တစ်ခါက လူသူတွေနဲ့ ကင်းဝေးတဲ့ တောကြီး နက်မည်း တောင်တွေကြားထဲမှာ မြို့ဟောင်းကြီးတစ်ခု ရှိခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် အဲဒီ မြို့ဟောင်းကြီးနဲ့ ပက်သတ်တဲ့ ကြောက်စရာကောင်းခဲ့တဲ့ အတိတ်တွေကိုတော့ လူတိုင်းသေချာ မသိခဲ့ကြဘူး။ ကြိမ်စာမိထားတဲ့မြို့လို့ လူတွေ သိခဲ့ကြပါတယ်။ အဲဒီမြို့ဟောင်းကြီးမှာ ယောက်ျားတစ်ယောက်မှ မရှိပါဘူး။ နှစ်ပေါင်း များစွာကတည်းက ယောက်ျားတစ်ယောက်မှ မရှိခဲ့ဘူး။ ယောက်ျားတွေကို ကိုယ်စားပြုခဲ့တဲ့ နတ်ဘုရားကို သူတို့တစ်မြို့လုံးက ဝိုင်းဝန်းစော်ကားခဲ့တဲ့ ကြိမ်စာကြောင့် သူတို့မြို့မှာ ရှိတဲ့ ယောက်ျားတိုင်း အသေဆိုးနဲ့ သေခဲ့ကြတယ်။ သူတို့မြို့ကို တခြားမြို့က ယောက်ျားတွေလည်း သွားမယ်ဆိုရင် ၁ ရက်နဲ့ ၁ နာရီပဲ နေလို့ရတယ်လို့ ဆိုပါတယ်။ အဲဒီထက်ပိုနေမိတဲ့ ယောက်ျားတွေဟာ ကြိမ်စာသင့်ပြီး အသေဆိုးနဲ့ သေကြရပါတယ်။ သေခဲ့တဲ့ယောက်ျားတွေလည်း […]


  (၁) ကြယ်တွေစုံပြီလား။ ရယ်ပွဲဖွဲ့ လောကတီးဝိုင်းကြီးဆုံးသွားတော့ အိပ်မက်ကနိုးလာတယ်။ ခွေးတွေ ဟောင်လိုက်တာကိုပဲ ရင်ခုန်မိတဲ့ လူတစ်ယောက်က ညနေခင်းပန်းချီကားတစ်ခုမှာ ခွေခွေလေးအိပ်မယ်ဆိုပဲ။ လက်ဆွဲ နှုတ်ဆက်လိုက်၊ လက်ပြ နှုတ်ဆက်လိုက်နဲ့ နောက်ဆုံးလက်မြောက်အရှုံးပေးခဲ့ရ။ `ကဲပါ၊ မီးခြစ်ခြစ်၊ ငါဆေးလိပ်သောက်မယ် မိန်းကလေး´ မအိပ်ပဲမက်တဲ့ အိပ်မက်မို့ ခင်ဗျားတို့ အလေးမထားကြဘူးမလား။ တဆိတ်လောက် မေးဦးမယ်။ ကြယ်တွေ စုံပြီလား။   လေးထောင့်ဆန်တဲ့ လူတစ်ယောက်ရောက်လာတယ်။ အဝိုင်းဆန်တဲ့ စကားတွေကိုတော့ ခင်ဗျားမပြောသင့်ဘူး။ ညနဲ့မတူတဲ့ ညမို့ မအိပ်မိတာ ကျွန်တော့်အပြစ်လားဗျာ။ ပြောကြစမ်းပါဦး။ အရက်တစ်ခွက်ထဲကို ဒိုက်ပစ်ရေးကူးလိုက်တော့ ခြောက်ကြိုးလုံးပြတ်သွားတယ်။ လေကိုအလေးမထားပဲ ပျံသန်းနေတဲ့ ငှက်လားခင်ဗျားက။ ရေကိုမသောက်တတ်ဘဲ ကူးနေတဲ့ ငါးလားခင်ဗျားက။ ခုနေများ ကြယ်တွေကြွေသွားရင် ဘာကိုမှ မပြောတော့ဘူး။ စုံသွားပြီ။ အားလုံးပေါင်းလိုက်တော့ […]


တကယ်ဆို မလာတော့ဘူး လုပ်ထားတာ (ကျွန်တော် လှိုင်သာယာ သွားတော့မလို့ အလုပ်ရှိလို့) အောင်မိုးသူက လှမ်းခေါ်လို့ .. ဝါဝါလည်း ရှိနေတယ် ဆိုတော့ .. သူနဲ့ လည်း ပြောစရာလေး ရှိတာရောပေါ့ … ရွာမှာ စာသာ ရေးတယ် .. အဖတ်နည်း အပြောကျဲလို့ နည်းနည်း စိမ်းနေတယ်။ ရွာသားတွေရဲ့ ပွဲမှာ ကျွန်တော်နဲ့အဆင်မှ ပြေပါ့မလားလို့ တွေးမိသေးတယ်။ မထင်မှတ်ဘဲ ရောက်လာပြီး .. အေးအေးဆေးဆေးလေးနဲ့ နွေးထွေးစရာ ကောင်းတဲ့ ပွဲ တစ်ပွဲ ဖြစ်ခဲ့တာရယ် တစ်ချို့ များများက လူကြီးပိုင်း ရောက်နေလို့ ကျွန်တော့်လို လူငယ်တစ်ချို့ရဲ့ ခေတ်ပြိုင် ခေတ်လွန် (ဘာမှန်းမသိ) စာတွေကို ဖတ်ပေးခဲ့ကြလို့လည်း ကျေးဇူးတင်ရပါတယ်။ ဆုရဖို့ တော်တော်နီးစပ်နေတယ်လို့ အားပေးတဲ့ […]


    ပြီးခဲ့သော တနင်္ဂနွေကတည်းက ကျွန်တော့် စာအုပ် အဟောင်းများကို ရှင်းရန် ကြိုးစားခဲ့သော်လည်း မရခဲ့။ အမှန်တော့ ယခုတစ်လလုံးသည် ကျွန်တော့်အတွက် မအားခဲ့ပါ။ တနင်္ဂနွေတစ်ရက်သာ ပိတ်သော ကျွန်တော့်အတွက် လုပ်စရာတွေကို ထိုရက်တွေမှ လုပ်ဖြစ်နိုင်သည်။ သို့သော်ကား တနင်္ဂနွေတိုင်းလိုလို ယခုလတွင် အပိုချိန်ဆင်းနေရသောကြောင့် ပြီးခဲ့သော တနင်္ဂနွေတွင် အားပြီဖြစ်၍ စာအုပ်များရှင်းရန် စိတ်ထဲ သတ်မှတ်ထားခြင်း ဖြစ်လေသည်။ ဖြစ်ချင်တော့ ထိုတနင်္ဂနွေတွင်လည်း သူငယ်ချင်းတစ်ဦး၏ ဆိုင်ဖွင့်ပွဲ ဖိတ်စာ ဒီဇိုင်းဆွဲရန် ကူညီနေရသဖြင့် ဒီတစ်ပတ်မှ ကျွန်တော့် စာအုပ်ဟောင်းများကို ရှင်းလင်းရေး လုပ်နိုင်တော့သည်။ ရှင်းမယ်ဆိုတော့လည်း စာအုပ်ဟောင်းများက ဖုံတစ်လုံးလုံးဖြင့် ခပ်နွမ်းနွမ်း ကျွန်တော့်ကို ကြိုဆိုနေကြပါသည်။ အချို့စာအုပ်များသည် ဝတ္ထုစာအုပ်ဟောင်းများဖြစ်၍ အချို့မှာ သိပ္ပံဆိုင်ရာ စာအုပ်များနှင့် ကွန်ပျူတာ […]


  ၁။   ကျွန်တော် သွားခဲ့သည်။ ကျွန်တော် သွားနေသည်။ ကျွန်တော် သွားလိမ့်ဦးမည်။ သွားနေသော ကျွန်တော်သည် သွားနေကြောင်း သေချာစေရန် စမ်းစစ်ကြည့်ရန် လိုအပ်ပါသလား။ သို့မဟုတ် အဘယ့်ကြောင့် သွားရန် လိုအပ်ပါနည်း။ “ဟေ့ … ဘယ်သွားမလို့လဲ” “ဟေ့ … ဘယ်က ပြန်လာတာလဲ” မေးခွန်းတစ်ချို့က ကျွန်တော့်ထံ ခန့်ခန့်ညားညား ဝင်ရောက်လာကြပါသည်။ ကျွန်တော် ဖြေရန်လိုအပ်ပါသည်။ သို့သော် ထိုမေးခွန်းများထက် ပိုခက်သော မေးခွန်းက နောက်ဆုံးမှ တိတ်တိတ်လေး ဝင်ရောက်လာခဲ့ဖူးသည်။ “ဟေ့ … ဘာကြောင့် သွားနေတာလဲ” ကျွန်တော် တိတ်ဆိတ်သွားမိသည်။ ဟုတ်ပါသည်။ ကျွန်တော် ဘာကြောင့် သွားနေပါသနည်း။ ထိုမေးခွန်းသည် သွားရန်မလိုအပ်သဖြင့် မေးသော မေးခွန်းပေလော။ သို့တည်းမဟုတ်ပါက သွားနေခြင်းကို […]


  မနေ့ညက ကျွန်တော် သေခဲ့တယ်။ ကျောက်တောင်ကို လှိုင်းပုတ်သလိုပါပဲ။ လူဆိုတာ ရှင်သန်ခြင်းမှာ ခဏတိုင်း သေခဲ့ရ။ အတိတ်တွေက ဝိုးခနဲ ဝါးခဏနဲ့ အိပ်မက်တွေက အပိုင်းပိုင်းပြတ်ကာ ကျွန်တော် လန့်နိုးလာတယ်။ အိတ်ကပ်ထဲက ငွေစတစ်ချို့ကို ရေတွက်ကြည့်တော့ ရန်ကုန်မြို့နယ် တစ်ခုက တစ်ခု သွားစာ ဘက်စ်ကားခထက်မပိုတော့။ ခုနှစ် သက္ကရာဇ်များကို ဖြိုခွင်းရင်း ပြက္ခဒိန်များက သံချေးတက် မျှော်လင့်ချက်များကို တိုက်စားလို့။ သွားလက်စ ခရီးတွေ ခဏရပ်၊ စားလက်စ မနက်စာတွေ ခဏရပ်၊ တွေးလက်စ အတွေးတွေ ခဏရပ်လို့ ကျွန်တော် မနေ့ညက သေခဲ့တယ်။   မနေ့ညက ကျွန်တော် သေခဲ့တယ်။ ကိုယ့်ကိုယ်ကို ကွေးလိမ်ထားရတဲ့ နေ့စွဲများကို ကျွန်တော် အမှတ်ရကြည့်တယ်။ ဒိုင်ယာရီစာအုပ်ထဲက မိန်းမလှတစ်ယောက်ရဲ့ […]


(၁) “မင်းတကယ် သိတာပြောစမ်းကွာ” “ဗျာ” “အေး .. မင်းတကယ်သိတာ အရင်ပြောကြည့်စမ်း” “ဒါဆို ကျွန်တော်ပြောပြီးရင် ခင်ဗျား ပြောမှာလား” “အေး .. ပြောမယ်” ထိုသို့ဖြင့် ကျွန်တော်တို့ ဘာစကားမျှ မပြောဖြစ်ခဲ့။ တစ်သက်လုံး။   (၂) သူတို့အားလုံး ဝိုင်းဝန်းစဉ်းစားနေကြတဲ့ ပုစာ္ဆတစ်ပုဒ်ပါ။ ကျွန်တော်လည်း ပါဝင် စဉ်းစားကြည့်တယ်။ “ငှက်တွေက အတောင်နှစ်ဘက်ထက်ပိုရင် ဒီထက်ပို ပျံသန်းနိုင်ကြမလား” တစ်ချို့က ဆိုတယ်။ “ပျံသန်းနိုင်မှာပေါ့ကွ” တစ်ချို့က တွေးတယ်။ “ဟာ .. အတောင်တွေများတော့ အဲဒီ အလေးချိန်ကြောင့်ပဲ ပျံသန်းနိုင်မှာ မဟုတ်တော့ဘူး” တစ်ချို့ကလည်း ဒီလိုပါ။ “ဘယ်ကသာ .. သဘာဝတရားနဲ့ သွေဖီနေရင်တော့ .. အားလုံး ကျရှုံးရမှာပဲ” ကျွန်တော့် စကားကြားတော့ […]


  (က) ကျွန်တော် ရေဆာနေပြီ။ ရေမသောက်ရသေးလို့တော့ မဟုတ်။ ရေသောက်ပြီးသား ထပ်ဆာနေတာမျိုးလည်း မဟုတ်ပြန်။ ကျွန်တော်ကတော့ တကယ့်အစစ်အမှန်ပုံစံမျိုးနဲ့ ရေဆာလို့ နေခဲ့ပြီ။ အဲဒီအချိန်မှာ ကျွန်တော့်ကို ရေတိုက်မယ့် လူတစ်ဦးရောက်လာတယ်။ “မင်းရေဆာနေတယ်ဆို” “ဟုတ်ပါ့ .. အစစ်ပဲ” “ရေဆာမှာပေါ့ .. မင်းရေမသောက်တာ နှစ်ပေါင်းများစွာ ကြာပြီ” “ဟုတ်ပါဘူး.. ကျွန်တော် ခုနလေးကမှ သောက်ထားတယ်” ထိုလူ တွေဝေသွားတယ်။ “မဖြစ်နိုင်ဘူး .. မင်းပုံစံက နှစ်ပေါင်းများစွာ ရေမသောက်လာတဲ့ လူနဲ့ တူနေတယ်” နောက်တော့လည်း ဘာဆက်ဖြစ်တယ် မသိဘူး။ တောင်တန်းတွေဘက်ကို သူထွက်သွားလိုက်တာ ပြန်မပေါ်လာတော့ဘူး။ အဲဒီတောင်တန်းတွေဘက်က တောင်ကျချောင်းရေများ ခပ်လာမလားလို့ သူ့ကို မျှော်ကြည့်ဖြစ်သေးတယ်။ မဖြစ်နိုင်ဘူး။ တကယ်က သူရောက်လာကတည်းက ကျွန်တော့်ကို တကယ် […]


  ၁။   “ရှင့်ခြေဖဝါးအောက်မှာ ဘာရှိလဲ” “ဗျာ .. ” “မဗျာနဲ့ .. ရှင့် ခြေဖဝါးအောက်မှာ ဘာရှိလဲ မေးနေတာ” “ဟင် …. မြေကြီး .. မြေကြီးရှိတာပေါ့” “မှားတယ် .. ရှင့်ခြေဖဝါးအောက်မှာ ဖိနပ်ရှိတယ် … ရှင်တို့ ယောက်ျားတွေက အဲလိုပဲ .. ကိုယ်နဲ့ အနီးဆုံးတွေကို ဘယ်တော့မဆို ဂရုမစိုက်တတ်ကြဘူး ..” “ဟင် .. ဘာဆိုင်လို့လဲ” “ဆိုင်တာပေါ့ .. ခုပဲ ကြည့်လေ .. ခြေဖဝါးအောက်က ဖိနပ်ကို ကျော်ပြီး ရှင်ကိုယ်တိုင် မြေကြီးလို့ ဖြေခဲ့တယ်မဟုတ်လား ..” ကျွန်တော်ဖိနပ်ချွတ်၍ ပြန်လာဖြစ်ခဲ့သည်။ ပြန်လာခဲ့ခြင်းမှာ သူမကို နိုင်အောင် မပြောနိုင်၍ ဖြစ်ကာ […]


  “သခင်နှုတ်ဆက်သော နမ်းခြင်းဖြင့် ကျွန်မကို နမ်းပါလေ……..”   ——————————————————————————   ရင်ဘတ်မှာ တစ်ဆစ်ဆစ်နဲ့ ကျွန်မကို နာကျဉ်စေခဲ့တာက ဟောဒီလမ်းထဲကို တစ်လှမ်းချင်းလျှောက်လာတဲ့ အမျိုးသား တစ်ယောက်ကြောင့်လို့ ကျွန်မ ဘယ်တုန်းကမှ မတွေးဖြစ်ခဲ့ဘူး။ အိပ်မက်အစဉ်ဟာ မဆုံးသော မက်ခြင်းနဲ့ တစ်ရေးနိုးတိုင်း ကျွန်မ သူ့ကို “မောင်” လို့ ခေါ်မိနေတုန်းပါ။   မောင်ရယ် …. အလွမ်းဆိုတာ တကယ်တော့ …. မလိုအပ်တဲ့ နာရီလက်တံက တစ်ချက်ချက် အသံလိုပါပဲ စက္ကန့်တိုင်းမှာ ဘာကို ကျွန်မသတိပေးနေရဦးမလဲ … ဒါမဖြစ်သင့်ပါဘူး….။   ——————————————————————————   “ဟင့်အင်း … ဟင့်အင်း … ကျွန်မ ကျွန်မ စိတ်ညစ်တာပဲ သိတယ် မောင်ရယ် […]


  (၁) အဲဒီနေ့က စွန်လေး ကျွန်တော်ဆီ ရောက်လာခဲ့သည်။ အဲဒီနေ့က ကောင်းကင်မှာ တိမ်တွေ မရှိခဲ့ဘူး။ နွေဦးရဲ့ ခပ်ပြင်းပြင်းလေတစ်ချို့ကို ခံစားနေချိန်မှာပဲ စွန်လေးက ကျွန်တော့်ဆီရောက်လာခဲ့တာပါ။ “မင်းက ဘယ်သူလဲ၊ ဘယ်ကလဲ” “ကျွန်တော်က စွန်လေးလေ၊ လေတံခွန်လေးဆိုလည်းဟုတ်တယ်၊  ဟိုး … မိုးပေါ်က လာတာပေါ့” စွန်လေးက ကောင်းကင်ရဲ့ တစ်နေရာကို လက်ညိုးထိုးပြပြီး ကျွန်တော့်မေးခွန်းကို ဖြေပါသည်။ “မိုးပေါ်က      ဟုတ်လား” စွန်လေးက ခေါင်းညိမ့်ပြတော့ ကျွန်တော်က မေးခွန်းထုတ်ပါသည်။ “နေပါဦး၊ မင်းက မိုးပေါ်ကလာတာဆိုတော့ ပျံတတ်လို့လား မင်းမှာ အတောင်ပံမှ မပါဘဲ” စွန်လေးက ဘာမှပြန်မပြောဘဲ ပြုံးတုံးတုံးလုပ်နေပါသည်။ သို့သော် သူ့အပြုံးက အပြစ်ကင်းစင်သော ကလေးငယ်တစ်ယောက်၏ အပြုံးမျိုး။ “အစ်ကိုကကော ပျံတတ်လား” “ဟင်အင်း” […]


၁။ တစ်နေ့ကပဲ လက်ဖက်ရည်ဆိုင်တစ်ဆိုင်မှာ ကျုပ်တို့အဖွဲ့ ဆုံဖြစ်ကြတယ်ဗျ။ ပန်းချီဆရာ ကိုဘသက်။ တေးရေးဆရာ အေတီမိုး။ ဗိသုကာဆရာ ကျော်ထွန်း။ တည်းဖြတ်ဆရာ ကိုကိုငြိမ်း ရော။ နောက် စာရေးဆရာလူငယ်အချို့နဲ့။ မိုဘာက အဖြူလေးတောင်ပါသပေါ့။ အဲဒီမှာ ကိုဘသက်က စလိုက်တဲ့ စကားပေါ့။   “ကိုရင်နင့်အောင် …. ခင်ဗျား မှန်ကော ကြည့်ဖြစ်ရဲ့လား” “ဘာလို့လဲဗျ… အစမရှိ အဆုံးမရှိနဲ့ ခင်ဗျားစကားက” “ဘာဖြစ်ရမလဲဗျ … ခင်ဗျားကိုယ် ခင်ဗျားလည်း ပြန်ကြည့်ဦး .. ဆံပင်က ဗုတ်သိုက် … နှုတ်ခမ်းမွှေး.. မုတ်ဆိတ်မွှေးတွေက ကြည့်လို့ကို မဟန်တော့ဘူးဗျ….” “အော် .. အဲဒါလား …. မအားဘူးဗျာ… မုတ်ဆိတ်ရိ်တ်ဖို့ကို မအားဘူး …..” “အန် … […]


  ဒီနှစ်အတွက် ရန်ကုန်မိုးရာသီသည် ထုံးစံအတိုင်း နေ့တိုင်းလိုလို မိုးရွာသွန်းနေပါသည်။ တစ်ရက်မှ မပျက်ဘဲ နှစ်ပတ်တိတိ ရွာသောအခါ လမ်းပေါ်တွင် မိုးရေများနှင့် ရေမြောင်းများမှ လျှံတက်လာသော ရေဆိုးများ ရောက်လို့လာတော့သည်။ ၎င်းရေထဲတွင် လူများ လမ်းလျှောက်ကြရသည်။ ကားများ မောင်းနှင်ကြရသည်။ ရန်ကုန်သည် မိုးရာသီ၏ ညစ်ညမ်းမှုကို အစဉ်အလာမပြတ် ထိန်းသိမ်းနေသလားဟု တွေးဖြစ်လိုက်သေးသည်။ ခုတော့ ဘားလမ်းတစ်နေရာတွင် အရောက် ကျွန်တော့် ဖိနပ်သည် မိုးရေစိုပါများ၍ ထင်သည်။ ပြတ်သွားလေပြီ။ ဖိနပ်ပြတ်သောအခါ ထုံးစံအတိုင်း စီးလို့ ရမရ၊ ပြန်လည်၍ ကော်ကပ်ရမရ ကြည့်ဖြစ်သည်။ မဖြစ်နိုင်တော့ပါ။ ထိုအခါ ဖိနပ်နှစ်ဖက်လုံးကို လမ်းဘေး တစ်နေရာတွင် ထား၍ ခြေဗလာလျှောက်ရမည်သာ ဖြစ်သည်။ သို့သော် ကျွန်တော့်မှာ ဖိနပ်ကို သေချာကြည့်ဖြစ်နေသည်။ ပြန်လည် […]