တရုတ်လူမျိုးတို ့၏ ကံကောင်းစေသောအကြံပေးချက်ကို အောက်တွင်ဖော်ပြထားသည်။ သင်ယုံချင်မှ ယုံပါလိမ့်မည်။ သို ့သော် ယင်းတို ့သည် တကယ်ကံကောင်းစေသော အကြံပေးချက်များဖြစ်သည်။ အားလုံးကို ဖတ်ကြည့်သွားပါက မှတ်သားစရာ တစ်စုံတစ်ရာ ရနိုင်ကောင်းပါသည်။ ၁။ လူတွေကို သူတို ့မျှော်လင့်ထားတာထက်ပိုပြီး ရွှင်လန်းတက်ကြွစွာ ပေးကမ်းလိုက်ပါ။ ၂။ သင်နှင့်လေပေးဖြောင့်သူကို လက်ထပ်ပါ။ သင်အိုမင်းလာသောအခါ သူတို ့၏စကားပြောကျွမ်းကျင်မှုသည် တခြားအရာများကဲ့သို ့ပင် အရေးပါလာပါလိမ့်မည်။ ၃။ ကြားသမျှမယုံ၊ ရှိသမျှမသုံး၊ အိပ်ချင်သလောက်မအိပ်ပါနှင့်။ ၄။ “မင်းကိုချစ်တယ် ”ဟု ပြောကြားသည့်အခါ တကယ်အလေးအနက်ပြောပါ။ ၅။ “ကျွန်တော်စိတ်မကောင်းပါဘူး” ဟု ပြောကြားသည့်အခါ ထိုသူ၏မျက်လုံးကို ကြည့်ပြီးမှပြောပါ။ ၆။ အနည်းဆုံးခြောက်လစေ့စပ်ထားပြီး မှ လက်ထပ်ပါ။ ၇။ မြင်မြင်ချင်း ချစ်တတ်တာကို ယုံပါ။ […]