alinsettJuly 28, 20122min2825
”ကျုပ်က ဒီတာလီဘန်ကောင် ကို ကလေးတစ်ယောက်ပေးဖို့ငြင်းရင် သူကဆယ်ယောက်ယူလိမ့်မယ်။ ဒါကြောင့် တစ်ယောက်ပေးပြီး ကျန်ကလေးတွေကို အလာဟ်အရှင်စီမံတာစောင့်ရတယ်။ ကျုပ်ရဲ့ ဂုဏ်သိက္ခာကိုမျိုချပြီး သူစွန့်ကြဲတဲ့သောက်ပိုက်ဆံကို ယူရတယ်။ ဈေးသွားပြီး ကလေးတွေစားဖို့ ဝယ်ရခြမ်းရတယ်” ဖာရစ်ဒ် မျက်လွှာချထားသည်။ ”သူယူသွားတဲ့ကလေးတွေ ဘာဖြစ်ကုန်လဲ” ……………………… _________________________________ ”သူယူသွားတဲ့ကလေးတွေ ဘာဖြစ်ကုန်လဲ” ဟုကျွန်တော်မေးကြည့်သည်။ ဇာမင်သည် လက်ညှိုးလက်မဖြင့် မျက်လုံးကိုပွတ်ပြီး ”တစ်ခါတလေတော့လည်း ပြန်ရောက်လာတဲ့ကလေးရှိတယ်” ”ဒီကောင် ဘယ်သူလဲ။ ဒီကောင့်ကို ဘယ်လိုရှာရမလဲ” ”မနက်ဖြန် ဂါဇီအားကစားရုံကိုသွား။ ပထမပိုင်းအားလပ်ချိန်မှာ သူ့ကို တွေ့လိမ့်မယ်။ နေကာမျက်မှန်အမည်းရောင် တပ်ထားတဲ့တစ်ယောက်” ဟု ဇာမင် ဖြေပေးပြီး မျက်မှန်အကွဲကောက်ကိုင်ကာ လက်ထဲလှည့်နေသည်။ ”ဆပ်တို့ကို အခုပြန်စေချင်ပြီ။ ကလေးတွေ သိပ်ကြောက်နေပြီ” ဇာမင် ကျွန်တော်တို့ကိုလိုက်ပို့သည်။ ကားထွက်လာစဉ် ကားဘေးကြည့် မှန်မှတဆင့် […]


alinsettJuly 27, 20122min2214
”ကျွန်တော့်အမေလည်း တက္ကသိုလ်မှာ စာပြခဲ့တယ်” ”ဟုတ်ပြီ … နာမည်ဘယ်လိုခေါ်လဲ” ”ဆိုဖီယာအခရာမီ” အဘိုးအို၏ အတွင်းတိမ်စွဲသောမျက်လုံး မှိတ်တုတ်မှိတ်တုတ်ဖြစ်လာသည်။ ”ကန္တာပေါင်းပင်တွေဟာ ရှင်သန်လို့၊ နွေဦးရဲ့ ပန်းပွင့်ကလေးကတော့ ပွင့်ပြီး နွမ်းသွားတာပဲတဲ့။ ဒီလောက်ကျက်သရေရှိတဲ့ မိန်းကလေး … ဒီလောက်ဂုဏ် သိက္ခာရှိတဲ့မိန်းကလေး … ဒီလိုကြေကွဲစရာဖြစ်ခဲ့တယ်ကွယ်” ”အဘိုးက ကျွန်တော့်အမေကိုသိလား” အဘိုးကြီးရှေ့ ကျွန်တော်ဒူးထောက် ပြီးမေးရပြီ။ ”သိပ်သိတာပေါ့” ______________________________________ ”အဘိုးက ကျွန်တော့်အမေကိုသိလား” အဘိုးကြီးရှေ့ ကျွန်တော်ဒူးထောက် ပြီးမေးရပြီ။ ”သိပ်သိတာပေါ့” ဟု သူတောင်းစားအိုကြီးဆိုသည်။ ”အတန်းပြီးရင် အတူထိုင်စကားပြောနေကျကွဲ့။ နောက်ဆုံးစကားပြောကြတဲ့အခေါက်က မိုးတွေရွာ နေတယ်။ အတန်းတင်စာမေးပွဲအပြီးဆိုတော့ ဗာဒံစေ့ကိတ်မုန့်ရယ်၊ ပျားရည်ရယ်၊ လက်ဖက်ရည်ပူပူလေးရယ် အတူစားခဲ့ကြတာကွဲ့။ အဲဒီတုန်းက ဆိုဖီယာ ကိုယ်လေး လက်ဝန်နဲ့၊ အလှကြီးလှနေတဲ့အချိန်။ အဲဒီနေ့က ဆိုဖီယာပြောတဲ့စကား […]


alinsettJuly 25, 20122min2104
”သူက ကျွန်တော့်ရဲ့ အဖေတူ အမေကွဲညီပါ။ တရားမဝင်အဖေတူအမေကွဲညီ” ဟု ဖြေလိုက်သည်။ ”ကျွန်တော် စပ်စုဖို့ မရည်ရွယ်ပါဘူး ဆပ်” ”ခင်ဗျားစပ်စုတာ မဟုတ်ပါဘူး” ”ဒီကလေးကို ဆပ်ဘာလုပ်မလဲ” ……………………… ……………………….. ___________________________________________ ”ဒီကလေးကို ဆပ်ဘာလုပ်မလဲ” ”ပက်ရှဝါကို ခေါ်သွားမယ်။ ဟိုမှာ ကလေးကိုဂရုစိုက်မယ့်လူတွေ ရှိတယ်” ဝါဟစ်သည် ကျွန်တော့်ကို ဓာတ်ပုံပြန်ပေးပြီး ကျွန်တော့်ပခုံးပေါ် သူ့ လက်တုတ်တုတ်ကြီးကို တင်ကာ ”ဂုဏ်သိက္ခာကြီးမြတ်လှပါပေတယ် ဆပ်။ ဒါမှ အာဖဂန်စစ်စစ်” ဟုပြောလိုက်ရာ ကျွန်တော့်မှာ ကြုံ့ဝင်သွားသည်။ ”ဆပ် ဒီအိမ်မှာလာတည်းတာ သိပ်ဂုဏ်ယူမိတယ်ဗျာ” ဟု ဝါဟစ်ဆိုသည်။ ကျွန်တော် ကျေးဇူးတင်စကားပြောပြီး ဖာရစ်ဒ်ကို လှမ်းကြည့်လိုက်ရာ ဖာရစ်ဒ်သည် ယခုတော့ ခေါင်းငုံ့ချထား၍ ကောက်ရိုးဖျာ၏ဖွာထွက်နေသော အနားစများကို လိမ်ယှက်နေသည်။ အတန်ကြာသော် […]


ပုံနှိပ်မှတ်တမ်း မျက်နှာဖုံးပန်းချီ-မင်းကိုနိုင် ဒီဇိုင်း. -အေးဖြူအောင် ပုံနှိပ်ခြင်း. -ပထမအကြိမ်၊၂၀၁၂၊ဇူလိုင်လ ထုတ်ဝေသူ. -ဦးချစ်ညွန် ့(ဇင်ရတနာစာပေ)                                                                                             […]


zaw winJuly 24, 20121min1493
လောကဓမ္မတာကြုံတွေ့လာရ တချိန်တည်းမှာ ကိုယ့်ရည်မှန်းချက်အောင်မြင်ရေးအတွက် ကြိုးပမ်းနေကြ အောင်မြင်မှုအတွက် ပြုံးပျော်နေကြ ဆုံးရှုံးမှုအတွက် စိတ်ဓာတ်ကျလျက် တစ်လုပ်စားဖို့ အသပြာငွေရှာခက်လျက် ဘဝလည်းဆုံး တန်ဖိုးရှုံးပေမဲ့ ပြေလည်တဲ့အခြေအနေများမှာ ငွေဟာ ရေလို လေလို ပေါများပါ၏။ မင်းသုတ 10း25AM 13.2.2012


alinsettJuly 23, 20122min2757
ပိုလာရွိုက်ဓာတ်ပုံထဲမှ မျက်နှာဝိုင်းဝိုင်းကို တစိမ့်စိမ့်ကြည့်မိပြန်သည်။ ကျွန်တော့်ညီလေးမျက်နှာ … ကျွန်တော့်ကို ဟက်ဆန်သိပ်ချစ်ခဲ့သည်။ ဘယ်သူနှင့်မှ မတူသောနည်းလမ်းဖြင့် ဘယ်သူနှင့်မှမတူအောင် ချစ်ခဲ့သည်။ ခုတော့ သူသွားရှာပြီ။ သူနှင့်တူသော အစိတ်အပိုင်းလေးတစ်ခုကသာ မသေသေးဘဲ ကဘူးတွင်စောင့်မျှော် နေသည်။ အခန်းထောင့်တွင် ဘုရားရှိခိုးနေသော ရာဟင်ခန့်ကိုတွေ့သည်။ သူ ဘုရားရှိခိုးအပြီးကိုစောင့်ပြီးမှ ကဘူးကို သွားမည့်အကြောင်း ပြောပြလိုက်သည်။ မနက်ကျလျှင် ကော်ဝဲဇနီးမောင်နှံကို ဖုန်းဆက်ပေးပါရန် ကျွန်တော်မှာသည်။ ”သားအေမား၊ အေမားအတွက် ဆုတောင်းပေးနေမယ်” …………………………………………………….. ____________________________ အခန်း(၁၉) ”ကိုင်ဘာတောင်ကြားမှ ကြိုဆိုပါ၏” ဟူသော ဆိုင်းဘုတ်ကို ကျော်ဖြတ်လာစဉ် ခံတွင်းထဲ အရည်များပျို့လာသည်။ ကျွန်တော် ကားမူးပြန်ပြီ။ အစာအိမ်ထဲ ဗြောင်း ဆန်နေသည်။ ကျွန်တော့်ယာဉ်မောင်း ‘ဖာရစ်ဒ်’ က အေးစက်သောမျက်စောင်းတစ်ချက် ပစ်ထိုးလိုက်သည်။ သူ့မျက်လုံးထဲတွင် စာနာရိပ်မရှိ။ […]


alinsettJuly 21, 20121min2756
တာလီဘန်တွေ ဟက်ဆန့်ကို လမ်းပေါ်ဆွဲထုတ်-” ”ဟင့်အင်း” ကျွန်တော် အသက်ရှူမှားလာသည်။ ”ပြီးတော့ ဒူးထောက်ခိုင်းတယ်-” ”ဟာ … မဟုတ်ဘူး” ”ဟက်ဆန့်ကို နောက်စေ့ကနေ သေနတ်နဲ့ပစ်ချလိုက်တယ်ကွယ် -” ”ဟာ” ”ဖာဇာနာ အော်ပြီး အတင်းဝင်လုံးတော့ -” ”ဟာ” ”ဖာဇာနာကိုပါ ပစ်ချလိုက်တယ်။ မိမိကိုယ်ကို ကာကွယ်တာတဲ့။ နောက် တော့မှ သူတို့ပြောတာ -” ”ဟာ … ဟာ … ဟာ” …………………… …………………….. ……………………… _____________________________________________________________________ ”ဟက်ဆန့်ကို နောက်စေ့ကနေ သေနတ်နဲ့ပစ်ချလိုက်တယ်ကွယ် -” ”ဟာ” ”ဖာဇာနာ အော်ပြီး အတင်းဝင်လုံးတော့ -” ”ဟာ” ”ဖာဇာနာကိုပါ ပစ်ချလိုက်တယ်။ မိမိကိုယ်ကို ကာကွယ်တာတဲ့။ နောက် တော့မှ သူတို့ပြောတာ […]


ကျောင်းဆင်းခေါင်းလောင်းသံက စည်းချက်မကျ မြည်ဟီးလာသည်။ ကလေးငယ်တို့၏ နိုင်ငံတော်သီချင်းသီဆိုသံက သံပြိုင်ထွက်ပေါ်လာ၏။ တိတ်ဆိတ်ငြိမ်သက်နေသော ကျောင်းပတ်ဝန်းကျင်သည်လည်း ကလေးငယ်တို့၏ ဆူဆူညံအသံများကြား သက်ဝင်လှုပ်ရှားလာပါသည်။ ကျောင်းရှေ့သစ်ပင်ပေါ်မှ ဝုန်းကနဲ ထပျံသွားသော ခိုငှက်တစ်အုပ်နှင့် မြေပြင်ပေါ်မှ ကျောင်းသားအုပ်တို့ အပြိုင်ကျဲနေကြသလို ရုတ်ရုတ်သည်းသည်း ရှိလွန်းလှ၏။ သူ့ထက်ငါ ဦးအောင် ကျောင်းတံခါးဝတွင် စုပြုံတိုးနေကြသော ကျောင်းသားများ၏နောက်နားတွင် ဖိုးကျော် တစ်ယောက် တဖြည်းဖြည်းချင်း လိုက်လာနေပါသည်။ အမြန်မရောက်လျှင် အိမ်ကထွက်ပြေးတော့မတတ် တိုးဝှေ့နေကြသော ကျောင်းသူ၊ ကျောင်းသားများကို ဖိုးကျော် နားမလည်စွာ ငေးကြည့်နေမိသည်။ တစ်နေကုန် မိဘနှင့်ခွဲပြီး အိမ်အပြန်တွင်တွေ့ကြရမည့် သူများတွေဘဝကို စာနာမိသလိုလိုတော့ ဖြစ်မိ၏။ လာရောက်ကြိုနေသော မိဘများ၏လက်ကိုဆွဲပြီး ခုန်ပေါက်မြူးတူးစွာ ပြန်သွားကြသော အဖော်များကို အားကျစွာငေးမောရင်း ဖိုးကျော်တစ်ယောက် တလှမ်းချင်း လမ်းလျှောက်ပြန်လာခဲ့တော့သည်။ ×××××××××××××××××××××××××××× ဆယ်မိနစ်ခန့်လမ်းလျှောက်ရုံဖြင့် ဖိုးကျော်တို့ […]


alinsettJuly 19, 20121min2386
စိုးရက်ပ် လေးနှစ်သားအထိ စန်နိုဘားနေသွားတယ်။ တစ်မနက်မှာ စန်နိုဘား အိပ်ပျော်ရင်းမနိုးတော့ဘူး။ သေသွားပုံ သိပ်ငြိမ်းချမ်းတယ်။ သေတာကို မမှုတော့တဲ့ပုံမျိုး။ တောင်ကုန်းလေးပေါ်က သချႋုင်းမှာပဲ စန်နိုဘားကို မြှုပ်လိုက် ကြတယ်။ တလည်းပင်ကြီးအောက်မှာပေါ့။ အမေသေတော့ ဟက်ဆန်တော်တော် ခံစားရတယ်။ စိုးရက်ပ်က သာဆိုးသေး။ တစ်အိမ်လုံးပတ်ပြီး သူ့အဖွားကိုရှာနေတာ။ ဒါပေမယ့် ကလေးဆိုတော့ ကလေးပီပီ မေ့လွယ်ပျောက်လွယ်ပေါ့ကွယ်။ ……………………_________________________________________ တစ်အိမ်လုံးပတ်ပြီး သူ့အဖွားကိုရှာနေတာ။ ဒါပေမယ့် ကလေးဆိုတော့ ကလေးပီပီ မေ့လွယ်ပျောက်လွယ်ပေါ့ကွယ်။ အဲဒါ ၁၉၉၅ ခုပေါ့။ ရှိုရာဝီတွေ စစ်ရှုံးပြီးပြေးတာကြာပြီ။ ကဘူးကို မာဆွတ်ရယ်၊ ရာဘန်နီရယ်၊ မူဂျာဟစ်ဒင်တွေရယ် အပိုင်စီးထားတယ်။ အဲဒီ အင်အားစုတွေ ခွက်စောင်းခုတ်ကြတာ သိပ်ကြောက်စရာကောင်းတယ်။ ပြီးပါဦးမလား ဆိုတာတောင် ဘယ်သူမှမသိကြတော့ဘူး။ ဗုံးကြဲသံတွေ သေနတ်သံတွေဆိုတာ ကာကာတို့နားယဉ်နေပြီ။ အပျက်အစီးပုံထဲက […]


alinsettJuly 18, 20121min2566
”နေကောင်းရဲ့လား ကာကာ။ ကျွန်တော်တကယ်မေးနေတာ၊ နေကောင်းရဲ့ လား” ” တကယ်ပြောရရင် သေတော့မှာ” ဟု တဂွီးဂွီးမြည်သောအသံဖြင့်ပြောသည်။ နောက်တစ်ကြိမ်ချောင်းဆိုးပြန်ရာ လက်ကိုင်ပုဝါထဲ သွေးပိုများလာသည်။ ရာဟင်ခန်သည် ပါးစပ်ကိုသုတ်သည်။ ချွေးရွှဲနေသောနားထင်ကို အကျႌလက်စဖြင့် ဆွဲသပ်ပြီး ကျွန်တော့်ကို ဖျပ်ခနဲကြည့်သည်။ သူခေါင်းညိတ်ပြချိန်တွင် ကျွန်တော့် မျက်နှာပေါ်မှ နောက်ထပ်မေးခွန်းကို သူဖတ်ပြီးဖြစ်ကြောင်းသိရသည်။ ”သိပ်မခံတော့ဘူး” ဟု ရာဟင်ခန် လေသံဖြင့်ပြောသည်။ ”ဘယ်လောက်ခံမလဲ” …………………… …………………….. ……………………… ____________________ ”သိပ်မခံတော့ဘူး” ဟု ရာဟင်ခန် လေသံဖြင့်ပြောသည်။ ”ဘယ်လောက်ခံမလဲ” ရာဟင်ခန် ပခုံးတွန့်ပြသည်။ ချောင်းဆိုးပြန်သည်။ ”ဒီနွေအကုန်ကို မတွေ့နိုင်တော့ဘူးထင်တယ်” ”ကျွန်တော်နဲ့အတူ အိမ်လိုက်ခဲ့ပါ ကာကာ။ သမားတော်ကောင်းကောင်း ပြမယ်။ ဆေးပညာတွေ တချိန်လုံးတိုးတက်နေတာ။ ဆေးဝါးအသစ်တွေရှိတယ်။ ကုထုံးအသစ်တွေရှိတယ်။ ကာကာ့ကိုလည်း စာရင်းသွင်း-” […]


zaw winJuly 17, 20121min2399
– ငယ်စဉ်ခါက မိဘများကကျွေးမွေးပြုစု မြေတောင်မြှောက်ခဲ့ အရွယ်ရောက်လာ ကြင်ယာစုံတော့ သားသမီးတွေရလာပြန်ခဲ့ မိဘများက ကိုယ့်သားသမီး မြေးမြစ်များပေါ် သံယောဇဉ် ပူပင်ထားလျက်ရှိနေတုန်း – အိုမင်းလာပြန် မရှာဖွေနိုင် ကိုယ့်မှာလုပ်ကျွေး ကျေးဇူးဆပ်ဖို့လိုလာ မေ့လျော့ကာ ကိုယ့်သိုက်မြုံတွင်းကျင်လည်နေလျက် – ဘဝဆုံးလေပြီးမှ ကိုယ့်အလှည့်ကြုံလာ အော်-မိဘကျေးဇူး နေ့ခြားသိလာ “ရေစီးသာရှိ ရေဆန်မရှိပါ” ပြောစကား နောင်မှသိလာ ချိန်ခါမှီစောင့်ရှောက်ကြပါ။ မင်းသုတ 10:25 AM 13.2.2012


alinsettJuly 16, 20121min3905
နောက်တစ်ပတ်အကြာတွင် ပါကစ္စတန်နိုင်ငံတကာလေကြောင်းမှ လေ ယာဉ်ပေါ် ကျွန်တော်ရောက်ကာ ပြတင်းပေါက်ဘေးခုံတွင်ထိုင်ရင်း ယူနီဖောင်း ဝတ်လေယာဉ်အမှုထမ်းများကို ကြည့်နေသည်။ မကြာခင် လေယာဉ်ထွက်လာ နိုင်ခဲ့ကာ တိမ်လွှာထုကို ထိုးခွဲနေပြီ။ ကျွန်တော့်မှာတော့ ပြတင်းခေါင်းမှီလျက်သား အိပ်ပျော်အောင်စောင့်နေပါသော်လည်း အချည်းနှီး။…………….. ………………… ___________________________ အခန်း (၁၅) သုံးနာရီကြာ လေယာဉ်စီးပြီး ပက်ရှဝါကိုရောက်ပြီ။ ဆေးလိပ်ခိုးထောင်းထောင်း ထနေသော အငှားယာဉ်၏နောက်ဘက်ထိုင်ခုံ အစုတ်အပြတ်တွင် ကျွန်တော် ထိုင်လိုက်လာသည်။ ဆေးလိပ်ကို လက်ကမချတမ်းသောက်လာသော ချွေးထွက်သန်သည့် လူကောင်သေးသေး ယာဉ်မောင်းက သူ့အမည် ဂိုလမ် ဖြစ်ကြောင်းမိတ်ဆက်သည်။ ကားချင်းမတိုက်မိအောင် ပွတ်ကာသီကာ ရှောင်ရင်းတိမ်းရင်း ကားကိုသွေးအေးအေးနှင့် ဗရမ်းဗတာမောင်းလာသော ယာဉ်မောင်းသည် စကားကိုသာ အမျှင်မပြတ်ပြော လာသည်။ ”ခင်ဗျားတို့ တိုင်းပြည်မှာကတော့ ကြောက်စရာကြီးနော် … ကျွန်တော်ပြော မယ်၊ အာဖဂန်နဲ့ […]


alinsettJuly 14, 20121min2337
စမ်းသပ်မှုများပြီးသောအခါ ကျွန်တော်တို့စုံတွဲ အဘယ်ကြောင့် သားသမီး မရသည်ကို သူရှင်းမပြတတ်ကြောင်း ဖြေလေသည်။ ကြည့်ရသည်မှာ သိပ်ပြီးပုံမမှန် ဖြစ်ခြင်းမျိုးတော့မဟုတ်။ ဤပြဿနာကို ‘ဖြေရှင်းပြ၍မရသော သန္ဓေမအောင်ခြင်း’ ဟုခေါ်ဆိုသည်။ ________________________ ထို့နောက် ကုသခြင်းအဆင့်များ ရောက်လာသည်။ စိုးရာယာကိုယ်တိုင် မိမိကိုယ်ကို ဆေးပြင်းများ အတွဲလိုက်ထိုးခဲ့သည်။ ဤအဆင့် ကျရှုံးပြန်သောအခါ ဒေါက်တာရိုဆန်သည် ဖန်ပြွန်သန္ဓေသားကို အကြံပြုသည်။ ကုန်ကျစရိတ်ကို မဖာထေးပေးနိုင်ကြောင်း၊ ကံကောင်းပါစေကြောင်း၊ HMO မှ ယဉ်ကျေးသော စာတစ်စောင်ကို ကျွန်တော်တို့လက်ခံရရှိသည်။ ဧည့်စောင့်ခန်းတွင်ထိုင်ပြီး ရီဒါးစ်ဒိုင်ဂျက်စ်၊ အိမ်ထောင်ထိန်းသိမ်းမှု စသော မဂ္ဂဇင်းများကို လပေါင်းများစွာ ဖတ်ရှုနေခဲ့ရသည်။ မီးချောင်းလင်းနေသော စမ်းသပ် ခန်းပေါင်းများစွာ၊ ဆေးထိုးခြင်းများ၊ ထောက်စမ်းကရိယာများ၊ နမူနာစုဆောင်းခြင်းများ၊ သူစိမ်းတစ်ယောက်နှင့် ကျွန်တော်တို့၏ အိမ်ထောင်သည်ဘဝကို နှိုက်နှိုက်ချွတ်ချွတ် ဆွေးနွေးခဲ့ရသော ဟီရိဩတ္တပ္ပကင်းမဲ့သည့် ဆွေးနွေးခြင်းအမှုပေါင်းများစွာ […]