လွန်ခဲ့သည့် ၁ဝ နှစ်ကျော်က တာလီဘန်တို ့ဗုံးခွဲဖျက်စီးခဲ့သော Bamijin တောင်ကုန်းရှိ သက်တန်း ၁၅၀ဝ ကျော် ရှေးဟောင်းဘုရားဆင်းတုတော်အား ပြန်လည်ပြုပြင်ရန်စတင်လေ့လာ နေပြီးဖြစ်ကြောင်း ဂျာမနီနိုင်ငံ မြူနစ်မြို ့ရှိ တက္ကသိုလ်မှ ရှေးဟောင်းသုတေသနဆရာတစ်ဦးက ပြောကြားခဲ့ပါသည်။ ကာဘူမြို ့၏ အရှေ့ဖက် ကီလိုမီတာ ၂၆ဝ အကွာအဝေးတွင်ရှိသော အဆိုပါ ဘာမီဂျင်တောင်ကုန်းသည် ရှေးအခါက အန္တိယ နိုင်ငံမှ အရှေ ့အလယ်ပိုင်းဒေသသို ့ ဗုဒ္ဓသာသနာပြန် ့ပွားရာ လမ်းကြောင်းတွင်တည်ရှိပါသည်။ ပြန်လည်ပြုပြင်ခွင့်ရရန်အတွက် အာဖကန်နစ္စတန် အစိုးရ၏ ခွင့်ပြုချက်အားတောင်းခံရမည်ဟုဆိုပါသည်။ ညဏ်တော်အမြင့် ၃၈ မီတာရှိသော အဆိုပါဘုရားဆင်းတုတော်သည် အာဖကန်နစ္စတန်နိုင်ငံအား အမေရိကန် နှင့်မဟာမိတ်တပ်များ ဝင်ရောက်မသိမ်းပိုက်ခင် တစ်နှစ်အလိုတွင် တာလီဘန်တို ့၏ဗုံးခွဲဖျက်စီး ခြင်းခံခဲ့ရပါသည်။ ကမ္ဘာပေါ်ရှိ ဗုဒ္ဓဘာသာဝင်တို ့မှာ […]