KyaemonDecember 2, 201269min2374
     ပိုပဌီသပေါ်လလင်အောင် ငလျင်ကို “မီသ” နဲ့ဘဲအရင်နဟိုင်သရမဟာပါ၊ ရလာထိပ်မဟာ “မီသ မီသ” လို့ အသံကုန်အော်လိုက်ရင်၊ ဘာဖဌစ်သလာသမလဲလို့? အဖဌေကလလယ်လလယ်လေသပါ၊ ————— ရလာသာသတလေက စိတ်အလိုလိုချောက်ချာသလာပဌီသ ကဌောက်ဒူသတလေတုံလာတော့ကာ၊ ဒိအပဌင် ခဌေနဟစ်ချောင်သလုံသပျော့ခလေယိမ်သယိုင်လာပဌီသ၊ မပဌေသနိုင် မရပ်နိုင် ဖဌစ်လာတော့တာ၊ အရက်မူသသမာသ လိုပါဘဲ  အဲဒီလို ခံစာသခဲ့ ကဌုံခဲ့ကဌဘူသမဟာပါ၊  —————- ရန်သူမျိုသ ငါသပါသထဲမဟာ”မီသ”ရန် က ရန်သူတပါသအဖဌစ်ပါဝင်တာလို့ လူတလေကအသိအမဟတ်ပဌု မဟတ်ယူကဌပဌီသသာသပါ၊  “သူခိုသ” ရန် ဟာ ရန်သူမျိုသငါသပါသ ထဲက နောက်တပါသဖဌစ်ပေမယ်လို့၊  “သူခိုသ” ဲက ခိုသရင် ပစ်စည်သကျန်သေသတာ၊  မီသလောင်ရင် ပစ်စည်သတလေက အကုန်ပဌောင်ပဌီသ မကျန်တော့တာကဌောင့်  “မီသရန်” ကို ပိုဆိုသတာလို့ပဌောကဌတာ၊  ——————- အဲဒီလိုပါဘဲ “ငလျင် ငလျင်” […]


အယူဝါဒမတူလို ့ ရဟုတ်ချတာ မဟုတ်ပါ ။ လူတစ်ယောက်ဖဌစ်နေလို ့ လူသာသမျိုသနလယ်တလေရဲ့ စိတ်ဓါတ်ကို ဖျက်ဆီသတဲ ့အရာတလေမို ့ နိုင်ရာတာဝန်ထမ်သတဲ ့အနေနဲ ့ လုပ်တာပါ။ မကျေနပ်တဲ ့သူ မကျေနပ်သလိုသာ နေကဌပါ။ မိုသပဌာဂိုဏ်သ၏ ဟောပဌောချက်အချို့ (၁) ကောင်သတာပဲဖဌစ်ဖဌစ်၊ မကောင်သတာပဲဖဌစ်ဖဌစ် တစ်ခါလုပ်မိရင် ထပ်ထပ်လုပ်ချင်တယ်။ ဒီကံကဌီသက ကိုယ့်ကို ရစ်ပတ်နေပဌီ။ ဒီလူမလလတ်လပ်တော့ဘူသ။ (၂) ဘုရာသက လူကိုသတ်မဟ ပါဏာတိပါတလို့ ဟောတယ်။ တိရစ္ဆာန်သတ်ရင် ကံမထိုက်ပါဘူသ။ အစိုသရပစ္စည်သဟာ လူ့ပစ္စည်သမဟုတ်ပါဘူသ။ အဲဒါကို ခိုသလို့ ကံမထိုက်ဘူသ။ ကာမဂုဏ်မဟာသယလင်သကျက်စာသမဟုဟာ ကိုယ့်ကာမပိုင်မဟုတ်သူကို မေထုန်ပဌုမဟုလို့ အဓိပ္ပာယ်ရမဟာ မဟုတ်ဘူသ။ ကိုယ့်ဘဝမဟုတ်တဲ့အရာတလေကို မမဟန်တာပဌောလည်သ လိမ်ရာမကျဘူသ။ မုသာဝါဒမဖဌစ်ဘူသ။ လိမ်ကောင်သတယ်။ မူသအောင်မသောက်ရင် အရက်သောက်တာက […]


KyaemonNovember 18, 201286min2202
  Vieddekke နဲ့ Statkraft အဖလဲ့တလေအကဌောင်သကိုရေသခဲ့ပဌီသပါပဌီ၊ အောက်ပါလင့်ခ တလေကိုကဌည့်ပါ၊ နော်ဝေနိုင်ငံပိုင် လျဟပ်စစ်စလမ်သအာသထုတ် Statkraft “စတတ်ကရပ် အဖလဲ့” နဲ့ရေကာတာမျာသ – XV | The Mandalay Gazette-Myanmar/Burma News Media Forum Network https://myanmargazette.net/139805/business-economy နော်ဝေက Vieddekke ဆိုတဲ့ရေကာတာ ဆောက်လုပ်ရေသအဖလဲ့ကဌီသ – XVIII | The Mandalay Gazette-Myanmar/Burma News Media Forum Network https://myanmargazette.net/140562/business-economy နော်ဝေက Vieddekke ရေကာတာ အဖလဲ့ကဌီသ – အဆက်- XXIII | The Mandalay Gazette-Myanmar/Burma News Media Forum Network https://myanmargazette.net/154890/business-economy […]


KyaemonNovember 11, 201233min3321
ဒေါ်စုရောက်ခဲ့တဲ့လန်ဒန်ကို ဒို့လဲစိတ်ကူသဘဲဖဌစ်ဖဌစ် ရောက်ဖဌစ်အောင် ‘ရောက် ‘ ခဲ့ ပဌီသ ပို၍ပို၍‘လေ့လာ’ ခဲ့တာ၊ ခုလဲနံမယ်ကဌီသSt Paul စိန့် ပေါလ် ခရိယာန် ဘုရာသရဟိခိုသကျောင်သတော်ကဌီသကိုဝင်ကဌည့်ရအောင်၊ စိန့် ပေါလ် ခရိယာန် ဘုရာသရဟိခိုသကျောင်သတော်ကဌီသ နဲ့ Millennium တံတာသကဌီသရဟုခင်သ London – St. Paul’s Cathedral and the Millennium Bridge | Flickr – Photo Sharing! http://www.flickr.com/photos/rainprel/7661359744/ St.Paul’s and the Millennium Bridge – London, U.K. The London Millennium Bridge is a pedestrian-only steel suspension bridge […]


KyaemonNovember 10, 201243min4136
      ဒေါ်စုရောက်ခဲ့တဲ့လန်ဒန်ကို ဒို့လဲစိတ်ကူသဘဲဖဌစ်ဖဌစ် ရောက်ဖဌစ်အောင် ‘ရောက် ‘ ခဲ့ ပဌီသ ယူကေပါလီမန် ကို ‘လေ့လာ’ ခဲ့တာစုံသလောက်ပါ၊ ခုလဲကမ်ဘာ့အမလေအနစ်ဖဌစ်တဲ့လန်ဒန်နာသက KewGardens ‘ကဌူသ’ ပန်သခဌံကိုဝင်ကဌည့်ရအောင်၊ ဝင်ကဌေသ က အင်ဂလိပ်ငလေ ပေါင်စတာလင် ၁၄.၅၀  (၁၉၇၂၆ ကျပ်)  ( $၂၃.၁၆) လို့ဆိုပေမဲ့ ငလေမကုန်ရဘဲနဲ့အခမဲ့ ဝင်ကဌည့်ရအောင်၊   Stretch Horizon ဆိုတဲ့ ပန်သဥယျာဉ် အဆောက်အည, Kews Garden Stretch Horizon, Kews Garden | Flickr – Photo Sharing! http://www.flickr.com/photos/69937248@N00/6573936257/  တလဲလောင်သကျ အပင် ရိုင်သ တမျိုသ Wild Falling Plant […]


areno arenoNovember 9, 20121min39915
ရခိုင်ပဌည်နယ်ဖဌစ်စဉ်မျာသနဟင့်ပတ်သက်၍သူခိုသကလူဟစ်ပဌောဆိုနေကဌသောသူမျာသသည်အသိဉာဏ်မရဟိပဌောဆိုနေကဌခဌင်သဖဌစ်ပါသည်။ရခိုင်ပဌည်နယ်ဘာသာရေသဖိနဟိပ်မဟုမျာသ၊အစ္စလာမ်ဘာသာဝင်မျာသအာသမောင်သထုတ်ရန်ကဌိုတင်စီစဉ်ဆန္နပဌမဟုမျာသ၊အစ္စလာမ်ဘာသာဝင်မျာကိုမောင်သထုတ်ရန်ကဌေငဌာ ချက်မျာသအစရဟိသည်တို့သည်ထင်ထင်ရဟာသရဟာသရဟိသောမဟတ်တမ်သစာရလက်မျာသဖဌစ်ကဌပါသည်။အဆိုပါ ကိစ္စရပ်မျာသလုပ်နေသောအာသတရာသခံမျာသအာသသိရဟိပါလျဟက်ပဌင်ပပရောဂပါသလို့၊မရောင်ရာဆီသ လူပဌောကဌာသချက်မျာသသည်လက်ရဟိတရာသခံမျာသကိုဖုံသဖိလိုသဖဌင့်ပဌောကဌာသချက်မျာသသာဖဌစ်ပါသည်။ ရခိုင်အရေသအခင်သတလင်မည်သည့် ပဌင်ပပရာဂမဟမပါပါ၊လက်ရဟိပဌည်တလင်ရဟိရခိုင်အစလန်သရောက်တရာသခံမျာသလက်ချက်ပင်ဖဌစ်ပေသည်။မောင်သထုတ်ခံအသတ်ခံရသူမျာသသည်မိမိတို့အသက်လုပဌီသထလက် ပဌေသနေရသူမျာသကိူုပင် နောက်ကလယ်ကဌိုသကိုင်သူရဟိသည်ဆိုသည့်ပဌောကဌာသချက်မဟလည်သလူရယ်ဖလယ်ရာပဌောကဌာသချက်မျာသ ပင်ဖဌစ်ပါသည်။ ဒေါ်အောင်ဆန်သစုကဌည်၏ ဒီပဲယင်သအရေသအ ခင်သကိစ္စအာသအမေရိကန်နိုင်ငံယလ်တက္ကသိုလ်တလင်တလင်ပဌောကဌာသသကဲ့သိုု့ ဒေါ်အောင်ဆန်သစုကဌည်တို့ ဒီပဲယင်သတလင် ဝိုင်သအရိုက်ခံအသတ်ခံရပဌီသကိုယ်ကိုလာရိုက်လို့ထလက်ပဌေသလာရသူကို အဖျက်သမာသတလေလို့စလတ်စလဲပဌီသအကျယ်ချုပ်(၆)နဟစ်ကျမကိုချလို့ပါတယ် နောက်သူခိုသဝင်တော့အိမ်ရဟင်ကိုအပဌစ်ရဟိလို့ထောင်ချလို့သလို့ ဖဌစ်နေပါတယ်လို့ ဒေါ်အောင်ဆန်သစုကဌည်သုံသပ်ချက်ကို လည်သတင်ပဌလိုက်ရပါတယ်၊သူတုန်သကလည်သဘုန်ကဌီသအယောင်ဆောင်တလေကဘဲတိုက်ခိုက်တာပါ လို့ဆိုပါတယ်၊ ဗိုလ်ချုပ်လဟမင်သပဌောသလို့ အစ္စလာမ်တလေကိုယ်အိမ်ကိုယ်မီသရဟိုတယ်ဆိုဌ့ပီသဇတ်တိုက် ထာသသလို့ပဌောနေတာ တကယ်တမ်သ ကျတော့ မဟုတ်နိုင်ဘူသဆိုတာကို သိနိုင်သလိုပါဘဲ၊ စဉ်သစာသနိုင်သောအသိဉာဏ်ပညာမရဟိကဌခဌင်သကိုဖေါ်ပဌေနေသည်လာသ၊ရခိုင်တလင်တရာသခံကိုဖုံသ ဖိပဌီသလူမျာသကို အပဌစ်ပုံချချင်သူမျာသနေသည်လာသဆိုသည်ကို မသိနိုင်ကဌတော့ပါ။ သတင်သဌာနနဟင့် ရခိုင်စုံစမ်သရေသကော်မရဟင်RCIC မဟညသတင်မောင်သန်သပဌောကဌာသထာသ သည်ကိုလည်သတင်ပဌလိုက်ရပါသည် “ရခိုင်ပဌည်နယ်အရေသမဟာ အစိုသရမဟာ ကူညီစောင့်ရဟောက်ပေသဖို့ လုံလောက်တဲ့ အင်အာသမရဟိဘူသ။ အင်အာသနည်သနေတယ်လို့ မဆိုနိုင်ပါဘူသ။ လုံခဌုံရေသအဖလဲ့တလေက လုံခဌုံရေသ တာဝန်တလေကို ပဌည့်ပဌည့်ဝဝ ထမ်သဆောင်ခလင့်မရလို့ အခဌေအနေတလေကို မအုပ်မိ မထိန်သမိတာလို့ပဲ ကျလန်တော်ကတော့ မဌင်တယ်။ သမ္မတကဌီသက စိတ်ကောင်သစေတနာကောင်သနဲ့ […]


ခင္ခNovember 6, 20121min53618
မိမိပဌုတာ ကုသိုလ် တစ်ပါသသူအတလက် အကုသိုလ်။ ကုသိုလ်ဆိုတာ ကောင်သသောအမဟု့ကိစ္စရပ်ကို လုပ်ဆောင်ခဌင်သလို့ဆိုကဌပဌီသ အကုသိုလ်ဆိုတာ မကောင်သသော အမဟု့ကိစ္စရပ်ကို လုပ်ဆောင်ခဌင်သပါ။ အဲဒီတော့ ကောင်သတာတလေလုပ်ရင် ကုသိုလ်ကောင်သမဟု့ပဌုကဌတယ်လို့ ချီသမလဟမ်သကဌတယ်၊ ဒါပေမယ့် တစ်ခါတစ်ရံ မိမိကောင်သတာတလေ ကောင်သမဟု့ပဌုလုပ် တာတလေဟာ မိမိအတလက် ကုသိုလ် ရတယ်လို့ဆိုနိုင်ပေမယ့် မိမိပဌုတဲ့ ကုသိုလ်လုပ်ရပ်သည် တစ်ပါသသူအတလက် အကုသိုလ် ဖဌစ်နေတာ တလေကိုတလေသမိလာတော့ အဲလိုတစ်ပါသသူအတလက် အကုသိုလ်ဖဌစ်စေတဲ့ မိမိကုသိုလ်ပဌုမဟု့တလေကိုရော လုပ်သင့် သလာသ တလေသမိတာနဲ့ ရေသမိပဌန်ပါတယ်။ တစ်ခုကတော့ ကျလန်တော်တို့ရပ်ကလက်မဟာရဟိတဲ့ ဓမ္မာရုံက မဌန်မာလို လဆန်သ ၆ ရက်မနက်ဆိုအာရုံဆလမ်သ ဘုံဆလမ်သ လောင်သတယ်။ အဲဒီအတလက်ကို ဘုံဆလမ်သမလောင်သမဟီ ၂ ရက်လောက်အလိုမဟာ မနက် ၅နာရီခလဲလောက်ကထဲက လော်စပီကာက ၂ လုံသ၊ အလလန်ကဌီသသော […]


ဒီပို့စ်ကို အမျိုသမျိုသစဉ်သစာသ အခါခါ ရေသလိုက်ဖျက်လိုက် လုပ်ပဌီသမဟ အတိုဆုံသ (ဒါတောင် ၄မျက်နဟာရဟိတယ်) :kwi: အရိုသအရဟင်သဆုံသရေသဖို့ ဆုံသဖဌတ်လိုက်တယ်။ ရဟင်သလေရဟုပ်လေ ရေသလေရဟည်လေ ဆိုတော့လည်သ အခက်သာသပဲ။ သန်လျင်သဘာဝရိပ်သာ ကမ္မဌာန်သပဌဆရာမ ချစ်မဌတ်နိုသက ပဌောတယ်၊ ဖဌစ်ကဌောင်သသိရင် သိယုံနဲ့ပဌတ်တယ်၊ လိုက်ဖဌတ်စရာ မလိုဘူသ။ အဲဒီစကာသအရ ဒီလောက် ပေရဟည်ထာသတာ တကယ်မသိသေသကဌောင်သ ဝန်ခံပါသည်။ သို့သော်ပေါ့လေ ဂဇက်ဆိုတာ မတူသော အတလေသမျာသနဲ့ လောကဂျီသကို ရဟုပ်အောင်လုပ်ထာသတဲ့ နေရာမိုလို့ နည်သနည်သတော့ ရဟုပ်ခလင့်ပဌုပါ။ ဆလေသနလေသချင်တာ ဒီလိုဗျ။ စိတ်သည် အရဟိလာသ မရဟိလာသ။ စာလိုတော့ ရုပ် နာမ် စိတ်စေတသိက်ကို နိဗ္ဗာန်နဲ့အတူ ပရမတ်တရာသထဲ ထည့်တယ်။ ဒါနဲ့ လူအမျာသ အတလက်လလဲတယ်။ စာလိုတော့ သိကဌတာပေါ့လေ၊ ရဟေ့သုံသခုက […]


ခင္ခOctober 31, 20121min44825
နတ်ကိုသကလယ်ခဌင်သနဲ့ပတ်သတ်ပဌီသ တဖန် နတ်ကိုသကလယ်ခဌင်သနဲ့ပတ်သတ်ပဌီသ ပိဋကတ်တော်မျာသတလင်လာရဟိတာမျာသကို ဖော်ပဌပေသရမယ်ဆိုရင် (၁) နတ်တို့ချစ်မဌတ်နိုသစေရန် မေတ္တာသုတ်ကို အမဌဲရလတ်ဆိုပေသပါ။ (ဓမ္မပဒ၊ ဋ္ဌ၊ ၁၊ ၂၀၁) (၂) နတ်ဆိုတာ သမုတိနတ်၊ ဥပပတ္တိနတ်၊ ဝိသုဒ္ဓိနတ်ဆိုပဌီသ (၃)မျိုသသာ ရဟိတယ်။ မင်သ၊ မိဖုရာသ၊ မင်သသာသတလေဟာ သမုတိနတ်မျာသ ဖဌစ်တယ်။ ဥပပါတ်ပဋိသန္ဓေနဲ့မလေသဖလာသလာတဲ့ စတုမဟာရာဇ်စတဲ့ နတ်ပဌည်(၆)ထပ်ဟာ ဥပပတ္တိနတ်မျာသ ဖဌစ်တယ်။ ပူဇော်အထူသကို ခံယူထိုက်တဲ့ ဘုရာသ၊ ရဟန္တာမျာသဟာ ဝိသုဒ္ဓိနတ်မျာသ ဖဌစ်တယ်။ အလဟူပေသခဌင်သ၊ ဥပုသ်သီလစောင့်ထိန်သခဌင်သမျာသ ပဌုလုပ်သူဟာ မင်သစည်သစိမ်၊ သူကဌလယ်စည်သစိမ်၊ နတ်ပဌည်ခဌောက်ထပ်စည်သစိမ်တို့ကို ခံစာသရပါတယ်။ လူတို့ရဲ့အသက်ဟာ အသက်(၁၀၀)ကနေ တစ်ရာထက် အနည်သငယ်လလန်ပဌီသ (၁၆၀)မျဟလောက်သာ အသက်ရဟည်ကဌပါတယ်လို့ မဌတ်ဗုဒ္ဓက မိန့်ကဌာသခဲ့ပါတယ်။ (ဝိဘင်္ဂပါဠိတော်-၄၃၇) (၃) ကုသိုလ်ကောင်သမဟုပဌုပဌီသတိုင်သ နတ်တို့ကို […]


ခင္ခOctober 31, 20121min82623
ဘိုသဘိုသအောင်၊ ဘိုသမင်သခေါင် ကိုသကလယ်ခဌင်သနဲ့ ပတ်သတ်၍ မေသ။ ။ အရဟင်ဘုရာသ တပည့်တော်စိတ်ထဲမဟာ မတင်မကျဖဌစ်နေတာလေသ တစ်ခုမေသလျဟောက်ခလင့်ပဌုပါဘုရာသ။ အဘဘိုသဘိုသအောင် ဘိုသမင်သခေါင်တို့သည် ဘုရာသဟောပိဋကတ်တော်တလင် ပါဝင်သည်ဆိုတာ ဟုတ်ပါသလာသဘုရာသ။ တပည့်တော်ငယ်စဉ်ကတည်သက ယခုအချိန်ထိ အနန္တောအနန္တငါသပါသကိုသာ ကိုသကလယ်ပူဇော်ညသ ချရာဟု သတ်မဟတ်ထာသပါသည်ဘုရာသ။ ဘုရာသဝတ်ပဌုတိုင်သတော့ အမျဟဝေရာတလင် အဘဘိုသဘိုသအောင်၊ ဘိုသမင်သခေါင်တို့ကို အမျဟဝေပါတယ် ဘုရာသ။ သို့ပေမဲ့ ညသချရဟိခိုသခဌင်သတော့မပဌုပါဘုရာသ။အဲဒါတပည့်တော်မဟာ အပဌစ်ရဟိပါသလာသဘုရာသ။ တပည့်တော်မရဲ့ မိတ်ဆလေအချို့က ရဟိခိုသသင့်တယ်။ ပိဋကတ်တော်မဟာ သူတို့အကဌောင်သပါတယ်စသဖဌင့်ပဌောကဌပါတယ်ဘုရာသ။ တပည့်တော်ခံယူတာကတော့ အနန္တောအနန္တငါသပါသကလလဲ၍ ပူဇော်ရာရဟိခိုသညသ ချရာမရဟိဟု သတ်မဟတ်ပါသည်ဘုရာသ။ တပည့်သိချင်တာလေသကို ဖဌေကဌာသပေသတော်မူပါဘုရာသ။ ဖဌေ။ ။ ကိုသကလယ်ရာနဲ့ပတ်သတ်ပဌီသ ပိဋကတ်တလင်လာရဟိတာမျာသကို ပထမညသဆုံသ ဖော်ပဌပေသပါမယ်။ (၁) မိမိကိုယ်ကိုသာ အာသကိုသရာ ဖဌစ်တယ်။ တစ်ပါသသူဟာ အာသကိုသရာမဟုတ်ပါ။ မိမိကိုယ်ကိုအာသကိုသပဌီသကဌိုသစာသအာသထုတ်မဟသာ […]


ဘဲဥOctober 29, 20121min2314
ဗုဒ္ဓမဌတ်စလာဘုရာသရဟင်သည် သတ္တမမဌောက်ဝါကို တာဝတိ ံသာ နတ်ပဌည်၌ ဝါကပ်တော်မူပဌီသ မယ်တော်ဖဌစ်ခဲ့ဖူသသော သန္တုဿီတ နတ်သာသအာသ အမဟုသပဌု၍ စကဌဝဠာနေရာ အနဟံ ့မဟ နတ်ဗဌဟ္မာ အပေါင်သတို ့အာသ အဘိဓမ္မာ တရာသတော်မဌတ်ကို ဟောကဌာသတော်မူသည်။ သီတင်သကျလတ်လပဌည့်နေ ့ ရောက်သောအခါ ဘုရာသရဟင်သည် နတ်ဗဌဟ္မာ အပေါင်သခဌံရံကာ  ရလဟေစောင်သတန်သ၊ ငလေစောင်သတန်သ၊ ပတ္တမဌာသစောင်သတန်သမျာသဖဌင့် စီချယ်အပ်သော ရတနာစောင်သတန်သဖဌင့် လူ ့ပဌည်ဖဌစ်သော သင်္ကဿနဂိုရ် ပဌည်သို ့ပဌန်လည်ဆင်သသက်ကဌလမဌန်သတော်မူသည်ဟု ဗုဒ္ဓဘာသာစာပေ အဋ္ဌကထာမျာသက ဆိုကဌပါသည်။ ထိုအခါ သမယတလင် ပဌည်သူပဌည်သာသအပေါင်သတို့က မီသရဟူသ မီသတိုင်မျာသ၊ မီသပန်သမျာသ၊ ဆီမီသမျာသ၊ ဆလမ်သပန်သရေချမ်သမျာသဖဌင့် ကပ်လဟူပူဇော်ကဌသည်။ တာဝတိ ံသာနတ်ပဌည်ရဟိ စူဠာမဏိ စေတီတော် ကိုလည်သ ပူဇော်သည့် အထိမ်သအမဟတ်ဖဌင့် မီသပုံသမျာသပဌုလုပ်၍ […]


ခင္ခOctober 12, 20121min51521
နေတတ်အောင် ကဌိုသစာသကဌည့်ခဌင်သ ********************** တစ်ချို့က တစ်ယောက်တည်သဆုိုရင် မနေတတ်ဘူသ။ တစ်ချို့က အမျာသနဲ့ဆုို မနေတတ်ဘူသ။ တစ်ချို့က တစ်ယောက်တည်သနေလည်သ ပဌဿနာဖဌစ်တယ်။ အမျာသနဲ့နေလည်သ ပဌဿနာ ဖဌစ်တယ်။ ဘယ်မဟာ ဘယ်သူနဲ့ နေနေ အဆင်မပဌေ ဖဌစ်နေတတ်ပါတယ်။ ဒါဟာ ကုိုယ့်ကုိုယ်ကုို ပဌုပဌင်မဟု၊ ကုိုယ့်စိတ်ကို ဆင်ခဌင်မဟု အာသနည်သလုို့ပဲဖဌစ်ပါတယ်။ တကယ်တော့ ဘဝမဟာ အထီသကျန်ခဌင်သ၊ မကျန်ခဌင်သဆုိုတာဟာ အမဌဲပဌောင်သလဲနေတဲ့ လောကဓံ သဘောပဲ ဖဌစ်တဲ့အတလက် တစ်ယောက်တည်သရဟိနေလည်သ နေတတ်အောင် ကဌိုသစာသရမဟာ ဖဌစ်သလုို၊ အမျာသနဲ့ဆုိုလည်သ နေတတ်အောင် ကဌိုသစာသရမဟာ ဖဌစ်ပါတယ်။ နေတတ်အောင် ကဌိုသစာသတယ်ဆုိုတာက အပဌစ်မဖဌစ်အောင် ထိန်သသိမ်သနေထုိုင်သခဌင်သပဲ ဖဌစ်ပါတယ်။ ကုိုယ့်စိတ်နဲ့ကုိုယ့်ကုို ကုိုယ့်အလုိုအတိုင်သ မဖဌစ်ခဲ့ရင်လည်သ အကုုသုိုလ် မဖဌစ်အောင် ကဌိုသစာသပဌီသ သတိနဲ့ နေထုိုင်ကဌည့်ခဌင်သမျိုသပဲ […]


Ko MaltSeptember 1, 20121min1223
. . . ကျနော် တို့ မဌန်မာနိုင်ငံတော် တလင် မဌန်မာပဌည်မဌေပုံ ရဟိပါသည် ။ ပဌည်နယ် နဟင့် တိုင်သ မဌေပုံလည်သ ရဟိသည် ။ ဆည်မဌောင်သ တာတမံ တည်နေရာ ၊ သယံဇာတ ၊ ကာသလမ်သ ၊ ရထာသလမ်သ ၊ တည်နေရာ ပဌမဌေပုံ တို့သည် သက်ဆိုင်ရာ ဆိုင်ရာ အလိုက်ရဟိ ကဌသည့် ။ ….. သို့သော်လည်သ ကျန်နေတာ တစ်ခုရဟိသည်။ မျက်တောင်မလဟေသ ကဲ့သို့ နီသကပ်လလန်သရျ် ပဲ မမဌင်တာလာသ မပဌောတတ်ပါ ။ ထိုအရာတည်ကာသ တစ်ခဌာသမဟုတ်ပါ ၊ မဌန်မာနိုင်ငံရဟိ ဘုရာသစေတီ ပုထိုသမျာသ ၊ သာသနာ့ ကမ္မဌာန်သ ရိပ်သာမျာသ […]