မိုခ်ိဳJune 20, 20131min34622
ကျမ က သရဏဂုံ တည်ဆဲ ဗုဒ္ဓ ဘာသာဝင် တစ်ယောက် ဖြစ်တဲ့ အတွက် ဘုရား ၊ တရား ၊ သံဃာ ရတနာ ၃ ပါး ကို ကိုး ကွယ် ဆည်း ကပ် ပါတယ်။ အဲ လို ကိုး ကွယ် တဲ့ နေရာ မှာ မြတ်စွာ ဘုရား ရှင် ကို ရင် ထဲ က လာ တဲ့ ယုံ ကြည် မှု မျိုး နဲ့ ကို ကိုး ကွယ် ပါတယ်။ တန်ခိုး ရှင် ၊ ဖန်ဆင်း ရှင် တစ်ယောက် လို […]


ムラカミJune 20, 20131min36619
  ဖြစ်ပုံက ဂလို။ ကျနော်တို့ရဲ့ ဇာတ်လိုက်ကျော် ဖလာဒဲလ်ဖီးယားဖြစ်စဉ် ကို အသေးစိတ်လေ့လာသိရှိပြီး ထွက်ရပ်ပေါက်သွားသော လောကဓါတ်ဆြာကြီး ဦးခိုမ် တယောက် အတိတ် ပစ္စုပ္ပန် အနာဂါတ်ကို သွားရတာ အားမရလို့ အထက်ဘဝဂ် အောက်အဝီဇိ ထိသွားဖို့ ကြံချင်းဖြစ်သည်။ သို့သော် ခုမှ စပြီး စမ်းသွားမှာမို့ … သိပ်မြင့်မြင့် သိပ်နက်နက် နေရာတွေ မသွားရဲသေး။ မနိမ့်မမြင့် နတ်လောက ကိုသွားကြည့်မည် တွေးမိ၏။ သို့နှင့် ဂရိမြေက အိုလံပီယာ တောင်သည်ဦးခိုမ် မျက်စိကျရာနေရာဖြစ်ရှာလေတော့၏. အောက်တွင် ဦးခိုမ်နှင့် ထိုနတ်များ၏ အင်တာဗျူးကို ရှု။   အပိုလို တကယ်တော့ အပိုလို စိတ်ညစ်နေတာကြာဘီ။ ဟုတ်တယ်လေ လူတွေလုပ်ပုံ ။ သူရို့ဟာသူရို့ ကျောက်မီးသွေး တူးသုံး […]


Mr WorldWideJune 19, 20131min1535
တရုတ်နိုင်ငံသည် လူမောင်းနှင်သောအာကာသယာဉ်ကို လွှတ်တင်နိုင်ခဲ့သဖြင့် ၂၀၂ဝ ခုနှစ်တွင် အာကာသစခန်းတစ်ခုအား အပြီးတည်ဆောက်မည့် ၎င်းတို့ရည်မှန်းချက်နှင့် ပိုမိုနီးကပ်လာပြီဖြစ်သည်။ အာကာသယာဉ်မှူး သုံးဦးလိုက်ပါသွားသည့် အာကာသယာဉ်ကို ဇွန်လ ၁၁ ရက်နေ့ ဒေသစံတော်ချိန် ၉ နာရီ ၃၈ မိနစ်တွင် မွန်ဂိုလီးယားအတွင်းပိုင်းရှိ Jiuquan မှ လွှတ်တင်ခဲ့ပါသည်။ တရုတ်နိုင်ငံ၏ ဒုတိယမြောက်အမျိုးသမီး အာကာသယာဉ်မှူးဖြစ်သော Wang Yaping၊ အခြားအာကာသယာဉ်မှူး တစ်ဦးဖြစ်သည့် Zhang Xiaoguang နှင့် ဗိုလ်ချုပ် Nie Haisheng  တို့သည် လူလိုက်ပါမောင်းနှင်မှု အကြာဆုံးခရီးအဖြစ် ၁၅ ရက်ခရီးစဉ်အတွင်း၌ Tiangong-1 သုတေသနအာကာသယာဉ်နှင့် ထိန်းချုပ်ချိတ်ဆက်မည်ဖြစ်သည်။   ၎င်းခရီးစဉ်အား Shenzhou-10 ဟု နိုဝင်ဘာလက ကြေငြာခဲ့ပြီး တရုတ်နိုင်ငံ၏ ၅ ကြိမ်မြောက်လူလိုက်ပါသော အာကာသခရီးစဉ်လည်းဖြစ်ပါသည်။ Shenzhou-10  သည် အလျား ၁၀.၅ မီတာရှိ […]


Mr WorldWideJune 17, 20131min1051
  သိပ္ပံပညာရှင်များအနေဖြင့် အများပြည်သူနှင့်သက်ဆိုင်သောနေရာများရှိ ဖောက်ခွဲရေးပစ္စည်းများကို ရှာဖွေသည့်နေရာတွင် ၎င်းတို့၏ နည်းပညာများကို အသုံးချနိုင်ရေးအတွက် ကြိုးစားလျက်ရှိနေကြသော်လည်း ဗုံးရှာဖွေရေးခွေးများကိုမူ ယခုတိုင်အသုံးပြုနေရဆဲဖြစ်သည်။ အမေရိကန်နိုင်ငံ၊ နယူးယော့ခ်မြို့ရှိ ကော်နယ်လ် တက္ကသိုလ်မှ လက်ထောက်ပါမောက္ခ ဝီလီယမ် ဒစ်ချ်တဲလ် နှင့် ဘွဲ့ရကျောင်းသူ ဂိုပါလာ ခရစ်ရှ်နန် တို့သည် အနာဂတ်ကာလ၌ ဗုံးရှာဖွေရေးခွေးတပ်ဖွဲ့များနေရာတွင် အစားထိုးနိုင်မည့် ပေါ်လီမာစက္ကူတစ်မျိုးကို ဖန်တီးခဲ့ကြသည်။   အဆိုပါ အလင်းရောင်ထွက်သည့် ပေါ်လီမာသည် အလွန်ပြင်းအားကောင်းသည့် RDX အမည်ရ ယမ်း ရှိမရှိကို ထင်ရှားသိသာစွာ အချက်ပေးနိုင်သည်။ RDX ဆိုသည်မှာ အလွန်နိမ့်ကျသည့် ငွေ့ရည်ဖိအားတစ်ခု (Low vapor pressure)  ရှိပြီး ၎င်းကို တိုက်ရိုက်မြင်တွေ့ရမှုမရှိပါက ရှာဖွေရန်အလွန်ခက်ခဲသည့် ဓာတုဒြပ်ပေါင်းတစ်မျိုးဖြစ်သည်။ သာမန်အခြေအနေများ၌ အဆိုပါ ပေါ်လီမာအနေဖြင့် ပတ်ဝန်းကျင်ရှိအလင်းရောင်ကို စုပ်ယူ၍ စွမ်းအင်အဖြစ်သို့ […]


Mr WorldWideJune 11, 20131min1012
၁၉၆၈ ခုနှစ်တွင် ရှာဖွေတွေ့ရှိခဲ့သော လပေါ်မှနေရာဒေသတစ်ခုသည် ယခုအခါ၌ သာမန်မျက်စိဖြင့် မမြင်နိုင်သည့် မူမမှန်သောဆွဲငင်အား အတိုးအလျော့များရှိနေကြောင်း သိရှိခဲ့ရပါသည်။ နာဆာမှ  GRAIL (Gravity Recovery and Interior Laboratory)   အဖွဲ့သည် ဆွဲငင်အားနှင့်ဆိုင်သော အချက်အလက်များကို စုစည်းပြီး ကွန်ပျူတာမော်ဒယ်ပုံစံများကို ပေါင်းစပ်အသုံးပြု၍ လပေါ်၌ ဆွဲငင်အားများ ယုတ်လျော့သွားခြင်းကို ကွန်ပျူတာဖြင့် သက်သေပြနိုင်ခဲ့သည်။ GRAIL အဖွဲ့သည် လပေါ်၌ မူမမှန်သောဆွဲငင်အားများ ပိုမိုတိုးပွားလာရခြင်းအကြောင်းများကို ရှာဖွေမှတ်တမ်းတင်ခဲ့ပါသည်။ ယင်းမှာ ရှေးယခင်က ကြီးမားသောဥက္ကာပျံများ၊ သို့မဟုတ် အခြားဂြိုလ်ငယ်များ၏ ဝင်တိုက်ခံရမှုဒဏ်ကြောင့် လ၏အတွင်းပိုင်း၌ ပိုမိုအပူရှိန်မြင့်မားလာပြီး ဆွဲငင်အားများ မူမမှန်ဖြစ်လာရကြောင်းကို GRAIL အဖွဲ့တွင် ရင်းနှီးမြုပ်နှံထားသူ သိပ္ပံနှင့်နည်းပညာဂျာနယ်၏ စာရေးသူအရာရှိ Jay Melosh က ရှင်းပြခဲ့သည်။  GRAIL အဖွဲ့မှရရှိသော အချက်အလက်များအရ […]


ရုံပိတ်ရက်လေးမို့နားနားနေနေအိမ်ထဲမှာပဲဒီဗီဒီလေးနှင့်အပမ်းဖြေနေရသည်။ မီးကလဲလာနေတာပျက်ဖို့မေ့လျော့နေသည်လားမသိ။အကြီးကောင်နဲ့စပိုက်တာမန်း ကြည့်နေသည်။ကြည့်ပြီးသားပေမဲ့အဖန်တလဲလဲကြည့်ရလောက်အောင်ကြိုက်လို့ လည်းကြည့်မိသည်။အငယ်ကောင်က သူတို့အခေါ် ဒိုတာလားဘာလားမသိခုတ်နေသည်။ လယ်ဗယ်တတ်သွားတိုင်ထထအော်သည်။ဒီလိုနဲ့ဇာတ်ရှိန်အပြိုင်တတ်နေတုန်းလေတချက်ဝှေ့ သည်။လေတချက်အဝှေ့မှာပျက်ဖို့မေ့နေဟန်တူသောမဟာမီးကသတိတရားဝင်၍ပျက်ပါလေတော့ သည်။သားအဖတွေတော်တော်စိတ်ပျက်စွာအသံမျိုးစုံထွက်လာသည်။အိမ်ရှင်မကြီး ကတော့’ဝမ်းသာလိုက်တာမီးတာခမတတ် နားညီးသက်သာတယ်’ ဟုထအော်သည်။ မည်သူမှစောဒကတတ်ရန်စိတ်ပင်မကူးကြ။အကြီးကောင်ကတော့လေတိုက်လို့မီပျက်ခြင်း ဖြစ်မည်ဟုယူဆပုံရသည်။’အဖေဘာလို့လေတိုက်ရတာလဲ’ဟုမေးသည်။ တဆက်တည်း ‘ရာသီဥတုတွေကဘာလို့အချိန်မှန်မှန်ပြောင်းလဲနေရတာလဲ’ဟုမေးပြန်သည်။’သိချင်လား’ ‘သိချင်ရင်ဆံပင်ဖြူနုတ် ပြောပြမယ်’သားကြီးမျက်နှာအီလည်လည်ဖြစ်သွားသည်။မေးမိတာ အမှားဟုယူဆပုံထင်သည်။’တကယ်တော့ရာသီဥတုဆိုတာ စင်္ကြာဝဋ္ဌာ နဲ့လဲပတ်သတ်တယ်ကွ’ အကြီးကောင်သာမကအငယ်ကောင်ရောအနားရှိတူတွေပါစိတ်ဝင်စားသွားကြသည်။ ဒိုတာမခုတ်ရလည်းအပျင်းပြေစကားနားထောင်ရတော့မည်ဟုထင်ကာ’နုတ်ပေးမယ်ပြောပြ’ ဆိုကာဇာကနာတချောင်းဆီဆွဲကာအနားသို့ရောက်လာကြလေတော့သည်။ ‘ဒါဆိုလည်းအပြင်မှာသွားမယ်ကွာလင်းလင်းကျင်းကျင်းနဲ့’ ဆိုပြီးအပြင်ဘက်ထွက်ကာ သူတို့ကဆံပင်ဖြူနုတ် ကိုယ်ကစကားပြောနှင့်ဟန်ကြ နေလေသည်။ ရာသီဥတုဆိုတာကြီးကိုအဓိကဖြစ်စေတာကဘာလည်းဆိုတော့နေမင်း ကြီးကြောင့်ပေါ့။နေမင်းဆိုတာကလည်းစင်္ကြာဝဋ္ဌာကြီးရဲ့အစိတ်အပိုင်းတခုပဲ။ဒီစင်္ကြာဝဋ္ဌာ မှာနေအဖွဲ့အစည်းဆိုတာတွေအများကြီးရှိတယ်လို့ယူဆကြတယ်။ခုသားတို့မြင်နေရတဲ့နေ ကအဖေတိုှုနေထိုင်တဲ့ကမ္ဘာဂြိုလ်ကြီးကိုသူရဲ့ပါဝါနဲ့လှမ်းဆွဲတယ်။ကမ္ဘာကလည်းသူထက်ပါဝါ ကြီးတဲ့နေမင်းဆွဲတာကိုမလွန်ဆန်နိုင်ဘူး။ဒါပေမဲ့စွမ်းအားရှိသလောက်ရုန်းထွက်တယ်။ ဆွဲတယ် ရုန်းတယ် ။ အဲဒီလိုကနေကမ္ဘာကနေဆီကိုမရောက်ပဲအကွာအဝေးတခုထိ ကိုရောက်သွားတယ်။ဆွဲတယ်ရုန်းတယ်ကနေ လူပ်ရှားမူ့တခုနဲ့တန့်နေရတယ်။ဒါပေမဲ့ လဟာနယ်ဆိုတော့ဒီးအတိုင်းမတန့်ပဲနေကိုကမ႓္ဘာကပတ်သလိုဖြစ်သွားတယ်။ ဒါကအလိုအလျောက် ကမ္ဘာကနေကိုပတ်နေတာမဟုတ်ဘူးဆိုတာသိစေချင်လို့ပြောတာနော်။သက်ရောက်မူ့ တခုဆီတိုင်ကနေတန်ပြန်သက်ရောက်မူ့သဘောတရားတခုပေါ့ကွာ။ အဲနေဆိုတာကလည်း အလွန်ပုူပြင်းစွာတောက်လောင်နေတဲ့အမျိုးအမည်တိတိကျကျမသိနိုင်တဲ့အရာကြီးပေါ့ကွာ။ ကမ္ဘာကြီးဆိုတာကလည်းမိမိမှာရှိတဲ့ကိုယ်ပိုင်ဆွဲအားတွေနဲ့အနားမှာရှိတဲ့အရာတွေကိုစင်္ကြာဝ ထဲကနေပြန်ဆွဲတယ်။အဲဒီမှာညအချိန်မင်းတို့မြင်နေရတဲ့လကိုရတယ်။ဒါပေမဲ့ခုနကနေနဲ့ကမ္ဘာ လိုမဟုတ်ပြန်ဘူး။လကပါဝါကနည်းတယ်။ကံကောင်းတာကကမ္ဘာကအနားထိဆွဲနိုင်တဲ့ပါဝါမရှိပြန်ဘူး။ နေကိုတုန့်ပြန်ရ လကိုလည်းဆွဲရ။ပါဝါကခွဲသုံးနေရတာကိုး။ကမ္ဘာကနေကိုပတ်တဲ့အရှိန်ရဲ့သက်ရောက် မူ့ကြောင့်အဟုန်တခုဖြစ်လာပြီးလက ကမ္ဘာကိုပြန်ပတ်သလိုဖြစ်ပြီး လက ကမ္ဘာကိုပတ်တယ်။ […]


Wai Aung Chan MyoJune 11, 20131min2786
“Plant never eat, but they drink” ဆိုတဲ့ စကားအတိုင်း အပင်တွေဟာ အစိုင်အခဲတွေကို မစားနိုင်ပါဘူး။ ရေသောက်မြစ်၊ အစာသောက်မြစ်တွေကတဆင့်သော်၎င်း၊ အရွက်တွေမှာ အဓိကရှိတဲ့ stoma လို့ခေါ်တဲ့ အပေါက်တွေက တဆင့်သော်၎င်း အပင်အတွက် လိုအပ်တဲ့ အာဟာရဓာတ်တွေကို စုပ်ယူပါတယ်။ (မှတ်ချက်၊ အရွက်မျက်နှာပြင် အပေါ်နဲ့အောက်မတူတဲ့ အရွက်များအတွက် အောက်မျက်နှာပြင်မှာ stoma အပေါက်တွေ ၉၅%ရှိပြီး အပေါ်မျက်နှာပြင်မှာ ၃%နဲ့ အပင်ရဲ့ကျန်နေရာများမှာ ၂%ရှိပါတယ်။ သစ်မွှေးဟာ အပေါ်နဲ့အောက် မျက်နှာပြင် မတူညီတဲ့အတွက် ရွက်ဖြန်ဆေးဖြန်းရာမှာ အောက်မျက်နှာပြင်ကို ဖြန်းမှသာ ပိုထိရောက်ပါတယ်။) ဒီတော့ အရည်ပဲ သောက်သုံးနိုင်တဲ့ အပင်တွေကို နောက်ချေးကဲ့သို့သော အစိုင်အခဲ မြေဩဇာများကို ကျွေးရာမှာ အဓိက သတိပြုသင့်တာကတော့ ရေများများလောင်းပေးဖို့ပါပဲ။ ဒါမှ […]


Mr WorldWideJune 10, 20131min1012
သုတေသီများသည် ဦးနှောက်မှလာသော လျပ်စစ်စွမ်းအင်ကိုအသုံးပြုကာ ရဟတ်ယာဉ်ပျံသန်းမှုကို ထိန်းချုပ်၍ အတားအဆီးများအား ရှောင်ကွင်းမောင်းနှင်ပြသခဲ့ပါသည်။ အစမ်းသရုပ်ပြပွဲ၌ စိတ်စွမ်းအင်ကို လျပ်စစ်စီးကြောင်းများအဖြစ် ပြောင်းလဲအသုံးပြု၍ စမ်းသပ်မောင်းနှင်ခဲ့ခြင်းဖြစ်သည်။ ထိုသို့မောင်းနှင်ရန်အတွက် ဦးနှောက်မှ စွမ်းအင်ကိုပြောင်းလဲပေးသည့် ဦးထုပ်တစ်မျိုးအား ဆောင်းထားရန်လိုအပ်ပါသည်။   ယခုစမ်းသပ်မှုသည် အခြားသော လုပ်ဆောင်မှုများကဲ့သို့ပင် ဦးနှောက်မှလာသော စွမ်းအင်စီး ကြောင်းများကို နားလည်နိုင်ရန်အတွက် အီလက်ထရောနစ်စနစ်များအား လေ့ကျင့်ပေးရန် လိုအပ်ပါသည်။ စမ်းသပ်မှုတွင် ဘယ်ဘက်လက်အား ဆုပ်ကိုင်လိုက်ပါက လေယာဉ်၏ ရွေ့လျားမှုသည် ဘယ်ဘက်သို့ ပြောင်းလဲသွားမည်ဖြစ်သည်။ ယခုအခါ ဝှီးချဲလ်ထိုင်ခုံများကိုလည်း စိတ်စွမ်းအင်ဖြင့် ထိန်းချုပ်ခြင်းများ ပြုလုပ်နိုင်ခဲ့ပြီဖြစ်ကြောင်းနှင့် ဦးနှောက်မှ ထိန်းချုပ်နိုင်သော အကွာအဝေးအတွင်းတွင် မည်သည့်အရာကိုမဆို အသုံးချနိုင်လိမ့်မည်ဟု ယခုအဖွဲ့အား သုတေသနပြုလုပ်ခဲ့သူ ပရောဖက်ဆာ ဘင်မှဆိုသည်။ ယခုနည်းပညာနည်းတူ ဆမ်ဆောင်းမှလည်း စိတ်ဖြင့်ထိန်းချုပ်နိုင်သော Tablet အား ထုတ်လုပ်ခဲ့ပြီးပြီဖြစ်သည်။ […]


ရုံပိတ်ရက်လေးမို့နားနားနေနေအိမ်ထဲမှာပဲဒီဗီဒီလေးနှင့်အပမ်းဖြေနေရသည်။ မီးကလဲလာနေတာပျက်ဖို့မေ့လျော့နေသည်လားမသိ။အကြီးကောင်နဲ့စပိုက်တာမန်း ကြည့်နေသည်။ကြည့်ပြီးသားပေမဲ့အဖန်တလဲလဲကြည့်ရလောက်အောင်ကြိုက်လို့ လည်းကြည့်မိသည်။အငယ်ကောင်က သူတို့အခေါ် ဒိုတာလားဘာလားမသိခုတ်နေသည်။ လယ်ဗယ်တတ်သွားတိုင်ထထအော်သည်။ဒီလိုနဲ့ဇာတ်ရှိန်အပြိုင်တတ်နေတုန်းလေတချက်ဝှေ့ သည်။လေတချက်အဝှေ့မှာပျက်ဖို့မေ့နေဟန်တူသောမဟာမီးကသတိတရားဝင်၍ပျက်ပါလေတော့ သည်။သားအဖတွေတော်တော်စိတ်ပျက်စွာအသံမျိုးစုံထွက်လာသည်။အိမ်ရှင်မကြီး ကတော့’ဝမ်းသာလိုက်တာမီးတာခမတတ် နားညီးသက်သာတယ်’ ဟုထအော်သည်။ မည်သူမှစောဒကတတ်ရန်စိတ်ပင်မကူးကြ။အကြီးကောင်ကတော့လေတိုက်လို့မီပျက်ခြင်း ဖြစ်မည်ဟုယူဆပုံရသည်။’အဖေဘာလို့လေတိုက်ရတာလဲ’ဟုမေးသည်။ တဆက်တည်း ‘ရာသီဥတုတွေကဘာလို့အချိန်မှန်မှန်ပြောင်းလဲနေရတာလဲ’ဟုမေးပြန်သည်။’သိချင်လား’ ‘သိချင်ရင်ဆံပင်ဖြူနုတ် ပြောပြမယ်’သားကြီးမျက်နှာအီလည်လည်ဖြစ်သွားသည်။မေးမိတာ အမှားဟုယူဆပုံထင်သည်။’တကယ်တော့ရာသီဥတုဆိုတာ စင်္ကြာဝဋ္ဌာ နဲ့လဲပတ်သတ်တယ်ကွ’ အကြီးကောင်သာမကအငယ်ကောင်ရောအနားရှိတူတွေပါစိတ်ဝင်စားသွားကြသည်။ ဒိုတာမခုတ်ရလည်းအပျင်းပြေစကားနားထောင်ရတော့မည်ဟုထင်ကာ’နုတ်ပေးမယ်ပြောပြ’ ဆိုကာဇာကနာတချောင်းဆီဆွဲကာအနားသို့ရောက်လာကြလေတော့သည်။ ‘ဒါဆိုလည်းအပြင်မှာသွားမယ်ကွာလင်းလင်းကျင်းကျင်းနဲ့’ ဆိုပြီးအပြင်ဘက်ထွက်ကာ သူတို့ကဆံပင်ဖြူနုတ် ကိုယ်ကစကားပြောနှင့်ဟန်ကြ နေလေသည်။ ရာသီဥတုဆိုတာကြီးကိုအဓိကဖြစ်စေတာကဘာလည်းဆိုတော့နေမင်း ကြီးကြောင့်ပေါ့။နေမင်းဆိုတာကလည်းစင်္ကြာဝဋ္ဌာကြီးရဲ့အစိတ်အပိုင်းတခုပဲ။ဒီစင်္ကြာဝဋ္ဌာ မှာနေအဖွဲ့အစည်းဆိုတာတွေအများကြီးရှိတယ်လို့ယူဆကြတယ်။ခုသားတို့မြင်နေရတဲ့နေ ကအဖေတိုှုနေထိုင်တဲ့ကမ္ဘာဂြိုလ်ကြီးကိုသူရဲ့ပါဝါနဲ့လှမ်းဆွဲတယ်။ကမ္ဘာကလည်းသူထက်ပါဝါ ကြီးတဲ့နေမင်းဆွဲတာကိုမလွန်ဆန်နိုင်ဘူး။ဒါပေမဲ့စွမ်းအားရှိသလောက်ရုန်းထွက်တယ်။ ဆွဲတယ် ရုန်းတယ် ။ အဲဒီလိုကနေကမ္ဘာကနေဆီကိုမရောက်ပဲအကွာအဝေးတခုထိ ကိုရောက်သွားတယ်။ဆွဲတယ်ရုန်းတယ်ကနေ လူပ်ရှားမူ့တခုနဲ့တန့်နေရတယ်။ဒါပေမဲ့ လဟာနယ်ဆိုတော့ဒီးအတိုင်းမတန့်ပဲနေကိုကမ႓္ဘာကပတ်သလိုဖြစ်သွားတယ်။ ဒါကအလိုအလျောက် ကမ္ဘာကနေကိုပတ်နေတာမဟုတ်ဘူးဆိုတာသိစေချင်လို့ပြောတာနော်။သက်ရောက်မူ့ တခုဆီတိုင်ကနေတန်ပြန်သက်ရောက်မူ့သဘောတရားတခုပေါ့ကွာ။ အဲနေဆိုတာကလည်း အလွန်ပုူပြင်းစွာတောက်လောင်နေတဲ့အမျိုးအမည်တိတိကျကျမသိနိုင်တဲ့အရာကြီးပေါ့ကွာ။ ကမ္ဘာကြီးဆိုတာကလည်းမိမိမှာရှိတဲ့ကိုယ်ပိုင်ဆွဲအားတွေနဲ့အနားမှာရှိတဲ့အရာတွေကိုစင်္ကြာဝ ထဲကနေပြန်ဆွဲတယ်။အဲဒီမှာညအချိန်မင်းတို့မြင်နေရတဲ့လကိုရတယ်။ဒါပေမဲ့ခုနကနေနဲ့ကမ္ဘာ လိုမဟုတ်ပြန်ဘူး။လကပါဝါကနည်းတယ်။ကံကောင်းတာကကမ္ဘာကအနားထိဆွဲနိုင်တဲ့ပါဝါမရှိပြန်ဘူး။ နေကိုတုန့်ပြန်ရ လကိုလည်းဆွဲရ။ပါဝါကခွဲသုံးနေရတာကိုး။ကမ္ဘာကနေကိုပတ်တဲ့အရှိန်ရဲ့သက်ရောက် မူ့ကြောင့်အဟုန်တခုဖြစ်လာပြီးလက ကမ္ဘာကိုပြန်ပတ်သလိုဖြစ်ပြီး လက ကမ္ဘာကိုပတ်တယ်။ […]


Mr WorldWideJune 10, 20131min861
ကမ္ဘာကြီးပူနွေးရခြင်း၏အကြောင်းအရင်းသည် ကာဗွန်ဒိုင်အောက်ဆိုဒ်(Carbon Dioxide) ကြောင့် မဟုတ်ဘဲ CFCs ကြောင့် ဖြစ်ကြောင်းကို ဝါတာလူးတက္ကသိုလ်မှ သုတေသနပညာရှင်များက အငြင်းပွားဖွယ်ရာ ထုတ်ပြန်ကြေငြာခဲ့ပါသည်။     သမားရိုးကျအတွေးအခေါ်များအရ လူသားတို့ကြောင့်ဖြစ်သော ကာဗွန်ဒိုင်အောက်ဆိုဒ် ထုတ်လွှတ်မှုသည် ကမ္ဘာကြီးပူနွေးမှုဖြစ်စေရန် များစွာတွန်းအားပေးပေသည်။ သို့ရာတွင် စက်မှုတော်လှန်ရေး ခေတ်သို့ ပြန်လည်လေ့လာမှုများအရ တွေ့ရှိခဲ့ရသည့် ယုံကြည်နိုင်လောက်သော အချက်အလက်များကြောင့် ကျွန်ုပ်တို့ တွေးထင်ထားသောအရာများ မှားယွင်းနေကြောင်း ပြသခဲ့သည်ဟု ဝါတာလူးတက္ကသိုလ် သိပ္ပံဌာနကြီးမှ ပါမောက္ခ Quing-Bin Lu က ပြောကြားခဲ့သည်။ ရရှိခဲ့သည့်အချက်အလက်များအရ  CFCs နှင့် အာကာသ ရောင်ခြည်များကြောင့် ဝင်ရိုးစွန်းဘက်ရှိ အိုဇုန်းလွှာအပေါက်ဖြစ်ကာ ကမ္ဘာကြီးပူနွေးမှုကို ဖြစ်ပေါ်စေခဲ့ကြောင်း သိရှိရသည်။ ၁၈၅ဝ ခုနှစ်ကပင် သီအိုရီအများစု၌ ကာဗွန်ဒိုင်အောက်ဆိုဒ် ပါဝင်မှုမြင့်တက်လာသည်နှင့် ကမ္ဘာကြီး၏ အပူချိန်သည်လည်း မြင့်တက်လာလိမ့်မည်ဟု ဖော်ပြခဲ့ကြသည်။ ၂၀၀၂ ခုနှစ်တွင် […]


Mr WorldWideJune 7, 20131min1133
လေစွမ်းအင်ထုတ်လုပ်မှုများအား ကမ္ဘာ့အအေးပိုင်းဒေသများတွင် ပိုမိုလုပ်ဆောင်လာသည်ကို တွေ့ရှိရပါသည်။ နောက်ဆုံးအကြိမ် ခန့်မှန်းချက်များအရ ၂၀၁ရ ခုနှစ်တွင် လေစွမ်းအင်ထုတ်လုပ်မှု၏ ၄၅ ဂီဂါဝပ်မှ ၅ဝ ဂီဂါဝပ်ခန့်ကို အအေးပိုင်းဒေသများ၌ ဖော်ဆောင်လုပ်ကိုင်ကြလိမ့်မည်ဖြစ်ပြီး ၂၀၁၂ ခုနှစ် နှစ်ကုန်ပိုင်းမှစလျှင် ၇၂ ရာခိုင်နှုန်းထိ တိုးတက်လာမည်ဖြစ်သည်။ ရင်းနှီးမြုပ်နှံမှုမှာလည်း ယူရို ၇၅ ဘီလီယံထိ ရှိလာမည်ဖြစ်ပါသည်။ ဖင်လန်နိုင်ငံရှိ VTT နည်းပညာဆိုင်ရာသုတေသနဋ္ဌာနမှ သုတေသနပညာရှင်  Tomas Wallenius   က ဤအရာသည် ကြီးမားသော အခွင့်အလမ်းတစ်ရပ်ဖြစ်ကြောင်း၊ ကမ်းလွန်လေစွမ်းအင်ထုတ်လုပ်မှု အကျိုးဆက်နှင့် ပတ်သက်၍ စဉ်းစားစရာအချက်များစွာရှိသော်လည်း အအေးပိုင်းဒေသ လေစွမ်းအင်ထုတ်လုပ်မှုဈေးကွက်မှာ ၁ဝ ဆခန့် ပိုမိုကြီးမားလာမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။  ကမ်းလွန် လေစွမ်းအင်ထုတ်လုပ်မှုလုပ်ငန်းမှာ စမ်းသပ်လုပ်ကိုင်နေဆဲသာဖြစ်သော်လည်း ကုန်ကျစရိတ် သက်သာသော အအေးပိုင်းဒေသ လေစွမ်းအင် ထုတ်လုပ်မှု လုပ်ငန်းများအတွက် […]


Mr WorldWideJune 7, 20131min1585
ယခုလအစောပိုင်းက အမေရိကန်လေကြောင်းနည်းပညာ အခန်းကဏ္ဍတွင် ကနဦးပါဝင်သူတစ်ဦး ဖြစ်သည့် Terrafugia ကုမ္ပဏီမှ ပုဂ္ဂလိကလေကြောင်းပို့ဆောင်ရေးယာဉ် ပုံစံသစ်တစ်မျိုးအတွက် အမြုတေဒီဇိုင်းဖြစ်သော TF-X အား မိတ်ဆက်ပြသခဲ့ပါသည်။ ၎င်း၏လုပ်ဆောင်ချက်များနှင့်ပတ်သက်၍ ကုမ္ပဏီအား ပူးတွဲတည်ထောင်သူ Carl Dietrich  ကို ဘီဘီစီမှ မေးမြန်းခဲ့ရာ အောက်ပါအတိုင်း ဖြေကြား ခဲ့သည်။ ”လူတွေက ပျံသန်းနိုင်တဲ့ကားလို့ ခေါ်တွင်တဲ့ယာဉ်ကို ဖန်တီးနိုင်ဖို့အတွက် စိန်ခေါ်မှုတွေကို စူးစူးစိုက်စိုက် စတင်ရင်ဆိုင်ဖို့ အချိန်ကောင်းကို ရောက်နေပြီလို့ ကျွန်တော်ထင်ပါတယ်၊ လူတွေ နှစ်ပေါင်းများစွာကတည်းက စိတ်ကူးယဉ်ခဲ့ကြတဲ့ အနာဂတ်ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေးကို ဖန်တီးကြည့်ဖို့ ကြိုးစားခဲ့ပါတယ် ” ဟု သူက ပြောသည်။ လက်ရှိ တည်ရှိနေသော နည်းပညာများသည် လိုအပ်ချက်များရှိနေဆဲ ဟု Carl Dietrich က ယုံကြည်ခဲ့ပြီး အမေရိကန်ဗဟိုအစိုးရ၏ လေကြောင်းအုပ်ချုပ်မှုအဖွဲ့နှင့် […]


ဒီနေ ့အလုပ်နားရက် ဘုရားမှာသန် ့ရှင်းသွားလုပ်တုန်း ကျွန်မအတွက် ပီတိဖြစ်စရာ ကုသိုလ်လေးတစ်ခု တိုးပါးတယ် အဲ့ဒီပီတိက မစ္ဆရိယ နှမြောတွန် ့တိုတဲ့ အကုသိုလ်ကနေပေးတဲ့ ပီတိလေးပါ..၁၁နာရီလောက်ဘုရားရောက်တော့ ဘုရားရှိခိုး ငါးပါးသီလ ယူမေတ္တာပို ့ပြီးတော့ ဘုရားမှာတံမျက်စည်းလှဲ အမှိုက်ကောက်ပြီးမွန်းလွဲ ၁ နာရီ ကျော်ကျော်မှာ ဗိုက်ကတအားဆာလာတော့ စားစရာသွားဝယ်ပါတယ်. ..ချမ်းချမ်းနဲ ့အတူ ဘုရားမှာ ဝေယာဝစ္စ သန် ့ရှင်းတာဝန်ယူထားတဲ့ ဦးလေးကြီးလဲ ဘုရားဆေးသုတ်နေတာမို ့ ဒီအချိန် နေ ့လည်ထမင်းစားချိန် ဦးလေးကြီးလဲ ဆာမှာပဲဆိုပြီး ဦးလေးကြီးအတွက်ပါ..ကြက်ပေါင်နှစ်ချောင်းနဲ ့ကြက်တောင်ပံ တစ်ခု ကောက်ညှင်းနှစ်ထုပ် ရေတစ်ဗူး ပိုဝယ်လာပါတယ်.ချမ်းချမ်းကတော့ ဘုရားပေါ်က ကြောင်လေးတွေအတွက်ပါစားဖို ့ ကြက်ပေါင်နှစ်ချောင်း တောင်ပံတစ်ခု ကောက်ညှင်းတစ်ထုပ် ရေတစ်ဗူးဝယ်ပြီး ဘုရားပေါ်ပြန်ရောက်တော့ ဦးလေးကြီးအတွက် ပေးပြီး […]