ကြာလေးမျိုးဥပမာဖြင့် ပုဂ္ဂိုလ်လေးမျိုးအကြောင်းကို မြတ်ဘုရား ဉာဏ်တော်မှာ ထင်လာရတယ်ဆိုတာကို သိခွင့်ရလိုက်တယ်ဆိုရင်ပဲ ကျနော့ ခေါင်းထဲမှာက ကြာပန်းလေးများနဲ့ သစ္စာလေးပါးရဲ့ အဓိပ္ပါယ်များကို နှိုင်းယှဉ် လို့ နေမိပြန်ပါတယ်။ သစ္စာလေးပါးကို ကိုယ်တိုင်သိမြင်ခွင့်ရသွားသောလူရဲ့ ကိလေသာ ကင်းစင်ပုံနဲ့ ရေပြင်ထက်မှာ ပွင့်လန်းနေသော ကြာပန်းလေးတွေရဲ့ ရွံ့နွံကင်း စင်ပုံလေးများကို မျက်လုံးထဲမှာ ပုံဖော်နေမိပါတယ်။ အယူမှားဒိဋ္ဌိတွေရဲ့ကြားမှာ မွေးဖွားကြီးပြင်းလာပေမယ့် သစ္စာ လေးပါးကို သိမြင်သွားတဲ့အခါမှာ အဲဒီ အယူမှားတွေနဲ့ လိမ်းကျံကပ်ငြိမှု ကင်းသွားပုံကို ရွံ့နွံမှ ပေါက်ဖွားလာပေမယ့် ရွံ့နွံနဲ့ လိမ်းကျံ ကပ်ငြိမှု မရှိဘဲ သန့်ရှင်းစင်ကြယ်စွာ ရေပြင်ထက်မှာ တည်နေနိုင်သော ကြာပန်းတို့၏ ဘဝကို နှိုင်းယှဉ်ရင်း စိတ်မှာ ကြည်နူးပီတိ ဖြစ်ရပါတယ်။ တဆက်တည်းလည်း ဒီရုပ်၊ ဒီနာမ် ၊ ဒီခန္ဓာကြီးကို ကြာပွင့်လေးနဲ့ […]