Mr WorldWideJanuary 29, 20131min2892
အနာဂတ်ကာလတွင် ဝါယာလက်စနစ်ဖြင့် စွမ်းအင်ထုတ်လွှင့်ပေးနိုင်မည်(Wireless Power Transfer) ဟုစိတ်ကူးကြည့်လိုက်ပါက ဆဲလ်ဖုန်းများ၊ အိမ်သုံးစက်ရုပ်များ၊ Mp3စက်များ၊ လက်ပ်တော့ (Laptop)ကွန်ပျူတာနှင့်အခြားရွှေ့ပြောင်းသယ်ယူနိုင်သည့် အသေးစားအီလက်ထရောနစ် ကိရိယာလေး များသည် ၎င်းတို့ကိုယ်တိုင် အားသွင်းနိုင်မည်ဖြစ်ပြီး အမြဲတမ်း အသုံးပြုခဲ့ကြရသော ဝါယာကြိုးများကို အ သုံးပြုရခြင်းမှလွတ်မြောက်ပေလိမ့်မည်။ အချို့သော စက်ကိရိယာလေးများသည်ဘက်ထရီ အသုံးပြုရန် လို ချင်မှလိုပေတော့မည်။ MITမှပညာရှင်အဖွဲ့တစ်ခုသည် အနာဂတ်တွင် ၎င်းနည်းပညာကို အပြည့်အဝ အကောင်အထည်ဖော်ရန် အရေးကြီးသည့် အဆင့်တစ်ခုကို စမ်းသပ်၍ ထုတ်ဖော်ပြသခဲ့ပါသည်။ Radiation Methods(ရောင်ခြည်လှိုင်းနည်းစနစ်) စွမ်းအင်ကို ဝါယာလက်စနစ်ဖြင့် ပို့ဆောင်နိုင်သည့် နည်းလမ်းအသွယ်သွယ်ရှိကြောင်းကို သိရှိ ခဲ့သည်မှာ ရာစုနှစ်မက ရှိခဲ့ပေပြီ။ အကောင်းဆုံးဥပမာပေးရလျှင် ရေဒီယိုလှိုင်းများကဲ့သို့ လျှပ်စစ်သံလိုက် ရောင်ခြည်လှိုင်းစနစ် (Electromagnetic Radiation) ဖြစ်ပါသည်။ အဆိုပါ ရောင်ခြည်လှိုင်းစနစ်သည် သ […]


Mr WorldWideJanuary 29, 20131min2723
ယနေ့ကာလအထိ သင်တို့အနေဖြင့် အကြမ်းဖက်သမားများမှ လေယာဉ်များကို ပြန်ပေးဆွဲခြင်းအား ကြားဖူးပေလိမ့်မည်။ အဆိုပါ အကြောင်းအရာတို့အား သင်တို့ကြားရုံမျှဖြင့် အံ့အားသင့်မည် မဟုတ်ပေ။ သို့သော် ကျောင်းသားအချို့မှ အမေရိကန်စစ်ဘက် မောင်းသူမဲ့လေယာဉ်တစ်စင်းကို ပြန်ပေးဆွဲခြင်း၊ သို့မဟုတ် hacked လုပ်နိုင်ခြင်း စွမ်းရည်ရှိကြောင်း သင်ကြားသိရလျှင် မည်သို့ခံစားရမည်နည်း။ တက်ဆက်တက္ကသိုလ် အော်စတင် ရေဒီယိုလေကြောင်းထိန်းသိမ်းခြင်း သုတေသနဌာနမှ ကျောင်းသားအချို့သည် ကျောင်းအပိုင်ဖြစ်သော မောင်းသူမဲ့လေယာဉ်တစ်စင်းကို ကြားဖြက်၍ ဝင်ရောက် ထိန်းကျောင်းမှုရယူပြီး အမေရိကန်အစိုးရ၏ မောင်းသူမဲ့ယာဉ်များကို လေထဲတွင် ပြန်ပေးဆွဲခြင်းခံရ နိုင်ကြောင်းကို သက်သေပြခဲ့လေသည်။ ဤအဖွဲ့အား ပါမောက္ခ ထော့(ဒ်)ဟမ်းဖရေးက ဦးဆောင်ပြီး ၎င်းက အဆင့်မြင့် ပုံတူကူးအတက်ပညာ (Spoofer) စနစ်တစ်ခုကို အမေရိကန်ဒေါ်လာ ၁၀၀ဝခန့်ဖြင့် တီထွင် လိုက်ပါသည်။ ”Spoofing” ဆိုသည်မှာ  ကမာ္ဘလုံးဆိုင်ရာ တည်နေရာပြကိရိယာ […]


IrisJanuary 26, 20132min65233
အံ့ဩဖွယ် အစွမ်းများနဲ့ “Beavers (Castor)” ဒီထူးဆန်းလှတဲ့ Beaver သတ္တဝါလေးတွေအကြောင်းနဲ ့မိတ်ဆက်ပေးခဲ ့တဲ ့သူက ကျမရဲ ့project ”Pipe Laying Vessel “ ရဲ  ့Client Company မှ အမေရိကန် တစ်ယောက် ရယ်ပါ. ကျမ တို ့ရဲ  ့သူငယ်ချင်း ဖြစ်စဉ်က အနည်းငယ်ကမောက်ကမနိင်လွန်းတယ် ထင်ပါတယ်. မြန်မာလူမျိုး ကျမ အလုပ် လုပ်တဲ ့စင်ကာပူ shipyard တစ်ခုမှာ သဘောင်္ အသစ်လာ ဆောက်တဲ ့ အီတလီယန် ကုပ္မဏီရဲ  ့Client အမေရိကန် ကုပ္မဏီရဲ  ့မန်နေဂျာ…အင်း..နဲနဲလေးတော ့ ဟာသမြောက်နေတယ်လို ့ထင်မိတယ်. ကျမတို ့ရဲ ့project pipe laying […]


Ma MaJanuary 5, 20131min53432
အရောင်းအဝယ်လုပ်နေကြတဲ့လူမှန်သမျှ ကြွေးကိစ္စနဲ့ ကင်းနိုင်ကြမယ် မထင်ပါဘူး။   ဝယ်တဲ့အခါမှာလည်း ကြွေးယူဖို့ မကင်းနိုင်သလို…….. ရောင်းတဲ့အခါမှာလည်း ကြွေးပေးဖို့ မကင်းနိုင်ကြပါဘူး။   အလုပ်ကြီး အကိုင်ကြီးလုပ်မှမဟုတ်ပါဘူး။ ကွမ်းယာဆိုင်တောင် အကြွေးမကင်းကြဘူး မဟုတ်လား။   ကိုယ့်လောဘနဲ့ကိုယ် များများရောင်းချင်လို့၊ ဖောက်သည်ဆွယ်ချင်လို့ ဆိုတဲ့ ….. ရည်ရွယ်ချက်တွေနဲ့  အကြွေးပေးတဲ့အခါ အကြွေးဆုံးတယ်ဆိုတာကလည်း အနည်းနဲ့ အများပဲ ကွာမယ်။ မဖြစ်မနေကြုံတွေ့ကြရတာပါပဲ။   လွန်ခဲ့တဲ့ ၁၃ နှစ် ကုန်ကြွေးတွေယူသွားပြီး ပြန်မဆပ်တဲ့ လူတစ်ယောက်ဆီက အကြွေးတောင်းစရာမလိုပဲ လာပြန်ပေးသွားတယ်လို့ဆိုရင်…….. ထူူးဆန်းတယ်လို့ ထင်ရပေမယ့် သိပ်တော့ အံ့ဩစရာ မကောင်းလှပါဘူး။   ကဲ………… ယုံချင်ယုံ မယုံချင်နေ၊ ပုံပြင်လေးတစ်ပုဒ်ပြောပြမယ်။ . . . . .   […]


သချင်္ာကိန်းမှာ တန်ဖိုးအစစ်မှန်ဆုံး ပြပါဆိုရင် သုညတလုံးထဲ ရှိတယ်။ သူ့ကို ပိုကောင်းအောင် လိုတိုးပိုလျှော့ လုပ်လိုက်ရင် မူလတန်ဖိုး ပျက်ပါပြီ။ အပေါင်းအနှုတ် ဘယ်လောက် လုပ်နိုင်မလဲ အဆုံးအစမဲ့ပါ။ ခွဲခြမ်းစိတ်ဖြာ တွေးတောကြံဆရင်း ကိန်းပြည့် ကိန်းရှင် ကိန်းသေ အပိုင်းကိန်း စတာတွေပေါ်လာတယ်။ သုညအရည်အချင်းမှ ဝေးရာသွေဖီပါတယ်။ လူပြိန်းလိုဆို “များလေကောင်းလေ” ဖြစ်ပေမဲ့ “ရလေလိုလေ အိုတစ္ဆေ သဂျီးပက်လက် ငရဲမှတ်” ဆိုတဲ့ အတွေးအခေါ် ရှုဒေါင့်မှ ဆိုရင်တော့ လွဲပါပြီ။ လှုပ်လေမြှုပ်လေ ရွှံ့နွံတောထဲ နစ်နေသူ ဥပမာ အတိုင်းဖြစ်ပါတယ်။ နဂိုထဲက ရှိမနေရင် ရှာသူသာ ပင်ပန်းကြောင်း လက်ခံပေမဲ့ လက်တွေ့အသိ ရှာဖွေရင်း မူရင်းတန်ဖိုး တကယ်မဟုတ်ခြင်းကနေ ပြုလုပ်ခြင်း တန်ဖိုးအတု အဟုတ်ထင်ခြင်းများ ဖြစ်လာပါတော့တယ်။ ပြုလုပ်ဖန်တီးခြင်း […]


KyaemonDecember 26, 201265min1641
ရေကာတာနဲ့အခြားရှုခင်းတွေကိုလိုက်ကြည့်ရအောင်၊   တောတောင်ချောင်းမြောင်း၊ ရေကန်ဆည်မြောင်း၊ လယ်ယာကိုင်းကျွန်း ကွင်းပြင်မြေပြန့် အနှံ့တို့ရဲ့ သဘာဝဝန်းကျင်အလှကို ရင်သပ်ရှုမော မြင်တွေ့ခံစားနိုင်တာပါ Laggan ရေကာတာပါ  ၁၉၃၆ ကဆိုလို့ ၇၆ နှစ်တောင်ကြာပါပြီ Laggan Dam, 21-7-09 | Flickr – Photo Sharing! http://www.flickr.com/photos/domino_nz/3912137614/ Laggan Dam is a dam located on the River Spean south west of Loch Laggan in the Scottish Highlands. The dam is 700 feet (213 metres) long and rises 170 […]


black chawDecember 25, 20121min74011
အခုရေးမယ့် ပို့စ်နဲ့တော့ မဆိုင်လှပါဘူးဗျာ…။ ဒါပေမယ့် စကားနည်းနည်းလေး စပ်ခွင့်ပေးပါဦး…။ လင်းနစ် ဆိုတဲ့ ပုဂ္ဂိုလ်လေးက နာမည်ကြီး အဆိုတော် မဟုတ်ရှာပါဘူး…။ ဒါပေမယ့် စီးတီး FM ရဲ့ နှစ်ပတ်လည် Live Show တစ်ခုမှာ သီချင်းတစ်ပုဒ် ဝင်ဆိုခွင့်ရခဲ့ပါရောလားဗျာ…။ အဲဒါကပဲ သူ့ ဘဝရဲ့ ကံကြမ္မာကို ပြဌာန်းခဲ့လေရော့သလား…။ ဒီဇင်ဘာည…တဲ့…။ အံ့ဩစရာကောင်းလောက်အောင်ကို အဲဒီသီချင်းလေးက ပေါက်ခဲ့ပါတယ်…။ ဒီဇင်ဘာည V1: အပြင်မှာနှင်းတွေ ကျဆင်းလို့နေပြီ အိပ်မက်ဟောင်းငယ် ရင်ထဲရောက်လာသည် ငါမလိုချင်သောနာရီများ လွန်ဆန်ချင်နေလည်း V2: မျှော်လင့်ခြင်းတွေ ငါမုန်းလိုက်ချင်ပြီ ဒီလိုညတွေ ကုန်ဆုံးလိုက်ချင်ပြီ မြူမှုန်တွေရဲ့ ခြေသံလေး နင်ပြန်မလာတော့ဘူးလား Cho: ဒီဇင်ဘာည အဖြူရောင်မြူနှင်းကြားမှာ အတူဆုံနေကြ ဒီလိုအချိန်လေးရောက်လာ ဟိုအရင်က အပြာရောင်အိပ်မက်လေးကို ပြန်လည်တမ်းတရင်း […]


KyaemonDecember 24, 2012150min1921
 အထက်ပါပုံဟာယခင်ကTyskedammne ရေကာတာဟောင်းဖြစ်ပြီး ယခုကျတော့မြင်တဲ့အတိုင်းပျက်စီးယိုယွင်းနေတာပါ၊ ——————— စကားမစပ်ကျနော့ပေါက်ဖော်ကြီးဦး”အာချောင်တီး”က   ဒီပုံကိုမြင်သွားတာနဲ့ချက်ချင်းဘဲအမူအရာပြောင်းသွားခဲ့တာ၊ ရွှေတုံးတတုံးကောက်ရသလိုလို၊ထီပေါက်သွားသလိုလို၊ သူကမနောပီတိဂွမ်းဆီထိတဲ့အလား၊ပီတိအစုံစုံဝေဖြာလွှမ်းမိုးကာ  “ဝဇ်ဇာဓိုရ်”လိုခုန်ပေါက်ခုန်ပေါက်နဲ့ဟိုယိုင်ဒီယိုင်ညိမ်း”က”နေတော့ရာ၊ မကြာခင်မှာဘဲသူကငယ်သံပါအောင်၊တချက်တချက် အားရပါးရအော်ဟစ်ကြွေးကျော်လိုက်တာက “အောင်ပြီ၊ငါဒို့အောင်ပြီ၊” “အရေးတော်ပုံအောင်ရမယ်” ဆိုတာ၊ မရှေးမနောင်းခင်မှာဘဲသူကတချက်ထဲတအားခုန်ပေါက်လိုက်တာနဲ့၊    New Yorkနယူးယောက်သားပီပီNew Yorkနယူးယောက်ကအသစ်တဖန်ပြန်လည် တည်ဆောက်လိုက်တဲ့TwinTowersအမွှာပူးမိုးမျှော်တိုက်ခေါင်မိုးပေါ်ကို တချီထဲနဲ့ရောက်တော့တာ၊   Supermanလိုအပေါ်ကိုရောက်တော့လဲ၊ တဖျစ်တောက်တောက်အော်ဟစ်ကြွေးကျော်နေပြန်တာက “ဟဲ့ငမိုက်သားကြေးမုံဂျီးရာ၊နင်ဘာပြောအုံးမလဲ၊” “ငါအစောကြီးကပြောပြောနေသားဘဲ” “ငလျင်၊ငလျင်ဆိုတာလေ”  “နင်မှတ်မိသေးရဲ့လား” “မင်းက”ငကြောင်ကြီး”ကြောင်တောင်တောင်မို့လို့မယုံတာ၊” “ကြည့်စမ်းကွာငါ့လူ၊ငလျင်ကြောင့်ရေကာတာကြီး အစိတ်စိတ်အမွှာမွှာဖြစ်ရပြီမဟုတ်လားကွာ” “ငါ့ကိုအံတုလို့ရမလားကွာ၊ဟဲဟဲ၊ဟဲဟဲ” “နင်သိဘို့ရာ၊ကြောင်ပုဇွန်စားကျွတ်ကျွတ်ဝါးလို့ဘဲမှတ်၊ဟဲဟဲ၊ဟဲဟဲ” ဆိုပြီးအသစ်ချပ်ချုပ်အမွှာမိုးမျှော်တိုက်ခေါင်မိုး ကနေကြွားဝါကျိန်းမောင်းကြွေးကျော်နေပြန်တာ၊ —– ဒါနဲ့လူတွေကဝိုင်းလာကြတော့နယူးယောက်ပုလိပ်တွေက အဆွေတော်ဦး”အာချောင်တီး”ကိုအောက်ကနေ အသံချဲ့စက်နဲ့အော်ပြီးရှင်းပြရတာ၊ “ဟဲ့ငတုံး၊ဟဲ့ငကြောင်၊ဒီရွာမှာလာပြီးရူးသလိုလို”အ”သလိုလို နံမယ်နဲ့လိုက်အောင်၊အူကြောင်ကြောင်လာမလုပ်နဲ့” “ဒီရွာမှာအမှားအမှန်ကိုခွဲခြားစိတ်ဖြာတတ်တဲ့ရွာသားတွေရှိတယ်” “အဲဒီပုံကရေကာတာဟာ ငလျင်ကြောင့်ပြိုကျပျက်စီးတာမှမဟုတ်တာ၊ ဒုတိယကမ်ဘာစစ်ဖြစ်တုန်းကဂျာမန်စစ်တပ်ကနော်ဝေမှာ တည်ဆောက်ခဲ့တဲ့ရေကာတာကိုအင်ဂလိပ်လေယာဉ်တွေက ဗုံးကြဲခဲ့တာကြောင့်ပါ၊ —– အဲဒီလိုနဲ့ဆင်းခိုင်းတော့မှသူက”ဈာန်လျှော”လာကာအမြင်မှန်ရတော့တာ၊ မှတ်ချက်၊ဦး”အာချောင်တီးရဲ့”စိုးရိမ်ပူပန်မှုသက်သာအောင်ပြောရမယ်ဆိုရင် ငလျင်ကြောင့်နော်ဝေကရေကာတာကြီးတခုခုပျက်စီးခဲ့လို့လဲ လူတွေကအကြီးအကျယ်သေကြေပျက်စီးရတာဆိုလို့နှစ်ပေါင်းများစွာ (ရာချီနှစ်ပရိစေဒ)ကထဲကမရှိခဲ့ပါကြောင်း၊ နော်ဝေမှာဒီလိုမျိုးကိစ်စလုံးဝ […]


16-12-12 တနင်္ဂနွေနေ့က ရွာအလှူ ကပြန်လာတဲ့ ကိုဘလက်၊အမတ်မင်း၊ရွှေတိုက်တို့နဲ့ ချိန်ပြီး မတော်တဆ ထိခိုက်ဒဏ်ရာရနေတဲ့ ဗိုက်ကလေး ကိုသွားတွေ့ပီး သတင်းမေး အားပေးခဲ့ကြပါတယ်..အဲဒီကအပြန် ၉မိုင် ရွှေနှင်းဆီလမ်းကထွက်တော့ ရှေ့တည့်တည့် မှာရှိနေတဲ့ ရှမ်းဘုန်းကြီးကျောင်းဝန်းကြီးကိုမြင်တော့ တစ်ခါက ဖူးခဲ့ဘူးတဲ့ နှီးဘုရားကြီးကို သတိရသွားပါတယ်..ဒါနဲ့ အမတ်မင်းကို ရောက်ဖူးလားမေးတော့ မရောက်ဖူးဘူးပြောလို့ လာ..ဒါဆိုတခါတည်း လမ်းသင့်တုန်းဝင်ဖူးလိုက်ကြရအောင်ဆိုပြီး ဝင်ဖူးဖြစ်ခဲ့ပါတယ်… ရန်ကုန်မြို့လယ်မှာရှိနေပေမဲ့ အမှတ်တမဲ့ ဖြတ်သာသွားပြီး မရောက်ဖူးသေးသူများ အတွက် ရှမ်းဘုန်းကြီးတွေ လက်မှု့ပညာနဲ့ ပြုလုပ်ကိုးကွယ်ထားတဲ့ နှီးဘုရား(ရှမ်းအခေါ်..“ဖရားအင်းဆံ”)ရုပ်ပွားတော်ကြီးပုံလေးတွေ မျှဝေလိုက်ပါတယ်ဗျို့….ရောက်ပီးသား..ဒီရွာထဲတင်ပီးသား ဆိုရင်တော့လည်းခွင့်လွှတ်ပြီးထပ်ဖူးမျှော်ကြပါအုံးလို့….. ဒီစာလေးတွေက ဘုရားပုံတော်ဓါတ်ပုံနောက်ကျောမှာရေးထားတာပါ။ ကဲ ..ကဲ..ဘုရားဖူးကြရပြီမဟုတ်လား…. ရွာသူားအားလုံးကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေသော်… ဘာရယ်မဟုတ်ပါဘူး..ပို့စ်မတင်နိုင်တာကြာပီမို့…သတိတရ ရှိအောင်ကြံဖန်တင်လိုက်တာပါ။ အားလုံးကိုခင်တဲ့… ကြီးမိုက်။  :hee:             […]


KyaemonDecember 17, 201217min2674
မြေငလျင်အဆက်ပါ —————- ကလေးလူငယ်ပါမကျန်ငလျင်အေကြောင်းကိုစိတ်ဝင်စားလာပြီး  နားလည်သဘောပေါက်သွားအောင်နည်းမျိုးစုံနဲ့ရှင်းပြနေကြတာ    ရှင်းပြသူMarshall Bradley ရှေ့ပိုင်းကHow Earthquakes Work ဆောင်းပါးမှာရှင်းပြပြီးနောက် ဗီဒီယိုနဲ့တခါထပ်ရှင်းပြနေတာ ကမ်ဘာကျော်တောင်ပိုင်းCaliforniaရှိSt Andreas Fault  မြေငလျင်ပြတ်ရွေ့ကနဲနဲချင်းရွေ့ရှားနေတာကို ကောင်းကင်ကနေမြင်ရကြောင်း How Earthquakes Work – YouTube http://www.youtube.com/watch?v=hkg_ZYm9IZw ——– မြေငလျင်ဟောကိန်းတွေနဲ့ခန့်မှန်းချက်တွေ    Pacific ပင်လယ်သမုဒ်ဒရာမှာရှိတဲ့ မြေငလျင်”Ring of Fire မီးစက်ဝိုင်းကြီး” အမေရိကတိုက်မြောက်ပိုင်းAlaskaပြည်နယ်Valdez မြို့နားမှာဖြစ်ပေါ်ခဲ့တဲ့ငလျင်ကြီးရဲ့ဗဟိုရ်ချက်မနဲ့ လှိုင်းဂယက်များပုံ မီးခိုးရောင်မြေထုအချပ်ပြားမှလှိုင်းဂယက်တွေက ပူးကပ်နေတဲ့ကြက်ဥနုရောင်မြေထုအချပ်ပြားဆီကို လှိုင်းဂယက်တွေထပ်ဆင့်လက်ဆင့်ကမ်းတွန်းအားတွေ ပို့ဆောင်ကူးဆက်သွားပုံ ====================== USGSအမေရိကန်မြေငလျင်ဌာနကသိပ်ပံပညာရှင် Michael Lampeedနဲ့တွေ့ဆုံမေးမြန်းခြင်း ငလျင်ဘယ်တော့ဖြစ်မယ်ဆိုတာဟောကိန်း ထုတ်နိုင်စွမ်းမရှိကြောင်း၊ သို့သော်ဘယ်Fault ပြတ်ရွေ့အက်ကြောင်းမှာဖြစ်နိုင်ကြောင်း၊ ဘယ်လောက်ကြီးမားပြီး၊ လှုပ်ခါတာဘယ်လောက်ပြင်းထန်နိုင်ကြောင်းကို ခန့်မှန်နိုင်ကြောင်းဖြေဆို၊ နှစ်ပေါင်းများစွာကစူးစမ်းလေ့လာတာ၊စမ်းသပ်တာ၊ ငလျင်တို့ရဲ့ပုံစံအချက်အလက်တွေ ဘေးအန်တရာယ်တွေကို စုစည်းခဲ့တာကြောင့် မြို့ပြစီမံကိန်းတွေ၊မြေနေရာချတာတွေမှာလဲ […]


ဓမၼ သုေတသီDecember 12, 20121min2223
လူမိုက်တွေက သူတစ်ပါးတွေကို လက်ညှိုးထိုး၊ အပြစ်မြင်ကဲ့ရဲ့ တတ်ကြတယ်။ လူလိမ္မာတွေက ကိုယ့်ကိုယ်ကို လက်ညှိုးထိုး၊ အပြစ်မြင်ပြုပြင်တတ်ကြတယ်။ လူပညာရှိတွေကတော့ ဘယ်သူ့ကိုမျှ လက်ညှိုးမထိုးကြဘဲ အကြောင်းအကျိုး၊ အကောင်းအဆိုးတွေကို ဆင်ခြင်ရှုြုမင်ပြီး အကြောင်းတရားတွေကိုသာ လက်ညှိုးထိုး အပြစ်မြင် ပြုပြင်တတ်ကြတယ်။ သင်ကော………. လူမိုက်လား၊ လူလိမ်မာလား၊ လူပညာရှိလား….. သင့်ရဲ့လက်ညှိုးတွေ ဘယ်ကိုထိုးနေတာလဲ…..   ဖြောင့်ချက်……. ” ကိုယ့်အမှားကနေ ကိုယ့်ကိုယ်ကို သင်ခန်းစာမယူ မပြုပြင်တတ်ရင်..လူမိုက်၊ ကိုယ့်အမှားကနေ ကိုယ့်ကိုယ်ကို သင်ခန်းစာယူ ပြုပြင်တတ်ရင်….လူလိမ်မာ၊ ပတ်ဝန်းကျင်ရဲ့ အဆိုးအကောင်းကနေ သင်ခန်းစာယူ ပြုပြင်တတ်ရင်….လူပညာရှိ၊ ” _ အဆိုးတွေ ပြဿနာတွေနဲ့ တွေ့လာရင် လက်ညှိုးတွေက သူတစ်ပါးတွေကို ထိုးတတ်ကြပါတယ်။ အကောင်းတွေ အောင်မြင်မှုတွေနဲ့ တွေ့လာရင်တော့ လက်ညှိုးတွေက ကိုယ့်ကိုယ်ကို ထိုးတတ်ကြပါတယ်။ _ […]


KyaemonDecember 9, 201243min9919
   ငလျင်တိုင်းတာနည်း အဆက်    ၁၉၇ဝ က Charles Richter  ပုံ ————————————- Charles Richter တို့က မြေငလျင်တိုင်းနည်းကိုတိုးချဲ့လိုက်လို့၊(၂၀) ရာစုနှစ်အလယ်ပိုင်းကစပြီးနိုင်ငံတော်တော်များများက အဲဒီMomento magnitude scaleနည်းသစ်ကိုအစားထိုးသုံးလာကြပေမဲ့ ရုရှနဲ့အပေါင်းပါနိုင်ငံတွေကမူလကRichter နည်းကိုဘဲဆက်သုံးကြတာ၊ The Richter magnitude scale (often shortened to Richter scale) is one of a number of ways that have been developed to assign a single number to quantify the energy contained in an earthquake. The scale is a base-10 logarithmic scale. The magnitude is […]


Wai Aung Chan MyoDecember 9, 20124min63520
ဒီစာဟာ ခြောက်လှန့်စာမဟုတ်ပါ။ သိပ္ပံနှင့်သဘာဝဓမ္မတို့ကြား ဖြစ်တန်ချေများကို ရွေးထုတ်ဖော်ပြခြင်းသာ။ ၂၀၁၂ ဥဒါန်း ၁။ မာယာပြက္ခဒိန် ၂။ Galatic Center Crossing ၃။ Sunspot Cycle နှင့် ဂြိုဟ်တို့နှင့်နေကြား ဆွဲအားသက်ရောက်မှု ၄။ ကမာ္ဘ့အတွင်းမှ Tectonic Plate ရွေ့လျားမှု ၁. မာယာပြက္ခဒိန် Cuello နှင့် အပေါင်းပါတို့ရဲ့ မာယာရှေးဟောင်းယဉ်ကျေးမှု ရှာဖွေဖော်ထုတ်ရေးမှ မာယာလူမျိုးတို့ဟာ ယူကတန်လို့ခေါ်တဲ့ တောင်အမေရိကနှင့် မြောက်အမေရိကတိုက်၂တိုက်စပ်ကြားဒေသမှာ ဘီစီ ၂၆၀ဝ လောက်မှာ စတင်ထွန်းကားခဲ့တယ်လို့ အတည်ပြုပါတယ်။ ဒါပေမယ့် ၂၀၁ဝ ကမာ္ဘ့တဝှမ်းအတည်ပြုတာ ကတော့ ဘီစီ ၁၈၀ဝ လောက်မှာမှ စတယ်လို့ဖြစ်ပြန်တယ်။ မာယာ ပြက္ခဒိန်ရဲ့ အစအရတော့ ခရစ်သက္ကရာဇ်အရ ဘီစီ ၃၁၁၄ ဩဂုတ်လ […]