မြန်မာသမိုင်း အထောက်အထားများ အထက်ပါ သမိုင်းသုတေသန စာစောင်(၁)မှ တိုင်းပြည်ဘုရင်၏ ထူးခြားအမိန့်တော်အား ဗဟုသုတ ရစေရန် ထုတ်နုတ်တင်ပြအပ်ပါသည်။ ဗဒုံမင်းသည် ရှင်ဗုဒ္ဓဃောသ စီရင်သည့် အဋ္ဌကထာများကို သံသယရှိတော်မူခဲ့သဖြင့်လည်း ဆရာတော်တို့က သွင်းသည့်စာတွင် ပါဠိတော်ကို အခိုင်ပြု၍ သွင်းချက်ပါသည်။ ပါဠိ အဋ္ဌကထာကိုလည်း ရှင်ဗုဒ္ဓဃောသ ရေးသည့်စာဖြစ်ကြောင်းကို အစဉ်အဆက် စွဲလမ်းမှတ်သား ပြောဆိုကြသည်။ ဗုဒ္ဓဃောသလည်း ငါ့ဆရာ ငါကဲ့သို့ တတ်ပါမည်လော၊ ဘုရားလည်း ငါကဲ့သို့ တတ်ပါမည်လော၊ အကြံဖြစ်ကြောင်းကို ဆရာသိသောကြောင့် ဗုဒ္ဓဃောသကို ဆရာက ဗြဟ္မာဒဏ်ပေး၍ သီဟိုဠ်မှာ ပိဋကတ်ကို ကူးယူစေသည်တွင် သီဟိုဠ်ဘာသာ စာများကို အကုန်မီးပူဇော်၍ ဗုဒ္ဓဃောသ ရေးသားပြုစုသည့် ပိဋကတ်ကိုသာ ထားကြောင်းနှင့် ဆိုသည်။ ဗုဒ္ဓဃောသသည် လူကိုထား၍ သကြားဗြဟ္မာ တုံသော်လည်း မကြံဘူး […]