Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.


Zaw WonnaDecember 27, 20101min48915
အလုပ်အကိုင်အခွင့်အလမ်း နှင့် စီးပွားရေး ။ ။ သိသာထင်ရှားစွာပင် တိုးတက်နေပြီဖြစ်သည်။ ဘွဲ့ရလူငယ်များအနေဖြင့် ဆိုက်ကားသမား၊ ကွမ်းယာသည်၊ ဂျာနယ်လက်ပွေ့ရောင်းသူ အစရှိသဖြင့် တပိုင်တနိင် ကိုယ်ပိုင်လုပ်ငန်းကို လွတ်လွတ်လပ်လပ် ထူထောင်နိုင်သကဲ့သို့ အရောင်းစာရေး၊ စားပွဲထိုး၊ စပယ်ရာ စသည့် လခစားအလုပ်များတွင်လည်း ထိုက်ထိုက်တန်တန် လစာများဖြင့် ဝင်ရောက်လုပ်ကိုင်နိုင်ကြပြီဖြစ်သည်။ အစိုးရဝန်ထမ်း အပိုင်းတွင်လည်း အသိပညာ အတတ်ပညာများ လွန်စွာပြည့်စုံသည်ဟု ထင်ရသော အရပ်ဝတ်လဲ ပုဂ္ဂိုလ်များကို ထိပ်ပိုင်းရာထူးများတွင် တာဝန်ယူစေပြီးဖြစ်သည်။ ပညာမတတ်သူများပင်လျှင် အနှိပ်ခန်း။ ကာရာအိုကေ။ အလှပြင်ဆိုင်။ နို်က်ကလပ်များတွင် လွယ်လင့်တကူ လုပ်ကိုင်နိုင်ရန် လမ်းဖွင့်ပေးထားလျက်ရှိသည်။ ကလေးသူငယ်များမှအစ လ္ဘက်ရည်ဆိုင်တွင် စားပွဲထိုးနေပြီဖြစ်သဖြင့် မကြာမတင်ကာလတွင် ကမ္ဘာ့အလယ် အလုပ်လက်မဲ့အနည်းဆုံးနိုင်ငံအဖြစ် ဝင့်ထည်နိုင်တော့ မည်ဖြစ်သည်။ စွမ်းအင် ။ ။ နောက်ချေး မှ […]


Zaw WonnaDecember 20, 20101min3709
သူငယ်ချင်းတစ်ယောက် ရှိခဲ့တယ်။ BE ဘွဲ့ရထားသူပါ။ တစ်နေ့တော့ သူနဲ့ကျနော် နိုင်ငံခြားထွက်ဖို့ အတူစီစဉ်ကြပြီး ဆေးသွားစစ်ဖြစ်ခဲ့ပါတယ်။ သူငယ်ချင်းက ဆေးစစ်ပြီး တစ်လကျော်လောက် ကြာတဲ့အထိ ပေါ်မလာတာနဲ့ နယ်က သူ့မိဘအိမ်ကို စုံစမ်းကြည့်တော့ အိမ်ကထွက်သွားပြီ ဖြစ်ကြောင်း၊ နိုင်ငံခြားထွက်ဖို့ လိုအပ်တဲ့ ငွေတွေကိုလည်း ယူသွားတယ်လို့ သိရပါတယ်။ ဒါပေမဲ့ ကျနော့်ဆီကိုလည်း ရောက်မလာ၊ ဘယ်မှာမှလည်း ရှာလို့မရတာကြောင့် အတူဆေးစစ်ခဲ့ကြတဲ့ ဆေးခန်းကို သွားစုံစမ်းကြည့်တော့ သူ့မှာ HIV ဖြစ်နေတာ သိရပါတယ်။ ဒါနဲ့ စိတ်ပူပြီး သူနဲ့ ပတ်သက်သမျှ လူတွေကို စုံစမ်းရင်းနဲ့ နောက်ဆုံး သူ့ကောင်မလေးအိမ် ရောက်တော့မှ အထက်မြန်မာပြည်ဘက်ကို ခိုးပြေးသွားကြောင်း သိရပါတယ်။ ဒီလိုနဲ့ နောက်ခြောက်လလောက်ကြာတော့ အဲဒီမှာပဲ နမိုးနီးယားရောဂါနဲ့ ဆုံးသွားတယ်လို့ သတင်းကြားရပါတယ်။ အဲဒါနဲ့ […]


Zaw WonnaDecember 14, 20101min2813
The Da Vinci Code  ဆိုတဲ့ ရုပ်ရှင်ကားကို ကြည့်ဖူးကြပါလိမ့်မယ်။ ၂၀၀၃ ခုနှစ်အတွက် ရောင်းအားအကောင်းဆုံး စာအုပ်ဖြစ်တဲ့ အမေရိကန် စာရေးဆရာ Dan Brown ရဲ့ ဝတ္ထုကို အခြေခံပြီး ရိုက်ကူးထားတာပါ။ ရုပ်ရှင်ကတော့ ၂၀၀၆ ခုနှစ် မေလမှာ ဖြန့်ချိခဲ့ပြီး တွမ်ဟန့်က သရုပ်ဆောင်ထားပါတယ်။ တိုက်ဆိုင်တယ်လို့ပဲ ဆိုရမလား။ အခုတော့ လီယိုနာဒို ဒါဗင်ချီရဲ့ ကမ္ဘာကျော် မိုနာလီဆာ ပန်းချီကားမှာ အဲဒီ Da Vinci Code ကို တွေ့ရပါသတဲ့။ အနုပညာ ကျွမ်းကျင်သူတွေဟာ မိုနာလီဆာရဲ့ မျက်လုံးတွေထဲမှာ အလွန်သေးငယ်တဲ့ အက္ခရာစာလုံးတွေကို တွေ့ရှိခဲ့ကြပါတယ်။ ညာဘက်မျက်လုံးမှာ LV ဆိုတဲ့ အက္ခရာ ရေးထားပြီး ဒါဟာ Leonardo Da […]


Zaw WonnaDecember 13, 20101min2593
ကာဗွန်ဒြပ်ပေါင်း တစ်ခုဖြစ်တဲ့ စိန်ဟာ ကမ္ဘာပေါ်မှာ တန်ဘိုးအမြင့်ဆုံး၊ အမာကျောဆုံး ကျောက်မျက်တစ်မျိုး ဖြစ်ပါတယ်။ ပြီးတော့ စက်မှုလက်မှုလုပ်ငန်း တွေမှာလည်း အသုံးဝင်တဲ့ ကျောက်မျက်ဖြစ်တယ်။ ကမ္ဘာတလွှားမှာ ရှိကြတဲ့ လူတွေ (အထူးသဖြင့် အမျိုးသမီးတွေ) အတွက်လည်း သည်းခြေကြိုက် ပစ္စည်း တစ်မျိုးပေါ့။ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက ဒီစိန်ကို ရှာဖွေဖို့၊ ဒါမှမဟုတ် အတုပြုလုပ်နိုင်ဖို့အတွက် လူတွေဟာ အပတ်တကုတ် ကြိုးစားခဲ့ကြပါတယ်။ အခုတော့လည်း စိန်တွေ ပြည့်နေတဲ့ နေရာတစ်ခုကို ရှာဖွေတွေ့ရှိခဲ့ပါပြီ။ ရှာဖွေတွေ့ရှိသူတွေကတော့ နက္ခတ္တဗေဒပညာရှင် တစ်စုပါ။ သူတို့ဟာ ကြယ်တစ်လုံးကို လှည့်ပတ်နေတဲ့ ဂြိုလ်တစ်ခုကို တွေ့ရှိခဲ့ကြပြီး WASP-12b လို့ အမည်ပေးထား ကြပါတယ်။ အင်္ဂလန်နိုင်ငံက ဦးဆောင်တဲ့ ဂြိုလ်စူးစမ်းရှာဖွေရေး အဖွဲ့ရဲ့ Wide-Angle Search for […]


Zaw WonnaDecember 7, 20101min1900
ဒီဇင်ဘာ ၂ ရက်နေ့က အသက် ၃ဝ အရွယ် မြန်မာနိုင်ငံသား ဒေါင်စိုင်ဆင်းသည် မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့သို့ ဦးတည်သော အဝေးပြေးလမ်းပေါ်တွင် လမ်းဖြတ်ကူးမှုကြောင့် ယာဉ်တိုက်မှု ဖြစ်ပွားခဲ့ကာ သူအပါအဝင် အခြား လူ ၂ ဦး သေဆုံးပြီး၊ ၃ ဦး ဒါဏ်ရာရရှိခဲ့သည်။ ဒေါင် လမ်းဖြတ်ကူးသော နေရာနှင့် အနီးဆုံးသော လူကူးတံတားမှာ မီတာ ၄၀ဝ ခန့် ကွာဝေးပြီး ၅ မိနစ်ခန့် လမ်းလျှောက်လျင် ရောက်နိုင်သော ခရီးဖြစ်သည်။ ဒေါင်သည် Viva ဗင်ကားနှင့် ဦးစွာ အတိုက်ခံရပြီးနောက် Hilux ပစ်ကပ်ကားနှင့် ထပ်မံ အတိုက်ခံရခြင်း ဖြစ်ကာ ပွဲခြင်းပြီး သေဆုံးသွားခဲ့သည်။ Hilux ကားမှာ ဒေါင်အား ရှောင်ရန် ကြိုးစားရင်း […]


Zaw WonnaNovember 29, 20101min46012
ကျုပ်တို့နိုင်ငံမှာ နွေဘက်ရောက်လာပြီဆိုရင် မီးပျက်တဲ့ကိစ္စက လာတော့မယ်။ ရန်ကုန်မှာတော့ မိုးကုန်တာနဲ့ လျှပ်စစ်မီးက အလှည့်ကျစံနစ် ဖြစ်သွားပြီ။ ဒီလောက်ကိုတော့ ကျုပ်တို့ ရွှေမြန်မာတွေက မီးပျက်တယ် လို့တောင် ခေါ်တာမဟုတ်ဘူး။ မီးမှန်တယ်လို့ပဲ ခေါ်တယ်။ မီးပျက်တယ်ဆိုတာ မီးလာရမယ့် အချိန်မှာ မလာတာမျိုးကို ခေါ်တာကိုး။ လျှပ်စစ်မီး ဆိုတာကလည်း နေ့စဉ် လူနေမှုဘဝအတွက် အရေးအပါဆုံးလောက်မှာကို ရှိတာဆိုတော့ မီးပျက်လို့ ဖြစ်ရတဲ့ ဒုက္ခတွေကို ပြောပြရရင် ကုန်နိုင်ဖွယ်ပါပဲ။ ထမင်းအိုး ပျက်ရတဲ့ ကိစ္စကနေ ဘုရားဝတ်ပြုနေတုန်း မီးပျက်လို့ ကျိန်ဆဲမိရတဲ့ အထိ။ ထားပါတော့လေ။ ကျုပ်ပြောချင်တာက နှစ်စဉ် မီးပျက်တဲ့ဒုက္ခကို ဘယ်လို ရှောင်ရှားနိုင်မလဲ ဆိုတာပါ။ တာဝန်ရှိသူများ ဆိုသူတွေကလည်း လုပ်ကြပါတယ်။ ဆောက်လုပ်ခဲ့၊ ဆောက်လုပ်ဆဲ၊ ဆောက်လုပ်လတ္တံ့သော ရေအား၊ လေအား၊ […]


Zaw WonnaNovember 26, 20101min1710
ကိုယ်တိုင် ဆေးလိပ်မသောက်ဘဲ ဝန်းကျင်ရှိ ဆေးလိပ်သောက်သူတို့၏ ဆေးလိပ်ငွေ့များကို ရှူရှိုက်ရခြင်းကြောင့် ကမ္ဘာတဝှမ်းတွင် လူပေါင်း ၆ သိန်းခန့် နှစ်စဉ် သေဆုံးနေရကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) မှ သုတေသီတို့က သောကြာနေ့တွင် ပြောကြားလိုက်သည်။ ထိုသို့ ဆေးလိပ်ငွေ့ကြောင့် ကျန်းမာရေး ထိခိုက်ခြင်းသည် ကလေးငယ်များတွင် ပိုမိုသက်ရောက်မှု မြင့်မားပြီး နှစ်စဉ် ကလေးငယ်ပေါင်း ၁၆၅၀၀ဝ ခန့် သေဆုံးနေရကြောင်း သိရသည်။ ထိုကလေးငယ်တို့၏ ၃ ပုံ ၂ ပုံမှာ အာဖရိကနှင့် အာရှတိုက်မှဖြစ်ကြောင်း ဂျနီဗာနိုင်ငံ အခြေစိုက် WHO အဖွဲ့မှ ပြောကြားခဲ့သည်။ WHO အဖွဲ့မှ သုတေသီတို့သည် နိုင်ငံပေါင်း ၁၉၂ နိုင်ငံမှ အချက်အလက်များကို ၂၀၀၄ ခုနှစ်မှ စတင်၍ စစ်တမ်း ကောက်ယူခဲ့ကြခြင်း […]


Zaw WonnaNovember 23, 20101min2923
နိုဝင်ဘာလ ၂ဝ ရက်နေ့။           ။ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ဒီမိုကရေစီအင်အားစုများအဖွဲ့က ဝါရင့်နိုင်ငံရေးသမားကြီးများ သက်ကြီးပူဇော်ပွဲကို မရမ်းကုန်းမြို့နယ်ရှိ သခင်သိန်းဖေနေအိမ်တွင် ကျင်းပရာ၌ ပြောကြားခဲ့သော ဒေါ်အောင်ဆန်းစုကြည်၏ မိန့်ခွန်း အပြည့်အစုံ။ “ကျမကို ဒီလိုတာဝန်ပေးတဲ့အတွက် အများကြီးပဲ ဂုဏ်ယူပါတယ်။ နောက်ပြီးတော့ တာဝန်ဆိုတာ အမြဲပဲ ကြီး မားတဲ့ ကိစ္စတခုပါ။ တာဝန်ကို ထမ်းရတယ်။ ထမ်းရတယ်ဆိုကတည်းက လေးတယ်ဆိုတဲ့ အဓိပ္ပာယ်တော့ရှိ တာပေါ့။ တာဝန်သေးသေးဆိုရင်တော့ ခပ်ပေါ့ပေါ့ပဲ ထမ်းရမယ်။ ဒီဟာကတော့ တာဝန်ကြီးကြီးဖြစ်လို့ ကျမ အင်မတန်မှ လေးလေးနက်နက် စိတ်ထဲမှာထားလို့ တာဝန်ကျေပွန်အောင် ကြိုးစားပါ့မယ်။ ဒါပေမယ့် ဒီလို ကျ မ တာဝန်ကျေပွန်အောင် လုပ်တဲ့အချိန်မှာ ကျမကို ဝန်းရံပြီးတော့ ကူညီပေးဖို့ လိုပါတယ်။ ကျမတို့ လူကြီးတွေ ကလည်း […]


Zaw WonnaNovember 21, 20101min30311
ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ ဗုဒ္ဓဘာသာ ဘုရားကျောင်းတစ်ခု အတွင်း ဝှက်ထားသော လူသား သန္ဓေသားအလောင်း ၂၀၀ဝ ကျော်ကို ရဲများက တွေ့ရှိခဲ့ကြသည်။ ထိုသန္ဓေသားများမှာ ကိုယ်ဝန်များကို တရားမဝင် ဖျက်ချပေးသော ဆေးခန်းများမှ လာရောက် စွန့်ပစ်သွားခြင်း ဖြစ်မည်ဟု ယူဆရသည်။ ပြင်းထန်သော အပုပ်နံ့ကြောင့် ရဲများက ရှာဖွေရာတွင် အင်္ဂါနေ့က သန္ဓေသားအလောင်း ၃၀ဝ ကျော် တွေ့ရှိခဲ့သည်။ အလုပ်သမားများသည် သန္ဓေသားအလောင်း ၂၀၀ဝ ကျော်ကို သောကြာနေ့က ထပ်မံ တူးဖော်ရရှိခဲ့သည်။ ထိုမှုခင်းနှင့် ပတ်သက်၍ လူအချို့ကို ဖမ်းဆီးထားပြီး ဖြစ်သည်။ ထိုအထဲတွင် အလောင်းများကို ဝှက်ပေးသောသူ နှစ်ဦးနှင့် ကိုယ်ဝန်ဖျက်ချပေးသော ဆေးခန်းမှ အလုပ်သမားတစ်ဦးတို့ကို လိုင်စင်မဲ့ ဆေးခန်းဖွင့်မှုနှင့် ကိုယ်ဝန်ဖျက်ချ ပေးမှုတို့ဖြင့် စွဲချက်တင်ထားသည်။ ကိုယ်ဝန်ဆောင်မိခင်၏ […]


Zaw WonnaNovember 17, 20101min1530
အိန္ဒိယနိုင်ငံတောင်ပိုင်းတွင် အိပ်ငိုက်နေသော လေယာဉ်မှုးတစ်ဦးသည် လေယာဉ်ပြေးလမ်းကို မှားယွင်စွာ ချဉ်းကပ်ပြီး အချက်ပြ အမှတ်အသားများကို သတိမထားပဲ ဆင်းသက်ခဲ့သောကြောင့် လူပေါင်း ၁၅၈ ဦး သေဆုံးခဲ့ရသည်။ အိန္ဒိယလေကြောင်းမှ လေယာဉ်မှုးဖြစ်သူ Zlatko Glusica သည် ၃ နာရီကြာ ခရီးစဉ်အတွင်း အိပ်ငိုက်နေခဲ့ပြီး လေယာဉ် စတင် ဆင်းသက်ချိန်တွင် ထိန်းသိမ်းနိုင်စွမ်းမရှိ ဖြစ်ခဲ့ရကြောင်း စုံစမ်းရေးအဖွဲ့မှ ကောက်ချက်ချခဲ့သည်ဟု Hindustan Times သတင်းစာတွင် ဖော်ပြသည်။ အဖိုးနည်းလေကြောင်းလိုင်း Air India Express မှလေယာဉ်သည် ယခုနှစ် မေလ ၂၂ ရက်နေ့တွင် Dubai မှ Mangalore ခရီးစဉ်တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး လူ ၈ ဦးသာ အသက်ချမ်းသာရာ ရခဲ့ကြောင်း သိရသည်။ […]


Zaw WonnaNovember 15, 20101min2607
ဦးထွန်းလွင်ကတော့ ပြောပြန်ပြီ။ ၂၀၁ဝ ခုနှစ်အတွက် ၆ ကြိမ်မြောက် မုန်တိုင်း ထပ်မံ ဖြစ်ပေါ်မယ့် အခြေအနေ ဖြစ်ပေါ်နေပြန်ပြီတဲ့။ http://www.tunlwin.com/ မှာ ကြည့်နိုင်ပါတယ်။


Zaw WonnaNovember 15, 20101min3012
လက်တော့ပ် ကွန်ပြူတာကို ပေါင်ပေါ်တွင်တင်၍ အသုံးပြုခြင်းဖြင့် အမျိုးသားများ၏ မျိုးပွားမှုစွမ်းရည် ကျဆင်းစေနိုင်ကြောင်းကို ယခင်ကပင် သိရှိကြပြီးဖြစ်၏။ သို့သော် ယခုအသစ်တွေ့ရှိသော သုတေသနအရ အအေးခံပြားခံ၍ သုံးစွဲခြင်းဖြင့်လည်း ကာကွယ်မှုမပေးနိုင်ကြောင်း သိရှိရသည်။ နယူးယော့ တက္ကသိုလ်မှ ဆီးရောဂါ ပါရဂူအဖွဲ့သည် လူငယ် ၂၉ ဦးတို့အား အအေးခံပြားရှိနှင့် အအေးခံပြားမဲ့ လက်တော့ပ်များကို သုံးစွဲစေကာ စောင့်ကြည့်မှုပြုခဲ့ကြသည်။ အချို့အား ဒူးစေ့ထိုင်စေ၍ အချို့အား ၇ဝ ဒီဂရီခန့် ဒူးချဲ၍ ထိုင်စေသည်။ သုံးစွဲသူ အားလုံးတို့တွင် ကပ်ပယ်အိတ် အပူချိန်များမှာ 1.41°C မှ 2.31°C အထိ တက်ခဲ့ကြောင်း တွေ့ရှိရသည်။ အအေးခံပြားခံ၍ သုံးစွဲသူနှင့် ပောင်ကား၍ထိုင်ကာ သုံးစွဲသူများတွင်လည်း အပူချိန်ကွာခြားမှု အနည်းငယ်သာရှိကြောင်း တွေ့ရှိရသည်။ ထိုအပူချိန်မှာ မဖြစ်စလောက်ဟု ထင်ရသော်လည်း […]


Zaw WonnaNovember 15, 20101min1890
မိတ်ဆွေများခင်ဗျာ.. ကျနော်တို့ မြန်မာနိုင်ငံသားတွေ အနေနဲ့ ဒေါ်စုု လွတ်မြောက်တဲ့ အပေါ် ကြိုဆိုုတာနဲ့ အတူ ဒေါ်အောင်ဆန်းစုုကြည်ရဲ့နောက်မှာ ကျနော်တို့ တိုင်းရင်းသားပြည်သူအားလုံး အတူတကွရှိနေတယ် ဆိုတာ ပြသရန်အတွက် ပိုု့စကဒ်တွေ ပေးပို့တဲ့ လှုပ်ရှားမှုလေးတခုလုုပ်ရန် တိုုက်တွန်းလိုုက်ပါတယ်။ ကိုယ်နှစ်သက်ရာ ပို့စကဒ်ပေါ်မှာ တဦးချင်းစီရဲ့ ခံစားမှုပဲဖြစ်ဖြစ် အကြံပေးမှုပဲ ဖြစ်ဖြစ် အတိုချုပ်ရေးသားပြီးတော့ … ဒေါ်အောင်ဆန်းစုကြည် ၅၄၊ တက္ကသိုလ်ရိပ်သာလမ်း ရန်ကုန်မြို့ ၊ မြန်မာပြည် သို့ ပိုု့ပေးကြပါမည်။ အမေရိကန်မှာရှိသူများကတော့ ဒေါ်အောင်ဆန်းစုကြည် မြန်မာပြည်လိပ်စာအပြင် အမေရိကန်သံရုံးကို local postage ဖြင့် ဒီအောက်ပါလိပ်စာကိုပါ ပို့ကြပါမည်။ ဒေါ်အောင်ဆန်းစုကြည် c/oBox B, APO AP 96546 သို့ဖြစ်ပါသဖြင့် မိမိတို့ရဲ့ Blog, Facebook, Twitter […]