CharTooLanSeptember 11, 20101min29312
မြန်မာနိုင်ငံမှာ နေလိုလလိုထင်ရှားတဲ့ဆရာတော်တစ်ပါးဖြစ်တဲ့မဟာစည်ဆရာတော်ဘုရားကြီး လက်ထက် ၁၉၅၂ ခုနှစ်မှာ ရိပ်သာမှာ တရားလာအားထုတ်တဲ့ရသေ့မလေးတစ်ပါးဟာ ရိပ်သာရောက်ပြီး ၁ဝ ရက်အကြာမှာ သူများနားမလည်တဲ့စကားတွေပြောနေသံ ကြားရတာကြောင့် သူ့ကို ဆရာတော်ကြီးဆီကိုခေါ်သွားကြပါတယ်။ ဆရာတော်ကြီးနဲ့တွေ့တော့ သူဟာ နတ်ပြည်က နတ်မင်းတစ်ပါးဖြစ်ကြောင်းနဲ့ ဆရာတော်ကြီးနဲ့တရား စကားဆွေးနွေးလိုကြောင်းတို့ကို ပါဠိဘာသာနဲ့လျှောက်ကြားပါတယ်။ ဆရာတော်ကလည်း နောက်တစ်နေ့ညမှာ ဆွေးနွေးကြမယ်လို့ ချိန်းဆိုလိုက်ပါတယ်။ နောက်တစ်နေ့ရောက်လို့ အချိန်ကျတော့ ရသေ့မလေးပါးစပ်က ပါဠိစကားသံတွေထွက်လာပြီး ဆရာတော်နဲ့ နိမ္မာနရတိနတ်ပြည်က နတ်သားတစ်ပါးတို့(ရသေ့မလေးကိုကြားခံပြီး) အမေးအဖြေလုပ်ကြပါတယ်။ ဒီစကား ဝိုင်း ကိုဆရာတော်ရဲ့တကာတွေက အသံဖမ်းယူထားပြီး မြန်မာဘာသာပြန်လို့ မြန်မာ့အသံကနေတစ်နိုင်ငံလုံး ကို ထုတ်လွှင့်ဖို့ပြင်နေတုန်း သတင်းစာဆရာတစ်ယောက်က“နတ်နဲ့လူနဲ့ စကားပြောတာဟာ ယုံတမ်းစကားပဲ။ မဖြစ်နိုင်ဘူးလို့”ဝေဖန်လိုက်ပါတယ်တဲ့။ ဒါနဲ့ပဲ ဆရာတော်ကြီးက အဲဒီအချိန်က ဝန်ကြီးချုပ်ဖြစ်တဲ့ ဦးနုကိုခေါ်ပြီး မလွှင့်နဲ့တော့လို့တားလိုက်ပါတယ်။ အကြောင်းကတော့ ဒီအသံကိုလွှင့်ခြင်းဖြင့် အကျိုးရှိသူတွေရှိနိုင်သလိုအကျိုးမရှိသူတွေလည်း ရှိနိုင်တယ်လို့ […]

cat-jumps2.jpeg

သတ္တဝါတိုင်း နားလည်တဲ့ မာဂဓဘာသာ ကို မြတ်စွာဘုရားဟာ စကားပြောရင် သုံးတယ်လို့ မှတ်သားဖူးပါတယ်။ ဘုရားရဲ့ တရားတော်ကို ရှေးဦးစွာ နှုတ်တိုက်အာဂုံ ဆောင်ခဲ့ကြပြီး ကာလကြာမှ သက္ကတ အက္ခရာနဲ့ မှတ်တမ်းတင်တယ် နောက်တော့မှ ပါဠိဘာသာ ကိုပါ။ အခုတော့ အွန်လိုင်းမှာ ဒစ်ဂျစ်တယ် နည်းပညာနဲ့ မြန်မာလိုပါ ရနေပြီပေါ့။ တလောက အသိအိမ်ကို် ရောက်ပါတာနဲ့ ကြုံလို့ မြန်မာဘာသာပြန် သူတို့ ဘာသာရေး စာအုပ်တအုပ်ကို ကြည့်မိပါတယ်။ စာအုပ်က နိုင်ငံခြားစာ နဲ့ ဘာသာပြန် မြန်မာစာကို အပေါ်အောက် တလိုင်းစီ ရေးထားတာပါ။ ကျွန်တော် သတိထားမိတာက မူလဘာသာနဲ့ စာကြောင်းတွေက တိုပြီး မြန်မာလိုတွေက ဖေါင်းပွနေတာကို သတိပြုမိ ခဲ့ပါတယ်။ အဲဒီတုံးက ကိုယ်နဲ့မဆိုင် ဇတ်ပြတ်မှာစိုးလို့ […]


unclegyi1974September 10, 20101min1010
သရဏဂုံ တင်တယ်ဆိုရင် ကျွန်တော်တို့ မြန်မာလူမျိုးများသိကြတာက လူသေရင် မသဂြိုလ်ခင် ဘုန်းကြီးပင့်ပြီး သေသူအတွက်လုပ်တယ်လို့ဘဲသိထားကြတာများပါတယ်။ အမှန်က သေသူအတွက် သရဏဂုံ တင်ပေးတာမဟုတ်ပါဘူး၊ အသက်ရှင်ကျန်ရစ်သူမိသားစုကို သရဏဂုံ တင်ပေးတာဖြစ်ပါတယ်။ ရှင်း ရမယ်ဆိုရင် ဘုရား၊ တရား ၊သံဃာ ၊ ရတနာသုံးပါးသာလျှင်ကိုးကွယ်ရာအစစ်အမှန်ဖြစ်၏  ဟုယုံကြည်သိမှတ်လျက်ရိုသေလေးမြတ် ဆည်းကပ်လိုသော ကုသိုလ်စေတနာ (မဟာကုသိုလ်စိတ်၊စေတသိက်၊ နမ်ခန္ဒာအပေါင်း ) ကို သရဏဂုံ လို့ခေါ်ပါတယ်။ သရဏဂုံ ၃ ပါးရှိပါတယ် ၁ ။   ။ဘုရားကိုးကွယ်မှု ၂။   ။ တရားကိုးကွယ်မှု ၃။   ။ သံဃာကိုးကွယ်မှု   တို့ဖြစ်ပါတယ်။ သရဏဂုံ  ဆောက်တည်ခြင်းဆိုသည်မှာ မိမိသန္တာ၌ ရတနာ သုံးပါးကို ယုံကြည်သိမှတ် ဆည်းကပ် ကိုးကွယ်လိုသော စိတ်စေတနာ (မဟာကုသိုလ်စိတ်၊စေတသိက်၊ နမ်ခန္ဒာအပေါင်း […]


Yin Nyine NwaySeptember 9, 20101min1092
ယနေ့ခေတ်လူတွေဟာ ဘာသာအသိတရား တဖြည်းဖြည်းနဲ့ ခေါင်းပါးလာပြီ။ ဘုရားတောင်မှ ထိခြင်းငါးပါးနဲ့ ဦးချရကောင်းမှန်း မသိကြတော့ပါဘူး။ဒီလိုအခြေအနေတွေကိုသိလို မြတ်စွာဘုရားက “နောင်အနာဂတ်မှာ ဗုဒ္ဓဘာသာ (၅)မျိုး ကွဲပြားလိမ့်မယ်”ဟု ဟောတော်မူခဲ့ပါတယ်။အဲ့ဒီ ဗုဒ္ဓဘာသာ(၅)မျိုးကတော့ (၁)ကုလ ဗုဒ္ဓဘာသာ (၂)လာဘ ဗုဒ္ဓဘာသာ (၃)ဘယ ဗုဒ္ဓဘာသာ (၄)သဒ္ဓါဓိက ဗုဒ္ဓဘာသာ (၅)ပညာဓိက ဗုဒ္ဓဘာသာ (၁)ကုလ ဗုဒ္ဓဘာသာ ကုလ ဗုဒ္ဓဘာသာဆိုတာ ရိုးရာဗုဒ္ဓဘာသာ ကိုပြောတာပါ။အမေအဖေက ဗုဒ္ဓဘာသာမို့ သားသမီးက ဗုဒ္ဓဘာသာဖြစ်လာ ရတာပါ။မိဘက ခရစ်ယာန်ဆိုရင် သားသမီးကလည်း ခရစ်ယာန်။ဒါကို မိရိုးဖလာ ကုလဗုဒ္ဓဘာသာပေါ့။မိဘက ဗုဒ္ဓဘာသာ မို့သာ သားသမီးကဗုဒ္ဓဘာသာဖြစ်လာရတာ ဘုရားရှင်ဘာလို့ ပွင့်မှန်းမသိ။ဘုရား ဘာတရားဟောမှန်းလည်းမသိ။ကိုးကွယ် နေတဲ့ မြတ်စွာဘုရား ဘာကြောင့်ကိုးကွယ်ရမှန်းလည်းမသိ။တရားတော်ကို ဘာကြောင့်ကိုးကွယ်ရမှန်းမသိ။ဘုရားကိုဦးချ တာ ဘာရည်ရွယ်ချက်နဲ့ ဦးချမှန်းမသိ။ဘာကြောင့်ဒီလောက် ရိုရိုသေသေနဲ့ အလေးပြုနေမှန်းကို […]


Shwe Zin USeptember 9, 20101min850
ဓမ္မပဒ ဓမ္မဟူသည် တရား၊ ပဒဟူသည် ပုဒ်ဖြစ်သည်။ တရားဟူသည် သဘာဝကျစွာ ဖြစ်တည်ပေါ်ပေါက် လာသော အကြောင်းနှင့် အကျိုးများဖြစ်သည်။ထို အကြောင်းနှင့် အကျိုးများကို ဗုဒ္ဓရှင်တော်မြတ် သည် နှစ်ပေါင်း ၂၅၀ဝ ကျော်လောက်က သူ၏ မျက်မှောက်တွင် ဖြစ်ပျက်၊ပေါ်ပေါက် ခဲ့သည်တို့၌ အခြေခံလျက် လူပုဂ္ဂိုလ်၊ ရဟန်းပုဂ္ဂိုလ်တို့အား အကျယ်ဝေဖန်၍ ဟောကြားခဲ့၏။ ထိုု အနှစ်ချုပ်ကလေးများသည် ဓမ္မပဒဟူသော အမည်ဖြင့် ထင်ရှားသော တရားပုဒ်ကလေးများ ဖြစ်လာသည်။ ထို တရားပုုဒ်ကလေးများကို ရှေးယခင်က ရဟနာ္တအရှင်တို့က ပေါင်းစုညီညာ ရွတ်ဆိုကာ သံဂါယနာတင်ထားခဲ့ကြ၏။ တစ်ဖန်နှောင်းခေတ်လူများက ကျောက်ထက်အက္ခရာ၊ စာရွက်အက္ခရာ တင်ခဲ့ကြ၏။ ဘာသာအသီးသီးသို့လည်း ပြန်ဆိုခဲ့ကြ၏။ ထို့ကြောင့် ဘုရားရှင်၏ နှစ်ပေါင်း ၂၅၀ဝ ကျော်လောက်က ဓမ္မပဒဟူသည့် တရားအနှစ်ချုပ် စာပုဒ်ကလေး […]


etoneSeptember 9, 20101min2440
ဒီခေါင်းစဉ်လေးကို တင်ပြဖို့ စဉ်းစားထားတာ ကြာပါပြီ၊ ဘာဖြစ်လို့ တင်ပြချင်တာလဲ ဆိုတော့ ကမ္ဘာပေါ်မှာရှိသော လူသားအားလုံးရဲ့လိုအပ်ချက်ဟာ ဘာလဲဆိုတော့ လူတော် လူကောင်းဖြစ်ဖို့က အဓိက Main ဖြစ်မယ်လို့ ထင်ပါတယ်။ ဒါ့ကြောင့် လူတော်လူကောင်းဆိုတာ ဘယ်လိုအရာတွေနဲ့ပြည့်စုံတဲ့လူတွေကို ခေါ်တာလဲဆိုတာလည်း မသိတဲ့လူတွေကလည်း သိချင်ကြမှာဖြစ်သလို သိတဲ့လူတွေလည်း ထပ်ပြီးပြည့်စုံသလောက်ရှိအောင် မိမိသိသလောက် လေးကို အထောက်အထားလေးတွေနဲ့ တင်ပြပေးလိုက်ပါတယ်။ ဒီစာတွေကို ရေးတာဟာ မိမိကိုယ်တိုင် သိလို့ရေးတာမဟုတ်သလို ဆရာကြီးလုပ်ချင်လို့ ရေးတာလည်း မဟုတ်ဘူးဆိုတာတော့ စာဖတ်သူတို့ ယုံကြည်စေချင်ပါတယ်။ ဒီလူတော်လူကောင်း ခေါင်းစဉ်ကို ရေးသားရာ၌ မှားယွင်းမပြည့်စုံများ တွေ့ရှိခဲ့လျှင် “ကျရောက်မြူသွင်၊ အပြစ်မြင်က၊ တင်၍နှုတ်သာ၊ ကဲ့ရဲ့ပါနှင့်၊ လျင်စွာထောက်ကူ၊ ပြင်တော်မူရှင့်”ဟု အရှင်ပညာတိက္ခ ရေးသား ထားသည့်အတိုင်း အပြစ်မမြင်အမှန်ပြင်၍ သူတော်ကောင်းစိတ်ဖြင့် ဖတ်ရှုစေလိုပါသည်။ ကမ္ဘာပေါ်ရှိ […]


VisesaSeptember 8, 20101min630
သုံးနှစ်ကြာပြီးသည့်အချိန်။ `အင်း။သုံးနှစ် ပြည့်လို ့ကျောင်းပြီးသွားပြီ ဆိုတဲ့အချိန်ကို ရောက်ချင်လှပါပြီ ဦးဇင်းရယ်။´- ဟု၊ခါးကိုလိန်တွန် ့ကာ အကြောဖြေရင်း၊မိမိအား နောနော်ကပြောလိုက်သည်။မိမိ က ဆွမ်း ထည့်ထားသော ပန်းကန်ကိုလက်ဖြင့်ကိုင်လျက် နေ ့ဆွမ်းဘုဉ်းပေးနေရင်းက၊`အောင်မယ်၊ ရောက်လာမှာပါလေ။အခုတောင် ဘာလိုလိုနဲ ့ တစ်နှစ်ပြည့်ခဲ့ပြီ မဟုတ်လား။´-လို ့၊သူ ့စကား ကိုပြန်၍ဖြေလိုက်ရပါသည်။ အကယ်တွင်လည်း ၊ ယနေ ့၂၀၁၀-ခု၊စက်တင်ဘာလ(၅)ရက်နေ ့တွင် ၊ မိမိ တို ့မြန်မာ ပြည်၊ မန္တလေးမြို ့မှ တရုတ်ပြည်၊ယူနန်ပြည်နယ် ၊ကူမင်းမြို ့၊ယူနန်တက္ကသိုလ် သို ့ပညာသင် ရောက်ရှိလာခဲ့ကြသည်မှာ တစ်နှစ်ကျော်၍ (၃)ရက်စွန်းခဲ့ပါပြီ။အဘယ့်ကြောင့်ဆိုသော် ၊ပြီးခဲ့ သော ၂၀၀၉-ခုနှစ်၊စက်တင်ဘာလ(၂)ရက်နေ ့ကမိမိနှင့်အတူ၊နောနော်၊ဆရာမဒေါ်ညိုညိုစန်း၊ ဆုစန္ဒာ၊ဇူးလဲ့ဖြူတို ့သည် မန္တလေးမြို့၊အပြည်ပြည်ဆိုင်ရာလေယာဉ်ကွင်းမှ လေယာဉ်ဖြင့်ညနေ (၂)နာရီထွက်ခဲ့ကာ၊ကူမင်းမြို ့၊လေဆိပ်သို […]

nivirna-sightseeing.jpg

ဘင်ဆိုလို့ တီးတဲ့ဘင်ခရာကို သွားမမြင် လိုက်ပါနဲ့။ တရား အားထုတ်သူ တွေ ဆိုလေ့ရှိတဲ့ ဥပါဒ်၊ ဌီ၊ ဘင်ကို ပြောတာပါ။ တချို့က ခန္ဓာနဲ့သိပေမဲ့ စာလို မပြန်တတ်လို့ တရား အားထုတ်နေပြီး ဒါတောင် မသိဘူးလား ဆိုပြီး အထင်လွဲခံ ကြပါတယ်။ သဲအင်းဂူ ဆရာတော် လူဝတ်ကြောင် ဘဝနဲ့ တရား အားထုတ် နေတုန်း ယခင်ကျော်ဇော သတင်းတွေကြောင့် လာဖမ်းသူ မှုခင်းစစ်ရဲက မင်းတရား အားထုတ် တယ်ဆိုရင် ဥပါဒ်၊ဌီ၊ဘင် ဆိုတာသိလား လို့ မေးတော့ အောက်အရိယာ ဖြစ်နေပြီဖြစ်တဲ့ ဆရာတော်လောင်း မဖြေနိုင်ခဲ့။ ဒါနဲ့ပဲ လူလိမ်ဆိုပြီး ရဲ ညှင်းပမ်း နှိပ်စက်တာကို ခံခဲ့ရပါ တယ်။ ဒီလို ရဟနာ္တလောင်းလျာတောင် မချန် […]


william hoeSeptember 6, 20101min961
ပွိုင့်လို ချင်လို ့မဟုတ်ပဲ ကျွန်တော်သိထားသမျှကို မျှဝေပေးခြင်းသာဖြစ်ပါသည်…. တနင်္ဂနွေနေ့က အွန်လိုင်းမှာအသိအကျွမ်းဖြစ်ခဲ့တဲ့ စီးပွားရေးတက္ကသိုလ်ကကျောင်းသားလေး တစ်ယောက် ဦးဇင်းဆီကိုရောက်လာခဲ့ပါတယ်။ သူတို့သူငယ်ချင်းတစ်ခု စကားပြောနေကြတုန်း ဘာသာခြားလူငယ်တစ်ယောက်က လက်ကမ်းစာစောင် လေးတွေလာပေးတယ်တဲ့။ သူတို့ဘာသာရဲ့ကျမ်းစာမှာပါတဲ့ ကောက်နှုတ်ချက်တချို့နဲ့ သူတို့ဘာသာထဲကို ဝင်ပုံဝင်နည်း ရေးထားတဲ့စာအုပ်ကလေးပါတဲ့။ အဲဒီကိုအကြောင်းပြုပြီး သူတို့အငြင်းအခုံလေးတစ်ခု ဖြစ်သွားခဲ့တယ်တဲ့..။ ထုံးစံအတိုင်းတစ်ဘက်ကို တစ်ဘက်မကောင်းပြောထိုးနှက်ကြတာပေါ့။ အဲတော့ အဲဒီလူကဗုဒ္ဒဘာသာနဲ့ပတ်သက်တဲ့ မေးခွန်းတော်တော်များကို မေးသွားတယ်တဲ့။ သူတို့ဘယ်သူမှ မဖြေနိုင်ကြဘူးတဲ့။ အဲဒါတွေကို ဦးဇင်းဆီလာမေးတာပါတဲ့ သူကနောက်တစ်ပတ်မှာပြန်ဆုံကြမယ်လို့ ချိန်းသွားတယ်တဲ့။ အမှန်ဆိုရင် ဒါမျိုးဘာသာရေးအဓိကရုဏ်းအသွင်ဆောင်တဲ့ ငြင်းခုံမှုတွေကို အတတ်နို်င်ဆုံရှောင်ခဲ့ပါတယ်။ အခုတင်ပြပေးမှာကလဲ ဘာသာခြားလူငယ်မေးသွားတဲ့မေးခွန်း တွေရဲ့အဖြေလောက်ကိုပဲ တင်ပြပေးမှာပါ။ ဟိုကျောင်းအထိလာမေးတဲ့ လူငယ်ကိုတော့ သူတို့ဘာသာနဲ့ပတ်သက်ပြီး ဘယ်လိုပြန်မေးလိုက်လို့တော့ နည်းနည်းပါးပါးသင်ပေးလိုက်ပါတယ်။ ဒီမှာတော့အကျယ် အကျယ်ဖြစ်နေမှာမို့ တင်ပြမပေးတော့ပါဘူး။ ဒီမှာတင်ပြပေးတဲ့ ရည်ရွယ်ချက်က နောင်တစ်ချိန်မှာ အခြားလူငယ်တွေ […]


VisesaSeptember 6, 20101min590
မြန်မာ(၁၂)လရာသီပွဲတော်(၆) တော်သလင်းလ ၊ လှေပြိုင်ပွဲနှင့်ဂရုဓမ္မ အခါတော်နေ ့ မြန်မာ(၁၂)လရာသီတွင် တော်သလင်းလ သည် (၆)လမြောက်ဖြစ်ပါသည်။ခရစ်နှစ် အားဖြင့်မူ ဇူလိုင်၊ ဩဂုတ် ၊စက်တင်ဘာလများ အတွင်းကျရောက်လေ့ရှိပါသည်။တော်သ လင်းလ၌ မြန်မာပြည်၏ ရာသီဥတုသည် အထူးသာယာကြည်လင်ပါသည်။ နေရောင်ခြည် ထွန်းလင်းတောက်ပ၍ အပူရှိန်ပြင်းလှသောကြောင့် `တော်သလင်းနေ ၊ ပုဇွန်သေ ။´-ဟု ၊ ရှေးသူဟောင်းတို ့က ဆိုရိုးပြုခဲ့ကြပါသည်။မြန်မာပြည်အတွင်း စီးဆင်းရာ မြစ်ရေပြင်တို ့၌ လှိုင်း လေ ငြိမ်သက်ကင်းစင်၍ ပြန် ့ပျုးညီညာနေသောကြောင့် `လ တော်သလင်း ၊ မြစ် အတွင်း ၊ သင်ဖြူးခင်း။´-ဟူ၍လည်း ၊ဆိုခဲ့ကြပြန်ပါသည်။မြေအစိုဓါတ် မပြတ်ရှိနေ၍ မည် သည့်သစ်ပင်ကိုပင်စိုက်စိုက် အမြစ်ပွားကာ ရှင်သန်ကြီးထွားလွယ်သောကြောင့်`တော်သ လင်း ၊ လူပျင်း ကွမ်းစိုက်။´-ဟူ၍ […]


Yin Nyine NwaySeptember 5, 20101min580
ရှမ်းလူမျိုးတို့သည် နတ်ကို မယုံကြည်ခြင်းမဟုတ်။ နတ်သမီး၊ နတ်သားတို့ အားအရှမ်းအခေါ် ခွန်ဖီ၊ နန်းဖီဟု ခေါ်သည်။ ဗမာများကဲ့သို့လို.. နတ်ဝင်သည် ၊ နတ်ကနား ၊ နတ်ပွဲပေး၍ နတ်မေးခြင်းများ မရှိပေ။ ၎င်းတို့ကိုလဲ ယုံကြည်ခြင်းမရှိပေ။ ကိုးမြို့ရှင် ဟုခေါ်သော “စဝ်မိုင်း”တော့ရှိပေသည်။ သို့သော် တစ်နှစ်တစ်ခါ ပူဇော်ခြင်းမှလွဲ၍ အခြားအချိန်များတွင် ပူဇော်ခြင်းမရှိပဲ နတ်ကွန်းတွင် လူသူကင်းမဲ့လေ့ရှိသည်။ ကားဝယ်လျှင် ရောင်းလျှင် အစဉ်ပြေစေရန် နတ်ပြခြင်း ရှမ်းလူမျိုးတို့တွင် မရှိပေ။ နတ်ကနားပေးခြင်း၊ နတ်ပွဲတင်ခြင်းများသည် ရှမ်းတို့ ၏အယူများမဟုတ်။ ဗမာလူမျိုးများကိုးကွယ်သော အချို့ရှမ်းအမည်ဖြင့် နတ်များကိုပင် ရှမ်းလူမျိုးများ ကိုးကွယ်ခြင်းမရှိကြပေ။ သို့သော် အိမ်များတွင် စင်တစင်တော့ရှိသည်။ “ဒေးဝရားဟော်၊ ဒေးဝရားဟိန်း” ဟုခေါ်သော ဟော်စောင့်နတ်၊ အိမ်စောင့်နတ် စင်ဖြစ်သည်။ ၎င်းစင်အား ကနှုတ်ပန်းများဖြင့် […]


badbabylay09@gmail.comSeptember 3, 20101min1300
သီလဝိသုဒ္ဓိဟူသော စကားကို “သီလစင်ကြယ်ခြင်း”ဟု အလွယ်နားလည်ထားနိုင်၏။ စင်ကြယ်ခြင်းကို ပါဠိစကားဖြင့် သုဒ္ဓိဟု ဖွင့်ပြ၏။ ဝိသုဒ္ဓိဟုဆိုလျှင်ကား အထူးစင်ကြယ်ခြင်းဟု ဝိသေသတပ်ကာ ပြောနိုင်ပေ၏။ ဝိသုဒ္ဓိမဂ် ကျမ်းပြုဆရာ အရှင်မြတ်က ဝိသုဒ္ဓိဟူသော စကားကို နိဗ္ဗာန်ဟူသော အဓိပ္ပါယ်အထိ ဖွင့်ဆိုရှင်းပြ၏။ မည်သို့ဆိုစေ စင်ကြယ်မှု၏ အရေးကြီးမှုကို ဖွင့်ဆိုရှင်းပြထားခြင်းပင် ဖြစ်ပါ၏။ ထိုစင်ကြယ်မှုတွင် အထက်အထက် မဂ်ဉာဏ်များရရှိနိုင်စေရန် လှေကားစောင်းတန်း သဖွယ်ဖြစ်သည့် သီလစင်ကြယ်မှုသည် အထူးအရေးကြီးလှပေ၏။ သီလမစင်ကြယ်လျှင်ကား အထိုက်အလျောက် သမာဓိဉာဏ်များ ဖြစ်နိုင်သော်လည်း လွတ်မြောက်ရာအမှန် ဝိပဿနာဉာဏ်ကို ရရန်မှာ အလွန်မလွယ်လှပေ။ ထို့ကြောင့် လွတ်မြောက်မှုလမ်း၏ အခြေခံဖြစ်သည့် သီလစင်ကြယ်မှုကို အထူးပြု၍ ကြိုးစားအားထုတ်ကြရန် တိုက်တွန်းတော်မူခြင်း ဖြစ်၏။ သီလဝိသုဒိ္ဓဖြစ်မှ စိတ္တဝိသုဒ္ဓိဖြစ်ကာ စိတ္တဝိသုဒ္ဓိဖြစ်မှ သမာဓိအားကောင်း၍ ဝိပဿနာဉာဏ် အားသန်မည်ဖြစ်သဖြင့် သီလစင်ကြယ်စေရန် […]


badbabylay09@gmail.comSeptember 3, 20101min1484
မြန်မာဗုဒ္ဓဘာသာ အများစုမှာ ဗုဒ္ဓဘာသာနဲ့ မသက်ဆိုင်တဲ့ ဘုရားဟော မဟုတ်တဲ့ အလွန်အရိုးစွဲနေတဲ့ ယုံကြည်ချက်တစ်ချို့ ရှိပါတယ်။ ဥပမာပြောရရင် သေသူကို သရဏဂုံတင်ပေးရမယ် ဆိုတဲ့အချက်၊ ဘုရားတောင်မှ မိဘကျေးဇူးကို နို့တစ်လုံးဘိုးပဲ ကျေအောင်ဆပ်နိုင်တယ်ဆိုတဲ့ အချက်၊ သာသနာ့ဘောင်ဝင်မယ့် မောင်ရှင်လောင်းကို နတ်ပြပေးရတယ်ဆိုတဲ့အချက်၊ အလှူပွဲတွေမှာ မိုးတားဖို့အတွက် ရှင်ဥပဂုတ်ပွဲထိုးပြီး မဏ္ဍပ်ရှေ့မှာ ချထားပေးလေ့ရှိတဲ့အချက် စတာတွေပါ။ ဒါတွေက အလွန်လွဲမှားပြီး ယနေ့အထိ အများလက်ခံ ယုံကြည်နေကြတဲ့ အရာတွေထဲက ထင်ရှားတဲ့ အချက်လေးတွေပါ။ ဒီအလွဲတွေထဲက နောက်တစ်ခုက ဝါတွင်းကာလ အိမ်ထောင်မပြုရ ဆိုတဲ့အချက်ကလည်း တစ်ခုအပါအဝင် ဖြစ်နေပြန်ပါပြီ။ ဝါမဝင်ခင် အိမ်ထောင်ပြုမှ ဖြစ်မယ်၊ ဝါကျွတ်မှ အိမ်ထောင်ပြုကြမယ်ဆိုတဲ့ အရိုးစွဲနေတဲ့ ဒီအချက်အပေါ်မှာ မျက်မှောက်ခေတ်လူငယ် အတော်များများ ဘဝင်မကျ ဖြစ်လာကြတာကို တွေ့ရပါတယ်။ ဝါတွင်းကာလ […]