Yin Nyine NwayAugust 2, 20101min1945
နယူးဒေလီ (မဇ္ဈိမ) ။      ။ ကောက်စိုက်နေစဉ် မိုးကြိုးပစ်ခံရသဖြင့် ကလေးမြို့ ချမ်းသာကြီးရွာမှ အသက် ၂ဝ နှစ်အရွယ် ကောက်စိုက်သမဖြစ်သူ မကျိန်ဒိုဇမ် သေဆုံးကာ၊ အခြားတဦးမှာ စိတ်ခြောက်ခြားနေသဖြင့် ဆေးရုံတင် ကုသနေရမှု ဗုဒ္ဓဟူးနေ့က ဖြစ်ပွားခဲ့သည်။ စစ်ကိုင်းတိုင်း ကလေးမြို့အနောက်မြောက် ၁၈ မိုင်ခန့်ရှိ စခန်းကြီးအုပ်စု ချမ်းသာကြီးရွာ၏ အရှေ့ဘက် ၁ မိုင်ခန့်ရှိ ဦးထန်ခန့်ဆွမ် ပိုင်ဆိုင်သော  လယ်မြေတွင် ကောက်စိုက်သမ ၁၅ ဦး ကောက်စိုက်နေစဉ် ဇူလိုင် ၂၈ ရက်နေ့ ညနေ ၅ နာရီခန့်တွင် မိုးကြိုးပစ်သဖြင့် အဖ ဦးပေါင်ခန့်ဆွမ့်နှင့် အမိ ဒေါ်နိမ့်ခန့်ညောင်တို့၏ သမီး မကျိန်ဒိုဇမ်သည် ပွဲချင်းပြီး သေဆုံးကာ၊ ၁၈ နှစ်အရွယ် မကျိန်မော်စီကိုမူ ကလေးမြို့ […]


Yin Nyine NwayAugust 2, 20101min1020
ရန်ကုန်နှင့် မန္တလေး အပါအဝင် မြို့ကြီးများတွင် မိုဘိုင်းဖုန်း အလုံးေ ငါးသိန်းတန် CDMA 800 MHZရ သိန်းနှင့်ချီ၍ ထပ်မံ ချထားပေးမည် ဖြစ်ကြောင်း မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ သတင်းရ ရှိသည်။ (ဓာတ်ပုံ – peacock-landnews.blogspot.com) ငါးသိန်းတန် ဖုန်းများ စတင် ချထားပေးစဉ်က ရန်ကုန်နှင့် မန္တလေး မြို့များတွင်သာ အလုံးရေ တသိန်း ခွဲချထား ပေးရန် စီမံချက်ကို ချမှတ် အကောင် အထည် ဖော်ခဲ့ပြီး ယခု မြို့ကြီး အများစုတွင် ဖုန်းအလုံးရေ သိန်းနှင့်ချီ ဆက်လက် ချထားပေး ထားခြင်း ဖြစ်ကြောင်း မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ သိရှိရသည်။ ၂၀၁ဝ နှစ်ဆန်းပိုင်းမှ စတင်ပြီး ဦးတေဇ […]


Yin Nyine NwayAugust 1, 20101min1471
ကောင်လေးနဲ့ကောင်မလေးက ငယ်ငယ်လေးတည်းက အတူကြီးပြင်းလာကြသူတွေ ဖြစ်တယ်။ ကောင်လေးက ကောင်မလေးကို အမြဲအဖော်ခေါ်ပြီး ရွာပြင်ဖက်က ချောင်းစပ်မှာ ငါးသွားဖမ်းလေ့ရှိတယ်။ ငါးဖမ်းပြန်တိုင်း ကောင်လေးရဲ့ပလိုင်းထဲမှာ ငါးတွေကအပြည့်… ကောင်မလေးမှာတော့ လက်ဗလာနဲ့ ပြန်ခဲ့ရတာချည်းပဲ။ ငါးမရခဲ့တဲ့ ကောင်မလေးက မျက်ရည်အဝဲသားနဲ့ အိမ်ပြန်ရောက်တဲ့အထိ မပျော်ရွှင်ခဲ့ဘူး။ ညစာစားခါနီး အိမ်ရှေ့တံခါးခေါက်သံကြားတော့ ကောင်မလေးက တံခါးဖွင့်ကြည့်တယ်။ တံခါးရှေ့မှာရပ်နေတဲ့ ကောင်လေးကိုတွေ့တော့ နှုတ်ခမ်းစူပြီး လှည့်ထွက်မယ်လုပ်တော့ ကောင်လေးက ကပျာကယာရှေ့တက်ပြီး “နင့်ငါးတွေ ငါဖမ်းပစ်လိုက်တာ ဆောရီးနော်. ရော့ ဒါနင့်အတွက်” လို့ တောင်းပန်ပြီး ငါးတွေထည့်ထားတဲ့ ဖန်ငါးကန်လေးကို လှမ်းပေးတယ်။ စူနေတဲ့ကောင်မလေးရဲ့ နှုတ်ခမ်းလေးပြေလျော့သွားပြီး အပြုံးပန်းတစ်ပွင့် ဖူးပွင့်လာခဲ့တယ်။ ရိုးသားဖြူစင်တဲ့ ကလေးဘဝကို အဲဒီလို အပြစ်ကင်းကင်း သူတို့ဖြတ်သန်းရင်း တဖြေးဖြေး ကြီးပြင်းလာခဲ့ကြတယ်။ အဲဒီ “ဆောရီး” က […]


Yin Nyine NwayAugust 1, 20101min1271
ဇောက်ချလုပ်ကိုင်ပါ လုပ်ငန်းတစ်ခုခုကို ဇောက်ချလုပ်ကိုင်ခြင်းဖြင့် မိမိ ဘဝ၏တိုးတက်လမ်းကို ရှာသင့်သည် ။ မိမိသည် မည်သည့်နေရာတွင့် ကျွမ်းကျင်သည်ဟု ပြောဆိုနိင်သူသည် သူလိုကိုယ်လို သာမာန်လူများထက် အခွင့် အရေးပိုသည်မှာ အထူးပြောရန်မလိုပေ ။ ထို့ကြောင့်  ဘဝ တိုးတက်စေရန် ပထမ အဆင့် တစ်ခုဖြစ်သော skillful person ဖြစ်လာစေရန်  တစ်နေရာတည်းစွဲမြဲစွာလုပ်ကိုင်းရင်း လုပ်ငန်းကျွမ်းကျင်မှုကို တည်ဆောက်ယူကြရန် အကြံပြုလိုက်ပါသည် ။ ကောင်းမွန်သောအလေ့  အကျင့်များကိုမွေးမြူပါ ကောင်းသောအလေ့ အကျင့်များကိုနေ့စဉ်ပြုသောသူသာ ကောင်းမွန်သောအနာဂတ်ဘဝကို ပိုင်ဆိုင်ရမည်မှာ ငြင်းရန်မလိုသောအချက်တစ်ချက်ဖြစ်သည် ။ ထို့ကြောင့်ကောင်းမွန်သောအလေ့  အကျင့်များကို နေ့  စဉ် ပုံမှန်ပြုလုပ်ပါရန်တိုက်တွန်းချင်ပါသည်။ ( အဟိ ) အချိန်၊နေရာနှင့် ခွန်အား အောင်မြင်လိုသူတစ်ယောက်သည်  အချိန် အခါကိုသိရမည် ။ မည်သည့်  အချိန် […]


Yin Nyine NwayAugust 1, 20101min1080
” ရယ်စရာလေးပါ ” (၁) မော်ဒယ်လ်မလေး ဝက်ဝံရွှေရည် ခေတ္တခဏပျောက်ဆုံးသွားမှုနှင့် ပတ်သက်ပြီး ပြန်ကြားရေးဝန်ကြီး ချမ်းရဲက အများထင်သလို သူနှင့်ဟိုဒင်းဟိုဟာမဟုတ်ကြောင် း အတိအလင်းပြောကြားခဲ့သည်။ ဝက်ဝံရွှေရည်သည် လူမမြင်သူမမြင်နေရာတွင် ရူးပေါဂိုဏ်းအတွင်းရေးမှူးတစ်၏ ကုမ္မဏီမှ ထုတ်လုပ်သော ဖိုးလပြည့်ရေခဲချောင်း သွားစားနေခြင်းသာဖြစ်သည်ဟု နီးစပ်ရာ အသိုင်းအဝိုင်းမှ ထွက်ဆိုခဲ့သည်။ (၂) လျှောက်လုပ်ရေးဝန်ကြီး၏ ညွှန်ကြားချက်အရ ရန်ကုန်မြို့ ပလက်ဖောင်းများပေါ်တွင် လူသွားလမ်းများ ဖောက်လုပ်လျှက်ရှိသည်။ (၃) လာမည့်ဖေဖော်ဝါရီလအတွင်း ကျင်းပမည့် အကယ်ဒမီဆုပေးပွဲအခမ်းအနားတွင် “ငါ့ဓါး ငါသွေးပြီး ငါ့ဟာငါဖြတ်မည်” ဟူသောဇာတ်ကားမှ သရုပ်ဆောင်လူမင်း အကယ်ဒမီရရန် ရေပန်းစား (water flower eat)လျှက်ရှိသည်။ ထို့ပြင် “အဖေနှင့် ဇနီးများ” ဇာတ်ကားမှ သရုပ်ဆောင်များလည်း အကယ်ဒမီမျှော်မှန်းထားသည်။ (၄) ဆက်သွယ်ရေးဝန်ကြီးမှ အသစ်ထုတ်ဝေလျှက်ရှိသော မိုဘိုင်းဖုန်းဖြင့်အသုံးပြုသည်ု့ […]


Yin Nyine NwayAugust 1, 20107min1400
တေးဂီတဆိုင်ရာ website များ 1. http://beemp3.com (မြန်မာ mp3 များကို အလွယ်တကူရယူနားဆင်နိုင်သည်) 2. www.bamarlay.com (မြန်မာ mp3 များကို အလွယ်တကူရယူနားဆင်နိုင်သည်) 3. www.irazoo.com (မြန်မာ mp3 များကို အလွယ်တကူရယူနားဆင်နိုင်သည်) 4. www.myanmarmp3.net (မြန်မာ mp3 များကို အလွယ်တကူရယူနားဆင်နိုင်သည်) 5. www.ayinepan.com (မြန်မာ mp3 များကို အလွယ်တကူရယူနားဆင်နိုင်သည်) 6. http://music.all-channel.com ((မြန်မာ mp3 များကို အလွယ်တကူရယူနားဆင်နိုင်သည်။ အခြားတင်ဆက်မှုများလည်းပါသည်) 7. www.alinyaung.com (မြန်မာ mp3 များကို အလွယ်တကူရယူနားဆင်နိုင်သည်) 8. www.flashband.net (မြန်မာ mp3 များကို အလွယ်တကူရယူနားဆင်နိုင်သည်) 9. www.myanmar-music.com (မြန်မာ […]


Yin Nyine NwayJuly 31, 20101min1302
ဓမ္မသည် ရေနှင့်သဘောခြင်း အလွန်နီးစပ်၏။ ရေကို လူတွေအားလုံး နေ့စဉ်သောက်သုံးနေသည်။ရေကို သုံးစွဲသည့်အခါ – (က) Person (ပုဂ္ဂိုလ်မရွေး) လူမျိုးမရွေး၊ ဘာသာမရွေး၊ အသက်အရွယ်မရွေး၊ အချောအလှမရွေး၊ ဆင်းရဲချမ်းသာမရွေး၊ အယုတ် အလတ်အမြတ်မရွေး ပုဂ္ဂိုလ်တိုင်း သုံးစွဲနိုင်သည်။ (ခ) Place – (နေရာမရွေး) နိုင်ငံတွေ၊ မြို့တွေ၊ ရွာတွေ၊ အိမ်တွေ မရွေးဘဲသုံးစွဲနိုင်ကြသည်။ (ဂ) Time- (အချိန်မရွေး) နံနက်၊ နေ့လယ်၊ ည(သို့)နေ့၊ ရက်၊ လ၊ နှစ် အချိန်မရွေးဘဲ သုံးစွဲနိုင်သည်။ သုံးစွဲသူတိုင်းအတွက်လည်း … (၁) ရေငတ်ကို ပြေစေသည်။ (၂) အသက်ကို ဆက်လက်ရှင်သန် ကြီးထွားစေသည်။ (၃) ကိုယ်စိတ်နှစ်ပါးကို သန့်ရှင်းပြီး ကြည်လင်စေသည်။ (၄) ကိုယ်စိတ်နှစ်ပါးကို […]


Yin Nyine NwayJuly 31, 20101min1143
တစ်ခါတုန်းက ဉာဏ်ပညာထက်မြက်ပြီး အတွေ့အကြုံ ကြွယ်ဝတဲ့ ပညာရှိကြီးတစ်ဦး ရှိပါတယ်… သူဟာ တစ်နေ့မှာတော့ အိမ်မီးလောင်ပြီး ပိုင်ဆိုင်သမျှ အရာရာကို ဆုံးရှုံးသွားလို့ စိတ်ပျက်အားလျော့စွာနဲ့ ဝမ်းနည်းပူဆွေးပြီး ငိုကြွေးနေတဲ့ လူငယ်တစ်ယောက်ဆီ ရောက်လာပါတယ်..  ပညာရှိကြီးက ထိုလူငယ်ကို ရေတစ်ဖန်ခွက် သွားယူခိုင်းပြီး ဆားတစ်ဆုပ်ကိုလဲ ယူလာခိုင်းပါတယ်.. ရေဖန်ခွက်ထဲကို ဆားတစ်ဆုပ် ထည့်လိုက်ပြီး ရောမွှေလိုက်ကာ ထိုလူငယ်ကို သောက်စေပါတယ်.. ပြီးတော့ ဘယ်လိုအရသာမျိုး ရှိသလဲလို့ မေးတဲ့အခါ ထိုလူငယ်က  “ခါးတူးနေအောင် ငံပါတယ်”. လို့ ပြန်ဖြေပါတယ်.. ဒီတော့ ပညာရှိကြီးက အသာပြုံးလိုက်ရင်း ထိုသူကို ဆားတစ်ဆုပ်ကို ယူလာခဲ့ပါလို့ ခိုင်းလိုက်ပြီး သူနဲ့အတူ လမ်းလျှောက်ဖို့ မြို့ပြင်ဘက်ကို ခေါ်လာခဲ့ပါတယ်. မြို့အပြင်ဘက်ကို လမ်းလျှောက်လာကြရင်း  အလွန် ကျယ်ပြောပြီး ကြည်လင်လှတဲ့ ရေကန်ကြီးတစ်ကန်နား […]


Yin Nyine NwayJuly 31, 20101min1451
ဘဝနဲ့ အလွဲများ ကြိုးစားခြင်းနဲ့ ရွေးချယ်ခြင်း ဘယ်ဟာက ပိုအရေးကြီးသလဲ။ ကျွန်တော်တို့ ပါတ်ဝန်းကျင်မှာ တလွဲတချော် အောင်မြင်မှုတွေ အများကြီး တွေ့ရတယ်။ ဆရာဝန်ဖြစ်ပြီး ဆေးကုသခြင်းမရှိတဲ့ ဆရာဝန်တွေအများကြီးပါ။ ဆရာဝန် ကျောက်ပွဲစား၊ ဆရာဝန် စက်မှုပညာရှင်၊ ဆရာဝန် စာရေးဆရာ၊ ဆရာဝန် ကုန်သည်၊ ဆရာဝန် သရုပ်ဆောင်၊ ဆရာဝန် အဆိုတော် စသဖြင့် ဒီလိုဘဲ စက်မှုတက္ကသိုလ်ဆင်းပြီး စက်မှုနဲ့ အသက်မမွေးတဲ့သူတွေ တစ်ပြုံကြီးရှိတယ်။ ဥပဒေဘွဲ့ရပြီး ဥပဒေပညာရပ်နဲ့ ရပ်တည်သူ ရှားပါတယ်။ စီးပွားရေး တက္ကသိုလ် ဆင်းပြီး ဘဝကို အဆင်ပြေသလို ဖြတ်သန်းနေရတဲ့သူတွေ အများကြီးပါ။ ရိုးရိုး တက္ကသိုလ် ဆင်းပြီး ဆရာ ၊ ဆရာမ ဖြစ်နေသူတွေအများကြီးပါ။  မိဘတွန်းအားကြောင့် မိဘဖြစ်ချင်တာကို လုပ်ပေးတယ်။ ပြီးတော့မှ […]


Yin Nyine NwayJuly 31, 201038min2367
အင်္ဂလိပ်စာကို listening အခြေခံသင်ယူလိုသူများအတွက် သင့်လျောတဲ့ ဆိုဒ်လေးတစ်ခု မျှဝေပေးလိုက်ပါတယ်။ ကျတော်ကတော့ အင်္ဂလိပ်စာကို ကျောင်းမှာ ဘဲဥ ရလိုက်၊ သုည ရလိုက်၊ ဇီးရီုးရလိုက်နဲ ့ အင်မတန်ထူးချွန်ခဲ့တာ။ ကျတော့်လို မဖြစ်ရအောင်ဝါသနာပါသူတွေ ဝင်လေ့လာကြပါ။ သူ ့လင့်ကတော့..www.eslyes.com . ဒီလို ဒီလို ကဏ္ဍလေးတွေနဲ ့ စိတ်ဝင်စားစရာပါပဲ။ Daily Life 1. I Live in Pasadena 2. I Have a Honda 3. Do You Have a Girlfriend? 4. Walking the Dog 5. Borrowing Money 6. Going to […]


Yin Nyine NwayJuly 31, 20101min2576
သူတော်ကောင်း တစ်ယောက်ဟာ တစ်ရက်တော့ ယမမင်းနဲ့ သွားတွေ့ပါတယ်တဲ့။ ကျွန်တော် မေးစရာ ရှိလို့ပါ။ ငရဲပြည်နဲ့ နတ်ပြည်ဟာ ဘယ်လို ကွာလဲသိချင်ပါတယ် လို့ မေးတော့ ယမမင်းဟာ သူတော်ကောင်းကို တံခါး နှစ်ချပ်ဆီ ခေါ်သွားပါတယ်။ တံခါးတစ်ချပ်ကို ဆွဲဖွင့် ပြလိုက်တဲ့အခါ အထဲကို သူတော်ကောင်းက လှမ်းကြည့်လိုက်တော့ မြင်ကွင်းက ရိုးရိုး ရှင်းရှင်းလေးပါပဲ။ အခန်းရဲ့ အလယ် ခေါင်မှာ စားပွဲဝိုင်းကြီး တစ်လုံး ရှိပြီး စားပွဲဝိုင်းကြီးရဲ့ အလယ်မှာ စားကောင်းသောက်ဖွယ် အိုးကြီးတစ်အိုး အပြည့် ရှိနေပြီး အနံ့တွေက မွှေးကြိုင်လွန်းလို့ အနံ့ရသူတိုင်းကို သွားရည်ယိုစေတာမို့ သူတော်ကောင်း လဲ သွားရည် ယိုမိ ပါတယ်တဲ့။ ဒါပေမယ့် စားပွဲဝိုင်းမှာ မရွေ့တမ်း ဝိုင်းထိုင်နေ ကြရတဲ့ လူတွေဟာ […]