Mon LayApril 30, 20191min46940
နို်င်ငံခေါင်းဆောင်ဆိုတာ..ဒီလိုဖြစ်နေရမယ်..အရမ်းကြီးပညာတတ်စရာမလိုပေမဲ့. ကိုယ်က အင်္ဂလိပ်စကားကို one by one ပြောနိုင်ရမယ်။ ဒေါ်စုကတော့ ပညာပါတတ်တော့ ပိုကောင်းသွားတာပေါ့။..အဲဒါမှ ပြောချင်တဲ့ လျှိ့ဝှက်ချက်ကိုတူနှစ်ကိုယ်ပဲ ပြောနို်င်မှာ။ ကြားလူကစိတ်ချရလားမရလားမသိ…။လေးစားပါတယ် ဒေါ်စု.


kaiApril 27, 20191min3212
နှစ်သစ်ကူးမှာ အားလုံးပျော်ရွှင်ကြည်နူးကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။ မြန်မာပြည်ကို တကယ်လွမ်းစရာအချိန်မျိုးပေါ့နော်။ သင်္ကြန်ရက်ဆိုတော့ လူကြီးတွေရော၊ ကလေးတွေပါ အထူးပျော်မြူးကြတဲ့ အချိန် အခါမျိုးပါ။ ဥပုသ်စောင့်သူတွေက စောင့်ကြ ဘုန်းကြီးကျောင်းသွားသူတွေက သွားကြ ၊ရေပက်သူတွေပက်ကြ၊ ရေပက်ခံသူတွေခံကြနဲ့ သိပ်ပျော်စရာကောင်းတဲ့ အချိန်မျိုးပါ။ ဒီလိုအချိန်မျိုးမှာ ဦးနှောက်စားစေမဲ့ paragraph လေးတွေကို ခေတ္တရပ်ထားပြီး ပျော်စရာကောင်းတဲ့ နှလုံးသားရှိသူတိုင်းခံစားနိုင်မယ့် ကဗျာလေးတွေ ရေးကြရအောင်။ နောက်လကြမှ paragraph လေးတွေအကြောင်း ပြန်ဆက်ကြတာပေါ့။ အလွယ်ကူဆုံးဖြစ်တဲ့ Haiku လို့ ခေါ်တဲ့ ဂျပန်ဘာသာကလာတဲ့ ကဗျာတိုလေးတွေကို နမူနာယူပြီး Haiku လ ိုရှုပ်ရှုပ်ထွေးထွေး syllable ဘာတွေထည့်မတွက်တော့ဘဲ Line 3 lines ကဗျာလေးတွေ ရေးကြရအောင်။ အဓိကရည်ရွယ်ချက်ကတော့ paragraph တို့ essay တို့ ရေးတတ်ဖို့ပေါ့။ […]


Mon LayApril 20, 20191min70580
ကိ်ုယ်တို့ရန်ကင်းစင်တာကို ပျင်းစရာကြီးပါကွာ..#citymart ကလွဲပြီးဘာမှမရှိဘူးလို့ပြောသံတွေကြားကြားနေရတယ်😏😏..ခုအဲလိုမဟုတ်တော့ဘူးနော်..#Red_Radiance_Digital_Cinema 🎞 🎬ရုပ်ရှင်ရုံရှိနေပြီနော်😚😚 ၂ရုံတောင်🤟🏻🤟🏻..၁ရုံမရ..၁ရုံအေးဆေးကြည့်ရုံပဲ။ ..ကိုယ့်လိုလူအတွက်ဟန်ကျတာပဲ.ရုပ်ရှင်ရုံဆို ၁ဝခါ၁ခါမှကြည့်တဲ့သူ၊ 🤪ပြီးတော့ ကြည့်ရင်လည်း အိမ်နဲ့နီးတဲ့ တာမွေက #Mega Ace🎬🎥 လောက်ပဲကြည့်တာ..ကျန်ရုပ်ရှင်ရုံဆိုဝေးလို့..ခုတော့ ဒန့်တန့်.တအားမိုက်သွားပြီ။💃🏻💃🏻 နှစ်ဆန်း (၂) ရက်နေ့ (၁၈.၄.၂၀၁၉) ကနေစပြီး ရုံပြနေပြီနော်..ခုတော့ ပုံထဲကကား၂ကားပြနေပြီ။ သွားကြည့်လိုက်ဦးနော်။ အချိန်ဇယားလည်းပုံမှာပြထားပါတယ်လို့😘 #လမ်းညွှန် ရန်ကင်းစင်တာကတော့ Passport ရုံးရှေ ့မှာရှိတာပါ။ အနီးဆုံးမှတ်တိုင်ကတော့ ဈေးကွေ့မှတ်တိုင်၊ Taxi နဲ့ဆိုတန်းဌားလာရုံပဲ။ #YBS နဲ့ဆို..၁၂၊၂၉၊၆၄၊၇၅၊၄၃ စတာတွေရောက်ပါတယ်။ ရန်ကင်းစင်တာအရှေ့ပေါက်ကနေဝင်မယ်ဆို..ရုပ်ရှင်ရုံရောက်ဖို့ အပေါ်စက်လှေကားကိုထပ်စီးရပါမယ်။ ပြီးရင် ဘယ်ကွေ့လိုက်ရင် လှမ်းမြင်ရပါလိမ့်မယ်နော်။ ရုပ်ရှင်တွေကြည့်ပြီး ဘဝအမောတွေပြေနိုင်ကြပါစေ😃 #RedRadianceDigitalCinema 🎞 #YanKinCentre #Yangon #armaniexchange🧢


Mon LayApril 2, 20191min3170
ကဲ..သင်္ကြန်ကြီးပြီးသွားပြီဆိုတော့ အပျော်ကလေးတွေရပ်ပြီး အလှူဒါနလေးတွေလုပ်ဖို့ရောက်လာပါပြီနော်။ အရင်ဆုံးနှုတ်ဆက်ချင်တာကတော့ “Happy Myanmar New Year”ပါနော်။ ယနေ့ မြန်မာ နှစ်ဆန်းတစ်ရက်နေ့ မှစပြီး မိတ်ဆွေများအားလုံး စိတ်၏ ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်း အပေါင်းနဲ့ ပြည့်စုံပြီး လိုအင်ဆန္ဒဟူသမျှ ပြည့်စုံကြပါစေလို့ နှုတ်ခွန်း ဆက်သအပ်ပါတယ်….. ဒီတော့ နှစ်ဆန်း (၁)ရက်နေ့ မှာ ဘယ်လိုကောင်းမှုကုသိုလ်လေးတွေ လုပ်ပြီး ပါဝင်ဆင်နွှဲလို့ရလည်း ဖော်ပြပေးမယ်နော် ဘုရားသွားလို့ရပါတယ်….ဘုရားမှာပန်းလှူ၊ ရေသပါ္ပယ်၊ ခိုကလေးတွေအစာကျွေး၊ ငါးလွှတ်၊ တံမြက်စည်းလှဲ စသည်တို့လုပ်ရင်းနဲ့ ကုသိုလ်ယူလို့ရပါတယ်။ အသက်အရွယ်ကြီးတဲ့ လူကြီးသူမဘိုးဘွားတွေကို ကန်တော့ပြီး လက်သည်း၊ခြေသည်းတွေကလှီးဖြတ်ကာ ခေါင်းလျှော်ပေးခြင်းဖြင့်လည်း ကုသိုလ်ယူလို့ရပါတယ်။ ရပ်ကွက်အတွင်းဘုန်းကြီးသံဃာများကိုပင့်ဖိတ်ပြီး တရားနာ၊ပရိတ်ရွတ်ဖတ်ပူဇော်ခြင်းဖြင့်လည်းကုသိုလ်ယူလို့ရပါတယ်။ ကိုယ့်ရပ်ကွက်ထဲမှာ စတုဒီသာ ကျွေးခြင်းဖြင့်လည်း ကုသိုလ်ယူလို့ရပါသေးတယ်။ နောက်ထပ်ဘာများ ကုသိုလ်ယူလို့ရသေးလည်း မန့်ပေးသွားကြပါဦးနော်……


Mon LayApril 1, 20192min33050
မြန်မာ့နှစ်သစ်ကူးသင်္ကြန်နဲ့ သမိုင်းကြောင်းကို ဒီခေတ်လူငယ်တွေသိစေဖို့ Active Car Rental Service ကနေ ပြောပြပေးချင်ပါတယ်။ သင်္ကြန်သမိုင်း —————— သင်္ကြန်ပွဲတော်ဟာ ဗုဒ္ဓဘာသာဝင်တွေ ကျင်းပခဲ့ခြင်း မရှိပါဘူး။ ဒါဟာ ဟိန္ဒူ ဘာသာဝင်တွေရဲ့ ဘာသာရေး ပွဲတော်တစ်ခုပဲ ဖြစ်ပါတယ်။ တစ်ခါက (ဗရာမာလို့ခေါ်တဲ့) ဗြဟ္မာမင်း အာစိ ဟာ ဒေဝနတ်အပေါင်းတို့ရဲ့ ဘုရင် သကြားမင်းကို စစ်ရှုံးခဲ့ပါတယ်။ အဲဒီအချိန်မှာ သိကြားမင်းဟာ စစ်ရှုံးခဲ့တဲ့ ဗြဟ္မာမင်း အာစိရဲ့ ဦးခေါင်းကို ဖြတ်ပြီး ဆင်တစ်ကောင် ရဲ့ဦးခေါင်းကို ဗြဟ္မာမင်းရဲ့ ခန္ဓာကိုယ်မှာ ပြန်တပ်ပေးဖို့ သိကြားမင်းရဲ့ ညှိနှိုင်းမှုကို စစ်ရှုံးတဲ့ ဗြဟ္မာမင်းက သဘောတူခဲ့ရပါတယ်။ ဒါနဲ့ပဲ ဆင်ဦးခေါင်းနဲ့ ဗြဟ္မာမင်း ခန္ဓာကိုယ် ပေါင်းစပ်တဲ့ ဟိန္ဒူဘုရား ဂနေဆာ ဖြစ်လာပါတယ်။ […]


kaiFebruary 27, 20196min17761
အရင်လက Topic sentence လေးတွေအကြောင်း ဖေါ်ပြခဲ့ပါတယ်။ ဆိုကြပါစို့။ topic sentence လေးတွေ ကောင်းကောင်း ရေးတတ်နေပြီ။ ဒီတော့ paragraph လှလှလေးတွေရေးနိုင် ပြီလားပေါ့။ အဲနီးစပ်လာပြီပေါ့နော်။ အစကောင်းမှ အနှောင်းသေချာ ဆိုသလို topic sentence ကောင်းကောင်းရေးတတ်ရင် အစကတော့ကောင်းနေပြီပေါ့။ အနှောင်းသေချာဖို့အတွက် အဲ့ဒီ topic sentence မှာပါတဲ့ controlling idea ကို သေချာရှင်းပြနိုင်ရမယ်။ နမူနာလေးတွေနဲ့ support လုပ်ပေးပြီး လှပတဲ့ မှတ်သားဖွယ်ရာ conclusion လေးနဲ့ အဆုံးသတ်ပေးလိုက်ရင် လှပခန့်ညားတဲ့ paragraph လေးတစ်ခု ဖြစ်လာမှာပါ။ controlling idea ကိုပီပီပြင်ပြင် ရှင်းပြနိုင်ဖို့ သိပ်အရေးကြီးပါတယ်။ ဥပမာ အနေနဲ့ အရင်လက လေ့ကျင့် ဖို့ပေးထားခဲ့တဲ့ ခေါင်းစဉ်လေးတွေထဲက […]


kaiSeptember 28, 20183min8151
ယခုလမှာ complex sentence လေးတွေကို ရေးတတ်၊ ပြောတတ်လာအောင် လေ့လာကြပါစို့။ complex sentence လေးတွေကို လူတွေက simple sentence လေးတွေ compound sentence လေးတွေထက် ပိုပိုနှစ်သက်ပြီး သုံးလိုကြပါတယ်။ လူ့သဘာဝပေါ့နော်။ လူ့ဘဝကိုရှင်းရှင်းလင်းလင်းနဲ့ လွယ်လွယ်ကူကူလေးနေသွားလိုသူ နည်းပါးလှပါတယ်။ ဘုန်းကြီးအရေအတွက်နဲ့ လူအရေအတွက် ယှဉ်ကြည့်လိုက်ပါလား။ ဘဝကို ရှုပ်ရှုပ်ထွေးထွေးလေး ခက်ခက်ခဲခဲလေး ကျော်သွားနိုင်မှ လူဖြစ်ရကျိုး နပ်သလို ထင်တတ်သူတွေကများပါတယ်။ ဒီတော့ Complex sentence လေးတွေကို လူကြိုက်များတာ မဆန်းပါဘူး။ complex sentence လေးတွေကို transition words လေးတွေနဲ့သုံးစွဲရပါတယ်။ transition များစွာရှိတဲ့အနက် လူသုံးအများဆုံးတော့ because ဖြစ်ပါတယ်။ Because ပါတဲ့ adverb clause လေးဟာ […]


သင့်အေးရိပ်September 11, 20181min543110
2018/ဇွန်လထုတ်/ ရွှေအမြုတေမဂ္ဂဇင်းတွင် ဖော်ပြပြီးတဲ့ ကျနော့် ဆောင်းပါးကို သံယောဇဉ်တွယ်နေတဲ့ ဂဇက်ရွာထဲမှာ မှတ်တမ်း ချန်ခဲ့ပါကြောင်း         ကဗျာစာအုပ်ပါးပါးအတွက် ဝေဖန်၊ခံစားမှုပါးပါး ဆရာကျော်စွာခေါင်နဲ့ ဆရာမဝင့်ပြုံးမြင့် ၂ယောက် တွဲဆက် ရေးသားပြီး Journalist Publishing စာအုပ်တိုက်ကနေ ၂၀၁၈၊ မတ်လမှာ တန်ဖိုး ၂၀၀ဝိ/ကျပ်နဲ့ ထုတ်ဝေလိုက်တဲ့ “အချစ် ကဗျာများ” ဆိုတဲ့ ကဗျာစာအုပ်ခပ်ပါးပါးကို ကျွန်တော် ခပ်ပါးပါး ဝေဖန် / ခံစား ကြည့်ပါမယ်။ စကားအတင်း စပ်ပြီး ပြောရရင် ကျွန်တော်တို့ဆီမှာ စာပေ လေ့လာ/ ဝေဖန်သူတချို့က စာအုပ်တစ်အုပ်/ စာပေ အနုပညာ လက်ရာ တစ်ခုကို ဝေဖန်ရာမှာဖြစ်စေ၊ ခံစား ညွှန်းဆိုရာမှာ ဖြစ်စေ ပုံမှန်အားဖြင့် “SUBJECTIVISM” လို့ […]


သင့်အေးရိပ်September 2, 20181min576115
ဂျူး၏ #သက်တံတို့ဖြင့်ရက်ဖွဲ့ ချစ်သူရဲ့ခြုံလွှာကို ဝေဖန်ညွှန်းဆိုချက် (ရွှေအမြုတေ၊ ၂၀၁၈ စက်တင်ဘာလထုတ် မဂ္ဂဇင်းတွင် ဖော်ပြပြီးသည့် ဆောင်းပါး) —————- “ဂျူးရဲ့ ရသခြုံလွှာကို ခံစား၊ဝေဖန်ခြင်း”     ၁။ စာအုပ်အမည် = သက်တံတို့ဖြင့်ရက်ဖွဲ့ ချစ်သူရဲ့ခြုံလွှာ စာရေးသူအမည်=ဂျူး ထုတ်ဝေခြင်း= ဂျူးစာပေ၊ ၂၀၁၈ ခုနှစ်၊ ဇွန်လ တန်ဖိုး= ၄၅၀ဝ ကျပ်၊ စာမျက်နှာပေါင်း ၃၅၄ မျက်နှာ။ ၂၀၁၈၊ ဇွန်လထုတ် (…လို့ ပုံနှိပ်မှတ်တမ်းမှာ ရေးထားပေမဲ့ ဇူလိုင်လထဲမှာမှ ဆိုင်ပေါ်ရောက်တဲ့) ဆရာမဂျူးရဲ့ “သက်တံတို့ဖြင့်ရက်ဖွဲ့ ချစ်သူရဲ့ခြုံလွှာ” အမည်ရှိ စာအုပ်သစ်အကြောင်း နည်းနည်း ပြောပါ့မယ်။ စကားမကျန်အောင် ကြိုရှင်းပြရရင် စာပေလောကမှာ Book Review (စာညွှန်း) နဲ့ Literary […]


kaiAugust 16, 201897min14338
စာအုပ်စာပေလူ့မိတ်ဆွေLike Page July 24 at 2:27 AM ·  ကိုင်းလာပြီဗျာ အကြိုက်ဆွဲတော့။ ကြိုက်​နှစ်​သက်​​သော စာ​ရေးဆရာအမည်​ကို ​ရွေးချယ်​၍ ​ပေးထား​သော link ပေါ်မှာ click တချက်​​ပေးလိုက်​ပါ။ စာအုပ်​များ​ပေါ်ထွက်​လာလိမ်​့မယ်​ နှစ်​သက်​ရာ စာအုပ်​ကို ​ရွေးချယ်​ကာ download ပြုလုပ်​ပါရန်​ ကဗျာစာအုပ်များ https://yadi.sk/d/BQyHLzoufQXPX ခင်ခင်ထူး https://yadi.sk/d/KtKuAcbXgVNmj ချစ်စံဝင်း https://yadi.sk/d/BU2XKZbugx9Ex ချစ်ဦးညို https://yadi.sk/d/rU4MkOd1gApsz ဂမ္ဘီရစာအုပ်များ https://yadi.sk/d/dJEyZO6CfQXPZ စပ်စု https://yadi.sk/d/i4yJ56s8eut8i စွယ်စုံကျမ်း https://yadi.sk/d/FoE5markfQXPj စာအုပ်ပေါင်းစုံ https://yadi.sk/d/70hWsKVTfQXPf ဇာဂနာ https://yadi.sk/d/mZnPo9MafQXPm တက္ကသိုလ်ဘုန်းနိုင် https://yadi.sk/d/8f3aw1u3fQXap တာရာမင်းဝေ https://yadi.sk/d/HnHuiehUfQXar ဒဂုန်ရွှေမျှား https://yadi.sk/d/zsjJwRs7fhdsq နတ်နွယ် https://yadi.sk/d/arnJ0mCBfQXPq ပါရဂူ https://yadi.sk/d/KP57Yo1FfQXPu ပီမိုးနင်း https://yadi.sk/d/0vl8nWw9fQXav ပုံပြင် စာအုပ်များ […]


Mon LayMay 30, 20182min5762
ဗိုလ်ချုပ်အောင် ဆန်းပုံဖြင့် ငွေစက္ကူထုတ်ဝေမှုကို ယခုအစိုးရလက်ထက်အတွင်း ဆောင်ရွက်မည်ဟု မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုဥက္ကဋ္ဌ ဦးစိုးသိန်းက ပြောသည်။ ငွေစက္ကူ ထုတ်ဝေမည့် အသေးစိတ်အစီ အမံများ ဆက်လက်ဆောင်ရွက် နေကြောင်း ဦးစိုးသိန်းက ပြောသည်ဟု 7 days news မှာဖတ်လိုက်ရပါတယ်။ ဘယ်အချိန်မှာ ထုတ်မယ်ဆိုတာကိုတော့ အသေးစိတ်မသိရသေးဘူးလို့လည်းပြောထားပါတယ်။ အဲလိုဗိုလ်ချုပ်ပုံနဲ့ ပိုက်ဆံထုတ်မှာကိုထောက်ခံသူ ၂၈၆ ဦး၊ ကန့်ကွက် သူ ၁၀၉ ဦးရှိတယ်လို့လည်းသိရပါတယ် အမှန်က ဗိုလ်ချုပ်ပုံနဲ့ပိုက်ဆံက အစကတည်းကရှိတာပါ။ ဆရာစံပိုက်ဆံပုံတို့က။ နောက်ပိုင်းသုံးခွင့်တွေပိတ်ပြီး ဆင်တို့၊ခြင်္သေ့တို့ပုံတွေဖြစ်လာပါ တယ်။ သူများနိုင်ငံတွေဆို.မွန်လေးရောက်ဖူးတဲ့နိုင်ငံတွေရဲ ့ပိုက်ဆံတွေကိုအရင်ပြောချင်ပါတယ်။ ထိုင်းပိုက်ဆံ ဘတ် သူတို့ဘုရင် ဘူမိဘောပုံနဲ့ထုတ်ထားတာပါ..ဘယ်လောက်ကျက်သရေရှိလဲ. ပြီးတော့တခြား အထိမ်းအမှတ်ပုံတွေ။ ဗီယက်နန်ပိုက်ဆံ ဒေါင် သူတို့လေးစားရတဲ့ဟိုချီမင်းပုံ… ပြီးတော့တခြား အထိမ်းအမှတ်ပုံတွေ။ လာအိုပို်က်ဆံ ကစ် သူတို့ချစ်ရတဲ့ […]


Min Paing Myat ThuMay 30, 20182min9135
Call Me By Your Name – Andre’ Aciman ဆိုတဲ့ အင်္ဂလိပ်ဝတ္ထုကို ဘာသာပြန်ဆိုပါတယ်။   အပိုင်း (၁) နောက်တော့မှပဲ မလုပ်ရင်.. ဘယ်တော့လုပ်မှာလဲ (အင်္ဂလိပ်စကားမှာ အခုမှ မလုပ်ရင် ဘယ်တော့လုပ်မှာလဲ ဆိုတဲ့စကားရှိပါတယ်။ အထက်က စာကြောင်းမှာတော့ စာရေးဆရာဟာ သူ့ဇာတ်ကောင်ရဲ့စကား “နောက်တစ်ခါမှပေါ့´´ဆိုတာကိုအစွဲယူပြီး စကားလုံးကို ဆော့ကစားထားပါတယ်။) ———————————————————————————- ———————————————————————————- “နောက်တစ်ခါပေါ့..” သူသုံးလိုက်တဲ့ စကားလုံး၊ သူ့အသံနဲ့ လေသံဟာဖြင့်..။ “နောက်တစ်ခါပေါ့..”ဆိုတဲ့စကားကို လမ်းခွဲနှုတ်ဆက်တဲ့အနေနဲ့ လူတွေသုံးတာ ကျွန်တော်အရင်ကမကြားဖူးဘူး။ နားထဲမှာ မညှာမတာ၊ တုံးတိတိနဲ့ မစာမနာဖြစ်လွန်းတယ်။ နောက်ထပ် ပြန်ဆုံချင်လည်းဆုံ၊ မဆုံတော့ရင်လည်းကိစ္စမရှိဘူးဆိုတဲ့ လေသံတွေ မသိမသာပါနေတယ်။ သူနဲ့ပတ်သက်ရင် ကျွန်တော် ပထမဆုံးမှတ်မိတာကတော့ အဲဒီစကားပါပဲ။ အခုထိလည်း နားထဲကြားယောင်နေတုန်းပဲ။ […]