Yoe ShinAugust 17, 20101min664
နေ့စဉ်မြင်တွေ့နေရတဲ့ဲ့ကိုယ့်ပတ်ဝန်းကျင်မှာ စိတ်ဘဝင်မကျစရာတွေစိတ်ပျက်စရာတွေ စိတ်မချမ်းသာစရာတွေ အနည်းနဲ့အများရှိနေပါတယ်၊ ဒီအထဲကနေ့တိုင်းတွေ့မြင်နေရလွန်းလို့ မြင်ရတာအကျည်းတန်လွန်းလို့မပြောဘဲမနေနှိုင်၊သိပ်ပြောချင်နေတဲ့အကြောင်းအရာတစ်ခုရှိနေပါတယ်၊ အကြောင်းအရာအသစ်အဆန်းတော့လည်းမဟုတ်ပါဘူး၊ရန်ကုန်မှာနေ၊နေ့စဉ်လုပ်ငန်းခွင်အသွားအပြန်ဘတ်(စ်)လိုင်းတွေဘဲ အားကိုးနေရတဲ့ ဝန်ထမ်း၊အလုပ်သမားတွေတိုင်းတွေ့ကြုံမြင်တွေ့နေမှာပါ၊အလှူခံဖလားလို့လူရွှင်တော်တွေပြောလေ့ရှိတဲ့မော်တော်ယာဉ်တွေကိုစည်းကမ်းတကျဖြစ်အောင် ထိန်းသိမ်းဖို့တာဝန်ယူထားတဲ့ဝန်ထမ်းများပါဘဲ၊အလှူခံဖလားအဆင့်လောက်ဆိုကြားလို့ကောင်းပါသေးတယ်၊ ခုမြင်နေရတာကဒီထက်ပိုနိမ့်လွန်းနေလို့ပြောချင်လာမိတာပါ၊အလှူခံဖလားဆိုရင် လေးလေးစားစားအပြုအမူနဲ့လက်ထိလက်ရောက်ထည့်ဝင်လှူဒါန်းကျရတာ ထုံးစံပါ၊ခုမြင်နေရတာက မီးပွိုင့်အချက်ပြရုံးလေးနားရောက်ရင် ၁၀၀/-တန်၊၅၀/-လေးတွေကျစ်ကျစ်ပါအောင်၊သေးသေးလေးဖြစ်အောင်ခေါက်၊ အချက်ပြရုံနားအဖြတ်မှာ လက်ခလယ်လေးနဲ့တောက်၊ရုံထဲအရောက်ပို့နေကြတာတွေ့နေရပါတယ်၊   တစ်ခါတစ်လေလည်း ကိုယ်ကမီးပွိုင့်နားကို လမ်းလျှောက်ရင်း အဖြတ်၊သူတို့တောက်ထည့်လိုက်တဲ့ငွေစလေးကချိန်သားမကိုက်ဘဲကိုယ့်ခြေထောက်ကြားထဲကျလာ၊သူတို့လည်းကောက်ရအခက်၊ကိုယ်ကလည်းကောက်ပေးရအခက်၊ ဘယ်လောက်ခက်လိုက်သလဲ၊မျက်နှာပူစရာကောင်းလိုက်တာ၊        ဂုဏ်သိက်ခါတွေကိုမဖြစ်စလောက်ငွေတွေနဲ့လဲနေကြတာလေ၊       နေ့စဉ်လစဉ်ဖြတ်သန်းသမျှကားစီးရေနဲ့ဆိုရင်တော့ဖြစ်လောက်သလောက်ဖြစ်လို့နေမှာပေါ့။ တစ်ချို့ကျတော့ ဒီနည်းမသုံးပြန်ဘူး၊ဒီထက်နည်းနည်းသာတယ်ဒါကတော့နေ့စားအလှူခံစေလွှတ်ကောက်ခံတဲ့နည်းဘဲ၊မီးပွိုင့်မှာမီးနီပြလို့ရပ်တန့်နေပြီဆိုရင်တော့ အလှူခံပုတ်ဂိုရောက်ရှိလာပါတယ်၊ဒီအခါသူ့လက်ထဲကို ငွေတစ်ရာတန်တစ်ရွက်သာထည့်ပေးလိုက်ပါ၊သင်တာဝန်ကျေပါပြီ၊သူကတော့ယူနီဖောင်းဝတ်မဟုတ်ပါဘူး၊  နေ့စားအကောက်သမားပါ၊ဒီတာဝန်ကိုတစ်ခါတစ်ရံ မီးပွိုင့်ကြားမှာအသက်မွေးဝမ်းကြောင်းပြုနေတဲ့ပန်းရောင်းတဲ့လူ၊ကွမ်းယာ၊စီးကရက်ရောင်းသူတွေကပူးတွဲ           တာဝန်ထမ်းဆောင်ပါတယ်၊ဥမမယ်စာမမြောက်ကလေးအကောက်ကတော့ခပ်များများပါ၊ တစ်ချို့နေရာကျပြန်တော့လည်း၊ လက်ဝါးချင်းရိုက်တဲ့နည်းကိုသုံးပြန်ရော၊ပတ်ဝန်းကျင်အခြေအနေအရပေါ့၊သူကတော့ ကျောထောက်နောက်ခံမရှိ ဟိုနားမိုးတိုးမတ်  တတ်၊ဒီနားမိုးတိုးမတ်တတ်တာဝန်ထမ်းဆောင်နေရတဲ့ပုတ်ဂိုမျိုးပေါ့၊သူ့ကိုတွေ့ပြီဆိုရင်တော့၊ကိုယ့်ကားကိုအရှိန်သတ်၊အနားရောက်ရင်စိတ်ပါပါ၊မပါပါပြုံးပြ  ယာဉ်နောက်လိုက်ကလက်ထဲမှာအသင့်ဆုပ်ကိုင်ထားတဲ့ ၁၀ဝတန်၊၅ဝတန်ငွေစလေးတွေနဲ့ လက်ဝါးချင်းရိုက်လိုက်ရုံပါဘဲ၊ဒါဆိုရင်ပတ်(စ်)ပေါ့၊        သင်မောင်းလာတဲ့ကားကလုံးဝအပြစ်ရှာလို့မရအောင်ကင်းစင်နေတယ်ဆိုပါစို့၊သင့် ကိုယ်သင်ယုံကြည်မှုအပြည့်နဲ့ ဒီတာဝန်တွေကိုမကျေပွန်ဘဲ ကျော်ဖြတ်သွားဖိုု့့ိ တော့စိတ်မကူး ပါနဲ့၊သင် နားဆူသွားပါလိမ့်မည်။ […]