– ခရီးအစ…………………….. စိတ်ထဲ မရိုးမရွ ခုလုခုလုနဲ့…. ပြောချင်လိုက်တာနော် … ပြောချင်လိုက်တာ… ဒါပေသိ အခုတလော ဘယ်သူနဲ့မှ စကားပြောဘို့က မကြုံ.. ကိုချောနဲ့ကလဲ တစ်လောကမှ စိတ်တိုင်းကျမှာ လေပစ်ထားတာ.. ကိုမိုက်နဲ့ကလဲ တကူးတက မတွေ့ဖြစ်.. အခြားငယ်ပေါင်း ကြီးပေါင်းများနဲ့လဲ မိုးတစိမ့်စိမ့်မို့ ချိန်းဟဲ့ ဆုံဟဲ့မလုပ်ဖြစ်.. လုပ်ဖြစ်သည်ပဲထား… သူတို့စိတ်ဝင်စားတာက တမျိုး ကိုယ်ပြောချင်တာကတဘာသာ.. … ဒီလို့နဲ့စဉ်းစားရင်း လူငယ်တစ်ယောက်ကို သတိရမိသည် သူ့ခမျာ ဗုဒ္ဓဘာသာလဲဖြစ်ချင် ဗုဒ္ဓဘာသာထဲက အကြောင်းတွေကိုလဲ တစ်ခုမှ အစာမကြေ.. သူနဲ့ ပြောဖြစ်လိုက်မှဖြင့် တစ်စိတ်က တစ်အိတ်- လျှောမွေးကို ဗာရာဏသီချဲ့ပြီး ဩကာသတပုဒ်ကို လဘက်ရည်ဆိုင် ခြောက်ခါထိုင်လောက်ရှင်းယူရသည်။ သူနဲ့ပြောချင်ရင်တော့ သူ့ကိုခေါ်လို့ ချိန်းလို့ မရ… သူ့ဆီသွားရမည်……. ဟုတ်သည်.. သူ့ဆီရောက်ဖို့ […]