Mon LayDecember 14, 20162min2081
သင်ဟာ စာဖတ်ဖို့ စိတ်အားထက်သန်တဲ့ သူတစ်ယောက် ဆိုရင်Dublin မြို့က TrinityCollege စာကြည့်တိုက်ကို သွားရောက် လည်ပတ်သင့်ပါတယ်။ မယုံနိုင်လောက်အောင် ကြီးမားတဲ့ နှစ် ၃၀ဝ သက်တမ်းရှိတဲ့ Trinity College စာကြည့်တိုက်ကြီးဟာ ၁၇၁၂ ခုနှစ်ကနေ ၁၇၃၂ ခုနှစ် အတွင်း ဆောက်လုပ်ခဲ့တာ ဖြစ်ပါတယ်။ စာကြည့်တိုက်ကြီး ရဲ့ အကြီးကျယ်ဆုံး နေရာထဲက တစ်ခုကတော့ ၂၁၃ပေရှည်တဲ့ အပြောင်မြောက်ဆုံး ဗိသုကာပညာ နဲ့ဆောက်လုပ်ထားတဲ့ The Long Room လို့ခေါ်တဲ့ အခန်းဘဲ ဖြစ်ပါတယ်။ စာအုပ်ပေါင်း ၂၀၀၀၀ဝ ထက် သာလွန်ပြီး သိမ်းဆည်းနိုင်ဖို့ အတွက် ၁၈၅ဝ ခုနှစ်တွေ မှာ The Long Room ကို ချဲ့ထွင်မှုတွေ ပြုလုပ်ခဲ့ပါတယ်။ […]


Mon LayDecember 12, 20161min2787
အမေရိကန် *********** ကမ္ဘာ့အရှည်ဆုံး Highways လမ်းမ Pan American ရှိသော နိုင်ငံဖြစ်သည်။လမ်းမအရှည်မှာ မိုင်ပေါင်း (၂၀၀၀၀)ကျော် ရှည်လျားသည်။ အကျဉ်းသားများ (၂.၂) သန်းကျော်ရှိသော ကမ္ဘာ့ အကျဉ်းသား အများဆုံးရှိသော နိုင်ငံဖြစ်သည်။ ဘီနင် ****** ကမ္ဘာ့အမြွှာအများဆုံး နိုင်ငံဖြစ်သည်။လူဦးရေ (၁၀၀၀)တွင် အမွှာ (၂၈)ယောက်ရှိကြသည်။ ကနေဒါ ******** ကမ္ဘာ့ပေါ်ရှိ ရေကန်ပေါင်း၏ (၆၀%) တည်ရှိသော ကမ္ဘာ့ရေကန် အများဆုံး နိုင်ငံဖြစ်သည်။ ကော်စတာရီကာ *************** ကမ္ဘာ့ငြိမ်းချမ်းရေးတက္ကသိုလ်ကျောင်းရှိပြီး၊ အမြဲတမ်းစစ်တပ် မရှိသော နိုင်ငံဖြစ်သည်။ ဖင်လန် ******* ကျွန်းပေါင်း (၁၈၀၀၀၀)ဖြင့် ဖွဲ့စည်းထားသော ကမ္ဘာ့ကျွန်းအများဆုံး နိုင်ငံဖြစ်သည်။ ဖောက်ကလန်ကျွန်းနိုင်ငံ ********************** နိုင်ငံလူဦးရေထက် သိုးကောင်ရေများက အဆ(၂၀၀)ပိုများသော Sheep City […]


Mon LayDecember 6, 201614min5777
မြန်မာက သတ်မှတ်သော “ပင်လယ်ရေပြင်မျက်နှာပြင်” (Sea level) မှာ ကျိုက္ခမီတွင် “သုည” ဟု သတ်မှတ်ထားပြီးမှ တစ်နိုင်ငံလုံးကိုလိုက်၍ ယှဉ်ခြင်းဖြစ်သည်။ >> မိုက်တယ် ——————————————————————————————————————————- ဝိတိုရိယဘုရင်မကြီး၏ သရဖူမှ ပတ္တမြားငမောက်သည် မြန်မာနန်းစဉ်ရတနာဖြစ်သည်။ ထိုပတ္တမြားငမောက်အား (၁၈၈၅ခု၊ နိုင်ဝင်ဘာလ ၂၉ )နေ့တွင် မြန်မာနိုင်ငံမှ စလေဒင်က ယူဆောင်ပြီး ဆက်သထားခြင်းဖြစ်သည်။ ဧကရီဘုရင်မကြီးထံ ပေးပို့သည့် ပစ္စည်းများထဲတွင် သီပေါ၏ အကောင်းဆုံး သရဖူတစ်ခု၊ ဒုတိယသရဖူမှ မြကျောက်ကြီးသုံးလုံး၊ သရဖူထဲမှ ကျွတ်ကျသည့် ကျောက်အလွတ် ၈ လုံးထည့်ထားသည့် စက္ကအိတ်တစ်လုံး၊ စိန်ဒေါင်းရုပ်ပါသည့် ဘယက်တစ်ကုံး နှင့် ရွှေဘီးတစ်ချောင်းတို့ ပါသည်။ >>မွန်လေးတို ့ရဲ  ့ပတ္တမြားကြီးသူ တို ့ဆီရောက်နေတယ်။ ——————————————————————————————————————————- မြန်မာနိုင်ငရဲ့ အစွန်ဆုံးမြို့များမှာ […]


kaiDecember 2, 20164min3266
အရင်လတွေက Simple present, present progressive, present perfect, present perfect progressive တွေအကြောင်း အတော်အသင့်ဖော်ပြခဲ့ပြီးပါပြီ။ ယခုလမှာတော့ လူသုံးအများဆုံးဖြစ်တဲ့ Simple past tense ကို လေ့လာကြရအောင်။ simple past မှာ “be” ကြိယာတခုတည်း၌သာ “အနည်း singular-was နှင့် အများ plural-were ဆိုပြီး form နှစ်ခု ရှိပါတယ်။ကျန်တဲ့ ကြိယာအားလုံးမှာ simple past ၌ form တမျိုးသာ ရှိပါတယ်။ ကျန်တဲ့ကြိယာအားလုံးမှာ simple past ဟာ simple present ထက်အများကြီးပိုလွယ်တာပေါ့။ ဒါပေမယ့် simple past tense ကို လေ့လာလိုသူတိုင်းသတိထားဖို့က irregular verbs […]


alinsettNovember 22, 20161min87116
                    “မပြန်လမ်း”တဲ့လား – ပြန်ချင်စိတ်က အဓိကပါကွယ်… ——————————————————- (ရန်ကုန်-နေပြည်တော်- မန္တလေး အမြန်လမ်းကြီးနဲ့ ပတ်သက်ပြီး ပြောချင်တဲ့ ကိုယ့်အမြင်တွေ ရှိပါတယ်။ ဘယ်နှစ်ကြိမ်မှန်း မရေတွက်နိုင်အောင် ကိုယ်တိုင် ကားမောင်းပြီး ဖြတ်သွား ဖြတ်လာ လုပ်အပြီးမှာ … ဒီလမ်းကြီးနဲ့ ပတ်သက်ပြီး တွေးမိတာတွေ/မြင်မိတာတွေကို မှတ်တမ်းကျန်အောင် စာတစ်ပုဒ် ရေးထားခဲ့မယ်လို့ ဆုံးဖြတ်ပြီး ဒီစာကို ရေးပါတယ်။) ရန်ကုန်ကနေ နေပြည်တော်- ဒါ့အပြင် နေပြည်တော်ကနေ တောင်တွင်းကြီး-မကွေး-နတ်မောက်- မိတ္ထီလာ စသည်ဖြင့် မြို့တွေ မြို့တွေကို သွားတာရော ပြန်တာရောမှာ … နီးစပ်ရာ အလျဉ်းသင့်တဲ့နေရာကနေ အမြန်လမ်းပေါ်ကို ဖြတ်တက်ပြီး […]


KyaemonNovember 20, 201627min5824
————— Bank official: Rich should not deny dams to the poor 09/08/2006 (“Brazil ဆီက အတုယူစရာ”ကိုလဲအောက်နားမှာ တင်ပြထားပါကြောင်း) — ကမ႓ာ့ဘဏ်အရာရှိကဆို။။. ဆင်းရဲနိုင်ငံတွေကရေကာတာလုပ်တာကို ချမ်းသာနိုင်ငံတွေကလိုက် မ တားသင့်ပါ ၂၀၀၆ စက်တင်ဘာလ ၈ ရက် (ရှေ့ဆောင်းပါး # ၂၆ က John Briscoe လဲ ကမ႓ာ့ဘဏ် ရေဘက်ဆိုင်ရာအဆင့်မြင့်အကြံပေးအရာရှိပါ၊ခုGrey ပြောတာကဒီသဘောဘဲ)  —— Rich countries should not keep less developed ones poor by fashionable trends that oppose dams and water management infrastructure, […]


alinsettNovember 15, 20161min39610
၂၀၁၆ ခုနှစ်၊ နိုဝင်ဘာလ တစ်ရက်နေ့က စပြီး ရန်ကုန်မြို့ထဲမှာ ကားမောင်းသူတွေ ထိုင်ခုံ ခါးပတ် မပတ်ရင် အရေးယူ ဒဏ်ရိုက်မယ်။ အဲ့လို ကြေညာလိုက်ပြီးနောက် ဆယ့်ငါးရက်အကြာမှာတော့ ရန်ကုန်မြို့ထဲ မိန်း လမ်းမကြီးတစ်ခုပေါ်ကနေ မောင်းနေတဲ့ကားတွေကို တစ်နာရီလောက် ထိုင်ကြည့်နေမိတယ်။ ကားမောင်းသူ တော်တော်များများကတော့ ထိုင်ခုံခါးပတ်တွေကို ပတ်ထားကြပြီ။ အရင်တုန်းက ”စည်းမရှိကမ်းမရှိ ပစ်စလက်ခတ် မောင်းတယ်လို့ နာမည်ထွက်နေတဲ့ Taxi မောင်းသူတွေ”တောင်မှ ခါးပတ်လေးတွေ ပတ်ထားလျက်သား တွေ့ရတယ်။ (BRT ကလွဲရင် တခြား ဘတ်စ်ကား မောင်းသူတွေကတော့ ခါးပတ် မပတ်ကြဘူး။ ပတ်စရာ ခါးပတ်လည်း အဲ့ဒီဘတ်စ်တွေမှာ မပါလောက်ဘူး။ အင်မတန်မှ သက်တမ်းကြာမြင့်နေပြီဖြစ်တဲ့ ကားအို ကားဟောင်း အစုတ်ကြီးတွေကို မောင်းနေရတဲ့ ဘတ်စ် မောင်းသူတွေလည်း ဒဏ်ငွေရိုက်မှာ […]


DEPARKO DEPARKONovember 10, 20161min2060
မကြင်နာတမင်ခွာလို့စိမ်း လေယူရာယိမ်း မတိမ်းတတ်ပာဘူးခင် မြင်သည်ခဏ သည်ဘဝအတွက် တစ်သက်တာရည်စူး အချစ်ဦးမို့ပာဘဲ ရူူးတယ်လို့ဆိုချင်ဆို အပျိုမြင်တိုင်း မျက်လုံးရိုင်းနဲ့ကြည့် မရှိစေရပာဘူးသခင် သခင့်အလိုကျ ထားရာနေစေရာသွား ချစ်သူ့အပားမှာနေ ချစ်သူ့စကား မြေဝယ်မကျနားထောင် ဒာကိုေတောင်မှ အပြစ်ပေး အနေဝေးစေတဲ့ ချစ်သူအပြစ်မယူလိုပာဘူး ရူးတယ်လို့ဆိုချင်ဆို သက်ကြားအို မငိုတတ်တော့ပေမည့် ချစ်သူပေးတဲ့အပြစ် အချစ်များစွာနဲ့လက်ခံ နောက်ထပ်ဆက်ရန်မရှိတော့ပြီမို့ အနောက်တောင်ဆီမှာမိုးေေတွေညိုနေပြီခင်


ငါ့ နွားကို ငှားပြီး  ခိုင်းလိုက်တာများ တစ်နေကုန်ပဲ နွားကိုယ် မောလို့ ဘာရမလဲ ငါလဲ သူ့လှေကိုငှားပြီး တစ်နေကုန် မောအောင် လှော်ပစ်လိုက်တယ်…………။


padonmarOctober 24, 20162min5998
တနင်္လာနေ့ “သမီးရေ၊အေးမ၊ထတော့လေ၊ညည်းတူတွေ တူမတွေ ရွှေဇင်မင်း မနက်ကားနဲ့ ပါလာမယ်တဲ့။ ကလေးတွေစားဖို့ ဈေးစောစောသွားလေ။ သူတို့ကို ဝါးခယ်မရောက်တုံး ဝါးခယ်မစာတွေ ကျွေးရမယ်။” “အမေကတော့လေ၊သူ့မြေးတွေဖို့ဆိုတော့ ဝီရိယကောင်းပြီ။အခုမှ ၆နာရီပဲ ရှိသေးတာ။” “ညည်းတို့ ကျောင်းနေတုံးကလည်း ရန်ကုန်ကျောင်းပိတ်လို့ ပြန်လာတယ်ဆိုရင် မင်းဆန်းသင်္ဘော မဝင်ခင် ကျုပ်ဈေးပြေးပြီး ဝယ်ခဲ့တာပါပဲတော်။” “ဟုတ်ပါတယ် ချစ်မာမီရယ်။ အဲဒီတုံးက ဝိုင်ယာလက်တိုင်မြင်ရင်ကို အိမ်ရောက်ချင်စိတ်က ပိုကဲလာရော။အမေချက်တဲ့ ပုဇွန်ဟင်းမျိုးစုံ စားရတော့မယ်ဆိုပြီးလေ။” “အေးအခုလည်း ငါ့မြေးတွေ ပုဇွန်ပေါတဲ့ ဝါးခယ်မလက်ရာတွေ စားရအောင် စောစောသွားဝယ်ပါသမီးရယ်။” “ကောင်းပါပြီ မာမီမာမားချစ်မေမေရေ။” “အမေရေ၊ ကလေးတွေ ကံကောင်းတယ်။ ပုဇွန်ထုပ်တွေ ရလာတယ်။ အကောင်ကြီး ၂ကောင် မီးဖုတ်ပေးမယ်။ အမေ့မြေးအငယ်မက ပုဇွန်လက်မ ကိုက်စားရတာ သိပ်ကြိုက်တာ။” “သမီးရေ၊လက်မလောက်ကောင်တွေတော့ ခေါင်းဖြတ်ပြီး ပြုတ်လိုက်နော်။ […]


alinsettOctober 24, 20161min41810
“ဒေါသတကြီး တရားပြရှာတဲ့ ကိုယ်တော်” —————————————————————————————————————————————————- ရုံးပိတ်ရက်မို့ ကိုယ်ရေးကိုယ်တာ ကိစ္စတစ်ခုကြောင့် ရန်ကုန်မြို့အစွန်ဘက်ကို ဘတ်စ် စီးပြီး ကိုယ် … ထွက်လာခဲ့တယ်။ ရန်ကုန်မြို့တွင်း ဘတ်စ်တို့ ထုံးစံအတိုင်း ကားကစုတ် လမ်းကပျက်တော့…အိပဲ့အိပဲ့။ အဲ့ဒီအခြေအနေကြားမှာကိုက ဘတ်စ်မောင်းသူတို့ ထုံးစံအတိုင်း အတင်းတိုးဝင်၊ အတင်းထိုးထွက် ကျော်လိုက်၊ ခွလိုက် ဆဲလိုက်၊ ဆိုလိုက်… မောင်းနှင်လာရာနောက်…ကိုယ်လည်း ကိုယ့်ထုံးစံအတိုင်း ဟိုဒီ ကြည့်ရင်း လိုက်ပါလာခဲ့တယ်။ မင်္ဂလာဒုံအကျော်….ထောက်ကြန့်နား ရောက်ခါနီးကျတော့ မှတ်တိုင်မဟုတ်တဲ့တစ်နေရာမှာ ထိုးရပ်လိုက်တယ်။ ဆင်းမယ့်သူ မရှိဘဲ ဘာလို့ ရပ်ပါလိမ့်လို့… တွေးပြီး အကဲခတ်လိုက်တော့…. ကိုယ် စီးလာတဲ့ကားရဲ့ အရှေ့မှာ ဘတ်စ်တစ်စီး ရပ်ထားတယ်။ အဲ့ကားပေါ်ကနေ ခရီးသွားလာသူတွေ…ပြုံတိုးပြီး..ဆင်းလာကြတယ်။ အော်… ရှေ့ကားက ပျက်သွားလို့ပေါ့လေ။ နှစ်စီးကို တစ်စီးတည်းမှာ ပေါင်းရတော့ […]


alinsettOctober 21, 20161min42012
”ကျွန်တော် အသက် ကြီးပြီ” ————————————————— လွန်ခဲ့သော နှစ်တွေတုန်းက ကျွန်တော့်မှာ ပြဿ နာတွေ များပြားလှစွာ ရှိခဲ့သည်။ ကိုယ် မိုက်မဲဆိုးသွမ်းသောကြောင့် တက်လာသည့် ပြဿ နာများ မဟုတ်ဘဲ တစ်မိသားစုလုံးနှင့် ဆိုင်သည့် မိသားစုပြဿ နာများ၊ အိမ်တွင်းရေး ပဋိပက္ခများသာ ဖြစ်ပါသည်။ ထိုစိတ်ညစ်စရာ အခြေအနေများကို ၂ နှစ်ကျော် ၃ နှစ်နီးပါး ရင်ဆိုင်ရသောအခါ ကျွန်တော့်မှာ သွေးရူးသွေးတန်း ပြေးထွက်သွားပြီး စိတ်ဖြေသိမ့်ဖို့ရာ နေရာများ ရှိရန် လိုအပ်လာခဲ့သည်။ ထိုနှစ်များအတွင်း မိဘ မောင်နှမများ ပါဝင်ဖွဲ့စည်းထားသော မိသားစုနှင့် ဝေးရာကိုသာ ပြေးထွက်သွားချင်သည့်စိတ်ဖြင့် တကယ်လည်း ပစ်ခွါ ထွက်သွားခဲ့ဖူးသည်။ အထူးသဖြင့် သီတင်းကျွတ်လိုမျိုး မိသားစု စုံညီစုဝေးမည့်ကာလတွေမှာ ကျွန်တော် အိမ်မှာ ရှိမနေတော့ပေ။ […]


alinsettOctober 12, 20161min4627
US သို့ ပေးစာ _______________________________ ရွာက သူကြီးတစ်ယောက် အမေရိကားဆိုတဲ့တိုင်းပြည်ကြီးကို ထွက်သွားလိုက်တာ ကြာပေါ့။ အချိန်ကြာလာတာနဲ့အမျှ ကျုပ်တို့ တိုင်းပြည်မှာလည်း ပြောင်းလဲမှုတွေရော မပြောင်းလဲသေးတာတွေရော အသီးသီး အသက အသက ပေါ့။ ကျုပ်တို့ သူကြီးကို သတိရခြင်းများစွာနဲ့ စာရေးလိုက်ပါတယ်။ တစ်လက်စတည်း ကျုပ်တို့ တိုင်းပြည်ရဲ့ လက်ရှိအခြေအနေတွေထဲက တချို့ကိုလည်း ပြောပြရအုန်းမယ် သူကြီးရေ။ ————————————— ကျုပ်တစ်ယောက်. . . ပုဂံ-ညောင်ဦးဘက်ကို (အလည်အပတ်မဟုတ်တဲ့)ခရီးတစ်ခု ထွက်ဖြစ်ရာက…စတဲ့ ပြဿနာ ဆိုပါစို့။ ဒီခရီးစဉ်ဟာ လေ့လာရေး ခရီး မဟုတ်ဘူးလို့ ပြောလို့ ရသလို…လေ့လာရေး ဟုတ်တယ် လို့လည်း ပြောလို့ ရနေပြန်ရော..။ ဘာကြောင့်ဆို… မကွေးတိုင်းနဲ့ မန္တလေးတိုင်းအတွင်းမှာ ရှိတဲ့ ဝေးလံခေါင်သီတဲ့ ရွာကလေးတွေဆီ သွားပြီး… […]