” ဇွန်ပန်းရုံအနီး လှည်းဘီး နွံထဲကျွံနေသည် ကူရွေ့တွန်းပေးကြပါ လေးလွန်းရွေ့ မတွန်းနိုင်ဘူးလား ပြိုင်တူတွန်းလျှင် ရွေ့နိုင်ပါသည်” မူလတန်း ခလေးတွေသင်ရတဲ့ ကဗျာလို့ဘဲ အကျမ်းဖျဉ်းမှတ်မိပါတယ်။ ဦးဇင်း မိန့်လိုက်တဲ့ ဩဝါဒတွေထဲက တစ်ခုပါ။ ဒါဇင်ပလပ်စ်ရဲ့ အကြိမ်၂ဝမြောက် အလှူမှာ ထူးထူးခြားခြား တရားနာခဲ့ရပါတယ်။ ဦးဇင်းက အဟောအပြောကောင်းသလောက် ခေတ်အမြင်ရှိတဲ့သူပါ။ စာသင်ရတဲ့ ရည်ရွယ်ချက်က စာတတ်ဖို့ထက် ပညာဉာဏ်နဲ့ပတ်သတ်တဲ့ အသိအမြင်ရစေချင်တာပါတဲ့။ စာတွေသင်လိုက်လို့ အလွတ်ကျက်ပြီး အတန်းအောင်သွားရုံနဲ့ စာတတ်သွားပြီလို့ ပြောလို့မရကြောင်း သို့သော်လည်း ပညာသင်ခြင်းအားဖြင့် ဗဟုသုတရှာမှီးတဲ့ဘက်ကို စိတ်ပါဝင်စားသွားရင် အတော်လေးအကျိုးရှိကြောင်း ဒီနေ့ခတ်မြန်မာပြည်မှာ ပညာဉာဏ်နည်းကျသူတွေကြောင့် တိုင်းပြည်ဒုက္ခရောက်နေရတယ်လို့ ထင်မြင်ကြောင်း စသည်ဖြင့် အချိန်အတော်ကြာ စကားပြောဖြစ်ခဲ့ကြပါတယ်။ အစိုးရထောက်ပံ့မှုမရသေးတဲ့ ဘက ကျောင်းတကျောင်းလဲ ဖြစ်သလို….မူလတန်းအဆင့်ကနေ ဆက်တက်ဖို့ အခက်အခဲရှိနေသေးတဲ့ အခြေအနေပါ။ ပညာရေးပဒေသာပင် […]