ムラカミJune 3, 20141min151730
  ဇွန်ရောက်ပြီလေ… (ဇွန်သင်ဇာ ရောက်လာခြင်းမဟုတ်ပါ) ကျောင်းတွေ ပြန်ဖွင့်ပြီ ..   သည်၂ရက်အတွင်းတော့ ..သားတော်မောင် အတွက် ဗလာစာအုပ်တွေ အဖုံးဖုံးပေးရင်း ငယ်ဘဝကို ပြန်အောက်မေ့မိရဲ့ …. ကျနော် စာအုပ်ဖုံးသမား ပေါ့ဗျာ….။   ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~       ဟုတ်တယ်.. ငယ်တုန်းက ပြည်တွင်းဖြစ်ကို အားပေး ဆိုသော ဆိုရှယ်လစ် လက်ကျန် အမွေဆိုးကြောင့် ..ဗလာစာအုပ်တွေမှာ စာရွက်အသား မကောင်းသလို အဖုံးကလည်း ချာတူးလန်သည်.. သည်တော့ … နှစ်မကုန်ခင်မှာပင်… စာအုပ်တွေ အဖုံးနှင့်ကိုယ်ထည်ကျွတ်ပီး ခွံကွာရေလန် ဖြစ်ကြရ၏။ ဂျေဗီ ဘလားဘလား တွေ မှတ်မိ စိတ်နာသေးသပေါ့ဗျာ.. သည်တော့ မိဘများက ဗလာစာအုပ်မှန်သမျှ အဖုံးဖုံးခိုင်းလေတော့သည်။   ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~   ဦးလေးတွေ အဒေါ်တွေ […]


Phoe MyinttarJune 2, 20141min4227
အားလုံးပဲမင်္ဂလာပါဗျာ ကျနော်ဖိုးသစ္စာပါ password မေ့သွားလို့ ဖိုးမေတ္တာ လို့ ပြန်ဝင်လိုက်တာပါ သဂျီးကို မေးပို့ပြီး အကူအညီတောင်းဖို့ အကြံပေးပါတယ် ဒါပေမယ့် အလုပ်မရှုပ်စေချင်လို့ပါ ဖိုးမေတ္တာပဲခေါ်ခေါ် ဖိုးသစ္စာပဲခေါ်ခေါ် ကျနော်ပါ (အားလုံးအတွက်ခွင့်လွတ်ပေးပါဗျာ လို့ အရင်ဆုံးတောင်းပန်ပါရစေ) ကျနော်ရွာထဲမရောက်တာ အတော်လေးကြာခဲ့ပါပြီ ….. ထပ်မံတောင်းပန်ပါတယ်ဗျာ   ကျနော်အမှတ်တရဆိုပြီး ခေါင်စဉ်လေးတပ်ထားပါတယ် ကျနော်တို့ ရွာသားတွေနဲ့အတူတူ သွားဖြစ်ခဲ့တဲ့ တွံတေးအောင်မင်္ဂလာမိဘမဲ့ဂေဟာကို ကျနော် အဖွဲ့တစ်ခုနဲ့ ပြီးခဲ့တဲ့စနေနေ့က ရောက်ရှိခဲ့ပါတယ် ဘုန်းတော်ကြီးများကိုဆွမ်းကပ်ခြင်း၊ ခလေးတွေကို နေ့လည်စာ ထမင်းတစ်နပ်ကျွေးခဲ့ကြပါတယ်။ ကျနော်ကတော့ တစ်နှစ်ကို သုံးခေါက်လောက်တော့ ရောက်ဖြစ်ပါတယ် တစ်ခါမှမရောက်ဘူးသူတွေလည်း ပါလာပါတယ် သူတို့ကို ကိုယ်သိသလောက် ကျောင်းနဲ့ပါတ်သက်လို့ ပြောပြပေးရင်း ကျနော်ဘုန်းကြီးကျောင်းအတွက် လုပ်ပေးချင်ခဲ့တာလေး တစ်ခုကို ပြောပြခဲ့ပါတယ်…..   ဘုန်းတော်ကြီးကျောင်းကို  အသက်အရွယ်ကြီးငယ်အစုံ၊ […]


alinsettJune 2, 20141min63614
  မိုးရာသီအစမှာ … ဖတ်စရာစာအုပ်ကောင်းလေးတွေနဲ့ ဇိမ်ရှိရှိနေမယ်လို့ စိတ်ကူးမိသူတွေအတွက်လို့ ဆိုရမလား. . . အလုပ်နဲ့ မိသားစုကြားမှာ ရတဲ့အချိန်လေးထဲက ဖဲ့ပြီး စာဖတ်ချိန်ကို လုနေရသူတွေအတွက် လို့ပဲ ဆိုရမလားပေါ့. . . ဘာပဲဖြစ်ဖြစ် . . . ဘယ်လို စာဖတ်သမားအတွက်ပဲဖြစ်ဖြစ် စာအုပ်ကောင်းလေးတစ်အုပ်စ နှစ်အုပ်စ ညွှန်းပေးလိုက်ခြင်းဟာ… စာအုပ်စာပေ စိတ်ဝင်စားသူတွေအတွက် အထောက်အကူတော့ ရမှာသေချာပါတယ်လေ။ ဒါကြောင့် ကျွန်တော် ဖတ်ဖြစ်သမျှထဲက အခုလတ်တလော ညွှန်းပြချင်တဲ့စာအုပ်ကလေးကို ဖတ်ကြည့်ပါလို့ တိုက်တွန်းပါရစေ။ ———— ကျွန်တော် အခု အချိန်မှာ စိတ်ဝင်စားနေတဲ့စာရေးဆရာ ရေးထားတဲ့စာအုပ်ပါ။ စာအုပ်နာမည်က . .  ‘‘ရွေးချယ်မှုနှင့် စိတ်ဆန္ဒ”တဲ့ ။   ရေးသားပြုစုသူကတော့ . . […]


KyaemonJune 2, 201414min3985
ယူနန်မှရိုးရာသင်္ကြန်ကိုဆက်လက်ပြီးလေ့လာရအောင်၊   မြင်တဲ့အတိုင်း ပုံတွေက အနှစ်နှစ်နဲ့ နေရာတကာမှဖြစ်တာပါ —- နေကြာပန်းပွင့်ကြီးလိုဖြာထွက်နေတဲ့ပုံက “ထီး” ပုံစံကြီးပါ၊ လူတွေကရောင်စုံဝတ်ပြီး၊ထီးရောင်စုံတွေကိုင်ကာ တခမ်းတနား “က” နေကြတာ။ —- ၂၀၁၃ ကကျင်းပတဲ့ Xishuangbanna စစ်ရှောင်ဘန္နား ထိုင်း/ရှမ်းလူမျိုးစု ကိုယ်ပိုင်အုပ်ချုပ်ရာဒေသ Jinghong ဂျင်ဟောင်မြို့ကသင်္ကြန်ပွဲပါ   ——       ——— ချက် မ ကိုကြည့်ချင်ကြတဲ့ပရိသတ်ရဲ့အကြိုက်         ထီး ပုံစံ ဒီဇိုင်းကြီး မှ ရှမ်းအမျိုးသား/သမီး တို့ရဲ့ထီး အ “က” ကိုအနီးကပ်မြင်ရ   — —— တိုင်မ်း စာဆောင်မှ “ဒီတပတ်ကထူးခြားဓာတ်ပုံတွေ” အနက် ၂၀၁၄ ခု ဧပြီလ […]


ဟုတ်ကဲ့။ ထင်တဲ့အတိုင်းပါဘဲ။ ဂျူးးပါ။ မနေ့က သူငယ်ချင်းက ပေးလိုက်တဲ့ စာအုပ်လေး။ “ဆုံနေရက် နဲ့ လွမ်းလေခြင်း” တစ်ခြားဟာသာ အချိန်ဆွဲချင်ဆွဲမယ်။ ဒါမျိုးကျ နှောင့်နှေးမှုမရှိ။ ကလေးတစ်ယောက် ကို သူ့အသက် ရနှစ် အထိအတွင်းမှာသာ ကိုယ်လိုချင်တဲ့ ပုံစံ သွင်းနိုင်တယ် ဆိုတဲ့ အယူအဆ အတွေးအခေါ်လေး ကို အခြေခံထားတဲ့ ဇာတ်လမ်း။ ဖတ်ပြီးချိန် ပြောချင်တဲ့ အကြောင်းတွေ  ကြိုက်တဲ့ စကားတွေ နဲ့ စာမျက်နှာတွေ အများကြီး။ စာပြန်မရိုက်နိုင်တော့ ပုံတွေ အဖြစ်တင်လိုက်တယ်။ Space အတွက် Sorry ပါ သူကြီးမင်း။ သူများတွေဖတ်ပြီး မေ့လောက်ချိန်မှ တရေးလာနိုးနေတာပါ။   မြန်မာ့ ကလေးကဗျာ တွေ ရဲ့ အင်အားရှိမှု တွေ၊ မရောက်ဖူးတဲ့ […]


alinsettMay 31, 20141min75226
နိုင်ငံရေးတို ့ ဘာသာရေးတို့ ပညာရေးတို့ကို မောင်သူရ ပါးစပ်က မပြောမိအောင်နေပါတယ် ။   အဲဒါတွေပြောမိရင် မောင်သူရ ပါးစပ်ထဲက တစ်တစ်ခွခွစကားလုံးတွေပဲ ထွက်လာတတ်လို့ပါ။   နားဝင်ချိုအောင် မပြောနိုင်မယ့်အစား ကိုယ့်ဘာသာကိုယ် . . . ရသ အနုပညာနယ်ပယ်ထဲမှာပဲ အေးအေးဆေးဆေးနေ နေတာပါ။   ဒါပေမယ့် အခုတော့ . . . မပြောရ မနေနိုင်လောက်အောင် လျှာက ယားလာပြီမို့ အယားပြေ နည်းနည်းလောက် ပြောရတော့မှာပဲ။   မောင်သူရတို့ တိုင်းပြည်ဟာ အသံတော်တော်ကျယ်တဲ့ တိုင်းပြည်ပါ။   ဒဲ့ ပြောရရင် ”အသံကောင်းတွေ ဟစ်နေတာပဲ ကြားနေရပြီး တကယ့်တကယ်လက်တွေ ့မှာ တော့ ဘာမှ မဖြစ်စလောက်နဲ့ပါ။   […]

yw3b7-600x427.jpg

KyaemonMay 26, 20148min7188
တရုပ်နိုင်ငံ ယူနန်ပြည်နယ်သင်္ကြန်ပွဲရဲ့ အဆက်ပါ၊ ယူနန်ရိုးရာသင်္ကြန်ကိုဆက်လက်ပြီးလေ့လာရအောင်၊     — ၂၀၁၃ သင်္ကြန်ပွဲအတွက်Mangshi မန်ရှီ ဒေသက လူတွေ တောထဲကိုဝင်ပြီး အပင်တွေလိုက်ကောက်၊ ပျော်ပျော်ရွှင်ရွှင်ပါ၊ —– ရှမ်းအမျိုးသမီး ထမိန်တွေကFashion ဖက်ရှင်လို တရောင်ထဲ ဝတ်ဆင်လာကြတာ၊ ဖောင်းကြွပန်းပွင့်တွေနဲ့   တောက ထူထပ် နက်ရှိုင်းပြီး၊ တောရှုခင်းက ဆိတ်ငြိမ်သာယာ   —- ၂၀၁၃ သင်္ကြန်အတွက် ဒေဟောင်Dehong ဒေသက လူတွေလဲ တောထဲကိုဝင်ပြီး အပင်တွေလိုက်ကောက်     http://www.chinaculture.org/chineseway/2013-04/18/content_456042.htm —– —– ၂၀၁၃ သင်္ကြန် Mangshiမန်ရှီ ဒေသက အပင်တွေလိုက်ကောက် အဝတ်အစား ဘိနပ်ကပါ မဆိုးလှပါ၊ ဝယ်နိုင်တတ်နိုင်ပုံရတယ်     —– ၂၀၁၃ […]


alinsettMay 26, 20149min105024
၁ ။ ။ စာအကြောင်း ပေအကြောင်း တွေးမိတွေးရာလေးတွေ ချရေးကြည့်ပါမည် ။ ကျယ်ကျယ်ဝန်းဝန်း မပြောနိုင်သေးခင်. . .ရသလောက် / တတ်သလောက် တွေးမိသလောက်ကို တီးကြည့်ခေါက်ကြည့်လျှင်လည်းအကျိုးရှိလိမ့်မည် ဟု နှလုံးသွင်း၍ ရေးပါသည် ။ သည်းခံ၍ ဖတ်ရှု လေ့လာပေးကြမည့် စာချစ်သူ မိတ်ဆွေများကို အထူး အထူး ကျေးဇူးတင်ပါသည် ။ —————————— ၂ ။ ။ မြန်မာစာ/မြန်မာစကား. . . ထို့ထက်ပို တဆင့်တက်၍ မြန်မာကဗျာ အကြောင်း ပြောကြည့်ဆိုကြည့်မည် ကြံတိုင်း ”ကာရန်”ဆိုသောအရာကို ထည့်ပြောချင်လာသည် ။ ကျွန်တော်တို့ ဘာသာ/စကားထဲမှာ. . .”ကာရန်”ဆိုသော အရာ ရှိနေ၍ ပြောရခြင်းဖြစ်သည် ။ ထို့အပြင် ”ကာရန်”သည်. […]


ေရႊညာသားMay 23, 20141min82422
ညီလေးရေ   ကိုယ်က ရွာထဲကို မဝင်ဖြစ်ပေမဲ့ နေ့တိုင်းလိုလို ဝင်ကြည့် ဝင်ဖတ်တဲ့အထဲမှာ ပါပါတယ်။ဒီကြားထဲ အလင်းဆက် တို့ စာရေးကောင်းတဲ့ ကိုခေါင်တို့ စကြနောက်ကြ ရေးကြတာတွေကို ဖတ်ပြီး သိပ်အားရတာပဲ။ ဒီကြားထဲ ဘလက်ကြီးရဲ့ ချိုပေါ့ကျ ကို စောင့်ဖတ်ရတာ အနှစ်သက်ဆုံးပဲ ။ ခက်တာက နေ့တိုင်းကို ချိုပေါ့ကျ ကိုဖတ်ချင်တာ ။ဖတ်ခွင့်မရတာ ဒုက္ခတစ်ခုပါပဲ ညီလေးရေ ဒီတော့ အာသာပြေ ညီလေးတို့ လုပ်တဲ့ ကဗျာပြခန်း သိပ်ကြိုက်တာပေါ့။မကြာခဏဝင်ဖတ် ခံစား ကြည့် နောက် လိုချင်တာလေးတွေ ကူထား။ ဒီအချိ်န်မှာ ကဗျာပြခန်းရပ်တော့မယ်ဆိုတော့ ရင်ထဲမှာ သိပ်မကောင်းတော့ဘူး။ခံစားကြည့်ရတာ အလင်းဆက် ထက် မပိုရင်တော့ မလျှော့တာတော့သေချာတယ်။ RASU ထဲမှာ ကဗျာ ဆောင်းပါးလေးတွေ နံရံကပ် […]


ဇီဇီMay 22, 201430min1755114
  တဂျီးကို ခေါင်းစဉ်တပ်လို ဆဲစာလို့ မမှတ်ကြပါနဲ့နော်။ အဟီးဟီးဟီးးးးး ဒီ ရွာသူ ရွာသားတွေရဲ့ ကလောင် နာမည်တွေကို တဂျီး ဆီ ကလင်ကလင် ဖုန်းဆက်လိုက်ရင် ကလက်တက်တက် ဖြစ်မစိုးလို့ ပို့(စ) တင်လိုက်တယ်။ 😀                                        လက်လှမ်းမှီသလောက် တော့ လိုက်မေးထားပါတယ်ဗျာ။ ရွာထဲမှာလည်း သိပ်မခင်၊ အီးမေးလည်း မရှိ၊ ဖဘ လည်း မသုံးဖြစ်တဲ့ မမ်ဘာတွေ ကျန်ကောင်းကျန်ပါလိမ့်မယ်။  တစ်ချို့ကတော့ ကျနော့ ကို စပ်စုတယ်မှတ်လားမသိ၊ ဟစ်ဟစ်။   :mrgreenn: ပို့(စ) ရေးဖို့ ဒေတာ စု တာက လွဲရင် သူများအကြောင်း မစပ်စုပါ။  နားပဲ စွင့်ပါတယ်။ ဟေးဟေးဟေးးးး 😉   ဒီ ပို့(စ) ရေးဖို့ […]


ရွာအပြန် မှာ ရွာသူ/သား တွေနဲ့ မိတ်ဆက်ပေးဖို့”မယ်မုတ်ဆိတ်” လေး ကို လက်ဆွဲခေါ်တော့လာတာဘဲ။ သို့ပေသည့် ရွာမဝင်ဖြစ်တာကြာပြီ မို့ ခဏလေး ဝင်ချောင်းလိုက်ရင်း အလွမ်းသယ်နေ လိုက်တာ နဲ့ မိတ်ဆက်ပေးဖို့ အချိန်ကို မရလိုက်ခဲ့ဘူး။ ပျောက်သွားလို့ အခုမှ မနဲ ဒရွတ်ဆွဲပြန်ခေါ်လာရတာ။   “မယ်မုတ်ဆိတ်” ကို မိတ်ဆက်ပေးရရင်ဖြင့် သူ့နာမည်ရင်းက “Tom” (Thomas)။ ပြိုင်ပွဲမှာ “Conchita” လို့ မိန်းကလေးနာမည်ယူထားပါတယ်။ သူ က ဒီနှစ် ဥရောပသီချင်းပြိုင်ပွဲ (Eurovision) မှာ “Rise Like a Phoenix” ဆိုတဲ့သီချင်း နဲ့ သရဖူဆောင်း ပထမဆုရသူပါ။   Eurovision အတွက် မတ်လ၊ ဧပြီလတွေကစလို့ စပြီး ပြင်ဆင်ကြပါတယ်။ […]


alinsettMay 20, 20142min89435
မောင်သူရဆိုတဲ့ ချာတိတ်ကလည်း မနေနိုင်မထိုင်နိုင်နဲ့ ဟိုတွေးဒီတွေး လျှောက်တွေးတတ်တာ။ ဟိုနေ့ကလည်း  မတော်တရော်မြင်ကွင်းတစ်ခုကို မြင်ပြီး ……………   ဟိုထောင့်ဒီထောင့်ကနေ ရှာကြံတွေးမိရာက စပြီး ဒီစာတစ်ပုဒ် ထွက်ကျလာတယ်ဆိုပါတော့။ ———— အဲဒီနေ့က ညနေ ရ း ဝဝ လောက် . . . မောင်သူရ အလုပ်ကအပြန် . . . မရမ်းကုန်းမြို့နယ်ထဲက အထင်ကရ မီးပွိုင့်ကြီးတစ်ခုမှာပေါ့ဗျာ။ အဲဒီ မတော်တရော် သရော်ချင်စရာ အဖြစ်ကြီး ထ ဖြစ်တာဗျ။ အဲဒီ အဖြစ်မျိုးကို ရန်ကုန်မြို့က မီးပွိုင့်တော်တော်များများမှာ လူတော်တော်များများ မြင်ဖူးကြမှာပါ။ မြင်ရလွန်းလို့ ရိုးတောင် နေပြီလားမသိ ။ ဒါပေမယ့် အဲဒီလို …. အရေးပေါ်လူနာတင်ယာဉ်တွေ တကယ်အရေးကြီးလို့ ပျာတီးပျာတာ […]


ဇီဇီMay 19, 20144min91841
  ယောက်ခမ၊ ယောက်ခမ၊ ဟေ။ ဟင့်။ ယောက်ခမွသဲကို ခေါ်တာဟုတ်ဘူးးး။ ယောက်ခမ ဆာကိုခေါ်တာ။ :mrgreenn:     ဟိ။ ဒီရောက်ပြီးကတည်းက တော်ထားရတဲ့ ယောက်ခမတွေ အများကြီး’းးး ယောက်ခမ ဆာကို နားပူနားစာပြောထားတာကြာပြီ။ စာရေးထားတာတွေ ပျောက်သွားတယ်ဆိုလို့ ဒီ အချိန်ထိ စောင့်ခဲ့ရတာ။ ဆက်ကြည့်သွားပါဦးးး စောင့်ရကျိုးနပ်မှာပါ။ ဒီတစ်ခါ တော့ ထမင်းဆိုင်ကားကြီးနဲ့ နေရာ အနှံ့လှည့်လည်ရင်း တစ်ရွာ တစ်ကျီဆောက် (အဲလေ) တစ်ရွာ တစ်ပုဒ်ဆန်း ဟင်းများကို ချက်မှာမို့ ဘရိုက်တီကွတ် ဆာဆာနောက်က လိုက်ကြပါစို့။ ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~ ဝါဆိုဝါခေါင်မှာကွယ် ~~~ ရွှေမိုးလေးတွေညိုတော့ ~~~ ဒဂျိ ဒဂျိ ပါကွယ် ~~ အိုးးးးးး ရွှေမိုးလေးက ညို တယ် […]