ကျွန်တော်သိသောလူတန်းစားမှာနှစ်မျိုးရှိသော်လည်းအခုခေတ်ဒါမှမဟုတ်အခုနောက်ပိုင်းမှာတော့သိသိသာသာပေါများလာတာ ကိုတွေ့ရလို့ရေးထားတာပါ။ ဟာဟိုမှာကြည်စမ်း အခြောက်ကြီး နရင်းရိုက်ဖို့ကောင်းလိုက်တာ….ဒီကောင်တွေကွာမြင့်မြတ်တဲ့ယောကျင်္ားဘဝကိုရရဲ့သား နဲ့ဘာလို့အခြောက်ဖြစ်နေရတာလဲမသိဘူး ဟယ်ကြည့်စမ်း မုန်းဖို့ကောင်းလိုက်တာအော့နှလုံးနာဖို့ကောင်းလိုက်တာ ဆို့တဲ့စကားတွေကကျွန်တော်တို့ပတ်ဝန်းကျင်မှာသူတို့ကိုမြင်ရင်ပြောနေတဲ့စကားတွေပါ။ကျွန်တော် ကိုယ်တို်င်လည်းပြောခဲ့ဘူးပါတယ်။ကျွန်တော်ကိုယ်တိုင်လည်းငယ်ငယ်တုံးကပြောခဲ့ဘူးပါတယ် ခုချိ်န်မှာကျွန်တော်ပြန်စဉ်းစားကြည့်မိတယ်။သူတို့ကိုလူတွေကဘာလို့ကြည့်မရတာလဲဆိုတာကိုလေ။ ကျွန်တော်တို့အတူတူစဉ်းစားကြည့်ရအောင် ပထမဆုံးအနေနဲ့သူတို့ဘာလို့အခြောက်ဘဝကိုရသွားတာလဲဆိုတာကိုပါ။ဒီအခြောက်ဘဝကိုရောက်ရင်လူတွေရဲ့ကဲ့ရဲ့မှုကိုခံရမယ ်၊အလှောင်ခံရမယ်ဆိုတာကိုသိရဲ့သားနဲ့ဘာလို့ဒီဘဝကိုပိုင်ဆိုင်ရတာလဲ။ အခြောက်ဖြစ်ရခြင်းအကြောင်း(2)ရပ်ရှိတယ်လို့ထင်ပါတယ်၊ (1) မွေးရာပါဗီဇ (2) အရွယ်မတိုင်ခင်ပတ်ဝန်းကျင်ရဲ့ ပုံသွင်းမှု (1)မွေးရာပါဗီဇဆိုကတည်းကသူတို့ဟာမွေးကတည်းကဒီစိ်တ်ပါလာခြင်းဖြစ်ပါတယ်။သူတို့ဟာဒီဘ ဝကိုလိုချင်လို့ရွေးချယ်လိုက်ခြင်းမဟုတ်ပါဘူး။အတိတ်ကံမကောင်းတဲ့အတွက်ဒီဘဝမှအခြောက်ဖြစ်ရတယ်လို့ထင်ပါတယ်။ (2)အရွယ်မတို်င်ခင်ပတ်ဝန်းကျင်ရဲ့ပုံသွင်းမူဆိုတာကတော့အရွယ်မရောက်ခင်ကတည်းက မိဘညီအစ်ကိုမောင်နှမများကမိန်းကလေးပုံစံနေထိုင်စေခဲ့ခြင်းကအကျင့်ပါပြီးနောက်ဆုံးအရွယ်ရောက်လာတော့ ပြင်မရတော့ခြင်းကိုဆိုလိုတာပါ။ ကဲဒါဆိုသူတို့ကဟာဒီဘဝကိုကျေကျေနပ်နပ်ကြီးရွေးချယ်လိုက်တာမဟုတ်ပါ။ အတိတ်ကံ၊အခြေအနေ၊အချိန်အခါပတ်ဝန်းကျင်တို့ရဲ့သားကောင်များဖြစ်ရခြင်းဖြစ်ပါတယ်။ ဒါကြောင့်သူတို့ဟာသူတို့ရွေးချယ်တဲ့ဘဝမှာပျော်အောင်နေရခြင်းဖြစ်ပါတယ်။ သာမန်လူတွေမှာတောင်ခိုးတတ်သူ၊လိမ်ညာတတ်သူအနိုင်ကျင့်တတ်သူမကောင်းတဲ့စရိုက်တွေတောင်ရှိကြသေးတာပ ဲသူတို့မှာလဲပင်ကိုယ်စရိုက်ဆိုးဖြစ်တဲ့ယောကျင်္ားလေးတွေကိုစိတ်ဝင်စားခြင်းဟာအထူးအဆန်းတော့မဟုတ်ပါဘူး။ သူတို့ဟာသာမန်လူတွေထက်လောကဓံတရားရဲ့ရိုက်ခတ်မှုကိုပိုခံရပါတယ်။ သာမန်လူတွေကမကောင်းတာလုပ်မှသာကဲ့ရဲ့ခံရတာပါ။သူတို့မှာမြင်ရုံနဲကဲ့ရဲ့အလှောင်ခံရပါတယ်။ဒီ ခောတ်တွေကိုသူတို့ကကျွန်တော်တို့ထက်ပိုခံရပါတယ်။ သူတို့ဟာလူပတ်ဝန်းကျင်မှာသုံးမရတဲ့သူများမဟုတ်ပါဘူးအနုပညာလောကမှာလူအများချစ်ကြတဲ့ အနုပညာသည်တွေရဲ့အလှဟာသူတို့ဖန်တီးမှုကြောင့်ပိုမိုလှပလာတာမြှုငင်းနိုင်ပါဘူး။ဒီလိုပါပဲမိဘကို လုပ်ကြွေးနေတဲ့သူ၊သူနေရာနဲ့သူနေရာနဲ့သူတော်ကြတဲ့မိန်းမလျှာတွေအများကြီးပါ။မကောင်းတဲ့သူတွေလဲရှိမှာပေါ့။ဘယ်သူမှအပြစ်မတင်ပါဘူး။ လူတစ်ယောက်ကိုမုန်းလို့ကြည့်လို့မရတော့ဘူးဆိုရင်ခိုင်လုံတဲ့အကြောင်းပြချက်ရှိရပါမယ်။ ဥပမာ..မိမိကို်အနိုင်ကျင့်သွားလို့၊စော်ကားသွားလို့၊မကောင်းကြံလိုဆိုရင်လက်ခံနိုင်ပါတယ်။ သူတို့ကသင်တို့ကိုစပြီးစော်ကားဖူးပါသလား။ အမှန်တော့သူတို့ကိုလူပတ်ဝန်းကျင်ကဖယ်ထားမှာကိုအလွန်ပဲစိုးရိမ်ကြပါတယ်။ ခုဆိုကမ္ဘာပေါ်မှာလည်းသူတို့နဲ့ပက်သက်ပြီးအမြင်တွေပြောင်းလာပါပြီး။ သူတို့ရဲ့အရည်အချင်းတွေကို ထုပ်သုံးဖို့အခွင့်အရေးတွေပေးလာပါပြီး။တစ်ချို့ကဗာကျော်တွေဆိုသူတို့ဟာအခြောက်ပါလို့ဝန်ခံလာ တာတွေ့ရပါတယ်။ ဒါကြောင့်ကျွှန်တော်တို့နိုင်ငံမှာလည်းသူတို့ကိုယုတ်ညံသောလူတန်းစားလို့မမြင်ပဲတတိယလူတန်းစားအဖြစ်လက်ခံနို်င်အောင်ကြိုးစားသင့်ပါတယ်။ ဒါဟာစာနာသနားကြင်နာစိတ်ရှိတဲ့ကျွန်တော်တို့မြန်မာလူမျိုးတွေအတွက်မခဲယဉ်းဘူးလို့ထင်ပါတယ်။ လူအချင်းချင်းမုန်းတီးခြင်းကင်းဝေးကြပါစေ။