သူငယ်ချင်းတို့ရေ.. ဗေဒင်ကိုယုံလား? ယုံတဲ့သူငယ်ချင်းတွေရော.. မယုံတဲ့သူငယ်ချင်းတွေရော…ဖတ် ကြည့်ကြပါနော်..ဟဲဟဲ သူငယ်ချင်းတို့ရေ… ကိုယ့်ရဲ့ကံတရားကို သိချင်တယ်ဆိုရင်တော့… ဆေးတက္ကသိုလ်(မကွေး)က သူတွေရေးထားတာ… ဘယ်လိုကြည့်ရမလဲဆိုတာ ပြောပြမယ်… ကိုယ့်ရဲ့ မွေးရက်ကို ဂဏန်းတစ်လုံးတည်းဖြစ်အောင်ပေါင် းပါ….. ဥမပါ… (အဲလေ..မှားလို့).. ဥပမာ.. သင်သည် ၁၂ ရက်နေ့တွင်မွေးပါက ၃ ဂဏန်းဇာတာရှင်ဖြစ်သည်။ (ဟဲဟဲ.. ဗေဒင်ဆရာလေသံနဲ့ပြောကြည့်တာ…) ကဲ.. ကိုယ့်ရဲ့ ကံကြမ္မာဘယ်လိုလာမလဲဆိုတာ ကြည့်ကြရအောင်နော် .. ငယ်ချင်းတို့… ဟဲဟဲ 1. ဂဏန်းသမားများ သင်သည် ဤနှစ်ဝယ် နှစ်နှစ်ခြိုက်ခြိုက် အိပ်မပျော်ခြင်း၊ နှာပွခြင်းတို့ကို နှစ်ရှည်လများ ခံစားရပေအံ့။ ပညာရေး – နှစ်နှစ်ခြိုက်ခြိုက် အိပ်ခြင်းပညာကို လေ့လာရတတ်သည်။ စီးပွားရေး – နှစ်ရှည်လများက အကြွေးများကိုပြန်ရကိန်းရှိသည်။ အချစ်ရေး – နှမချင်းမစာနာတတ်သူ၏ ဆွဲလားရမ်းလားလုပ်ခံရတတ်သည်။ […]