ဒီနေ့ အမှတ်မထင် ယူဖတ်လိုက်တဲ့ စာအုပ်လေးထဲက သိလိုက်ရတဲ့ ကံ သတ္တိလေး အကြောင်း ဖောက်သည်ချချင်တယ်။ ကံပြုတဲ့နေရာမှာ အရေးကြီးဆုံးကတော့ စေတနာပါပဲ။ စေတနာနဲ့ကံ၊ ကံနဲ့ စေတနာကို ခွဲပြထားပါတယ်။ ပြုလုပ်ဆဲ အမှုတွေဟာ စေတနာ ဖြစ်ပြီး ပြုပြီးသွားတာက ကံ လို့ဖော်ပြထားတယ်လေ။ ကောင်းမှု ပြုလုပ်ဆဲပဲဖြစ်ဖြစ်၊ မကောင်းမှု ပြုဆဲပဲဖြစ်ဖြစ် စေတနာလေးတွေ ဆင့်ကဲ ဆင့်ကဲ ဖြစ်နေပါတယ်နော်။ အဲဒီ စေတနာ လေးတွေကလည်း အကြာကြီး တည်မနေပဲ ဖြစ်ပြီးတာနဲ့ တန်းပျက်နေ ပါတယ်။ တနည်းပြောရင် ချုပ်ချုပ်သွားတယ်လို့ ဆိုပါတယ်နော်။ အဲလို ချုပ်ချုပ်သွားပေမယ့် ဘာလေးကျန်ခဲ့သလဲ ဆိုရင် ကမ္မသတ္တိလေးတွေ ကျန်ခဲ့ပါတယ်။ စေတနာလေးတွေချုပ်သွားလိုက်၊ ကမ္မသတ္တိလေးတွေ ကျန်နေလိုက် ၊ တခါ စေတနာလေးတွေ ထပ်ချုပ်သွားလိုက် […]