သမိုင်းတွင်စေမည့် မီးခိုးထုတ်လွှတ်မှု လုံးဝမရှိသော Nissan Leaf ဟု အမည်ပေးထားသည့် လျှပ်စစ်ကားကို ပထမဆုံးအနေဖြင့် အများအပြား ထုတ်လုပ်ရောင်းချတော့မည် ဖြစ်သည်။ ယခင်က ထုတ်လုပ်ခဲ့သည့် hybrid ကားများနှင့် မတူသည်မှာ Leaf သည် လျှပ်စစ်အား တစ်ခုတည်းကိုသာ အသုံးပြုမောင်းနှင်ခြင်း ဖြစ်သည်။ လူကြီး ၅ ယောက် စီးနင်းနိုင်ပြီး မြို့တွင်းနှင့် အဝေးပြေး လမ်းများပေါ်တွင်ပါ သာမန်ကားတစ်စီးကဲ့သို့ မောင်းနှင်နိုင်မည် ဖြစ်သည်။ Nissan ကားကုမ္ပဏီမှ ပထမနှစ် ထုတ်လုပ်မှုအတွက် Leaf အစီးရေ ၂၀၀၀ဝ ကို ကြိုတင်ရောင်းချမှု အမှာများ ရရှိထားပြီ ဖြစ်သည်။ ဝယ်လိုအား မြင့်တက်လာပါက နှစ်စဉ် အစီးရေ ၃၀၀၀၀ဝ ထုတ်လုပ်နိုင်မည် ဖြစ်သည်။ Leaf မော်တော်ကားတွင် ယာဉ်၏ […]