badbabylay09@gmail.comSeptember 3, 20101min1112
စိတ်နှလုံးသည် အသက်၏ စမ်းရေပေါက် ဖြစ်သောကြောင့်သင်၏စိတ်ကို အထူးတလည်စောင့်ရှောက်ပါ… အဆင်းလှသော်လည်း သမာဓိမရှိသော မိန်းမသည်ဝက်၏ နှာခေါင်းဖျားတွင် တပ်ထားသော ရွှေကွင်းနှင့်တူသည်။ လမ်းတွင်လျှောက်သွားပြီး ခိုက်ရန်ဖြစ်ပွါးမှုတွင် ပါဝင်သော သူသည် ခွေး၏ နားရွက်ကို သွားကိုက်သောသူနှင့် တူသည်။ မြတ်နိုးခြင်းကြောင့် ကြောက်ရွံခြင်း ဖြစ်ရ၏။ From endearment springs grief. မြတ်နိုးခြင်းကြောင့် စိုးရိ်မ်ခြင်း ဖြစ်ရ၏။From endearment springs fear. မြတ်နိုးခြင်း ကင်းလွတ်သော သူမှာ စိုးရိမ်ခြင်း မရှိ။From endearment there is no grief. ကြောက်ရခြင်း အဘယ်မှာရှိမည်နည်း။Whence then fear. အသိဉာဏ်ရှိပြီး စဉ်းစားတွေးခေါ်နိုင်သော သူအားငါ့ဆီ လွှတ်လော့…..ငါသည်သူ့အားသင်ကြားပေးပြီးလမ်းပြပေးမည်။Send a person who has intelligence […]


badbabylay09@gmail.comSeptember 3, 20101min923
abbot [head of monastery] = ကျောင်းထိုင်ဆရာတော် Ascetic =ယောဂီ ၊ ရသေ့ Authority =ဩဇာရှိသူ Bodhisatta [ future Buddha] = ဘုရားလောင်း Buddha =ဗုဒ္ဓမြတ်စွာဘုရား Buddha Image =ဗုဒ္ဓ ရုပ်ပွားတော် ၊ ဆင်းတုတော် Buddhism = ဗုဒ္ဓဘာသာ ၊ ဗုဒ္ဓဝါဒ Buddhist =ဗုဒ္ဓဘာသာကိုးကွယ်သူ Buddhist monk =ဘုန်းတော်ကြီး Buddhist scriptures =ပိဋ္ဌိကတ်တော်များ chapel =ဓမ္မာရုံ ၊ devotees = ဝတ်ပြု ကိုးကွယ်သူများ fate = ကံ Foot print of Buddha =ဗုဒ္ဓခြေတော်ရာ good […]


Good IdeaSeptember 1, 20101min1517
အပိုင်း (၁) လူတချို့က နာနာဘာဝ တဆေ၊ သရဲတွေရှိတယ်ဆိုတာကို မယုံကြပါဘူး။ ကျနော်လည်း အစတုန်းက မယုံပါဘူး။ မယုံဆို ကိုယ်ကိုယ်တိုင်က အခြောက်ခံရတာမျိုးမကြုံမှမကြုံ ဘူးတာပဲကိုးဗျ.. သရဲတွေအမျိုးမျိုးရှိတယ်လို့လဲ ကြားဖူးနေတာပေါ့ဗျာ။ ရုပ်ရှင်တွေ ရုပ်ပြစာအုပ်တွေ၊ ဗွီဒီယိုတွေထဲမှာ တော့ တွေ့ဖူူးပါတယ်။ ရုပ်ဆိုးဆိုးကြီးတွေ ကြောက်စရာ ရွန်စရာပုံစံကြီးတွေနဲ့လေ။ အသက် ၂၃ နှစ်အရွယ်အထိ တခါမှ သရဲ၊ တဆေ တွေက ခြောက်တာတို့ ကိုယောင်ပြတာတို့မကြုံဖူးပါဘူး။ ဒါပေမယ့် ကျနော်တို့ မြန်မာနိုင်ငံမှာ စည်းပွားရေးအကြပ်အတည်းတွေကြောင့် မွေးရပ်မြေကို ခေတ္တအနေနဲ့ ကျောခိုင်းခဲ့ပြီး တိုင်းတပါးဖြစ်တဲ့ အိမ်နီးချင်း ထိုင်းနိုင်ငံကို ကျနော် ၂၀၀၅ ခုနှစ်က ရောက်လာခဲ့ပါတယ်။ ရောက်ရောက်ချင်းမှာပဲ ကျနော်နဲ့ရန်ကုန်မှာ အတူအလုပ်လုပ်ခဲ့ဘူးတဲ့ ကျနော့်သူငယ်ချင်းက ထိုင်း-မြန်မာနယ်စပ်မြို့ဖြစ်တဲ့ မဲဆောက်မြို့ရဲ့ အပြင်ဘက်က ဘန့်မိုင်ရီဆော့ […]


etoneSeptember 1, 20101min620
တစ်ချို့သော သင်္ဘောသီးပင်တို့မှာ မြေဆီဩဇာ နည်းပါးစွာရ၍ အချိန်ကြာမြင့်၍လာပြီးတော့ကာ ခြံပိုင်ရှင်က ဒီအပင်အသီးမသီးတော့ပါဘူးဆိုပြီး ခုတ်ထွင်ရှင်းလင်းခြင်းခံရ၍ အသီးသီးခွင့် မကြုံခြင်းဖြစ်ရ၏။ • လူတို့ တစ်ချို့မှာလည်း သူတော်ကောင်းဆီမှ သံသရာဒုက္ခမှလွတ်မြောက်မှုကို အကျိုးပြုမည့် တရားမြတ်ကို နာယူရသော်လည်း ခံယူမှု ညံ့ဖျင်း နည်းပါးသောကြောင့် တရားရှာရမှန်းတော့ သိပါသည်၊ သို့သော်လေးနက်မှုအားနည်းပြီးတော့ ကျင့်ကြံမှုအားနည်း၍ အချိန်အကြာကြီးကြံ့ကြာလျက် သံသရာဒုက္ခမှလွတ်မြောက်မှုကို အကျိုးပြုမည့် တရားမြတ်ကို မြင်ခွင့်မကြုံခင်မှာ ကံကဖြတ်ချလိုက်တော့ သေခြင်းအဖြစ်သို့ရောက်သွားကြရ၏။ • တစ်ချို့သော သင်္ဘောသီးပင်တို့မှာ မြေဆီဩဇာ ကောင်းမွန်သော အရပ်မှာ ရှင်သန်ကြီးထွား ရသည်၊ သို့သော်လည်း ပိုးမွှားများ ဖျက်ဆီးမှုဒဏ်ကြီးမားမှုကြောင့် အသီး သီးခွင့် မရရှာဘဲ ဖြစ်ရ၏။ • လူတို့ တစ်ချို့မှာလည်း သူတော်ကောင်းတရားကို နာယူရသော်လည်း လောဘ၊ ဒေါသ၊ မောဟ၊ […]


etoneSeptember 1, 20101min991
မြတ်စွာဘုရားဟောကြားသော ဒေသနာတော်တို့မှာ သုတ်၊ အဘိဓမ္မာ၊ ဝိနည်းဟူ၍ သုံးမျိုးခွဲခြား ထားရာတွင် အခြားဒေသနာတော်များကို ဤလူတို့ပြည်၌ ဟောကြားတော်မူခဲ့ပါသော်လည်း အဘိဓမ္မာ ဒေသနာတော်ကိုမူ ဤလူတို့ပြည်၌ ဟောကြားတော်မမူပေ။ ဝါတွင်းသုံးလပတ်လုံး (ရက်ပေါင်းကိုးဆယ်ခန့်) ဟောကြားရမည့် ဤအဘိဓမ္မာဒေသနာတော်ကြီးကို ဤလူတို့ပြည်တွင် ဟောကြားရန် မလျော်ဘဲဖြစ်နေသည်။ မြတ်စွာဘုရားက ဟောကြားနိုင်သည်ဆိုဦးတော့ နာကြားကြရမည် ဖြစ်သော လူပရိသတ်တို့တွင် နာကြားနိုင်ရာသော ဣရိယာပုထ်ကား မရှိပေ။ နေ့ရောညဉ့်ပါ မပြတ် သုံးလတာကာလပတ်လုံး နာကြားဖို့မဆိုထားနှင့် လူတို့အနေဖြင့်မူ သုံးရက်ပင် မထတန်း နာကြားနိုင်ကြမည်မဟုတ်။ ယခုမျက်မှောက် ဓမ္မကထိကတို့ သုံးနာရီခန့် ဟောကြားလျှင်ပင် တချို့တရားနာပရိသတ်တို့မှာ ငိုက်သူငိုက်၊ ထပြန်သူပြန် ဖြစ်ကုန်ကြသည်။ ထို့ကြောင့် နတ်တို့ပြည်၌ နာရီပိုင်းမျှသာ ကြာမည်ဖြစ်သော တာဝတိံသာ နတ်တို့ဌာနကိုလည်းကောင်း၊ ဤမျှသော အချိန်ကာလ၌ ငြီးငွေ့ဖွယ်မရှိဘဲ နာကြားနိုင်သော […]


Yin Nyine NwayAugust 31, 20101min843
န​က္ခတ်​ဗေ​ဒ​ပ​ညာ​ရှင်​များ​​ ​ရှာ​ဖွေ​တွေ့​​ရှိ​သည့်​​ နေ​နှင့်​ဆင်​တူ​သည့်​​ ​ကြယ်​တစ်​လုံး​ © dailymail နေနှင့် ​ဆင်​တူ​သော​ ​ကြယ်​တစ်​လုံး​ကို​ ​ဂြိုဟ်​ပေါင်း​ ​၇​ ​လုံး​က​ ​ဝန်း​ရံ​လှည့်​ပတ်​နေ​သည့်​ ​နေ​အ​ဖွဲ့​အ​စည်း​တစ်​ခု​အား​ ​န​က္ခတ်​ဗေ​ဒ​ ​ပ​ညာ​ရှင်​များ​က​ ​ရှာ​ဖွေ​တွေ့​ရှိ​ခဲ့​သည်​။ က ​မ႓ာ​မှ​ ​အ​လင်း​နှစ်​ ​၁၂၇​ ​အ​ကွာ​တွင်​ ​တည်​ရှိ​သော​ ​အ​ဆို​ပါ​ ​နေ​အ​ဖွဲ့​အ​စည်း​သည်​ ​နေ​ကို​ကျော်​လွန်​ပြီး​ ​ရှာ​ဖွေ​တွေ့​ရှိ​သ​မျှ​ ​နေ​အ​ဖွဲ့​အ​စည်း​ ​အား​လုံး​တို့​တွင်​ ​အ​ကြီး​မား​ဆုံး​ဟု​ ​ယုံ​ကြည်​ရ​ဖွယ်​ ​ရှိ​နေ​သည်​။​ ​ပ​ညာ​ရှင်​များ​က​ ​ယင်း​နေ​အ​ဖွဲ့​အ​စည်း​တွင်​ ​ဂြိုဟ်​ ​၅​ ​လုံး​ ​သေ​ချာ​ပေါက်​ ​ရှိ​နေ​ပြီး​ ​နောက်​ထပ်​ ​၂​ ​လုံး​ ​တည်​ရှိ​နေ​သည်​ဟု​ ​ယုံ​ကြည်​ရ​ဖွယ်​ ​အ​ထောက်​အ​ထား​များ​ ​တွေ့​ရှိ​ထား​ကြောင်း​ ​ပြော​ကြား​ခဲ့​သည်​။​ ဥ​ရော​ပ​တောင်​ပိုင်း​ ​န​က္ခတ်​တာ​ရာ​ ​လေ့​လာ​ရေး​စ​ခန်း​မှ​ ​ဒေါက်​တာ​ခ​ရစ်​စ​တို​ဖာ​လို​ဗစ်​က​ ​မိ​မိ​တို့​ ​ရှာ​ဖွေ​တွေ့​ရှိ​သ​မျှ​အ​နက်​ ​ဂြိုဟ်​အ​များ​ဆုံး​ ​ပါ​ဝင်​သည့်​ […]


Yin Nyine NwayAugust 29, 20101min551
နိုင်ငံခြား ယောဂီတစ်ဦး ဗုဒ္ဓဘာသာဆိုင်ရာ တရားများကို အားထုတ်ဖြစ်ပြီး မြတ်စွာဘုရားရှင်ကို မြင်ဖူးချင်စိတ်ပြင်းပြစွာဖြစ်ပေါ်လာပြီး အနှစ် (၂၀) တရားအားထုတ်၍ အဓိဌာန်ပြီး မြတ်စွာဘုရား တရားအားထုတ်ခဲ့တဲ့ညောင်ပင်ကို ဓါတ်ပုံရိုက်လိုက်ရာမှ ယခုပုံကိုတွေ့ရခြင်းဖြစ်သည်ဟု ဖတ်လိုက်ရပါတယ်။ အကျယ်ကိုရှင်းပြထားတာတော့ တော်တော်များတယ် ဒါပေမယ့် အချိန်မရလို့  ဒီလောက်ပဲရေးပေးလိုက်ပါတယ် ဟုတ်တာမဟုတ်တာ အပထား၊ ဗဟုသုတအနေနဲ့ ကြည့်ရအောင်လို့ တင်ပေးလိုက်ပါတယ်။


Yin Nyine NwayAugust 29, 20101min901
မန္တလေးတိုင်း မတ္တရာမြို့နယ် တောင်ပြုန်းကျေးရွာတွင် ကျင်းပသော ဆုတောင်းပြည့်၊ ဆုတောင်းရနှင့် တောင်ပြုန်းမင်းနှစ်ပါး ပွဲတော်ကို ယခုနှစ် ဝါခေါင်လဆန်း ၈ ရက်(ဩ ဂုတ် ၁၈ ရက်)နေ့မှ စတင်ကျင်းပသော်လည်း ပွဲထုံးစံအရ ချိုးရေတော်သုံးသည့် ဝါခေါင်လဆန်း၊ ၁၁ ရက် (ဩဂုတ်လ ၂၁ ရက်)နေ့မှစ၍စတင် စည်ကားလာကြောင်း တွေ့ရှိရသည်။ ယခုနှစ် ၁၃၇၁ ခုနှစ်သည် စုံနှစ်ဖြစ်သဖြင့် ရိုးရာအယူအဆ အစွဲအလမ်းအရ ပိုမိုပျော်ရွှင်မြူးတူးသည့် မင်းလေးနှစ်ဖြစ်၍ ယခင်နှစ်ထက် စည်ကားနိုင်သည်ဟု မျှော်လင့်ခဲ့ကြသကဲ့သို့ ပွဲလမ်းများနှင့် ပြတ်လပ်နေသည့်အပြင် စိတ်ထွက်ပေါက် ပျော်ရွှင်ဖွယ်ရာအဖြစ် ချိုးရေတော်သုံးသည့်နေ့တွင် ရိုးရာအရ ပူဇော်ပသရန်၊ သို့မဟုတ် အစဉ်အလာအရ မဖြစ်မနေ သွားရောက်ရန် သို့မဟုတ် စိတ်လွတ် လက်လွှတ် ဖွင့်အန်ပျော်ရွှင်ရန်များ အတွက် ဝါခေါင်လဆန်း ၁ဝ […]


Yin Nyine NwayAugust 29, 20101min470
ပရိတ်စွမ်းအင် အသက်ရှင် ကျွန်မသည် ဝန်ထမ်းတဦးဖြစ်၍ လပတ်၊ သုံးလပတ်နှင့် ရံဖန်ရံခါ လိုအပ်သလို အစည်းအဝေးများ တက်ရောက် ရ၏။ ထိုအစည်းအဝေးများကို တက်ရောက်ရာတွင်လည်း ကား၊ သင်္ဘော စသည်တို့ဖြင့် သွားရောက်ရသော နေရာများ ဖြစ်၏။ ရေလမ်း၊ ကုန်းလမ်းများ၏ လမ်းခရီးအန္တရာယ်ကို ကြောက်ရွံ့တတ်သော ကျွန်မသည် ဓာရဏပရိတ်ကို စာအုပ်ကြည့်၍ ရွတ်ဆိုသွားလေ့ရှိပါသည်။ တာဝန်များ ဆောင်ရွက်နေရသည့်အချိန်များ အကြားတွင်လည်း ဓာရဏပရိတ်ကို နေ့စဉ် အနည်းဆုံးတခေါက်တော့ ရွတ်ဆိုမိသည်။ သို့သော်လည်း အစအဆုံး အလွတ်ရခြင်းတော့ မရှိသေးပါ။ ဗုဒ္ဓါနံ ဇီဝိတဿ န သက္ကာ ကေနစိ အန္တရာယော ကာတုံ၊ တထာ မေ ဟောတု-ဟူသည့် ပထမအပိုဒ် (အချုပ်) ကိုသာ ဌာန်ကရိုဏ်းကျကျ မိမိရရ ဆိုမိနေခြင်းဖြစ်သည်။ ရုံးလုပ်ငန်းတာဝန်များ […]


Yin Nyine NwayAugust 29, 20101min660
ဗုဒ္ဓဘာသာနှင့်နိုင်ငံရေး မိလိန္ဒပဥှာတွင်လည်း ဤသို့ဆိုထားပါသည် ။“ မင်းကြီး ၊ ဥပမာ တစ်နည်းသော်ကား ယောက်ျားသည် အစွမ်းသတ္တိ မရှိ ၊ အမျိုးယုတ် ၏ ။ နည်းသော ပညာရှိ၏ ။ ကြီးကျယ်စွာသော မင်း၏ အဖြစ်ကိုရသော် တစ်ခဏချင်းဖြင့်ဖောက် ပြန်၏ ။ ပရိသတ်ကို ဖျက်ဆီး၏ ။ နောက်သို့ ဆုတ်၏ ။ အစိုးရသော အဖြစ်ကိုဆာင်ရွက် ခြင်းငှါ မတတ်နိုင်ရာ ။ ထိုသို့သော မထိုက်တန်သော မင်းအား ပြည်သူတို့ကှဉ်းဆဲ နှိပ်စက် ရာသည် ၊ ပြည်သူတို့က အပြစ်ဒဏ် ခတ်ရာသည် ၊ တိုင်းသူပြည်သား တို့သည် ဥပဒေကို ချိုး ဖောက်သောကာလ အပြစ်ဒဏ် ခတ်ရာ သကဲ့သို့ ထိုသို့သောဥပဒေနှင့် […]


Yin Nyine NwayAugust 29, 20101min710
ဗုဒ္ဓဘာသာဝင်တို့အတွက် ဗုဒ္ဓဝင်အကျဉ်း ၁။ လူအမည်=သိဒ္ဓတ္ထ ၂။ ဘုရားဘွဲ့=ဂေါတမ ၃။ မိဘအမည်=သုဒ္ဓေါဒနမင်း နှင့် မာယာဒေဝီ ၄။ ကြင်ယာတော်=ယသော်ဓရာ ( ဘဒ္ဒကဉ္စနာ ) ၅။ ရင်သွေးတော်=ရာဟုလာ ၆။ ယောက်ဖတော်=ဒေဝဒတ် ၇။ မိထွေးတော်=ဂေါတမီ ၈။ နေပြည်တော်=ကပိလဝတ်ပြည် ( သက္ကတိုင်း၊ မဇ္ဈိမဒေသ )။ ၉။ ဖွားရာဌာန=လုမ္ဗိနီဥယျာဉ် ( ကပိလဝတ်နှင့် ဒေဝဒဟကြား )။ ၁၀။ နန်းစံနှစ်=၁၃-နှစ်ကြာ ( ၁၆-နှစ်မှ ၂၉ နှစ် )။ ၁၁။ နိမိတ်ကြီးများ=သူအို, သူနာ, သူသေ, ရဟန်း ၁၂။ ဗျာဒိတ်ခံယူသောဘဝ=သုမေဓာရသေ့ဘဝ ၁၃။ ဗျာဒိတ်ခံယူသောနေ့=ကဆုန်လပြေ့နေ့ ၁၄။ ဗျာဒိတ်ပေးသောဘုရား=ဒီပင်္ကရာမြတ်စွာဘုရား ၁၅။ ပါရမီဖြည့်ဖက်=သုမိတ္တာအမျိုးသမီး ( ယသော်ဓရာအလောင်း […]


Yin Nyine NwayAugust 28, 20101min630
ဓမ္မစကြာသုတ် ဗြဟ္မာ နတ် လူ သုံးဘုံသူ တို့၏ ပူဇော် အထူးကို ခံတော်မူထိုက်ကြောင်းဖြစ်သောသီလဂုဏ်သမာဓိဂုဏ်ပညာဂုဏ်ဝိမုတ္တိဂုဏ် ဝိမုတ္တိဉာဏ ဒဿနဂုဏ်တို့နှင့် ပြည့်စုံတော် မူ ပေ ထသော  သစ္စာဉေယျ ဓမ္မအပုံအလုံးစုံကို အကုန်မကျန်မြတ်ရွှေဉာဏ်ဖြင့် အမှန်ထိုးထွင်း အလင်း ထင်ပေါ် သိမြင်တော်မူပေထသော ဣဿရိယဓမ္မယသ သီရိကာမပယတ္တ တည်း ဟူသော ဘုန်းတော်ခြောက်ပါးနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရားအား ဘုရားတပည့်တော်တို့၏ ရှိခိုးခြင်းသည် ဖြစ်စေပါသတည်း ဘုရား။ (၁) တပါးသောအခါ၌ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဗာရာဏသီ နေပြည်တော်ကြီး၏ အနီး၌ ရှေးခါခေတ်ဟောင်း ရသေ့သူမြတ်အပေါင်းတို့၏ သက်ဆင်းရာ သား သမင်အပေါင်းတို့ကို ဘေးမဲ့ပေး၍ မွေးရာဖြစ်သော မိဂဒါဝုန်တောကြီး၌ သီတင်းသုံး နေတော်မူ၏။ ထိုသို့ သီတင်းသုံးနေတော်မူသောအခါ၌ မြတ်စွာဘုရားသည် ကောဏ္ဍည အမှူး […]


ငယ်ငယ်တုန်းက ဘော်ဒါတွေနဲ့ လ္ဘက်ရည်ဆိုင်ထိုင်ရင် အကြောင်းစုံ ပြောဖြစ်ကြပါတယ်။ ဖွမ်ကိစ္စကစလို့ အိုင်းစတိုင်းရဲ့ ရီလေးတီဗတီ သီအိုရီ အထိ အာပေါင် အာရင်း သန်သန်နဲ့ ဖင်မီးခိုး ထွက်အောင် ဆေးလိပ်သောက်ပြီး ငြင်းကြခုန်ကြပါတယ်။ (ခုန်တာကတော့ စားပွဲအောက် ကြွက်ဖြတ် ပြေးလို့ပါ) ပြောစရာကုန်သွားရင် ဘုရားဟောဘက်ကို် ရောက်ပါတယ်။ မှတ်မိတာက နိဗာ္ဘန် ဆိုတာ ဘာလဲပါ။ အများစုက အရမ်းအေးချမ်းတဲ့ လုုံးဝ အပူအပင်မရှိတဲ့ နေရာလို့ လုံးဖြေပါတယ်။ ကျွန်တော် က ရိပ်သာဝင်ဖူးတဲ့ အရှိန်နဲ့ မင်းတို့မှားတယ်၊ နိဗာ္ဘန် ဆိုတာ ဘာမှ မရှိတဲ့နေရာ၊ ခံစားမှုမရှိဘူး။ အေးချမ်းတယ်ဆိုတာ အဲဒါလို့ ဆရာလုပ်ပါတယ်။ သူငယ်ချင်းတွေက ညဏ်မမှီလေ ကျွန်တော်က ဖိပြောလေပါပဲ။ ကျွန်တော်ပြောတာက ပိုပြီး သဘာဝကျ သယောင်ယောင် […]