့် အနီရောင်တို့ကို …အလျှားလိုက် အချိုးညီစွာဖော်ပြပြီး အလံ၏ဝဲဘက် အပေါ်ထောင့် အစိမ်းရောင်ပေါ်တွင် အဖြူရောင် ကြယ်ကြီးတစ်လုံး အပေါ်ဘက်သို့တည့်မှတ်စွာ တည်ရှိနေရမယ်လို့ ဖော်ပြပါရှိပါတယ် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်အလံ ရည်ညွှန်းချက် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်အလံ သည် သုံးရောင်ခြယ်အလံဖြစ်သည်။ (အဝါ၊ အစိမ်း၊ အနီ) အဝါရောင်သည် ဘာသာ၊သာသနာနှင့်ပညာတို့ တိုးတက်ခြင်းကို လည်းကောင်း အစိမ်းရောင်သည် စပါးဆန်ရေ၊ကျွဲနွား အထွေထွေပေါများခြင်းကို လည်းကောင်း အနီရောင်သည် မြင်သူအသဲတွင် ရဲစိတ်ရဲမာန် ထက်သန်စေခြင်းကို လည်းကောင်း အသီးသီးကိုယ်စားပြုကာ အလံ၏အလယ်ဗဟိုရှိ ကြယ်ဖြူကြီးမှာ တစ်စည်းတစ်လုံးတည်းရှိသော […]


Yin Nyine NwayAugust 6, 20101min1030
မေတ္တာနှင့်ယှဉ်သော သံယောဇဉ် မေတ္တာနှင့်ယှဉ်သော သံယောဇဉ်,သံယောဇဉ်နှင့် ယှဉ်သောမေတ္တာဟာအကျွမ်းဝင်ခြင်း ရဲ ့လက္ခဏာပါ ။ မေတ္တာသာရှိပြီး သံယောဇဉ်မရှိရင်လည်း ကိုယ့်အပေါ်ဆက်ဆံတာဟာအားလုံး အပေါ်ဆက်ဆံတာထက်ပိုပြီးဂရုတစိုက်ရှိမှာ မဟုတ်ပါဘူး ။သံယောဇဉ်သာရှိပြီး မေတ္တာမရှိရင်လည်းကိုယ့်ရဲ ့ကောင်းကျိုးဆိုးကျိုး၊ ကောင်းမှု ဆိုးမှုတွေကိုဝေမျှခံစားနားလည်နိုင်စွမ်း၊ အကျိုးဆောင်ပေးနိုင်စွမ်း၊ရှိမှာမဟုတ်ပါဘူး ။ အချစ်ဆိုတာ အလွန်သန့်ရှင်းတဲ့အရာပါ။ ဒီလို အချစ်ရေးမှာအဆင်မပြေတိုင်း နောက်ရည်းစားအသစ်ရှာနေကြတာတော့မကောင်းပါဘူး။ ကိုယ့်ချစ်သူက ရှုပ်နေ ပွေနေတာတကယ်မှန်လို့ ရည်းစားသစ် ပြောင်းရှာတာ ကိုတော့ အပြစ်မပြောပါဘူး။ မြန်မြန်ဖြတ်လေ ကောင်းလေပါပဲ။ ဒီလိုလူနဲ့ ပြတ်သွားတာ ကိုယ့်အတွက်ပိုကောင်းတယ်လေ။ နောင်ရေးအတွက်လည်း စိတ်ဆင်းမရဲရတော့ဘူးပေါ့။အလိုမလိုက်လို့၊ နားလည်မှုမရှိလို့၊ အချော့မကောင်းလို့၊ သူများလို အပျော်တွေမပေးနိုင်လို့၊ Romanticမရှိလို့၊ ရေခဲတုံးကြီးမလို့ဆိုပြီးတော့ ရည်းစားကိုဖြတ်တာကတော့ မကောင်းပါဘူး။ ချစ်သူတိုင်း နားလည်ထားဖို့က ကိုယ်ကလည်း မဖောက်ပြန်အောင်နေတတ်ကြဖို့ပါ။ အချိန်တိုင်း ကိုယ့်ချစ်သူကို ချစ်နေတတ်ကြဖို့ပါ။ ပေါက်စီ […]


Yin Nyine NwayAugust 6, 20101min1967
Gmail မှာ Exe ဖိုင်ကို attach လုပ်ပြီး ပို့မရတာ အားလုံးသိပြီးကြမှာပါ။ ဗိုင်းရပ်စ်တွေဟာ exe ဖိုင်တွေကနေ အများဆုံးဝင်နိုင်တာမို့ Google က ကန့်သတ်ထားခြင်းဖြစ်ပါတယ်။ ခက်တာကဗျာ..ကျွန်တော်တို့က ဘယ်ဗိုင်းရပ်စ် မှလည်း သူများဆီကို ပို့မှာမဟုတ်ဘူး။ ဟိုဟိုဒီဒီ ကောင်းနိုးကောင်းရာ Program လေးတွေကို သူငယ်ချင်းတွေဆီ attach လုပ်ပို့မယ်ဆိုတော့ ပြဿနာတက်ရော။ အဲဒါနဲ့ ကျွန်တော်လည်း ကလိန်ကကျစ်နည်းလေးတစ်ခုကို စတွေ့ပါတော့တယ်။ ပထမဆုံး ကိုယ်ပို့ချင်တဲ့ Exe ဖိုင်ကို File Extension ပြောင်းပေးရပါမယ်။ File extension ဆိုတာက ဖိုင်တစ်ဖိုင်ရဲ့ နာမည်နောက်မှာရှိတဲ့ letter သုံးလုံးကို ပြောတာပါ။ ဥပမာ File name က ultrasurf.jpg ဆိုရင် အဲဒီဖိုင်ရဲ့ Extension […]


Yin Nyine NwayAugust 4, 20101min1381
လူငယ်တွေ အားကျစေချင်လို့ တင်ပေးလိုက်တာပါ။ ဒါကတော့ Facebook တည်ထောင်သူ Mark Zuckerberg ပါ။ အသက် နှစ်ဆယ့်ခြောက်နှစ်ပဲ ရှိပါသေးတယ်။ အခုဆိုရင် Facebook သုံးစွဲသူက သန်း ငါးရာ ပြည့်သွားပါပြီ။ ကမ္ဘာမှာ ကွန်ပျူတာအလုံးရေ သန်းတစ်ထောင်ကျော် ရှိတာကို Facebook က သန်းငါးရာဆိုတော့ သူ့ရဲ့ အောင်မြင်မှုကို မှန်းဆနိုင်ပါတယ်။ ပြီးတော့ အခု Zuckerberg ရဲ့ ပိုင်ဆိုင်မှုက အမေရိကန်ဒေါ်လာ ၂၅သန်းကျော် ရှိပါပြီတဲ့။ မကြာခင်မှာ Facebook ဖြစ်ပေါ်လာပုံကို ရိုက်ကူးထားတဲ့ The Social Network ဆိုတဲ့ ဇာတ်ကား ထွက်လာပါတော့မယ်။ ကျွန်တော်တို့ စောင့်ကြည့်ကြတာပေါ့ဗျာ။ Zuckerberg အကြောင်း ပြည့်ပြည်စုံစုံ သိလိုရင်တော့ ထုံးစံအတိုင်း Wiki ကြီးမှာ […]


Yin Nyine NwayAugust 4, 20101min1575
တစ်ကမ္ဘာလုံးကစောင့်စားနေကြတဲ့ဩဂုတ်လ၂ရရက်နေ့ ကဲ…သူငယ်ချင်းတို့ရေ. …လက်တို့ပြီးတော့ ပြောရဦးမယ် သတင်းထူးလေးကို ဩဂုတ်လမှ စတင်၍ အင်္ဂါဂြိုလ်ဟာ အထွန်းလင်း အတောက်ပဆုံး ဖြစ်ပါလိမ့်မည်။ ၎င်းဂြိုလ်ဟာ ကြီးမားတောက်ပတဲ့ လတစ်စင်းပမာ အစွမ်းကုန် ထွန်းလင်း တောက်ပမှာပါ။ အဲဒါကတော့ ဩဂုတ်လ 27ရက်နေ့မှာ အင်္ဂါ ဂြိုလ်ဟာကမ္ဘာနဲ့ မိုင်ပေါင်း 34.65 M miles စတင် နီးကပ်လာမှာ ဖြစ်တယ်လို့ သိပ္ပံပညာရှင်တွေက ကြေငြာထား ပါတယ်။ဒါကြောင့်27th ဩဂုတ်လ12:30AMမှာ ကောင်းကင်မှာ လနှစ်စင်း ပမာ ထွန်းလင်းတာကို တွေ့မြင်ကြ ရမှာပါတဲ့။ဒီတစ်ကြိမ်မှာ မကြည့်လိုက် ရရင်တော့ အင်္ဂါဂြိုလ်ဟာ ကမ္ဘာနဲ့ နီးကပ်လာဖို့ကို နောက်နှစ် 2287ခုနှစ်ထိ စောင့်ကြရ မှာတဲ့နော့်။ ကဲသူငယ်ချင်းတို့ရေ… တစ်ယောက်နဲ့ တစ်ယောက် လက်တို့ပြီး သတင်းလေးကိ ုဖြန့်ဝေပေး လိုက်ပါဦး […]