mandalarthuDecember 15, 20113min2717
စွယ်တော်မြတ်လေးဆူသမိုင်း   ဂေါတမမြတ်စွာဘုရားရှင်သည် မဟာသက္ကရာဇ်(၁၀၃)ခုနှစ်၊ ကဆုန်လပြည့် ဗုဒ္ဓဟူးနေ့ သက်တော်(၃၅)နှစ်အရွယ်တွင် အိန္ဒိယနိုင်ငံမဇ္ဈိမဒေသ ဂယာမြို့အနီး ဗောဓိမဏ္ဍိုင်၌ သဗ္ဗညုတ သခင်ဘုရားရှင်အဖြစ်သို့ ရောက်ရှိခဲ့ပါသည်။ မြတ်စွာဘုရားရှင်သည် (၄၅)ဝါကာလပတ်လုံး သတ္တဝါအပေါင်း၏ အကျိုးစီးပွားအလို့ငှာ ဆောင်ရွက်တော်မူခဲ့ပြီးနောက် မဟာသက္ကရာဇ် (၁၄၈)ခုနှစ်၊ ကဆုန်လပြည့် (အင်္ဂါနေ့)၊ သက်တော်(၈ဝ) ဝါတော်(၄၅)ဝါတွင် ကုသိနာရုံပြည် မလ္လမင်း အင်ကြင်းဥယျာဉ်တော်၌ ပရိနိဗ္ဗာန်စံဝင်တော်မူခဲ့ပါသည်။ မြတ်စွာဘုရားရှင်၏ ဥတုဇရုပ် ကလပ်တော်ကို တေဇောဓာတ်လောင်ကျွမ်းစေသောအခါ အရိုးတော်၊ အသားတော်၊ အသွေးတော် တို့မှ မြတ်ပန်းငုံရောင်ရှိသော မုန်ညှင်းစေ့အရွယ်ရှိ ဓာတ်တော်(၆)ပြည်၊ ပုလဲအဆင်းရှိသော ဆန်ကျိုးအရွယ်ဓာတ်တော်(၅)ပြည်နှင့် ရွှေအဆင်းရှိသော ပဲနောက်စေ့ရွယ် ဓာတ်တော်(၅)ပြည် စုစုပေါင်းဓာတ်တော်(၁၆)ပြည်တို့ ကြွင်းကျန်ရစ်တော်မူခဲ့ပါသည်။ ထို့အပြင် မီးမခဘဲ မူလအတိုင်းကျန်ရစ်တော်မူသည့် အသမ္ဘိန္နသရီရဓာတ်တော်(၇)ဆူတို့ ကိုလည်း ကြည်ညိုစွာ ဖူးတွေ့ရပါသည်။ ထိုသရီရဓာတ်တော်များမှာ- (၁)     […]


ချမ်းချမ်း အင်တာနက် သုံးတာ နှစ်နှစ်နီးပါး ကာလအတွင်းမှာ ဖတ်ခဲ့သမျှ  Post   တွေ Comment တွေ နဲ ့ပက်သက်ပြီး ရင်ထဲရှိတာ ဝေဖန်ဆွေးနွေးချင်တဲ့အကြောင်းလေးပါ။ လူတစ်ကိုယ် စိတ်တစ်မျိုးမို ့ခံယူချက်တွေ၊ ထင်မြင်ချက်တွေ ခံစားချက်တွေ တူချင်မှလည်း တူလိမ့်မယ်။ အခုရေးတဲ့ပိုစ့်ဟာ အွန်လိုင်းပေါ်မှာ တွေ ့ခဲ့ရတဲ့ အဆဲသန်တဲ့ တစ်ချို ့သောဗုဒ္ဓဘာသာဝင် သူငယ်ချင်း တွေကို ချမ်းချမ်းသိထားတာတွေကို ပြန်လည်မျှဝေတဲ့သဘောပါ။ အမှားပါရင်တော့ ခွင့်လွှတ်ပေးပါလို ့ ကြိုတောင်းပန်ပါတယ်။ စာပေလောကမှာ ပုံနှိပ်တိုက် ထောင်ပြီး  အကျိုးအမြတ်အတွက် စာအုပ်တွေထုတ်ဝေနေတဲ့စီးပွါးရေးသမားတွေ၊ အချစ်ဝတ္ထုတွေ၊ရေးရင်းနာမည်ကြီးပြီးချမ်းသာ သွားကြတဲ့ စာရေးဆရာမတွေ ရဲ ့ဘဝ နဲ ့စာရင် ချမ်းချမ်းတော့ အင်တာနက်ပေါ်က Site ပိုင်ရှင်များနဲ ့စေတနာရှင် စာရေးတဲ့သံဃာတော်များ ၊ဘလောဒ့်ဂါများနဲ […]


who whoDecember 14, 20111min792
ကျနော့စိတ်ကလေးတစ်ယောက် ဂိတ်စောင့်အလုပ်ကို ကြိုးစားလုပ်ကိုင်မှုအတွက် ဒီနေ့ ကျင်းပပြုလုပ်သော ရာထူးတိုးပွဲလေး သို့ ပျော်ရွှင်စွာတက်ရောက်ခွင့်ရခဲ့ပါပြီ။ နေရာကတော့ ခါတိုင်းကျင်းပနေကျ။ ခန္ဓာအိမ်နန်းတော်တွင်းတစ်နေရာမှာပဲပေါ့။ ရင်ခုန်စွာ စောင့်မျှော်နေတုန်း ခန္ဓာအိမ်ခန်းမတွင်းသို့ ဆရာတစ်ယောက် ခပ်သုတ်သုတ်လေး ဝင်လာပါပြီ။ စင်မြင့်ထက်မှ ဆရာ့ရဲ့ မိန့်ခွန်းသံက ကျယ်လောင်စွာထွက်ပေါ်လာပါပြီ။ “ဟိုနေ့ကပဲ ရာထူးတိုးစာရင်း ကြေငြာသွားခဲ့ပြီးပြီမို့ ဒီနေ့တော့ ရာထူးတိုးသွားပြီဖြစ်တဲ့ မင်းတို့ကို ကိုယ်ရံတော် ခန့်အပ်ပြီး အလုပ်တာဝန်တွေကို ပေးအပ်သွားမှာ ဖြစ်တယ်။ မင်းတို့အနေနဲ့ အရင့်အရင်က ဂျလေဗီ အဆင့်ကနေ အလုပ် တွေရလို့ အလုပ်တွေကို ကြိုးစားလုပ်ကိုင်လို့ပဲ ခုလို ရာထူးတိုး အခမ်း အနားကို တက်ရောက်ခွင့် ရခဲ့ကြပြီနော်။ အဲဒီတော့ကာ မင်းတို့တွေကို စောင့်ရှောက်ပေးမယ့် ကိုယ်ရံတော်တွေပါ တစ်ခါတည်း ခန့်ပေးရတော့မယ်လေ။ မင်းတို့တွေ အန္တရယ်ကင်း ဘေးရှင်းစေဖို့ […]


who whoDecember 13, 20111min931
ဒီနေ့လည်း ကြာပန်းလေးများခေါ်ရာ အလောင်းတော် မင်းသိဒ္ဓတ် ဘဝဆီသို့ အတွေးခြေလှမ်းများ ဆန့်ရင်းလိုက်ပါလာရပါတယ်။ အလောင်းတော် မင်းသိဒ္ဓတ်ဖွားမြင်တော့ ခြေဖဝါးတော်မှာ ကြာပွင့် တွေ ခံလာခဲ့ကြတယ် ဆိုတာလေးကို မြင်ယောင်မိပြန်ပါတယ်။ အင်း ဒါလည်း ထူးခြားတာပဲလေ။အော်..ကြာပန်းလေးများရဲ့ အတိတ်ပုံရိပ်လေးတွေကတော့ တစ်ခုပြီး တစ်ခုထူးလို့ နေပါပေါ့..။ အင်း…ဒီလိုနဲ့ ဘုရားဖြစ်ပြီးကာလဆီသို့ အတွေးလှိုင်းတွေစီးရင်း ဆက်လာမိပြန်သော်………………. မြတ်စွာဘုရား ဘုရားအဖြစ် ရောက်ရှိပြီးလို့ ရက်ငါးဆယ်မြောက် သောနေ့ နံက်ခင်း အချိန်ကာလတစ်ခုမှာပေါ့……………။ ဆိတ်ငြိမ်ရာ ချဉ်းကပ်ပြီး တစ်ပါးတည်း ကိန်းတော်မူတဲ့အချိန် မြတ်ဘုရားရဲ့ ဉာဏ်တော်မှာ အကြံအစည်တစ်ခု ဖြစ်လာပါတယ်တဲ့။ ဘယ်လို အကြံအစည် ဖြစ်သလဲဆိုရင် “ငါဟာ ပါရမီတော်များကို ခဲခဲယဉ်းယဉ်း ပင်ပင်ပန်းပန်း ဖြည့်ကျင့်ခဲ့ခြင်းအားဖြင့် သစ္စာလေးပါး မြတ်တရားကို ထိုးထွင်း သိမြင်နိုင်ခဲ့ပြီ။ ငါထိုးထွင်းသိမြင်တဲ့ သစ္စာလေးပါးဟာ […]


pyiminluDecember 12, 20114min6228
2/12/2011 နေ့က မန္တလေးတိုင်း ပုသိမ်ကြီးမြို့နယ် ရေတံခွန်တောင်ခြေမှာရှိတဲ့ သစ္စ ဝေဒဂူ မိုးကုတ်ဝိပဿနာ ရိပ်သာကို ရောက်ဖူးခြင်တာကြောင့် ဆိုင်ကယ်နှင့် သွားရောက်ခဲ့ပါတယ်။ လမ်းမှာ ဆိုင်ကယ်ရပ်ပြီး ရိတ်သိမ်းခါနီး စပါးစိုက်ခင်းကို ရန်ကင်းတောင် နောက်ခံဖြင့် ရိုက်ယူခဲ့ပြီး ခရီးဆက်ခဲ့ပါတယ်။ ရေတံခွန်တောင် ဂေါက်ကွင်းအဝင်မုဒ်ဦးကို ကျော်လွန်ခဲ့ပြီးနောက် သစ္စဝေဒဂူ မိုးကုတ် ဝိပဿနာ ကို ရောက်ခဲ့ပါတယ်။ မုဒ်ဦးမှ အဝင် ဘယ်ဘက်ခြမ်းတွင် သစ္စဝေဒဂူ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း တည်ရှိပြီး စာသင်သား ကလေးသူငယ်များကိုလည်း တွေ့ခဲ့ ရပါတယ်။ ဆက်ဝင်သွားတော့ ရိပ်သာမုဒ်ဦးအနီးမှာ တွေ့ရတဲ့ ဦးဇင်း (၃)ပါးကို ရိပ်သာ၏ တရားစခန်း အချိန် ဇယားကို သိလိုကြောင်း လျှောက်ထားရာ ဦးဇင် (၁)ပါးမှ လမ်းညွှန်ပေးပါသည်။ ဒီလိုနှင့် ကျွန်တော် […]


Mg OggaDecember 12, 20111min860
ဆရာကြီးဦးရွှေအောင်ဟာ ကျွန်တော်အနှစ်သက်ဆုံး ဗုဒ္ဓဒဿနပညာရှင်ကြီးဖြစ်ပြီး ဗုဒ္ဓတရားတော်တွေ ကို ဖွင့်ဆိုရာမှာ အတော်လေးနှစ်သက်ပါတယ် (ယောမင်းကြီးကို မြင်းထိန်းချီးကျုးသလိုများဖြစ်မလားမသိ) ဆရာကြီးရဲ့ စာအုပ်တွေအကုန်လုံးကို အကုန်ဉာဏ်မမှီပေမဲ့ အတော်အများ ဖတ်ဖြစ်တယ်။ Maslow က စိတ်ပညာရှင်တွေထဲ ဖရိုက်ပြီးရင် အနှစ်သက်ဆုံးပါ။ သူကတော့ အမေရိကန်နိုင်ငံသားလူသား ဝါဒီ စိတ်ပညာ ရှင်တစ်ယောက်ဖြစ်ပါတယ်။ သူရဲ့ လူသားလိုအင်အဆင့်ဆင့် သီအိုရီနဲ့ နာမည်ကြီးတဲ့ စိတ်ပညာရှင်ယောက်ပါ။ စိတ်ပညာသင်ဖူးသူတိုင်းသူရဲ့ Humanistic theories of self-actualizationကို သိမှာပါ။နောက်ပိုင်း ဖွံဖြိုးရေးလုပ်ငန်း တွေမှာ Needs base approach ဆိုပြီးလုပ်လာတော့ ဖွံဖြိုးရေးသမား အတော်အများ လေ့လာရတဲ့ သီအိုရိ တစ်ခုဖြစ်ပါတယ်။ ဒီ Maslow’s hierarchy of needs နဲ့ ဆရာကြီးဦးရွှေအောင် နဲ့ ဘာဆိုင်လည်း […]


who whoDecember 12, 20111min2679
“သတ္တဝါတို့ အဖို့၌ ကိုယ်၏ ဆင်းရဲခြင်း၊ စိတ်၏ ဆင်းရဲခြင်း ဟူ၍ ဒုက္ခနှစ်မျိုး ရှိပေရာ၊ ကိုယ်၏ ဆင်းရဲခြင်းသည် ရံဖန်ရံခါမျှသာ ကြုံရ တတ်သော ဒုက္ခမျိုး ဖြစ်၍ စိတ်ဆင်းရဲမှု သည်သာလျှင် မနေတတ်သူများ အဖို့၌ မကြာခဏ ကြုံတွေ့ရတတ်သော ဒုက္ခမျိုးဖြစ်၏။” ဟူသော စာပိုဒ်လေးကို အမှတ်မထင် ဖတ်လိုက်မိတော့ ကိုယ့်ကိုယ်ကိုယ် မနေတတ်တာကို သွားမြင် မိပါတယ်။ ဆရာကြီး ရွှေဥဒေါင်း၏ စာပေတို့ကား ထိလှပေစွ။ တကယ်တန်း စဉ်းစားကြည့်လိုက်တော့ ဆင်းရဲ နှစ်မျိုးထဲက စိတ် ဆင်းရဲခြင်းသည် လွန်စွာမှ အခံရခက်လှပါတယ်။ လူတိုင်းလည်း ဘယ်လောက်ပဲ ပြည့်စုံစေကာမှု စိတ်ဆင်းရဲမှုကတော့ ကြုံကြရတာချည်းပါပဲ။ ဆင်းရဲခြင်းကို သေချာ ခွဲကြည့်ပြန်တော့ လက်ငင်းကြုံနေရတဲ့ ဆင်းရဲ၊ အတိတ်ကို ပြန်တွေး၍ […]


TTNUDecember 11, 20111min33919
ဤခရီး အတော် နီးလှပြီ….   သင့်ဘဝလက်ရှိ အချိန် နှင့် လက်ကျန် အချိန် ကိုကြည့်၍              သံဝေဂ ပွားရန် အချိန်ဇယား (သက်တမ်း ၇၅ နှစ်)   သင့် အသက် …………………… သုံးပြီးသောအသက် …………………. လက်ကျန်ရက်     (၁) ၁၀-နှစ် ………………………     ၃၆၅ဝ (ရက်) ………………………၂၃၇၂၅ (ရက်)   (၂) ၁၅-နှစ် ………………………     ၅၄၇၅ (ရက်) ………………………၂၁၉၀ဝ (ရက်)   (၃) ၂၀-နှစ် ………………………     ၇၃၀ဝ (ရက်) ……………………..၂၀၀၇၅ (ရက်)   (၄) ၂၅-နှစ် ………………………      ၉၁၂၅ (ရက်) […]


who whoDecember 11, 20111min1618
လောကမှာ သူခိုးတို့၊ ဓါးပြတို့၊ သူပုန်တို့ဆိုရင် လူတိုင်းက ကြောက်ကြရပါတယ်နော်။ ဘာလို့လဲ ဆိုတော့ ကောင်းကျိုးမပေးပဲ ဆိုးကျိုး တွေသာ ပေးလို့ပဲပေါ့။ နှိပ်စက်တတ်၊ ဖျက်စီးတတ်၊ ပူလောင်မှုကိုသာ ပေး တတ်ကြလို့ပါပဲ။ သူတို့ကို အသံကြားတာနဲ့ကိုပဲ သတိအနေအထားနဲ့ နားစွင့်လို့သာ နေရပါတော့တယ်နော်။ ခုလည်း အားလုံးကို အော်ဂျောလန် သူပုန်ရန်သူတစ်ဦးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ သူဘယ်သူများဖြစ်မလဲလို့ နည်းနည်းလောက် ခန့်မှန်းကြည့်ပေးပါလား။ ကျနော် အရင်ဆုံး မေးခွန်းလေးတစ်ခု မေးကြည့်မယ်နော်။ ခင်ဗျားမှာ အလိုမကျလို့ ဒေါသထွက်ဖူးသလား ?။ “အလိုကြီးက အရနည်းတတ်၏” ဆိုသလို လိုချင်တာတွေက အများကြီး၊ မျှော်လင့်ထားတာလည်း တပုံကြီး၊ ပြန်ရတော့ကျ နည်းနည်းလေးဖြစ်နေလို့ လောဘကြီးရာကနေ ဒေါသပါကြီးတာမျိုးရော ဖြစ်ဖူးသလား။? ကျနော်က သူများကို မေးနေတာ။ ကိုယ့်ဘာကိုယ်ပြန်မေးကြည့်မယ်။ သိပ်ဖြစ်ဖူးတာပေါ့။ […]


mandalarthuDecember 11, 20116min34417
                          *****            ဦးခိုက်ပူဇော်  တရုပ်ပြည်မှ  ဗုဒ္ဓမြတ်စွယ်တော်  *******   (၈-၁၂-၂၀၁၁) နေ ့က နေ ့လည်ခင်းပိုင်းခန ့်တွင် ကျွန်မတို ့မန ္တလေးမြို ့သို ့ဗုဒ္ဓမြတ်စွယ်တော်သည်ရန်ကုန ်မြို ့မှကြွရောက်တော် မူလာခဲ ့ပြီဖြစ်ပါတယ်။ တိုက်တိုက်ဆိုင်ဆိုင် ပြီးခဲ ့သော အောက်တို ဘာလ(၁၂)ရက်နေ ့ မှာ နေပြည်တော ်ရောက်ခိုက် ဖူးခွင် ့ကြုံ၍ ဗုဒ္ဓမြတ်စွယ်တော်ကို ဥပ္ပါတသနိ္တစေတီဂန္ဓကုဋိ လိုဏ်တော်မှာ ကျွန်မ ဖူးမြော် ခွင် ့ရရှိခဲ ့ရာ ယခု နဲ […]


Yin Nyine NwayDecember 10, 20111min24711
ရင်ငြိမ်းက ဗုဒ္ဒဘာသာတယောက်ပါ ဗုဒ္ဒဟောကြားတဲ့ တရားတော်တွေကို ရွကဖတ်ရင် အန္တရာယ်ကင်းတယ်လို့ ယုံကြည်တယ် ယုံကြည်စွာနဲ့လည်း ရွက်ဖတ်တယ် အကျိုးတရားထက် ကုသိုလ်ရဖို့ ရွတ်ရင်ပိုကောင်းမယ်လို့လဲထင်တယ် အားလုံးလဩိပြီးသားဖြစ်တဲ့ ဓာရဏပရိတ် ပါ တခြားသူတွေမှာမရှိပဲ ဗုဒ္ဒမြတ်စွာဘုရားမှာသာရှိတဲ့ ဂုဏ်တော် 18ပါးပါ .. နမော တဿ ဘဂဝတော အရဟတော သမ္မာသဗ္ဗုဒ္ဓဿ။ ဗုဒ္ဓါနံ ဇီဝိတဿ န သက္ကာ ကေနစိ အန္တရာယော ကာတုံ။ ဗုဒ္ဓါနံ သဗ္ဗညုတညာဏဿ န သက္ကာ ကေနစိ အန္တရာယော ကာတုံ။ ဗုဒ္ဓါနံ အဘိဟဋာနံ စတုန္နံ ပစ္စယာနံ န သက္ကာ ကေနစိ အန္တရာယော ကာတုံ။ ဗုဒ္ဓါနံ အသီတိယာနုဗျဉ္ဇနာနံ ဗျာမပ္ပဘာယ ဝါ န သက္ကာ ကေနစိ […]


ムラカミDecember 10, 20113min27621
Tokyo Daibutsu လို့ခေါ်တဲ့ ဘုရားပါဗျ… အိမ်ကနေ နာရီဝက်လောက်လမ်းလျောက်ရင်ရောက်တယ်.ဗျ… သည် အယ်လ်ဘမ်က ကျနော် ဖစ်လတာ နဲ့ တက္ကနီကွေး အသစ်အချို့ စမ်းထားတာဖြစ်လို့….. ဒါ့ပုံပညာ အရ ပြူးတူးပြဲတဲဖြစ်မယ် မထော်မနန်းဖြစ်မယ်ဆို သည်းခံရှုစားပေးကြပါကုန်၊       ဒါ့ပုံသမားထဲမတော့ ကျနော်က အတော် အရှက် ကင်းတဲ့ အစား ဗျ. … ရိုက်ပြီး ပြင်ပြီး ရင် မပစ်ရက်ဘူး …တင်တာပဲ ….အဲ့လာနဲ့ဘဲ မဟာဖေ့စ်ဘုတ်တော်ကြီးမှာ ဝမ်းဂစ်ဖြစ်လာရောပေါ့… ပီးခဲ့တဲ့လက ရိုက်တဲ့ပုံ သည်လပြန်ကြည့်ရင် မကြိုက်တော့ဘူး….ရယ်     ကျနော် ဘာလိုသွားလဲ ကျနော်ပုံတွေကနေ ကျနော် ပြန်သင်ယူမိပါတယ်. … နောက်တခါဆို ငါ ဘယ်လိုရိုက်မယ်ပေါ့…. ကျနော့် အတွက် ကျနော့်မိုင်တိုင် ကျနော် စိုက်ကြည့်နေတဲ့သဘောပါဗျာ …. […]


who whoDecember 10, 20111min2879
ကျနော် ဘဝနှင့်ပတ်သက်လို့ အရေးကြီးဆုံး အလုပ်ကို သိသင့် သလောက် သိခဲ့ပြီးတဲ့နောက် ဒီအလုပ်ကိုပဲ နံပါတ်တစ်ထားလို့ ကြိုးစားခဲ့ ပါတယ်။ ကြိုးစားသလောက်လဲ ကိုယ်နဲ့ ထိုက်သလောက် အသိလေးများကို ရရှိခဲ့ပါတယ်။ အဲဒီ ရလာသော အသိတွေအရ ဖြစ်ပေါ်လာခဲ့သော သေခြင်း အပေါ် ခံစားမှုလေးတွေကို ပူးတွဲပြီး မှတ်တမ်းလုပ်ထားလိုက်သည်။ ကျနော့တို့ အပေါ် တရားဓမ္မတွေ ဟောဖော်ပြသ ညွှန်ကြားခဲ့သော မယ်တော်ကြီး ဒေါ်စိတြာရဲ့ နာရေးတွင်းကာလမှာ ကျနော့ရဲ့ စိတ်ခံစားမှုလေး ကို မှတ်မိသေးသည်။ မယ်တော်ကြီး နာမကျန်း ဖြစ်စဉ် ကတည်းက ကျနော်တို့ ဝိုင်းပြီး ပြုစုခဲ့ကြပါတယ်။ အဲဒီမှာပဲ မယ်တော်ကြီးရဲ့ အသံတိတ် တရားပြသွား ပုံလေးကို တွေ့မြင်ခဲ့ရပါတယ်။ မယ်တော်ကြီးဟာ ခန္ဓာဝန်မချခင်မှာပဲ အားလုံး ကို ဥပေက္ခာနဲ့ […]