Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.


SonnyAugust 29, 20111min3024
ရဝေနွယ်(အင်းမ) ရေး တဲ့ ( ဖြစ်ပြီးတဲ့အကုသိုလ် တွေ ဘယ် လိုပယ်မလဲ) စာအုပ်ထဲကပါ၊  ကျွန်တော်ဖတ်ပြီးကောင်းလွန်းလွန်းလို့ပါ ။  လိုရင်းကတော့    “သူခိုးနဲ့ဝိပဿနာ၊ ဝိပဿနာနဲသူခိုး” ဆိုတာ ပြဒါးတစ်လမ်း သံတစ်လမ်းလို့ ထင်စရာရှိပါတယ်။ “ငါသူခိ်ုးပဲ   ငါသူခိုး ပဲ” ဆို  ပြီး ကိုယ့်ကိုယ်ကိုစိတ်ဓာတ် တွေကျနေစရာ မလိုပါဘူး၊ သူခိုးဝိပဿနာ တရားအားထုတ်ရင် တရားထူးနိုင်သေးတယ် လို့ ဆိုထားပါတယ်၊ ဖတ်ပြီးကျွန်တော်ဆက်တွေးခြင်း ငါးသူခိုး  ဝါးသူခိုး၊ အချိန်သူခိုး  ပန်းတိမ်သူခိုး၊ ငွေသူခိုး  ရွှေသူခိုး၊ လင်သူခိုး  အကြင်သူခိုး၊ အတွေးသူခိုး အရေးသူခိုး၊ မြေသူခိုး  ရေသူခိုး၊ လူသူခိုး မူသူခိုး၊  အာဏာသူခိုး  သာယာသူခိုး၊ ပစ္စည်းသူခိုး  ချစ်တီးသူခိုး၊ အနိုင်ကျင့်သူခိုး  ပိုင်ဆိုင်ခွင့် သူခိုး ၊ […]


SonnyAugust 29, 20111min1680
ရဝေနွယ်(အင်းမ) ရေး တဲ့ ဖြစ်ပြီးတဲ့အကုသိုလ် တွေ ဘယ် လိုပယ်မလဲ စာအုပ်ထဲကပါ၊(နှာ ၆၄ ) အမေကိုသတ်မယ် ၊အဖေကိုသတ်မယ် ၊ရဟန ္တာကိုသတ်မယ်၊ မြတ်စွာဘုရားရှင်ကိုသွေးစိမ်းတည်အောင်လုပ်မယ်၊ သံဃာကိုဂိုဏ်းခွဲမယ်၊ အဲဒီလိုအကုသိုလ်မျိုးတွေကျူးလွန်ရင် တော့ ဒီအကုသိုလ်ကံတွေ ပယ်ဖျောက်ဖိုု့ အတွက်ဒါန သီလ သမထ ဘာဝနာ ဝိပဿနာေတွေ ဘယ်လောက်ပဲပြုပြု ဘယ်လောက်ပဲပွားပွား ဒီဘဝ ဈာန်မဂ်ဖိုလ် မရနိုင် တော့ပါဘူးတဲ့။  “မထူးတော့ပါဘူးလေ” ဆိုပြီး အကုသိုလ်တွေဆက်ပြုနေမယ်ဆိုရင်တော့ သစ်ပင်ဟာခုတ်ပါများရင်  လဲ သွားရသလို ဘဝဟာမကောင်းတဲ့ ဂတိကို လဲကျသွား နိုင်ပါတယ်။ ဖတ်ပြီးကျွန်တော်ဆက်တွေးခြင်း ကျွန်တော်ဖတ်ပြီးကောင်းလွန်းလွန်းလို့ပါ၊ တစ်ပိုင်းတစ်စ  မျှတာပါ။ ကျွန်တော် အစ က ဖြစ်ပြီးတဲ့မကောင်းမှု့ တွေကို၊ အကုသိုလ်တွေကို ၊ပယ်လို့ဘယ်တော့မှမရတော့ဘူး မှတ်နေတာ။   ကုသို်လ်များများလုပ်ရင် အကုသိုလ်တွေတိုးမဝင်နို်င်ဘူးတဲ့။ […]


SonnyAugust 27, 20111min3336
ကျွှန်တော်ဖတ်မိသောအတွေးစများ ကိုတင်ပြချင်ပါတယ်။ ဓမ္မဘေရီအရှင်ဝီရိယ(တောင်စွန်း) ရေးတဲ့ လောကကျက်သရေ စာအုပ်ထဲကပါ၊ ကျွန်တော်ဖတ်ပြီးတာ ၂၀၀၉ April 29th တုံးကပါ။ share ချင်တာနဲ့ highlight လုပ်ပြီးသားလေးတွေပြန်ရှာတယ်၊၊ ဖတ်ကြည်ကြပါ၊ အကျဉ်းချူံးပြောပါရစေ၊ နှာ ၁၄၂-၁၄၃-၁၄၄ လာချင်းကောင်းသူ(သွာဂတ) နဲ့ လာချင်းဆိုးသူ ( ဒွါဂတ) လာချင်းကောင်းသူ (သွာဂတ) ဆိုတာ ရောက်လာပြီး အတူတူကြုံတွေ့ ရရင် ဝမ်းသာကြည်နူးမှု့ကိုဖြစ်စေပြီး  ခွဲခွါရရင် ဝမ်းနည်းစရာကောင်းတဲ့ ပုဂ္ဂိုလ်မျိုးပါ ၊ အမတမော်ကွန်း  စိုက်ထူခဲ့တဲ့လူများလို့  ဆိုရမှာပါတဲ့။ အနီးကပ်ဥပမာပြုရရင်တော့   လင်ကွန်းတို့ ဗိုလ်ချူပ်အောင်ဆန်းတို့   မင်ကွန်းဆရာတော်တို့ နေရူးတို့ လိုသေတဲ့အထိ  တ နေ ရတဲ့လူမျိုးတွေပါတဲ့၊ ဆန့်ကျင်ဘက်များဖြစ်တဲ့ လာခြင်းဆိုးသူ ( ဒွါဂတ) များကတော့ အတူတူကြုံတွေရရင်  စိတ်ပျက်ဝမ်းနည်းစရာကောင်းပြီး […]


အသုံးချဂမီ္ဘရ(၈)ရုပ်လွန်ညှို့ဓာတ်(က) လျှပ်စစ်နှင့်သံလိုက်သည် လျှပ်စစ်သံလိုက်အားဟူသောအားတစ်ခု၏အသွင်ကွဲနှစ်မျိုးဖြစ်သည်။ထိုစွမ်းအားသည် ရုပ်ကြမ်းလောကတွင်သာမကရုပ်နုလောကနှင့်ဝိဉာဏ်လောကမှာပင်သက်ရောက်မှုရှိပေသည်။ရုပ်လွန်အလွှာ၌ ထိုအားများထုထည်နှင့်ရှိနေပေသည်။ထိုလျှပ်စစ်သံလိုက်အားတွင်ရုပ်ကြမ်းအလွှာကိုသက်ရောက်သောအကျိုး ဆက်များရှိပြီးထိုအကျိုးဆက်များသည်လိပ်ပြာခန္ဓာနှင့်စိတ်အလွှာများအပေါ်တွင်လွှမ်းမိုးမှုရှိပေသည်။သို့ရာတွင် ထိုအားများသည်မူလဘူတအားဖြင့်ရုပ်လွန်အလွှာများ၌သာအလုပ်လုပ်သည်။လျှပ်စစ်သံလိုက်အားသည်လျှပ်စစ် သံလိုက်စွမ်းအင်ကိုအသုံးချခြင်းကြောင့်ဖြစ်ပေါ်လာသောအားပင်ဖြစ်၏။(ရှင်းပေစွ။)လူသားများ၏ခန္ဓာကိုယ်သည် လည်းထိုနည်းတူစွာရုပ်လွန်အလွှာတွင်လျှပ်စစ်သံလိုက်စက်ကွင်းတစ်ခုကိုအသုံးပြုပေသည်။ထိုအချင်းအရာကို ရုပ်ကြမ်းအလွှာတွင်တိုင်းတာသိရှိနိုင်ပေသည်။လူသား၏ဇီဝစွမ်းအင်သည်ပိုမိုကြီးမားသောဂြိုဟ်ကမာ္ဘလုံးဆိုင်ရာ စွမ်းအင်စက်ကွင်းကြီးမှဆွဲငင်ဆောင်ယူထားသည်။ထို့ကြောင့်ထိုဇီဝစွမ်းအင်များကိုရယူစွမ်းနိုင်သော၊ရုပ်လွန်အား များကိုစနစ်တကျစီစဉ်ဆောင်ရွက်ပေးနိုင်သောလိပ်ပြာခန္ဓာသည်အသက်ရှင်သန်ရေးအတွက်မရှိမဖြစ်ပင်။ (ဟိန္ဒူကျမ်းများတွင် လိပ်ပြာခန္ဓာကိုပရာဏခန္ဓာဟုလည်းခေါ်သည်။)လူသားများ၏ခန္ဓာကိုယ်သည် ပင်ကိုအား ဖြင့်ညှို့ဓာတ်ရှိပေသည်။(တိရစာ္ဆန်များတွင်လည်း ရှိပါသည်။)အပြုအမူ၊ခံစားချက်၊အတွေး စသည်တို့ကြောင့် လိပ်ပြာခန္ဓာရှိ စွမ်းအင်များကို (မသိမသာ)အသုံးပြုမိကြသည်။ထိုပင်ကိုညှို့ဓာတ်သည်လူတစ်ဦးနှင့်တစ်ဦးအလွန် ကွဲပြားခြားနားပေသည်။ကျန်းမာခြင်း၊ဇီဝစွမ်းအင်ပြည့်ဝခြင်း၊စိတ်အဆင့်မြင့်မားခြင်းစသည့်အချက်များကြောင့်ဖြစ် သည်။အချို့သောလူများသည် ညှို့ဓာတ်များကိုကောင်းမှုအတွက်သော်လည်းကောင်း၊မကောင်းမှုအတွက်သော် လည်းကောင်းထုတ်လွှတ်လေ့ရှိသည်။အချို့သူများကား စိတ်နှလုံးပွင့်လင်းမှုနည်းခြင်း(less open-minded) ၊ တရားသေဆုပ်ကိုင်မှုပြင်းထန်ခြင်း၊ရှေးရိုးဆန်လွန်ခြင်း၊အလွန်စဉ်းစားချင့်ချိန်လွန်းခြင်း စသည့်အချက်များ ကြောင့်၎င်းတို့သည် စိတ်ရောလူပါကျန်းမာခြင်းမရှိလှချေ။(တောက်ဝါဒအရ အပြည့်ထည့်ထားသောခွက်သည် ဘာမှထပ်ထည့်ရန်မဖြစ်နိုင်တော့ပေ။ထိုကဲ့သိုပြည့်သိပ်နေသောလူများ လောကကြီးတွင်မရှားလှချေ။တရားဓမ္မ အကြောင်းအရာများကိုမွှေနှောက်ချောက်ခြားနိုင်ခြင်းကို ဓမ္မနှင့်နေသောသူဟူ၍မဆိုနိုင်ပေ။ဓမ္မကိုထိုးထွင်းသိမြင် ကျင့်သုံးသူသာလျှင် ဓမ္မနှင့်အတူရှိသောသူ ဓမ္မဓရ ဖြစ်သည်ဟုဘုရားရှင်ဟောတော်မူပါသည်။)အချို့သောသူများ သည်ညှို့ဓာတ်ကို ဆင်ခြင်စဉ်းစားမှုမရှိ သတိကင်းမဲ့စွာလွှင့်ထုတ်လေ့ရှိရာထိုသူများသည်လည်းအကျိုးမဲ့ဖြုန်းတီး သူများသာဖြစ်၏။ကျွန်တော်တို့သည် ကျွန်တော်တို့လုပ်သမျှ အလုပ်များ၊အကျိုးဆက်များနှင့်ကျွန်တော်တို့လွှင့် ထုတ်လိုက်သောစွမ်းအင်များအတွက်လုံးဝတာဝန်ရှိပေသည်။ရုပ်လွန်ညှို့ဓာတ်၏ပဓာနအချက်များမှာ ဇီဝစွမ်းအင် ပြည့်ဝရေး၊ရောဂါကုသရေးနှင့်လိုအပ်သောသူများအတွက် စွမ်းအင်ဖြန့်ဖြူးရေးတို့ဖြစ်သည်။စွမ်းအင်ဖြန့်ဖြူးရာတွင် အဆင့်အတန်းခွဲခြားခြင်း၊အခွင့်အရးအကျိုးအမြတ်တစုံတရာအတွက်ကြည့်ခြင်းတို့မပြုအပ်ပေ။သို့ရာတွင်အကယ်၍ စွမ်းအင်ဖြန့်ဝေမည့်သူသည်ရုပ်ပိုင်း စိတ်ပိုင်းကောင်းစွာကျန်းမာမျှတမှုမရှိပါက မဖြန့်ဝေသင့်ပေ။ထိုသို့ဖြစ်နေပါ […]


အသုံးချဂမီ္ဘရ(၇)စိတ်တန်ခိုးတလွဲအသုံးချခြင်း စိတ်တန်ခိုးသည်အစွမ်းသတိ္တရှိသောစိတ်၏အင်အားများတွင်ပြင်းပြထက်သန်သောဆန္ဒကိုစူးစိုက်ကာလိုရာပြီးစေ ခြင်းဖြစ်၏။အကောင်းကိုလည်းဖြစ်စေနိုင်၏။အဆိုးလည်းဖြစ်နိုင်၏။ထိုအစွမ်းနှင့်မှော်ပဉ္စလက်ပညာတို့ကိုသုံးကာ မိမိကိုယ်ကျိုးအတွက်အခြားသူများကိုလွှမ်းမိုးဖို့ကြိုးစားလျှင်မှားယွင်းပါသည်။အဘယ်ကြောင့်ဆိုသော်ထိုသိုပြု ခြင်းသည်အခြားသူများကိုမိမိအစွမ်းဖြင့်တင်စီး၍ဝန်လေးစေခြင်း၊ထိခိုက်နစ်နာစေခြင်းတို့ကြောင့်ဖြစ်ပေသည်။ ထိုသို့ပြုခြင်းကားအောက်လမ်းမှော်ပညာ၏နည်းလမ်းပင်ဖြစ်၏။ထို့ပြင်မိမိကိုယ်ကျိုးအတွက်ထိုအစွမ်းကိုအသုံးပြု ၍စကြာဝဠာစွမ်းအားများကိုဆွဲယူညှို့ငင်ဖို့ကြိုးစားလျှင်လည်းမှားယွင်းပါသည်။စကြာဝဠာစွမ်းအင်များကိုညှို့ယူကာ ထိုစွမ်းအင်နှင့်အတူပေါင်းစပ်၍ညီညွတ်စွာစီးဆင်းပြီးအလုံးစုံသောကောင်းမှုများအတွက်သာဦးထိပ်ထားပါ။ဤ နည်းသည်သာမှန်ကန်သောမဟာဂန္ဓာရီနည်းလမ်းဖြစ်၏။ တန်ခိုးသတိ္တရှိသောစိတ်သည် ကောင်းဆိုးနှစ်တန်လုံး သုံးနိုင်သည်။(သုတ္တန်တစ်ခုတွင်ဘုရားရှင်ဟောတော်မူထားသည်မှာတန်ခိုးကြီးသောဂန္ဓာရီရသေ့တို့အမျက်ထွက် လျှင်တစ်မြို ့လုံးချက်ချင်းပြာကျသွားနိုင်ကြောင်းပါသည်။)ထို့ကြောင့် သမစိတ္တရှိလျှင်၊သဘာဝတရားနှင့် လိုက်လျောညီထွေရှိလျှင်၊မေတ္တာ ကရုဏာဖြင့်အခြားသူများအပေါ်ဆင်ခြင်မှုရှိလျှင် ကာယသုခ၊စိတ္တသုခ နှင့်ပြည့်စုံကြွယ်ဝပေလိမ့်မည်။ထိုအခါ အနန္တအာကာသဓာတ်ကြီးမှ လိုသမျှစွမ်းအင်တို့ဖြင့်ပြည့်ဝလာမည်။ လိုသမျှစွမ်းအင်တို့ကိုလည်းညှို့ယူလာနိုင်လာမည်။မပြည့်ဝသောဂန္ဓာရီဆရာတို့သည်စွမ်းအင်များစီးဆင်းမှု ကိုမပိုင်နိုင်ဘဲကိုင်တွယ်လေ့ရှိရာ စွမ်းအင်များကမောက်ကမဖြစ်သွားတတ်သည်။(ဓမ္မပဒ ယမကဝဂ်တွင် ဒေဝီလရသေ့ကဘုရားလောင်းနာရဒရသေ့ကိုမမှန်စွပ်စွဲ၍ကျိန်စာတိုက်၏။ နာရဒရသေ့မှတန်ပြန်ကျိန်ဆို ရာ နေထွက်လျှင်မိုးကြိုးပစ်၍ ဒေဝီလရသေ့ သေရမည်တွင်နာရဒရသေ့မှကရုဏာဖြစ်လာသဖြင့် နေမထွက် အောင်တန်ခိုးဖြင့်တားထားသည် ဖြစ်၍ ဗာရာဏသီတစ်ပြည်လုံးအမှောင်ဖုံးသည့်အတွက်လူအများဒုက္ခရောက် ကြရသည်။ဤဇာတ်တော်မှာကိုယ့်အတိုင်းတာကိုယ်မသိသောဆိုဆုံးမခက်သည့်ဒေဝီလရသေ့ကြောင့်ဖြစ် ပေသည်။)ကောင်းစွာ အသိပညာမပြည့်စုံသော၊ကောင်းစွာနားလည်သဘောပေါက်မှုမရှိသော၊ကောင်းစွာ လိမ္မာသိုသိပ်မှုမရှိသော၊ဖြစ်လာမည့်အကျိုးဆက်ကိုမြော်မြင်တွေးဆမှုမရှိသောသူတို့အတွက်အစွမ်းရှိသော စိတ်တန်ခိုးသည်မြင်းကိုချို(ဂျို)တပ်သကဲ့သို့၊ကျားကိုအတောင်တပ်သကဲ့သို ့ပင်ဖြစ်ရာစိတ်ကူးတည့်ရာ မွှေနှောက်စမ်းသပ်ရန်သွေးဆောင်လျက်ရှိလေသည်။အသိဉာဏ်ပညာနှင့်ပြည့်ဝသောဆရာရှင်တို့သည် သဘာဝတရား၏စွမ်းအင်စီးဆင်းမှုမထိခိုက်စေဘဲ၊အခြားသူများကိုဝန်လေးမပင်ပန်းစေဘဲ စိတ်တန်ခိုးအင် အားတို့ကိုလိမ္မာသိမ်မွေ့စွာကိုင်တွယ်လေ့ရှိ၏။ဤသည်မှာသိဒိ္ဓဓာတ်ကြီးနှင့်ပေါင်းစည်းခြင်းပင်ဖြစ်သည်။ သိဒိ္ဓစွမ်းအင်များကိုမိမိတို့ဆန္ဒအလျောက်သုံး၍တစ်ပါးသူတို့အားဝန်လေးစေခြင်းမဟုတ်ပေ။ ဘာဝနာပွားများခြင်း၊ဘေးမရှိခြင်း၊မိမိကိုယ်ကိုနှိမ့်ချခြင်း၊ရိုးသားဖြောင့်မတ်ခြင်း၊ကိုယ်ကျိုးမငဲ့ခြင်းစသည် တို့ကားပဓာနကိစ္စများဖြစ်ကြသည်။ဤဝိသေသများရှိလျှင် တန်ခိုးစွမ်းအင်ကိုတလွဲသုံးခြင်း၊ထိုသို့ပြုရန် အလားအလာတို့ကိုကာကွယ်နိုင်ပေလိမ့်မည်။(ပုရွက်ဆိတ်လေးတစ်ကောင်ကိုပင်လက်ဖြင့်ပွတ်ချေမသတ် ဝံ့သောကောင်မလေးတစ်ယောက်လက်ထဲ လေသနတ်တစ်လက်ပေးကြည့်ပါ။မစဉ်းစားမဆင်ခြင်ဘဲလက် တည့်စမ်းမည့်အလားအလာရှိပေသည်။)သို့အတွက် ဝေဖန်ပိုင်းခြားနိုင်သောအသိဉာဏ်နှင့်မွန်မြတ်သော ကိုယ်ကျင့်တရားရှိဘို့အလွန်အရေးကြီးပေသည်။သိဒိ္ဓဓာတ်များကို […]


အသုံးချဂမီ္ဘရ(၆) -သိဒ္ဓိဓာတ်များ၏အသုံးနှင့်အကန့်အသတ်များ(က) သိဒ္ဓိဓာတ်ဆိုသည်မှာ စိတ်ဝိဉာဏ်ဆိုင်ရာအသေးစိတ်စစ်တမ်း၏ရလာဒ်ပင်ဖြစ်သည်။မှန်မှန်ကန်ကန်ပြီးမြောက် လျှင်အလွန်အသုံးဝင်အကျိုးရှိစေသလောက် မတော်မတည့်ဖြစ်သွားလျှင်လည်းများစွာအန္တရာယ်ရှိပေသည်။ အကြောင်းမှာစိတ်နှလုံးညှိုးငယ်စေသောအကြံပြုတိုက်တွန်းချက်နှင့်အခြေအမြစ်မရှိသောသံသယမျိုးစေ့များ စိုက်ပျိုးကြီးထွားစေခြင်းတို့ဖြစ်သည်။သိဒိ္ဓဓာတ်ထုတ်ယူအသုံးချပုံ(၃)မျိုးရှိသည်။ပထမတစ်မျိုးမှာ စိတ်စွမ်းအင် ပါရမီရှိခြင်းနှင့်လေ့ကျင့်မှုအပေါ်တွင်လုံးလုံးမှီခိုနေသော စိတ်တန်ခိုးသက်သက်ဖြစ်သည်။(အောက်လမ်းပညာ၊ စုန်းပညာတို့တွင် ဝမ်းတွင်းပါပညာသည်လိုမျိုးဖြစ်နိုင်သည်။)သို့သော်ထိုစိတ်တန်ခိုးသည်ပုဂ္ဂိုလ်ရေးဘက်လိုက်မှု နှင့်အကန့်အသတ်များ၏လွှမ်းမိုးမှုရှိနေသည်။နောက်တစ်မျိုးမှာ ဓာတ်ဖန်လုံးကြည့်ခြင်း စသည့်အာရုံစူးစိုက်မှုတစ် ခုခုကိုအသုံးချ၍သိဒိ္ဓဓာတ်များဖော်ထုတ်ခြင်းဖြစ်သည်။(ကသိုဏ်းရှုခြင်းနှင့်တူနိုင်ပါသည်။)နောက်ဆုံးတစ်ခုမှာ သင်္ကေတနိမိတ်များကိုလေ့လာ၍သိဒ္ဓိဓာတ်များဖြစ်ပေါ်အောင်လုပ်ဆောင်ခြင်းဖြစ်သည်။ဥပမာအားဖြင့်တားရော့ ကဒ်သင်္ကေတများကိုအသုံးပြုခြင်းဖြစ်သည်။ သိဒိ္ဓဓာတ်များနှင့်ပတ်သက်၍ပြဿနာများစွာရှိပါသည်။အများအားဖြင့် ပါရမီ၊လေ့ကျင့်မှု၊ပုဂ္ဂိုလ်ရေးဘက်လိုက်မှု တို့နှင့်ဆက်နွယ်လေ့ရှိသည်။ထို့ကြောင့်မည်မျှ ပါရမီရှိ၍မည်မျှပင်လေ့ကျင့်ထားစေကာမူ ပုဂ္ဂိုလ်ရေးဘက်လိုက်မှု ကြောင့်ရလာဒ်များအတော်ပင်လွဲချော်ပေလိမ့်မည်။ထို့ပြင်ေ့ရှဖြစ်ဟောသူများသည်အရေးကြီးသောအခါ၌ကိုယ့် အကြောင်းကိုမမြင်နိုင်ပေ။(သူများအကြောင်းတွေကြိုတင်မြင်၍ဟောပြောနိုင်သောအကြားအမြင်ဆရာကြီးများ ကိုယ့်အနာဂတ်ကိုရေရာစွာမမြင်နိုင်ခဲ့သည့်သာဓကများစွာရှိပါသည်။)ထို့ပြင်အလွန်ရင်းနှီးသူများကိုပင်မှန်ကန်စွာ မဟောမပြောနိုင်ဖြစ်ရသည်။(ဟောသူပါမေးသူ၏ကိစ္စတွင်ပါဝင်နေပါကပိုဆိုးတော့သည်။)စိတ်စွမ်းအင်မပြည့်ဝ ခြင်း၊ပါရမီနည်းခြင်းနှင့်လေ့ကျင့်မှုချိုတဲ့ခြင်းတို့ကြောင့်တစ်ပါးသူတို့၏ခံစားမှုများ မိမိအပေါ်အလွယ်တကူသက် ဝင်လွှမ်းမိုးလာခြင်းကြောင့်ပင်ဖြစ်သည်။(အလွန်ပင်သောကဗျာပါဒများဖိစီးနှိပ်စက်ခံနေရသောသူတစ်ယောက် ၏ပြင်းထန်သောခံစားမှုများသည်တခြားတစ်ယောက်ပေါ်အလွယ်တကူစီးကူးလာနိုင်ပေသည်။ပတ်ဝန်းကျင်ကို ထိန်းချုပ်ခြင်းတွင်ဆိုခဲ့ပြီ။)ဒီယွန်ဖော်ကျွန်းက တားရော့ကိုအလားအလာကောင်းသောအကျိုးရှိစေမည့် ကိရိယာ အဖြစ်အကြံပြုထားသည်။သင်သည်တားရေား၏ဆိုလိုရင်းအဓိပ္ပါယ်များနှင့်ဟောပြောပုံများ၊အမျိုးမျိုးသောကဒ် များ၏သင်္ကေတများ သဏ္ဌာန်များကိုပုဂ္ဂိုလ်စွဲကင်းကင်းဖြင့်လေ့လာပါ။သင်သည်ကဒ်များ၏နောက်ကွယ်ရှိစွမ်း အင်များနှင့်ထိတွေ့လာနိုင်မည်။ထိုကိစ္စများကိုသင့်ဘာသာလုပ်သင့်သည်။အခြားသူများကိုမှီခိုရန်မလိုပေ။ မည်သည့်စိတ်စွမ်းအင်ပညာသည်နှင့်မည်သည့်ကဒ်ဖတ်၍ဟောကြားသူမျှအရည်အသွေးကောင်းစွာမပြည့်ဝပါ။ အကြောင်းမှာရိုးရိုးလေးပင်ဖြစ်သည်။အရည်အသွေးပြည့်ဝသွားသူအဖို့ ပရော်ဖက်ရှင်နယ် သင်ခန်းစာများနှင့် လက်တွေ့လေ့ကျင့်မှုများတွင်အလုပ်များမနေတော့သောကြောင့်ဖြစ်၏။ အသုံးချဂမီ္ဘရ(၆) -သိဒ္ဓိဓာတ်များ၏အသုံးနှင့်အကန့်အသတ်များ(ခ)   တားရော့ကဒ်များသည် အသုံးပြုသူ၏ညှို့ဓာတ်နှင့်စွမ်းအင်တို့ကြောင့်ပင်ကိုအားဖြင့်ပုဂ္ဂလဓိဌာန်သာဖြစ်သည်။ ကောင်းမွန်စွာပြီးမြောက်အောင်မြင်သွားလျှင်မူ ကဒ်များကိုအသုံးပြုခြင်း၌့ပုဂ္ဂလဓိဌာန်မရှိတော့ပေ။ကဒ်များသည် ရိုးရှင်းသောကိရိယာများသာဖြစ်သည်။အသုံးပြုသူကညှို့ဓာတ်သွင်းပေးရမည်။သေချာစွာအာရုံစူးစိုက်၍ကဒ်များ၏ နောက်ကွယ်တွင်သိုသိပ်စွာပုန်းကွယ်နေသောစွမ်းအင်နှင့်အရှိန်အစော်များကိုထိတွေ့နိုင်အောင်ကြိုးစားရမည်။ ဖြန့်ကျက်ပုံအမျိုးမျိုးဖြင့်မှန်ကန်စွာအသုံးပြုသောအခါဖြန့်ကျက်ပုံစံတစ်ခုစီ၏ရလာဒ်များသိသိသာသာကိုက်ညီမှု ရှိလာပြီးတစ်ခုနှင့်တစ်ခုအပြန်အလှန်အားဖြည့်ပေးပေလိမ့်မည်။သို့သော်တကယ်သိဒိ္ဓဓာတ်ပေါက်မြောက်ဖို့ရန် […]


အသုံးချဂမီ္ဘရ(၄)-အတိတ်ဘဝကို သတိရခြင်း(က) လူအတော်များများသည် မိမိတို့ အရင်ဘဝဟောင်းအကြောင်းကို စပ်စုချင်၍သော်လည်းကောင်း၊မက်မော တွယ်ဖက်ချင်၍သော်လည်းကောင်း၊ဂုဏ်ယူဝင့်ကြွားလို၍သော်လည်းကောင်း သိလိုကြသည်။မှန်ကန်စွာ နားလည်ဖို့ရန်အတွက်မဟုတ်ပေ။ထိုထိုသောအကြောင်းရင်းများတွင်အခြေမတည်ဘဲအတိတ်ဘဝရင်းမြစ် များကိုပြန်လည်ဖော်ထုတ်ခြင်းတွင်တန်ဘိုးရှိသောစစ်မှန်သည့်အချက်အလက်များရရှိတတ်သည်။ထိုအချက် များသည် လက်ရှိရှင်သန်နေသောဘဝ၏သောကများကို နှစ်သိမ့်အားပေးနိုင်သည်။အသိဉာဏ်နိုးကြားဘို့ရန် အတွက်မိမိကိုယ်ကိုနှိမ့်ချခြင်းကိုပါယူဆောင်လာသည်။အဘယ်ကြောင့်ဆိုသော်ကျွန်တော်တို့အာရုံများတွင် ဘယ်အခါမှထင်ဟပ်မလာတော့မည့်အတိတ်ဘဝ၏ အားနည်းချက် နှင့်စိန်ခေါ်မှုများကိုမည်သို့ကျော်ဖြတ်ခဲ့ သည်ကိုနားလည်လာခြင်းကြောင့်ပင်ဖြစ်သည်။ထို့ပြင်အနာဂတ်တွင်ပိုမိုကောင်းမွန်စွာရှင်သန်နေထိုင်နိုင်ဖို့ အားပေးပေလိမ့်မည်။ဘဝဟောင်းများစွာ၏အချက်အလက်များကိုပြန်လည်တူးဆွခြင်း၏ပြဿနာတစ်ရပ် မှာ ဝေဝါးပုံပျက်နေခြင်းပင်။အတိတ်ကိုပြန်လည်မှတ်မိသူများ(လူဝင်စားများကိုဆိုလိုဟန်ရှိသည်။)သည် ယေဘုယျအားဖြင့် မှေးမှေးမှိန်မှိန်သာဖြစ်သည်။သူတို့တွင် သိစိတ်အရည်အချင်းနိမ့်ကျနေသောကြောင့် ရှင်းလင်းစွာမမြင်ကြပေ။သို့အတွက်ရှင်းလင်းစွာမြင်တွေ့နိုင်ရန်ကောင်းစွာလေ့ကျင့်ထားဘို့လိုသည်။ သို့မဟုတ်လျှင်လက်ရှိဘဝ၏သိစိတ်ရောင်ပြန်ဟပ်မှုကြောင့်ကိုယ်မြင်ချင်ရာမြင်ပေမည်။ထိုအမြင်တွင် လက်ရှိသိစိတ်၏စွဲလန်းမှု၊မျှော်လင့်မှုနှင့်အမျိုးမျိုးသောအတ္တနောမတိများကြောင့်အချက်အလက်များ သည်မှုန်ဝါးနေမည်။လုံးဝချွတ်ယွင်းနေမည်ဖြစ်သည်။အစွဲမရှိဘဲမြင်နိုင်အောင်ကြိုးစားဘို့ပင်ဖြစ်သည်။ (ဤနေရာတွင်သူ(မ)၏ဘဝသံသရာလည်ပုံအယူအဆမှာ ဗုဒ္ဓဘုရားရှင်၏ ပဋိစ္စသမုပ္ပါဒ်တရားတော်နှင့် အနည်းငယ်ဆင်တူရာသူ(မ)သည်သီအိုဆိုဖီအသင်းဝင်ဖြစ်ခဲ့ဘူးသဖြင့်ဗုဒ္ဓဝါဒကိုလေ့လာခဲ့ပုံရသည်ဟု ထင်ပါသည်။အတိတ်ကိုသာမန်သတိရသူများမှာဇာတိဿရဉာဏ်ရသူများဖြစ်သည်။သူတို့သည်ကြောင်း ကျိုးကိုကောင်းစွာမမြင် ၊ထင်ရာသာမြင်ကြသဖြင့် အကျိုးမဲ့ကြလေသည်။ဇာတ်တော်တစ်ခုတွင်ထိုဉာဏ်ရ သူများကအတိတ်တွင်ကောင်းတာလုပ်ခဲ့သော်လည်းလက်ရှိဘဝမကောင်းရပုံ၊မကောင်းတာလုပ်ခဲ့သော်လည်း လက်ရှိဘဝချမ်းသာပုံတို့ကြောင့်ယုံမှားသံသယဖြစ်ကြခြင်းအကြောင်းပါသည်။ဘုရားရှင်သည် ပုဗ္ဗေနိဝါသခေါ် မိမိ၏အတိတ်သာမကအားလုံး၏အတိတ်တို့ကိုကြောင်းကျိုးနှင့်တကွပိုင်းခြားဆစ်ဖြာ၍မြင်နိုင်ပါသည်။ ထို့ကြောင့်၎င်းဇာတ်တော်တွင်အမြင်မှားသူများကိုအမှန်မြင်စေခဲ့ပါသည်။)အတ္တတွင်အနိမ့်စားအတ္တနှင့် အမြင့်စားအတ္တဟူ၍ခွဲထားသည်။အမြင့်စားအတ္တ၏ရောင်ပြန်ဟပ်မှုကြောင့်အနိမ့်စားအတ္တဖြစ်လာသည်။ အနိမ့်စားအတ္တသည်လက်ရှိဘဝ၏ရုပ်နာမ် ကိုယ်ရည်ကိုယ်သွေးစသည်တို့ကိုဖန်တီးသည်။ (ပဋိစ္စသမုပ္ပါဒ်တရားတော်တွင် ဝိဉာဏပစ္စယာ နာမရူပဟုဆိုရာ ဝိဉာဏ်ကိုသူ(မ)ကအနိမ့်စားနှင့်အမြင့်စား ဟူ၍ထပ်မံပိုင်းခြားဟန်ရှိသည်)။ထို့ကြောင့် ကိုယ်ရည်ကိုယ်သွေးစသည်တို့သည်အမြင့်စားအတ္တ၏ ပုံပျက် နေသောရောင်ပြန်ဟပ်မှုပင်ဖြစ်သည်။ဘာဝင်စားသည်ဆိုခြင်းမှာယာယီမျှသာဖြစ်သည်။ဘဝကိုဖန်တီးသည်။ ဖြစ်တည်လာသည်။အတွေ့အကြုံတွေစုဆောင်းသည်။ကိုယ့်ဟာကိုယ်ဘာဆိုတာထုတ်ဖော်သည်။သင်ကြား သည်။ရင့်သန်လာသည်။နောက်ဆုံးသေသည်။သေခြင်းတွင် ကိုယ်ရည်ကိုယ်သွေး(ရုပ်ပိုင်း […]


အသုံးချဂမီ္ဘရ(၂) ဒီယွန်ဖော်ကျွန်း က“ဝိဉာဏ်”ဆိုတဲ့အသုံးအနှုံးကိုဖော်ပြရာမှာ ကျွန်တော်တို့သုံးသောလူ့ကိုယ်သွေးစွမ်းရည်ထက် သာလွန်သောအရာ(အတ္တမ ဗောဓိမန)ကိုမဆိုလိုပါ။သူ(မ)ဆိုလိုသည်မှာ သိမ်မွေ့သော အာရုံသိစိတ်ကိုသာဆိုလို သည်။သို့မဟုတ်လူ့ဝိဉာဏ်ရှိ အာရုံစွမ်းရည်များ ဟုဆိုနိုင်သည်။ရုပ်ပိုင်းတွင်မတည်သောစွမ်းရည်များသာဖြစ်၏။ ရုပ်ပိုင်းဆိုင်ရာ ကြောင်းကျိုးဆက်စပ်မှုဖြင့်မဖော်ပြနိုင်သော ဒီလှိုင်းနှင့်ဝဲဂယက်ကဲ့သို့သောကိစ္စများ လူသားများ တွင်ရှိသည်။(Chaos သီအိုရီကိုလေ့လာကြည့်လျင် သိနိုင်သည်။)မှန်သည်။အကြောင်းတရားများသည် သိစိတ် ၏အဆင့်များမှပေါ်ပေါက်လာသည်။သိမ်မွေ့သောအဆင့်များရှိစွမ်းအင်များ၏စီးဆင်းမှုသည် အခြေအနေတိုင်းနှင့် သက်ဆိုင်သောကျင့်စဉ်အမြောက်အများကိုသယ်ဆောင်လာသည်။အမျိုးမျိုးသောသိစိတ်အလွှာများအားလုံး သည် အချင်းချင်းအပြန်အလှန်ထိုးဖောက်နိုင်ပြီး နီးကပ်စွာဆက်စပ်လျက်ရှိပေသည်။ကျွန်တော်တို့တွင်အာရုံ ငါးပါးသာမက မဖွံ့ဖြိုးသေးသောသိမ်မွေ့သည့်အဆင့်မြင့်အာရုံများရှိသည်။ဂန္ဓာရီပညာရှင်လောင်းလျာသည် ထိုသိမ်မွေ့သောအာရုံများကိုနိုးကြားထက်မြက်အောင်လေ့ကျင့်၍ ထိုအာရုံများတွင်ထင်ဟပ်လာသောခံစားမှု များကိုရှင်းလင်းစွာသိနိုင်ရန်အားထုတ်သည်။(နှာခေါင်းသည် အနံ့များကိုအာရုံခံနိုင်သည်။သို့သော်အနံ့တိုင်းကို မည်သည့်ရနံ့ဖြစ်သည်ဟုခွဲခြားရန်မလွယ်ကူပေ။သိမ်မွေ့သောသိစိတ်တွင်ထင်ဟပ်လာသောဓမ္မာရုံများကိုခွဲခြား ရန်မှာအလွန်ခက်ခဲသည်။-စာရေးသူ)။သို့မှသာစွမ်းအင်စီးမှုနှင့်သက်ဆိုင်သောကြောင်းကျိုးဖြစ်စဉ်များကိုး ကျယ်ပြန့်ရှင်းလင်းစွာမြင်နိုင်မည်ဖြစ်၏။ ကောင်းစွာလေ့ကျင့်မှုမပြုပါက ထိုအာရုံများသေချာနိုးကြားလာမည်မဟုတ်ပါ။ထိုအခါသိမ်မွေ့သောဓမ္မာရုံ ခံစားမှုများကို သတိမပြုမိခြင်း၊တလွဲသဘောပေါက်ခြင်းနှင့် နားမလည်ခြင်းတို့ဖြစ်လာမည်။ကျွန်တော်တို့ သည် ကျွန်တော်တို့ဝန်းကျင်ရှိ ခံစားချက်များ ၊အတွေးများနှင့်လိပ်ပြာ(သို့)နာမ်ပိုင်းဆိုင်ရာသဘာဝ၏ အရည်အသွေးများကလွှမ်းမိုးခြင်းကိုခံစားရသည်။(ဝမ်းနည်းကြေကွဲနေသူအနီးတွင်နေပါက သင်ပါဝမ်းနည်း လာမည်။သချင်္ု ိင်းတွင်ထိုင်နေခြင်းနှင့် ဘုရားပေါ်တွင်ထိုင်နေခြင်း၏ကွဲပြားသောသင့်ခံစားချက်ကိုစဉ်းစားပါ။) လူအတော်များများတွင်တိုက်ရိုက်မဟုတ်ဘဲမသိမသာသွယ်ဝိုက်၍လွှမ်းမိုးခံရလေ့ရှိသည်။ထို့ကြောင့်လွှမ်းမိုး သောအာရုံများကိုကောင်းစွာသတိပြုသောအခါ ကျွန်တော်တို့သည် ကျွန်တော်တို့ပတ်ဝန်းကျင်ကိုကောင်းစွာ လက်ခံနိုင်လာပြီးကျွန်တော်တို့၏ကြံ့ခိုင်သောခံစားမှုနှင့်အတွေးများတိုင်အောင်ဖောက်ထွင်း၍ထိုပတ်ဝန်းကျင် ကိုပိုမိုကောင်းမွန်အောင်လုပ်ဆောင်လာနိုင်မည်။(သီလသမာဓိမြင့်မားသောဆရာတော်ကြီးများ မေတ္တာဓာတ် […]


ဒီယွန်ဖော်ကျွန်းရဲ ့ နေ ့စဉ်လက်တွေ ့အသုံးချဂမီ္ဘရ အကြောင်းကိုအနှစ်ချုပ်အနေနဲ ့အပိုင်းတွေခွဲပြီး ကျွန်တော်တင်ပြသွားပါမယ်။ဂမီ္ဘရ ဂန္ဓာရီစသည့်စကားလုံးတို ့နှင့်ပတ်သက်၍ ကိုးယိုးကားယားဖြစ် စရာမရှိပေ။အမှန်မှာ ကိုယ့်အားကိုယ်ကိုး၍ စိတ်စွမ်းရည်ကို အသုံးပြုခြင်းသာဖြစ်ပါတယ်။ထို့ပြင် ဤပညာရပ်သည် သိပ္ပံပညာဟုပင်ဆိုနိုင်ပြီး ရုပ်နယ်လွန်အဆင့်တွင် သတိရှိရှိ ရည်ရွယ်ချက်ရှိရှိဖြင့် လေ့ကျင့်အားထုတ်ခြင်းပင်ဖြစ်တယ်။ဤပညာရပ်တွင် ကောင်းခြင်း ဆိုးခြင်းမရှိပေ။အသုံးချသူနှင့် သာဆိုင်သည်။သို ့သော်ကံကောင်းသည်မှာစစ်မှန်သော ဂမီ္ဘရစွမ်းရည်သည် မှန်ကန်သောလေ့ကျင့် မှုနှင့်ကောင်းမွန်သောအရည်အသွေးရှိသူတို ့တွင်သာပေါက်ဖွားပေါ်ထွက်နိုင်ရာ ၎င်းတို့အနေဖြင့် ကိုယ်ကျိုးနှင့်မကောင်းမှုအတွက်အသုံးပြုမည်မဟုတ်ပေ။သို့ရာတွင် စိတ်နှလုံးယုတ်မာသော အောက်လမ်းမှော်ဆရာများက အခြားသူများကိုထိခိုက်အောင်လုပ်နေသောအချက်မှာလည်းအထင် အရှားပင်ဖြစ်ပေသည်။ (ဒီယွန်ဖော်ကျွန်းသည် အနောက်တိုင်းသူဖြစ်၍သူ့ကျင့်စဉ်များမှာသူ၏စစ်မှန်သော အတွေ့အကြုံများအခြေခံ၍ရေးခြင်းဖြစ်ရာ အနောက်တိုင်းဆန် သော်လည်း အလွန်ကောင်း မွန်လှကြောင်း ပညာရှင်များကဆုံးဖြတ်ပါသည်။  -စာရေးသူ)   အသုံးချဂမီ္ဘရ(၁) ဂန္ဓာရီပညာရပ်၏အခြေခံစည်းမျဉ်းမှာ ရှာဖွေမှသာရရှိပေမည်။ရမ်းသမ်းလုပ်သူများအနေဖြင့်ဒုက္ခတွေ့ ပေလိ်မ့်မည်။ဤပညာရပ်တွင် ကိုယ်ကျင့်သီလသည် အလွန်အရေးပါသည်။ကိုယ်ကျင့်တရားမကောင်း လျင် အောက်လမ်းဆရာသာဖြစ်သွားမည်။ဂန္ဓာရီပညာရှင်ဖြစ်မလာနိုင်ပေ။ထို့ကြောင့်ဆရာရှင်တို့သည် သာဝကများ၏ ကိုယ်ကျင့်သီလခိုင်မာဖြောင့်မတ်အောင်ဦးစွာအားထုတ်စေ၍ […]


loneAugust 17, 20111min3716
ဆည်ဆောက်တာနဲ့ ပတ်သက်လို့ ကိုယ်တွေ့ အဖြစ်အပျက်ကလေး တစ်ခုပြောပြချင်လို့ ပါ။ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊သိမ်ဇရပ်ကျေးရွာ ရှိ အမှတ်(၁) စစ်တောင်းစက္ကူစက်ရုံ အနောက်ဘက်မှာ ၂၀၀၆-၂၀၀ရ ခုနှစ်လောက်က နိုင်ငံတော်အစိုးရက ဆည်တစ်ဆည်တည် ဆောက်ခဲ့ပါသည်။ အဲဒီ့နှစ်က lone ၁ဝ တန်းနှစ်ပါ။ lone ၈ တန်းထိ သိမ်ဇရပ်မှာနေခဲ့ပါတယ်။ အဘိုးတို့နဲ့အတူတူနေပါတယ်။ အဖိုးက စစ်တောင်းစက္ကူစက်ရဲ့ လက်ထောက်စက်ရုံမှူးတစ်ယောက်ပါ။ အဖိုးက ဘာသာရေးတရားသမားကြီးဆိုတော့  ဘုရားတည်ကျောင်းဆောက်ဖို့အရမ်းစိတ်အား ထက်သန်ပါတယ်။ အဲဒါ့ ကြောင့် ယခင်က စစ်တောင်းစက္ကူစက်ရုံရဲ့ အနောက်ဘက် (ဆည်ဆောက်ခဲ့သောနေရာတွင်) တွင် အဖိုးက ဘုရားလေးဆူအမည်ရှိ စေတီနှင့် တကွ ဘုရားလေးဆူကို တည်ထားကိုးကွယ်ခဲ့သည်။ ဇရပ်များစွာ နဲ့ကျောင်းထိုင် ဆရာတော်တစ်ပါးနှင့် အတူ ဘုန်းကြီးကျောင်းတစ်ကျောင်းလည်း ဆောက်လုပ်လှူဒါန်းခဲ့သည်။ နှစ်စဉ်နှစ်တိုင်းလိုလို ဘုရားလေးဆူတွင် ဘုရားပေါင်းများစွာ […]


Big DefenderAugust 14, 20111min80321
ဗုဒ္ဒဘာသာ တစ်ယောက်ဖြစ်လာပြီး ဆိုကတည်းက ယုံကြည်ကိုးကွယ်စရာ ငါးပါးပဲ ရှိသည်။ ယင်းတို့မှာ – ဘုရား၊ တရား ၊ သံဃာ၊ မိဘ၊ ဆရာသမား ဟူသော အနန္တော အနန္ဒငါးပါး ပင်ဖြစ်သည်။ ယခု ကိုးကွယ်နေသော နတ်များတွင် မြတ်စွာဘုရားကဲ့သို့ ဘုန်းတော် အနန္ဒ ဉာဏ်တော် အနန္ဒနှင့်ပြည် စုံပါဝင်သော ကြည်ညိုဖွယ်ရာ အဆင်းရော ရှိပါလော့.? ဝေးပါသေးတယ် အရက်ပုလင်းကိုင်တဲ့ နတ်နဲ့ ဓါးကိုင်တဲ့ နတ်နဲ့ စုံတေတာပါပဲ။ မြတ်စွာဘုရား ၏ပုံတော်များတွင် မည်သည့် လက်နက်ကိုကိုင်ဆောင်ထားတာ တွေ့ဘူးပါသနည်း။ မြတ်စွာဘုရားဟာ မေတ္တာ လက် နက်သာ ကိုင်ဆောင်ထားပါသည်။ မည်သည့်လက်နက်မှ ကိုင်ဆောင်ထားခြင်းမရှိပါဘူး။ တရားဆိုသည်မှာ လောကီ ၊ လောကုတ္တရာ အကျုးိအတွက် ရည်ရွယ်ပြီး မြတ်စွာဘုရားဟော […]


စုန္းထီးAugust 12, 20111min66914
ငါးပါးသီလ အကြောင်း ငယ်ငယ်တုန်းက သိပ်မသိဘူး ကြီးလာတော့လည်း သိပ်မထူးဘူးလို့ ထင်တာပဲ ( 😛 ) ဒါပေမယ့် အင်တာနက်၊ စာအုပ်စာပေ၊ လူကြီးသူမတွေရဲ့ ကျေးဇူးတွေကြောင့် သိခွင့်ရခဲ့ပါတယ် … ကာတွန်းဦးဖေသိန်းရဲ့ ပုံလေးတွေကို သဘောကျလို့ မှတ်သားစရာအဖြစ် ကူးယူတင်ပြလိုက်ပါတယ်ဗျ … အားလုံးပဲ …………………………………………. အရင်ဆုံး …. အဲ လူဆိုတာ အပျက်အဆီး သတင်းတွေက လူစိတ်ဝင်အစားဆုံးဆိုတော့ မကောင်းတဲ့ အပြစ်အရင်တင်တယ်ဗျာ … 😀   အပေါ်မှာ အပြစ်တွေမြင်ပြီးရင် အောက်မှာ အကျိုးတွေ တွေ့ရမှာပေါ့ဗျ … နေပူထဲကို ဖြတ်ဖူးမှ နေရိပ်ရဲ့ အရသာကို သိမှာဆိုတော့ ……………


Shwe EiAugust 10, 20111min2130
စွန့်ပစ်ခြင်း ကျွန်မတို့ ဝယ်ယူတဲ့ပစ်စည်းတွေ နောက်ဆုံးဘာဖြစ်ကုန်ကြသလဲ။ ဒီနှုန်းနဲ့ဝယ်ယူစားသုံးနေမှတော့ ကျွန်မတို့ရဲ့အိမ်တွေမှာ ပစ်စည်းတွေထားဖို့နေရာက မရှိတော့ဘူးပေါ့။ ဒါတောင် အမေရိကန်ပြည်ထောင်စုက အိမ်တွေရဲ့ပျမ်းမျှအရွယ်အစားက ၁၉၇ဝ ကျော်ကာလနေစလို့ နှစ်ဆကြီးမားလာခဲ့တာ။ စောစောကမေးခွန်းရဲ့အဖြေကတော့ ပစ်စည်းတွေအမှိုက်ပုံကိုရောက်ကုန်တယ်ဆိုတာပါဘဲ။ ဒါက ဒီကုန်ထုတ်လုပ်မှုစနစ်ရဲ့ စွန့်ပစ်ခြင်းအပိုင်းပေါ့။ ဒီအပိုင်းက ကျွန်မတို့အသိဆုံးအပိုင်းလို့လည်း ဆိုနိုင်တယ်။ ဘာကြောင့်လည်းဆိုတော့ အဲဒီစွန့်ပစ်ပစ်စည်းတွေကို ကျွန်မတို့ကိုယ်တိုင် အိမ်ထဲကနေ ခက်ခက်ခဲခဲဆယ်ထုတ်ပြီး၊ အမှိုက်ကား၊ အမှိုက်လာသိမ်းမဲ့ ပလက်ဖေါင်းစွန်းဆီ သွားပို့တာကိုး။ အမေရိကန်ပြည်ထောင်စုမှာတော့ ကျွန်မတို့ဟာ တနေ့ကိုအမှိုက် ၄.၅ ပေါင်ထုတ်လုပ်ပါတယ်။ ဒါက အိမ်ထောင်တခုချင်းစီရဲ့ အမှိုက်ထုတ်လုပ်မှုပမာဏနော်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃ဝ နဲ့ယှဉ်ရင် ၂ဆပေါ့။ ဒီအမှိုက်တွေကို ကျင်းတူးပြီးမြေမြုပ်တာဘဲ။ ဒါမှမဟုတ် မီးအရင်ရှို့ပြီးမှ မြေမြုပ်တာ။ ဒါဆိုရင်တော့ ရှင်တော်တော်ကံဆိုးလို့ဘဲ။ အဲဒီနည်းနှစ်ခုထဲက ဘယ်နည်းကိုဘဲသုံး သုံး၊ ရေ၊ […]