စိုစိစိ၊ ညောင်နာနာ၊ အေးတိအေးစက်၊ ရီးတီးယားတား၊ ပျင်းရိပျင်းတွဲ၊ လေးတိလေးကန်၊ ပေါ့တီးပေါ့ဆ၊ မတုန်မလှုပ် ပျောတိပျောညံ့၊ သိမ်ဖျင်းအားနည်းတဲ့ သူတွေလို့ ကျေးဇူးတော်ရှင် ပဏ္ဍိတာရာမ ဆရာတော်ကြီးက သင်္ကြန်အတက်နေ့ တရားပွဲမှာ မြန်မာပြည်ကဗုဒ္ဓဘာသာဝင်တွေအကြောင်း ကိုယ့်ပေါင်ကိုယ်လှန်ထောင်းတဲ့အနေနဲ့ ဆုံးမဟောပြသွားပါတယ်။ ဒါန၊ သီလ၊ ဘာဝနာဆိုတဲ့ အလုပ်တွေကိုလုပ်ရမယ် ဆိုတာဗုဒ္ဓဘာသာဝင်တိုင်း သိကြပေမယ့် ဘယ်လိုဒါန၊ သီလ၊ ဘာဝနာမျိုးတွေလုပ်နေကြပါသလဲ။ ဒါနဆိုတာ ခံယူရတဲ့သူတစ်ဖက်သားချမ်းသာအောင် ကိုယ့်ပစ္စည်းကိုပေးတာကိုခေါ်ပါတယ်။ ကိုယ်ပိုင်ပစ္စည်းကိုပေးတာ ဟာ လောဘကင်းမှပေးလို့ရပါတယ်။ အလှူခံပုဂ္ဂိုလ် ချမ်းသာပါစေလို့ မေတ္တာထားပေးရပါတယ်။ ဒီလိုမေတ္တာထားမှ ကြင်နာသနားခြင်း၊ ကိုယ်ကျိုးစွန့်ခြင်း၊ အနစ်နာခံခြင်း၊ သည်းခံခြင်း၊ စွန့်လွှတ်ခြင်းဆိုတာတွေနောက်က ကပ်ပါလာပါတယ်။ ဒါကြောင့်ပေးလှူသူဟာ ဒေါသကင်းလာပါတယ်။ ရက်စက်မှုကင်းပြီး ကြင်နာမှု ယှဉ်လာပါတယ်။ ကောင်းတာလုပ်ရင် ကောင်းတာရမယ်ဆိုတဲ့ အခြေခံပေါ်မှာ ကိုယ့်အကျိုးမမျှော်မှန်းတဲ့ အသိဉာဏ်ယှဉ်တဲ့ အလှူမျိုးမှ […]