“ဆီမီးရောင်ဖြာသီတင်းကျွတ်ချိန်ခါ ´´     ဪ……..ဘာလု်ိလိုနဲ့ သီတင်းတောင်ကျွတ်ပါပြီကော…အချိန်ဟာဘာမှမဟုတ်သလို   ဟိုဘက် လှည့် ဒီဘက်လှည့်နဲ့ သီတင်းတောင်ကျွတ်ပြီ။ သီတင်းကျွတ်ပြီဆိုရင်ဖြင့် ဗုဒ္ဓဘာသာဝင်တို့ရဲ့ ဓလေ့ထုံးတမ်းစဉ်လာအနေဖြင့် တာဝတိ ံသာနတ်ပြည်မှာ လူ့ပြည်မှာနေတုန်းက အမိဖြစ်ဖူးသော သန္တုဿိတနတ်သား အမှူးပြုသောနတ်အပေါင်းတို့ကို အဘိဓမ္မာတရား ဟောကြားတော်မူသော မြတ်ဗုဒ္ဓအား ပူဇော်သက္ကာရပြုကြသည်။ မြတ်ဗုဒ္ဓဟာ မယ်တော်ဖြစ်ခဲ့ဖူးသော သန္တုဿိတနတ် သားကို(အမိကိုကျေးဇူးဆပ်ခြင်းအကျိုးငှာ) အဘိဓမ္မာတရားဝါတွင်းသုုံးလပတ်လုံး နေ့စဉ် နတ်ပြည်မှာ ဟောကြားတော်မူသည်။ နတ်ပြည်မှာ ဟောရခြင်းအကြောင်းကား အဘိဓမ္မာတရား က သိမ်မွေ့နက်နဲသောကြောင့် လူပြည်မှာ ဟောလျှင် တရားရဲ့အဓိပ္ပာယ် သိမ်မွေ့နက်နဲစွာမသိ နိုင်သောကြောင့် နတ်ပြည်မှာ အကျယ်ဟောကြားတော်မူကာ လူ့ပြည်သို့ ဆွမ်းခံကြွချိန်သာ ကြွတော်မူသည်။ ထိုဆွမ်းခံကြွချိန်၌ နတ်ပြည်မှာ နိမ္မိတမြတ်ဗုဒ္ဓကိုယ်ပွားတစ်ဆူထားရစ်ခဲ့ကာ လူ့ပြည်သို့ ဆွမ်းခံကြွတော်မူသည်။ နတ်ပြည်မှာဟောခဲ့သော အဘိဓမ္မာတရားတော်ကို အရှင်သာရိပုတ္တရာ […]


အသက်ပေါင်းများစွာရင်းပြီးရလိုက်တဲ့ လောဘပေးတဲ့ သင်္ခန်းစာ   ကျွန်းလှမြို့ကျွန်း၊ရွှေဝါကျောင်းတိုက်မှကူညီရေးကား ပြာကျ အရိုုးပေါ်ရုပ်မပီပြင်တော့သည့်အလောင်းနှင့်မီးလောင်ပြင်မြင်ကွင်း 9.11.2012 ယနေ့စာရေးသူထံဖုန်းဝင်လာသည်။မကြားချင်တဲ့သတင်းတစ်ခု ။ စာရေးသူရဲ့ဇာတိနယ်မြေဖြစ်သော စစ်ကိုင်းတိုင်းဒေသကြီး၊ကန့်ဘလူမြို့နယ်၊ ကျွန်းလှမြို့၏မြောက်ဘက် ချပ်ကြီးဘူတာအဝင်မိုင်တိုင်အမှတ်(၅၁၁/၈)နှင့်(၅၁၁/၁၃)ကြားအနီး နံနက်၉း၅ဝအချိန်တွင်မန္တလေးမြို့ဟောင်းဘူတာမှထထွက်ခွာလာသော ဓါတ်ဆီ(၇)တွဲဒီဇယ်(၂) နှစ်တွဲပါ အမှတ်(၈၀၇)အဆန် ဆီတွဲရထားတစ်စီးဓါတ်ဆီတွဲနှစ်တွဲဘီးချော်တိမ်းမှောက်ကြောင်း ရထားမှောက်သောကြောင့် ဓါတ်ဆီများမှာ လယ်ကွင်းပြင်သို့ စီးဆင်းယိုဖိတ်လာရာ ရွာသူရွာသားများက ဆီများကို ဗူးများ သံချောင်များ ခွက်များဖြင့် အလုအယက် ခပ်ယူကြရာ လူများအုုပ်အုပ်ကျက်ကျက်ဖြစ်လာကြောင်း ထိုသို့အလုအယက် ခပ်ယူနေကြရင်း တစ်နာရီခန့်ကြာသောအခါမီးလောင်စရာတစ်စုံတစ်ခုကြောင့် ဆီများမှာ မီးဟုန်းဟုန်းထတောက်တော့ရာ  ဆီကိုခပ်ယူနေကြသောလူများပါလောင်ကျွမ်းသောကြောင့် လူယောက်သုံးဆယ်ဝန်းကျင် ခန့်သေဆုံးပြီး  အယောက်တစ်ရာဝန်းကျင်မီးလောင်ဒဏ်ရာရကာ အရေးပေါ်ဆေးကုသယူနေရကြောင်းနှင့် သေဆုံးသူများမှာ အချို့ ပြာဖြစ်သွားပြီးအရိုးသာကျန်တော့ကြောင်း ရုပ်အလောင်းကျန်နေသောသူများမှာလဲ ဘယ်သူဘယ်ဝါမခွဲခြားနိုင်အောင် ရုပ်ပျက်ဆင်းပျက်ဖြစ်ကြောင်း မနက်၁ဝ နာရီခန့်မှစလောင်သောမီးဟာ ညနေပိုင်းလောက်မှ မီးငြိမ်းသွားကြောင်း ထိန့်လန့်တုန်လှုပ်ခြောက်ချားဖွယ်ရာ ကြားသိလိုက်ရသည်။           မယုံနိုင်ဖွယ်ရာ […]


တိုးတိုးလေးပါပဲ …………………. ငါမညာရက်ဘူး………….. ငါမညာချင်ဘူး…………… ရင်ထဲကခံစားချက်တွေကို အသိမှတ်တစ်ခုအနေနဲ့ပြောပြဖို့ ခံစားတက်သူကိုရှာနေခဲ့မိတယ် ခံစားမဲ့သူကိုညာနေခဲ့မိတယ် ရင်တွင်းကခံစားချက်ကတော့ မြည်နေခဲ့မိပြီ…………….. ဒါပေမယ်………တိုးတိုးလေးပါပဲ….။ လမင်းကိုငေးမောဖို့ကောင်းကင်ကိုကြည့်မိခဲ့ပြီ ကြယ်ကလေးကငိုနေလို့ပေါ့ ဪ…………ဟုတ်တယ် သူငိုနေတယ် ငါလည်းငိုနေတယ် ဝေးကွာမှုတွေကအစပြုခဲ့တာလေ ရင်ခုန်သံတွေကခုန်နေတုန်း ဒါပေမယ့်……..တိုးတိုးလေးပါပဲ….။ စင်မြင့်ပေါ်ကအဆိုတော်သစ်က သံစဉ်တွေကိုသီကုံးနေခဲ့ပြီး သဘာဝတရားကြီးထဲရောက်နေတဲ့ ကဗျာဆရာလေးက အလှပကိုရှာနေပြီး စကားလုံးတွေသီကုံးနေခဲ့ပြီ ကန်ဘောင်မှာရောက်နေတဲ့ချစ်သူစုံတွဲက စကားတွေဖောင်ဖွဲ့လို့ပေါ့………… ငါလည်းပြောလိုက်မိခဲ့တယ် ချစ်ဆုံးသူရဲ့ရင်တွင်းဆီသို့ ငါ့နှလုံးသားလေးရဲ့တောင်းဆိုချက်အရ `ငါ…..မင်းကိုချစ်တယ်`ဆိုတဲ့စကားလုံးလေး ငါ့ရင်တွင်းကပြောလိုက်မိပြီပေါ့…….. ဒါပေမယ့်……….တိုးတိုးလေးပါပဲ……..။ ။   ဇွဲမာန်(အင်းဝ)


မ ကျွန်တော် မ ကို အရမ်းချစ်တယ် မရယ်။ မ ရဲ့ ယဉ်ကျေးသောအမူအယာတွေက ကျွန်တော့်ကို တမ်းတစေခဲ့တာလား မရယ်။ မ ရဲ့နေပုံထုိုင်ပုံက အေးတိအေးစက်နေတတ်တယ်ဆိုတာ ကျွန်တော် သတိထားမိတာပေါ့။ အဲဒီလို နေတတ်တဲ့ မ ရဲ့ အကျင့်လေးကို ကျွန်တော်နှစ်သက် နေမိတယ်။ တခါတခါ  မ ပြောလိုက်တဲ့ စကားသံက ချိုသာလိုက်တာဗျာ။ မလိုအပ်ပဲ မ မပြောဘူး ဆိုတာကို ကျွန်တော်သိထားတယ်လေ။ ကျွန်တော်သူငယ်ချင်းတွေက  မ  အကြောင်းကို မသိတော့ ပြောကြတာပေါ့  မ က မာနကြီးတစ်ခွဲ သားနဲ့ဆိုတာမျိုး၊ ရေခဲတုံးကတောင် အရှုံးပေးရမယ်ဆိုတာမျိုးတွေပြောကြတယ်။ ဒါပေမယ့် သူတို့ မ ကို ချီးကျူးတာလည်း ရှိသေးတယ် မ ကိုကြည့်လိုက်တိုင်း တစ်ခုခုခံစားမိသလိုရှိတယ်လို့လည်း ပြောကြသေးတယ်။ […]


ပြည်တွင်းစစ် …………………………………….. ငါ့အိပ်မက်ကိုလည်းမက်ခွင့်ပြုပါ မင်းအိပ်မက်ကိုလည်းခံစားခွင့်ပြုပါ ရာသီတွေကမတည်ငြိမ်သေးဘူး ကောင်းကင်ယံကကြယ်စင်တွေလည်းကြွေနေဆဲပေါ့။ လင်းကြက်တွန်သံတွေကခက်တိတ်တိတ်ပါပဲ တည်ငြိမ်သလို မတည်ငြိမ်သလိုရေလှိုင်းကြားက ဗေဒါပင်ငယ်လေးတွေကလက်လှုပ်လှုပ် သံစဉ်လို်က်ဖို့စောင့်နေကြသူတွေကအများသား ရေးလိုက်ခြစ်လို်က်ကြတဲ့ကျောင်းသားလေးတွေ “ယုံလိုက် ယုံလိုက်”လို့ဆိုပြီးရေထဲဆင်းသွားကြတာ ပြန်လာတော့ ငါးစာ တွေနဲ့ပေါ့..။ ချက်မယ် ပြုတ်မယ်ဆိုတုန်းအိုးဖွင့်လို်ကတော့ ကြွက်မစုံတွဲကစိတ်ဆိုးသွားပြန်ပါလေရော ခက်မိပါရဲ……………. အပြင်ဘက်ကိုကြည့်မိတော့လည်း နွားသိုးတစ်ရှည်းကမျက်စောင်းတွေထိုးလို့ပါလား တငွေ့ငွေ့လောင်နေတဲ့စပါးကျီတိုက်ကြီးကို မကြည့်မိဖို့လည်းအားတွေတင်ထားနေမိပြီ၊ သားသားဗိုက်ဆာပြီဖေဖေ သမီးထမင်းစားချင်တယ်ဖေဖေ သံစဉ်မညီ၊ကဗျာမပီတဲ့အသံဗလံတွေက ငါ့နားထဲမှာပဲ့တင်ထပ်လို့ပေါ့…။ တဝုန်းဝုန်း တဒိုင်းဒိုင်းအသံတွေကြားမှာ ကိုယ်ထည်တစ်ခုကိုဘေးမှာလွယ်ရင်း ချောင်ကျကျနေရာလေးတစ်ခုမှာ ဖျာစုတ်လေးတစ်ခုကိုခင်းရင်း ဟောင်းနွမ်းတဲ့စောင်လေးခြုံကာ အိပ်မက်တစ်ခုကိုမက်နေခဲ့မိပါရဲ့ အဲဒါ……………….. “ပြည်တွင်းစစ်တွေငြိမ်းချမ်းပါရစေ”တဲ့…။


  “အလင်းတိုင်မှသည်…..အလင်းရောင်ဆီသို့” ……………………………………………………………………………………………………………. အလင်းရောင်ဟူသည်လောကလူသားတို့လိုလားတောင်းတကြသည်မဟုတ်ပါလား။ အမှောင်လောကကြီးထဲမှာလွတ်မြှောက်ဖို့အလင်းရောင်ကိုတောင်းတခဲ့ကြ၏။ ထိုအလင်းရောင်သည်အမိုက်မှောင်လောကကြီးကိုဖြိုခွဲနိူင်စွမ်းရှိလေသည်။ အလင်းရောင်ရရှိဖို့အတွက်အမျိုးမျိုးဖုံဖုံကြံစည်ကြံဆကြပေသည်။နည်းစနစ်အဟောင်း အသစ်တွေအမျိုးမျိုးအဖုံဖုံတွေ့မြင်နေကြရသည်။ သက်ရှိ/သက်မဲ့ဖြစ်စေအမှောင်လောက ကြီးထဲမှာမဖြစ်စေလိုအားလုံးလိုလိုမြင်တွေ့စေဖို့အလင်းရောင်ကိုဖန်တီးကြသည်။ ထိုအလင်းရောင်တွေဟာလောကရုပ်ဝတ္ထုမြင်နိူင်စေဖို့ကြံစည်ကြံဆတွေးတောကြခြင်းဖြစ်သည်။ အလင်းရောင်အမျိုးမျိုးအဖုံဖုံရှိကြသည်အနက်ဘဝများစွာတို့ကိုအလင်ရောင်ဖြန့်ဝေပေးနေသည့်အလင်းတိုင်တစ်တိုင်၏စွမ်းအားကားမည်မျှကျယ်ပြန့်ပုံကိုစာရှု့သူအားဝေငှပေးချင်နေမိသည်။ ထိုအလင်းတိုင်အဖြစ်ထွန်းညှိလိုက်သူကအခြားမဟုတ်တပည့်တွေကိုမွေးထုတ်ပေးနေတဲ့ဆရာသမားများပင်ဖြစ်သည်။ သူတို့ထွန်းညှိလိုက်သောအလင်းတိုင်တစ်တိုင်ကြောင့်များစွာဘဝတို့ရဲ့အမှောင်လောကကိုချေဖျက်ခွင့်ရခဲ့လေပြီ။ အမှန်တော့ကျဉ်းမြှောင်းသေးငယ်သောအခန်းတွင်းမှာထွန်းညှိထားသောဆီမီးတစ်တိုင်၏ စွမ်းအားကမထင်ရှားပေမယ့်၊ထိုတိုင်လေးမှထွန်းညှိပွားယူလိုက်သောဆီမီးတိုင်တို့ရဲ့စွမ်း အားတွေကတော့အံ့မခန်းဖြစ်လှပါဘိ။ အားလုံးတက်ညီလက်ညီနဲ့ယိမ်းထိုးနေလေရဲ့။ တစ်တိုင်သောစွမ်းအား၏အလင်းရောင်ဟာတိုင်ပေါင်းများစွာတို့ရဲ့စွမ်းအားကိုမြင့်တင်ပေး နေခဲ့သည်။ ထိုအလင်းတိုင်လေးမှပွာယူခဲ့သောအလင်းရောင်တွေဟာတိုက်ခန်းအကျယ်ကိုလည်းမမှု့ က့မ္ဘာလောကကြီးကိုတောင်အန်တုလေနေရဲ့ထိုနည်းတူစွာကျွန်ုပ်တို့ရဲ့ဘဝတွေကိုအလင်းရောင်ပေးဝေခဲ့သောဆရာသမား မိဘတွေရဲ့ဘဝမှာကောအခန်းကျဉ်းလေးထဲကဆီမီးတစ်တိုင်ပင်လော။ အစဖြစ်တည်ပုံကဒီအခန်းကျဉ်းလေးထဲမှာပင်ဘဝရဲ့စွန့်လွတ်မှု့၊အနစ်နာခံမှုတွေရောယှက်ပြီးမေတ္တာ စေတနာတွေအပြည့်နဲ့တပည့်တိုရဲ့ဘဝတွေကိုဝေငှပေးခဲ့တာသက်ဆုံးထိတိုင်အောင်ပင်ဖြစ်နေခဲ့သည်။ ယ္ခုအလင်းတိုင်လေးအဖြစ်ရပ်တည်နေသူဆရာသမားများမှာလည်းဘဝများစွာတို့အလင်း ရောင်ဝေငှပေးနိူင်ဖို့ဘဝရဲ့စွန့်လွတ်မှု၊အနစ်နာခံမှုတွေရောယှက်ပြီးမေတ္တာစေတနာအပြည်နဲ့တပည့်ပေါင်းများစွာကိုမွေးထုတ်ပေးလိုက်ပြီ။ နှစ်ကာလဆိုသောအချိန်တွင်းမှာမျာစွာသောဘဝတွေကိုဒုက္ခအမျိုးမျိုးအဖုံဖုံကြားမှာ အလင်းရောင်တွေပေးဝေနေခဲ့သည်။ယနေ့အချိန်ထိလည်းပေးဝေနေဆဲပင်ဖြစ်ပေသည်။ နှစ်ကာလဆိုတဲ့အချိန်ကလတစ်ခုဟာနည်းသောအချိန်ကာလမဟုတ်ပေ၊ ”ရေကန်အသင့် ကြာအသင့်”ဖြစ်နေသူအဖို့အချိန်ကဘာမှမဟုတ်ပေမယ့်အုတ်မြှစ်မှစ၍အခြေတည်နေသူအဖို့ပင်ပန်းမှုဒဏ်စသည် ဒုက္ခနည်းမျိုးစုံကြားမှာရုန်းကန်ပြီးတည်ငြိမ်စွာဖြစ်နေဖို့မလွယ်ကူလှပေ။တော်ရုံတန်ရုံစိတ်ဓာတ်ဝီရိယခွန်အားနှင့်မလွယ်ကူပါ။အားလုံးကခိုင်မြဲနေမှသာ တည်ငြိမ်မှုအဖြစ်ရပ်တည်နေနိူင်မည်။သားသမီးတွေဟာမိဘရဲ့အုပ်ထိန်းမှုအောက်မှာရှိနေစဉ်၊ ဘဝကိုရှင်သန်ဖို့ရုန်းကန်လုပ်ရှားရတာတွေကိုအလေးနက်မထားကြပါ။ ကျော့ကျော့မောမောနဲ့သာကိုယ့်ဘဝတွေကိုကုန်ဆုံးစေခဲ့သည်။ ကိုယ့်ဒူးကိုယ်ချွန်ရှာရသူအဖို့သိပါလိမ့်မည်။မိဘအုပ်ထိန်းမှုအောက်မှာလွတ်လာပြီး ကိုယ့်သားကိုယ့်မယားနှင့်ဖြစ်လာပြီဆိုလျှင်ဖြင့်ဘဝရဲ့ပင်ပန်းမှုဒဏ်တွေကိုယ့်ကိုဖိစီးလာခဲ့ပြီ။ ထိုအခါမှဘဝရဲ့အရသာဟာမလွယ်ကူပါလားဆိုပြီးညည်းတွားမှုတွေနဲ့သက်ပြင်းချခဲ့ကြ သည်။မိဘနှင့်သားသမီးနှစ်ဦးသားမှာမိဘကအလင်းတိုင်အဖြစ်တည်ရှိနေကာ ထိုအလင်းတိုင်လေးမှထွန်းညှိလိုက်သောအလင်းရောင်တွေအဖြစ်သားသမီးတွေရှင်သန်လာခဲ့ကြတာပင်။ ထိုအလင်းတိုင်လေးဟာဘဝရဲ့စွန့်လွတ်မှု့၊အနစ်နာခံမှုတွေအမြဲလိုလို ခါးစည်းခံကာအလင်းရောင်တွေပေးဝေခဲ့ကြသည်။ ကျွန်ုပ်တို့အားလုံးပင်လျှင်အလင်းတိုင်လေးရဲ့စွမ်းပကားဖြင့်တောက်ပလာခဲ့သည် ၊စိုပြေလာခဲ့သည်။ထိုအလင်းတိုင်လေးတွေကိုကျွန်ုပ်တို့မမေ့သင့်ပေ။ နေမင်းကြီးသည်သူ၏အလင်းရောင်ဖြင့်ကမ္ဘာလောကရဲ့အလှပကိုမြင်စေခဲ့သလို၊ ထိုနည်းတူစွာမိဘဆရာသမားတို့ဟာလည်းကျွန်ုပ်တို့ကိုဘဝရဲ့အလှပတွေကိုမြင်စေခဲ့သည်။ “လက်ဦးဆရာမည်ထိုက်စွာပုဗ္ဗာစရိယမိနှင့်ဘ”ဆိုသကဲ့သို့မိဘဆိုတာဆရာတစ်ဆူအမည်ရှိသလို မိမိတို့ကိုအသိပညာဉာဏ်အလင်းရောင်ပေးသောဆရာသမားများကိုမိဘလို့ သတ်မှတ်ရပေလိမ့်မည်။ကျွန်ုပ်တို့မွေးဖွားပေးခဲ့သောမိဘဟာလက်ဦးဆရာပါ “ရပ်နိူင်ပေ့…………ရပ်နိူင်ပေ့”စသည်ကအစသင်ပေးခဲ့သည်မဟုတ်ပါလား။ ထိုနည်းတူစွာသိတက်သောအရွယ်၊တနည်းဆိုရသော်မူကြိုအရွယ်မှာ “ဒုတိယဆရာ”ထံသို့အသိဉာဏ်တည်းဟူသောပညာအလင်းကိုသင်စေခဲ့သည်။ ဆရာသမားများဟာလည်းအရပ်လေးမျက်နှာမှလာရောက်ကုန်သောတပည့်အပေါင်းတို့ အားစေတနာမေတ္တာအပြည့်နှင့်ဘဝရဲ့အလင်းရောင်တွေကိုဝေငှပေးခဲ့ခြင်းဖြစ်သည်။ […]


“လမ်းပေါ်ကလူ” ……………………………………………………………………. ကျွန်တော်စိတ်တွေဘာလို့အလိုမကျဖြစ်နေမှန်းမသိ ဘာအတွက်ကြောင့် ဖြစ်နေမှန်း လည်းမသိ၊ငွေမရှိလို့လား အထီးကျန်မှုလား၊ လူတွေရဲ့အရေးမစိုက်မှုလားမသိ၊ကိုယ့် ကိုကိုယ်အလိုမကျမှုတွေဖြစ်နေခဲ့သည်။ အိပ်ရာထပြီးမျက်နှာသစ်ကာအလိုလိုဒေါသတွေဝင်လာခဲ့မိပြီး ဘယ်သူ့ကိုဒေါသ ထွက်ရမှာလဲ၊ ဘာကိုအကြောင်းပြုရမှာလဲ ကျွန်တော်ကိုယ်ကျွန်တော် စိတ်ဝင်စားသွား  သည်။ ကျွန်တော်ထင်တယ် ဒါဟာအထီးကျန်မှုပဲဆိုတာ သူများတွေမှာ အဖော်တွေနဲ့ လေ ကျွန်တော်မှာဘယ်မှာလဲ ဘယ်သူ့ကို တိုင်တည်ရမှာလဲ ၊ဘယ်သူ့ကိုရင်ဖွင့်ရမှာ လဲ၊ ဘာအကြောင်းပြောရမှာလဲ ဘာတွေဖြစ်နေမှန်းမသိ တခါလည်းမဟုတ် ခဏခဏ ဖြစ်နေခဲ့သည်။ ဒီလိုဖြစ်တိုင်း စိတ်တွေဖြေဆည်ဖို့စာတွေရေးခဲ့သည်။ အချိန်တွေကုန် စေခဲ့သည်။ခုလည်းအချိ်န်တွေကုန်စေဖို့လ္ဘက်ရည်ဆိုင်သို့ထွက်လာခဲ့သည်။ လ္ဘက်ရည် ဆိုင်က နီးလို့သာတော်ပေသည်။ ဆိုင်ထဲကိုထိုင်လိုက်ပြီဆိုတာနဲ့ “အကိုဘာသောက်မလဲ” စားပွဲထိုးညီလေးရဲ့ နှုတ်ဆက်သံ ဒါသူလုပ်နေကျအလုပ်ပင်ဖြစ်လိမ့်မည်။ ပုံမှန်လား၊ချိုစိမ့်လား၊ဆိုင်မှာရ တာတွေအကုန်ရွတ်ပြသည်။ ကျွန်တော်သိလိုက်ပြီ အချိန်တွေကုစားဖို့ဆိုတာ ဒါနဲ့ ကျွန်တော်သောက်နေကျ ချိုဆိမ့်တစ်ခွက်မှာလိုက်တယ်။သိပ်မကြာလိုက်ပါဘူး စားပွဲ ထိုးညီလေးက ချိုဆိမ့်တစ်ခွက်လာချတယ်။ ကျွန်တော်ချိုဆိမ့်လ္ဘက်ရည်တစ်ကျိုက် သောက်သည်။ […]


ကိုးကွယ်သူတို့၏ရွေးချယ်မှု ………………………………….   ယနေ့လူသားကမ္ဘာမှာမိမိတို့ကိုးကွယ်(မှိခိုဆည်းကပ်)ဖို့ရာဘာသာတစ်ခုကိုရွေးချယ်ကြသည်။ ထိုသို့ရွေးချယ်ကြရာဝယ်မိမိတို့မှန်ကန်သောရွေးချယ်မှုဖြစ်ရန်အလွန်အရေးကြီးလှပေသည်။ ဘာသာတရားဆိုပေမဲ့ပစ္စုပန်,သံသရာနှစ်ခုစလုံးအကျိုးစိပွားသက်ဆိုင်နေသည်မဟုတ်ပါလား မိမိရွေးချယ်၍ကိုးကွယ်သောဘာသာသည်မိမိအတွက်တကယ်လိုအပ်သော(အကျိုးများသော) ဘာသာတစ်ခုဖြစ်ဖို့လိုအပ်လှပေသည်။မိမိနှစ်သက်သောဘာသာဖြစ်လင့်စေကာမှု မိမိအတွက်အကျိုးမများလျှင်ပယ်စွန့်နိုင်ရမည်။ ထို့အတူမိမိမနှစ်သက်သောဘာသာဖြစ်လင့်စေကာမှုမိမိအတွက်အကျိုးများမည်ဆိုပါက ကိုကွယ်ဆည်းကပ်သင့်ပါသည်။ ယနေ့လူသားကမ္ဘာမှာဘာသာကြီးလေးခုရှိနေကြတယ်မဟုတ်ပါလား။ သို့ပေမဲ့သူတို့သူအတိုင်းတာနှင့်သူရှိနေ- ကြပါသည်။ ထိုအထဲမှမိမိကိုးကွယ်ဆည်းကပ်မည့်ဘာသာဟာမိမိသူတပါးပစ္စုပန်,သံသရာနှစ်ဖြာသော အကျိုးကိုပေးစွမ်းနိုင်ဖို့လိုပါသည်။ အများရောင်လို့လိုက်ရောင်နေရတာမျိုးမိမိတို့ရဲ့အုပ်ထိန်းသူ မိဘ ဆရာသများတွေကရွေးချယ်ဆည်းကပ်ရတာမျိုးမဟုတ်ပဲ မိမိအသိဉာဏ်နှင့်ရွေးချယ်ဆည်းကပ်တဲ့ဘာသာ တစ်ခုဖြစ်နေဖို့အင်မတန်လိုအပ်လှပေသည်။ မိမိရွေးချယ်လိုက်သောဘာသာတရားဟာလဲမိမိ သူတပါးအတွက် ပစ္စုပ္ပန် သံသရာအကျိုးများစေရမည်။ ယနေ့ခေတ်တွေမှာတိုးတက်နေသောကာလဖြစ်သည့်အလျှောက် အမျိုးမျိုးအဖုံဖုံစည်းရုန်းနေကြတာပင်၊ သို့ပေမဲ့မည်သည့်ဘာသာတရားကစည်းရုန်းသည်ဖြစ်စေ မိမိကိုပိုင်၏ဉာဏ်ဖြင့်ဆုံးဖြတ်ကာမှန်ကန်သောဘာသာတစ်ခုရွေးချယ်ဆည်းကပ်မိဖို့ပါပဲ။ စာရေးသူမှတ်သားထားသောစာသားလေးလို `မြှောက်တိုင်းလည်းမမြှောက်နဲ့၊ခြောက်တိုင်းလည်းမကြောက်နဲ့၊ ချော့တိုင်းလည်းမပျော့နဲ့၊`တဲ့ကောင်းလိုက်တဲ့စာသာလေးပါ၊ စာရေးသူငယ်ငယ်ကလည်းဒီစာသားလေးနဲ့ဘဲ အကိုတစ်ယောက်ရဲ့ဆိုဆုံးမခံယူခဲ့ဘူးသည်။ ဆိိုလိုခြင်တာကဘယ်ဘာသာကပဲမြှောက်၍ဖြစ်စေ၊ခြောက်၍ဖြစ်စေ၊ချော့၍ဖြစ်စေ စည်းရုန်းစေကာမှုမိမိကမမြှောက်မိဖို့၊မကြောက်မိဖို့၊ မပျော့မိဖို့ လိုပေသည်။ မိမိကိုးကွယ်ဆည်းကပ်ရမည့်ဘာသာကိုရဲရဲဝံ့ဝံ့ဖြင့် ကိုယ်ပိုင်ဉာဏ်သုံးကာရွေးချယ်သင့်ပေသည်။ ဗုဒ္ဓဘာသာဝင်တို့ရဲ့အားထားရာဖြစ်သော`မြတ်စွာဘုရား၏ကာလာမအမျိုးကောင်းသားတို့ကို မိန့်ကြားတော်မူသောစကားတွေဟာကိုးကွယ်ဆည်းကပ်သူတို့ရဲ့ ဘာသာရွေးချယ်နည်းများကို မိန့်ကြားထားတယ်။ မြတ်စွာဘုရားဟောတော်မူသောအဂုင်္တ္ထိုရ်ပါဠိတော် ကေသမုတ္တိသုတ်တွင် ကာလာမအမျိုးနွယ်တို့၏မေးမြန်းမှုကိုအကြောင်းပြု၍မြတ်စွာဘုရား သမာသမတ်ကျဆုံးသောဘာသာရွေးချယ်နည်းကိုဟောကြားတော်မူခဲ့ပါသည်။ ထိုဟောတော်မူအပ်သောအခြင်းအရာကိုအလေးနက်ထားပြီး ဘာသာအယူဝါဒဘာသာရွေးချယ်သူ(မှန်ကန်သော)မိမိကိုယ်ပိုင်ဉာဏ်ဖြင့် ဘာသာအယူဝါဒမရှိသူအားလုံးအတွက်ဟောကြားတော်မူခဲ့ခြင်းဖြစ်ပေသည်။ မြတ်စွာဘုရားဒေသစာရီလှည့်လည်တရားဟောရာကေသမုတ္တိနိဂုံးသို ့အရောက်တွင်ကာလာမအမျိုးနွယ်များကသူတို့ဒေသသို့ ဘာသာရေးခေါင်းဆောင်အမျိုးမျိုးရောက်လာပြီးသူ့အယူဝါဒကကောင်းတယ်၊ငါ့အယူဝါဒ- ကောင်းတယ်ဟုအသီးသီးဟောကြပြောကြသဖြင့် […]


မပြောဖြစ်လိုက်သောစကားတစ်ခွန်း ………………….. ငါ့အိမ်မက်ကိုမင်းခံစာလည့်ပါ ငါ့ကိုတော့မနိုးသွားပါနဲ့ ငါမခံးစားနိူင်ဘူး ဖြစ်နိူင်ရင်တော့အနမ်းလေးထားခဲ့ပါလား ငါနိူးရင် ရင်ခုန်စေဖို့ပေါ့…၊ တကယ်တော့ငါမသိခဲ့ပါဘူး.. မင်းဟာတိတ်ဆိတ်စွာထွက်ခွာသွားခဲ့ပြီ တကယ်ဆိုရင် ငါ မင်းကို…. ချစ်ပါတယ်..ဆိုတဲ့ စကားလေးတစ်ခွန်းပြောသင့်တာပေါ့ ဒါပေမဲ့…… ငါဟာအိမ်မက်ထဲမှဇာတ်ကောင်ဆိုတာ.. မင်းသိခဲ့ရင်……။


ချက်တင် ………………….. ရှည်လျှားလှတဲ့လေဟာပြင်ထဲမှာ နက်နဲသောအဓိပ္ပါယ်တွေရဲ့ဖော်ဆောင်မှုကြောင့် သေးငယ်သောကြိုးမျှင်လေးသွယ်တန်းခဲ့ပြီ..။ စေတမန်အဖြစ်ထမ်းဆောင်ခွင့်ရခဲ့ကြတဲ့ ကွန်ပျူတာမျက်နှာပေါ်ကစာသားလေး အထူးတာဝန်တစ်ခုနဲ့ကြိုးမျှင်ပေါ်လျှောက်ခဲ့ရပြီ..။ သွက်လက်ချက်ချာတဲ့သူငယ်ချင်း(10)ယောက် မှားယွင်းမှုတစ်စုံတရာနည်းပါးစေဖို့ စည်းချက် ဝါးချက်ဖြင့်တွဲစပ်ပြီးတီးစေကာ ကီးဘုတ်ရဲ့မျက်နှာပြင်ပေါ်ကခုန်ကြကုန်ပြီ..။ ထိတွေ့မှုကအိပ်ပျော်ခဲ့တာဆိုပေမဲ့ ခံစားမှုကဦးဆောင်ပြီးချီတက်ကြကုန်ပြီ မကြာခင်ပြန်လာလိမ့်မယ်…………. အောင်မြင်မှုနဲ့……….။ ရှုံးနိပ့်မှုနဲ့……………..။


တိုက်ဆိုင်မှုရဲ့လှည့်ကွက် ကံကြမ္မာရဲ့လှည့်ကွက်ကြောင့် တိုက်ဆိုင်မှုလေးဖြစ်သွားရင် ငါ့ကိုခွင့်လွတ်နော် တကယ်တော့…… မသိလိုက်မှီတခဏမှာ အချက်ပေးကိရိယာတွေ မြည်သင့်ပေဘူး…. ခုတော့…. ဘာမဟုတ်တဲ့တိုက်ဆိုင်မှုကြောင့် နှလုံးသားကလက်သင့်မခံဘူး ဖြစ်နိုင်ရင်တော့မြင်စေခြင်တယ် ခုတော့မင်းရောငါရော ဘာမှမတက်နိုင်သောအခြေနေနဲ့ ဘဝကိုကျောခိုင်းမလား.. ရင်ဆိုင်ဖြတ်ကျော်မလားဆိုတာ…


ညီမလေးအတွက် ……………………. ဖြူစင်ရိုးရှင်းလှတဲ့ ဘဝနေထိုင်မှုအောက်မှာ ချစ်စရာပုံရိပ်တစ်ခုကို ၅၂၈မေတ္တာပေးစွမ်းနေလေရဲ့..။ နွေးထွေးသောအကိုယ့်ရင်ခွင်မှ စီးဆင်းမှုမေတ္တာစမ်းရေကို ရည်ရွယ်သူ“ညီမလေးအတွက်” စီးဆင်းလာခဲ့ပြီ………။ လှပတဲ့နံနက်ခင်းမှာ……. ရနံ့သင်းတဲ့ရောင်စုံပန်းဥယျာဉ်တစ်ခု ကြည်လင်တောက်ပတဲ့ရေကန်လေးတစ်ကန် ပျော်ရွှင်မြူးကြွလှတဲ့ကျေးငှက်မျိုးစုံ စိမ်းစိုလှပသန့်ရှင်းလှသောမြက်ခင်းပြင် အားလုံးဖြစ်တည်ရာပေါင်းဆုံစု ရယူပိုင်ဆိုင်မှုတွေရမယ်ခဲ့မယ်ဆိုရင်…. အဲဒါ……………………….. ညီမလေးအတွက်………..။


တာဆီးခွင့်ရဲ့တစ်စုံတရာ ………………………… လူကိုလောင်ရယ်ပေမဲ့ နှလုံးသားကိုတော့မထိခိုက်ဖို့ ပြောချင်ပါသေးတယ်ညီမလေး..။ ခံနိုင်ရည်ရဲ့အဆုံးဘက်မှာ ငါ့ကိုငါရပ်တန့်လို့မရတော့လို့ပါ ဖြစ်နိုင်မယ်ဆိုရင်ရှင်းပြခွင့်ရဲ့ တစုံတရာကိုအသိမှတ်အနေနဲ့ သိစေချင်ပါသေးတယ်။ တခါတလေညီမလေးရဲ့ လောင်ရယ်မှုတွေက နာကျင်တဲ့နှလုံးသားကို ထိုးဆွနေခဲ့မိတယ်ညီမလေးရယ်..။ တားဆီးမှုတစုံတရာမရှိပေမဲ့ တားဆီးနိုင်ခွင့်တစုံတရာကိုတော့ ရချင်ပါသေးတယ်…ညီမလေး..။