ပြင်ဖို့တော့ ကောင်းနေပြီ ဟိုတစ်ရက်ကပေါ့ဗျာ ဦးမာဃ လူ့ပြည်မှာ လုပ်စရာရှိတာလေးတွေ လုပ်ရင်းနဲ့ လမ်းကြုံလို့ ဘုရားကြီးကို ရောက်သွားတယ်။ ဟုတ်ပါတယ် မန်းလေးက မဟာမြတ်မုနိပါ။ မရောက်တာလဲ နည်းနည်းကြာလို့ နောက်ပြီးတော့ တာဝန်အရ လိုတာလေးတွေလဲ ဖြည့်ဆည်းပေးနိုင်ဖို့ ဆိုပြီးတော့ ဝင်သွားတာ။ လမ်းကလဲ ကြုံနေတာကိုး ဘုရားရောက်တယ်ဆိုတော့လဲ အများစုလို ပန်းလေး ရေချမ်းလေးကပ် ပုတီးလေးစိပ် ပေါ့လေ။ ပြောသာပြောတာ သိကြားမင်းဆိုတော့ အဲဒါတွေ လုပ်တယ်ဆိုတာ ခပ်ရှားရှားရယ်။ ဒီအတိုင်း ဘုရားဝတ်ပြု လေ့လာကြည့်ရှု စစ်ဆေးပြီး ပြန်တာပါပဲ။ ပန်းရေချမ်းတွေတော့ ကပ်လေ့ကပ်ထ မရှိဘူးရယ်။ ဦးမာဃကသာ မကပ်တာလေ ကျန်တဲ့ ဘုရားဖူးတွေက ကပ်ကြတော့ ဘုရား အာရုံခံတန်ဆောင်း မရောက်ခင်၊ ကားဆိုင်ကယ် အပ်တဲ့နေရာတွေကစပြီးတော့ ပန်းသည်တွေ၊ တခြား […]