ムラカミDecember 8, 20114min67030
သည်လူကြီး လိုင်းသစ်ထွင်ပြန်ပြီ မထင်လိုက်နဲ့နော .. လိုင်းဟောင်းကြီးအတိုင်းပဲ လျောက်မှာပါ ...သည်လိုင်းက ကျနော် လျောက်နေကြလိုင်းကြီးပါ ...ဟုတ်ကဲ့ ကျနော်မျိုး ဖားသက်ပြင်းရဲ့ မားကတ်တင်း ပါခင်ဗျား ၁။ မုန့်ဟင်းခါး မားကတ်တင်းနဲ့ မုန့်ဟင်းခါး ဘာဆိုင်တုန်း လို့ မပြောပါနဲ့နော ဆိုင်ပါသော်ကောလားဗျာ ဆိုင်သမှ အချက်ကြီး ၃ချက်နဲ့ ကို ဆိုင်တာ.. အချက်နံပါတ်(၁) မုန့်ဟင်းခါးဆိုင်သွားတယ်နော၊ ခင်ဗျား ဘာပြောလဲ ? မုန့်ဟင်းခါးတပွဲ၊ ဆိုင်ရှင်ဘာလုပ်လဲ? ရော့ အင့် စားတော့၊ အဲ့လိုထင်လို့လား ??? မုန့်ဟင်းခါးတပွဲ။ ဘူးသီးကြော်နဲ့။ ကြက်သွန်ဥ မထည့်ဘူး၊ငှက်ပျောအူ ပါပစေနော်။(ဒါက ကျနော် စားရင် မှာနေကျ စတိုင်လ်)။ ပြီးရင် သံပုရာသီးညှစ်မယ် ....ငြုပ်သီး နည်းနည်း ထည့်မယ်။ ပြီးရင် ဆွဲပြီပဲ […]


ムラカミDecember 5, 20115min42013
Economic Cycleမှာ အားလုံးသိတဲ့အတိုင်း uprising နဲ့ downturn  တလှည့်စီဖြစ်ပေါ်နေလေ့ရှိပါတယ်.. စီးပွားတက်တာနဲ့စီးပွားပျက်တာပေါ့… ကျနော်တို့ ပုံသေအားဖြင့် မှတ်ထားကြတာက…… စီးပွားတက်ရင်လုပ်ငန်းတိုးချဲ့ရင်းနှီးမယ် downturn ရောက်ရင် cost ကိုလျော့ဖို့ labor size ကိုလျှော့မယ် အစရှိသဖြင့်ပေါ့လေ…. သို့သော်ပြောင်းပြန်တုန့်ပြန်မှုတွေလည်းရှိနေတတ်ပါသေးတယ်…. သည်စာစုမှာ အဲ့သည့် ပြောင်းပြန် တုန့်ပြန်မှုတွေ အကြောင်း သိသလောက် ဆွေးနွေးချင်ပါတယ်ခင်ဗျား..  Economic Downturnဆိုပါစို့ ...labor force ကိုထိမယ့်အစား Outsourcing (Offshoring) ကိုသုံးတယ်… ပိုထွက်လာမယ့် အမြတ်အစွန်းကို လက်ရှိ labor ကိုထိန်းထားဖို့သုံးမယ်ပေါ့ … Train လုပ်ပြီးသား အသားကျပြီးသားဝန်ထမ်းကို မတတ်သာလို့ထုတ်ပစ်ရတယ်ဆိုတာ တကယ်ကအင်မတန်နှမြောဖို့ကောင်းပါတယ်… စီးပွားပြန်ကောင်းလာလို့ အပြိုင်အဆိုင်ကျဲရတော့မယ့်အချိန်မျိုးမှာ လူမလောက်လို့ အကောင်းဆုံးသော အခွင့်အရေးတွေလက်လွှတ်ရမှာကိုလည်း စိုးရိမ်ရသေးတယ်မဟုတ်လား..ဒါကြောင့် SMEsတွေဟာ offshoring ကို အလေးထားကြရပါတယ်.. ကိုယ်တိုင်မလုပ်ဘဲ အပြင်ကိုထုတ်ပြီးခိုင်းရတာမှာ quality assuranceကအင်မတန်အရေးကြီးပြီး မထုတ်ဘဲချန်ထားတဲ့ local […]


လင်းဝေDecember 2, 20111min59637
မနေ့က မိုးပျံလမ်းနဲ့ ဂုံးကျော်တံတားများ အဆက်အနေနဲ့ ဖတ်လို့လည်း ဖြစ်ပါတယ်။ အဲဒီမိုးပျံတံတားများအကြောင်းစဉ်းစားရင်း တော်တော် ရင်လေးမိလို့ ဆက်စပ်စုံစမ်းပြီး သိလာရတာပါ။ ကိုယ်လုပ်နိုင်တာလည်း လုပ်ပေးလုပ်ပါရဲ့။ အဓိက ကတော့ဗျာ… ဘယ်နိုင်ငံမှာမှ ဂုံးတံတား လမ်းဆုံရှောင် မိုးပျံလမ်း ဖြတ်ခအတွက်မပေးရပါဘူး။ အနီးဆုံး ထိုင်းမှာပဲကြည့်ပါ။ လမ်းဆုံရှောင်မိုးပျံလမ်းဖြတ်ခ ပေးစရာမလိုပါဘူး။ အမြန်လမ်းကို သုံးချင်တယ် ဆိုမှသာ ပေးရတာပါ။ ဒါလည်း ရွေးချယ်ခွင့်ရှိပါတယ်။ ပိုက်ဆံမပေးချင်ရင် ရိုးရိုးလမ်းကသွားမလား သွားလို့ရပါတယ်။ ကားပိတ်ချင်ပိတ်မယ် နှေးချင်နှေးမယ်ပေါ့။ အင်ဒိုနီးရှားမှာလည်း အတူတူပါပဲ။ လမ်းပိတ်ဆို့မှု သိပ်ကြီးလွန်းတဲ့ ဂျကာတာ မှာ အမြန်လမ်းက သွားရင် ပိုက်ဆံပေးရမယ်။ ရိုးရိုးလမ်းက သွားရင် သွားချင်သလိုသာ သွား ဘာမှ ပေးစရာမလိုပါဘူး။ ဂျကာတာမှာ ရယ်စရာကတော့ အမြန်လမ်းလည်း ပိတ်ဆို့နေတာပါပဲ။ တစ်ခါတစ်ခါ […]


လင်းဝေDecember 1, 20111min31512
ရန်ကုန်မှာ ဂုံးကျော်တံတားတွေ ၄လ အတွင်း အပြီး ဆောက်မယ် ဆိုတဲ့ သတင်းက ရန်ကုန်ကို စကာင်္ပူလို လုပ်ဖို့ ဆိုတဲ့ ခေါင်းစဉ်နဲ့ အလဲဗင်းမှာ ပါလာလို့ ဒီမန်းဂေ မှာတောင် ကူးတင်ပြီးသွားပါပြီ။ သတင်းကို အကျယ်မပြောလိုပါဘူး။ စေတနာအလွန်ကောင်းပါတယ်။ အမှန်ကို မြင်ပြီး စေတနာထား လို့ ကြိုးစားမယ့် အစီအစဉ်ပါ။ ကြိုဆိုရမှာပေါ့။ ဒါတွေက လုပ်သင့်နေတာကြာလှပြီလေ။ တစ်ခါတုန်းက နိုင်ငံခြားသား မိတ်ဆွေတစ်ယောက်က မေးဖူးတယ် မြန်မာပြည်မှာ ဥမင်လမ်းရှိသလားဆိုတော့ မျက်နှာငယ်စွာနဲ့ပဲ မရှိပါဘူးလို့ ပြောရတာပေါ့။ မိုးပျံလမ်းတွေလည်း မရှိသလောက်ပါပဲ၊ ဂုံးကျော်တံတားတွေတော့ မီးရထား လမ်းတွေကို ကျော်ဖို့ဆောက်ထားတာ ရှိပါတယ်။ တိုကျိုမြို့ကြီးတောင် ပထမဆုံးမိုးပျံလမ်းကို ၁၉၆ဝနှစ်များလောက်မှ စပြီး ဆောက်ခဲ့တာပါ။ ရန်ကုန်လည်း နောက်မကျသေးပါဘူး။ လက်ရှိအချိန်က အကောင်းဆုံးဆိုတာမျိုးပေါ့လေ။ […]


sandawchainNovember 29, 20111min1882
အရင်ဆုံးကိုယ်ဖြစ်ချင်တာတွေလုပ်ဖို ့က မလုပ်ချင်တာတွေကနေစရတာကြီးပဲ ဘယ်ဟာပဲဖြစ်ဖြစ်ကိုယ်လုပ်ကိုလုပ်ရမယ့်အလုုပ်ကို လုပ်ချင်သည်ဖြစ်စေမလုပ်ချင်သည်ဖြစ်စေ အကောင်းဆုံး လုပ်ရမယ် ဒါကနံပတ်တစ်ပဲ လုပ်ရင်းလုပ်ရင်းနဲ ့ လမ်းကြောင်းပေါ်လာမယ် ငါလုပ်ရမှာဟာဒါပါလားဆိုပြီးတော့ နံပါတ်၁ က ခံနိုင်ရည်ရှိရမယ် နံပါတ်၂ကတော့ ခံစားချက်နောက်ကိုမလိုက်ရဘူး ဘယ်အဖြစ်ကောင်းပဲဖြစ်ဖြစ်နာကျင်တဲ့ခံစားမှုတွေကနေစတင်ရတာကြီးပဲ ခံစားချက်အကောင်းနဲ ့စရင်အဖြစ်မကောင်းတာရမယ် အဖြစ်ဆိုတာက ရလဒ်ကိုပြောချင်တာပါ ခုငါဘာလုပ်သင့်သလည်း ဒါကိုအရင်ကြည့် မျက်စိရှည့်က ဟာကိုအရင်ကြည့်လိုက် ဖြေရှင်းလိုက် ပြေလည်းသွားပြီလား နောက်တစ်ခုကိုဖြေရှင်းလိုက် ဘဝဆိုတာ လက်တွေ ့မှာပန်းတွေခင်းပြီးမနေဘူး ကိုယ်တိုင်ဖန်တီးမှဖြစ်မယ် ကိုယ့်ဘဝရဲ့ပြသနာကိုကိုယ်ဖြေရှင်းတတ်ရမယ် အတတ်နိုင်ဆုံး သူတစ်ပါးကိုဝန်မဖြစ်စေပဲနဲ ့ပေါ့ ဒါကအရေးကြီးတယ် အဲလိုမှမဟုတ်ပဲကိုယ်ကလောကအတွက်အားမဖြစ်စေပဲဝန်ဖြစ်နေပြီဆိုရင်တော့ လောကကပဲ Punish လုပ်လိုက်မယ် သေချာမှတ်ထား လောကမှာကိုယ့်ရဲ့ playerနေရာကိုအရင်ရှာကြည့် playerနေရာဆိုတာလူတိုင်းမှာရှိနေတယ် ရောက်နေတဲ ့နေရာကိုပြောတာ အဲ ဒါကိုအရင်သိအောင်လုပ်ရမယ် အဲဒါကိုသိပြီဆိုရင် အဲဒီနေရာမှာ မကစားချင်သည်ဖြစ်စေ ကစားချင်သည်ဖြစ်စေ ကစားရမယ် […]


Ma MaNovember 27, 20111min52033
ကဲ- ရွာသူား အပေါင်းတို့ရေ ခုတလော ဖလန်းဖလန်းထနေတဲ့ တိုင်းပြည်တိုးတက်ရေး၊ ထူထောင်ရေးကိစ္စတွေကို အတွင်းကလူတွေရဲ့အမြင်၊ အပြင်ကလူတွေရဲ့အမြင်ဆိုတဲ့ အမြင်အမျိုးမျိုးတွေ ကြားထဲက ကိုယ်ပိုင်အမြင် (လက်စမ်းစာပေ Brand) လေးကို တင်ပြချင်ပါတယ်။ ခေါင်းစဉ်အကြီးကြီးတပ်ပြီး ဉာဏ်တိမ်တိမ်နဲ့ ရေးရမှာဖြစ်လို့ ကိုယ့်ကိုကိုယ် အားမရပါဘူး။ ဒါပေမယ့် သိကြတဲ့အတိုင်း ရွာထဲမှာ ဉာဏ်ပညာအမျှော်အမြင်ကြီးကြသော၊ စိတ်ထားပြည့်ဝ နှလုံးလှသူတွေ အများကြီးဆီက ဖြည့်စွက်စာတွေကို မျှော်လင့်ပြီး ရေးလိုက်မိပါတယ်။ လူရယ်လို့ ဖြစ်လာရင် အနည်းဆုံး ကိုယ့်မိသားစုက စလို့၊ ကိုယ့်ဆွေမျိုး မိတ်ဆွေအသိုင်းအဝိုင်း၊ နောက်ထပ် ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုး၊ ဒါ့ထက်ပိုပြီး ကိုယ်စွမ်းနိုင်ရင် စွမ်းနိုင်သလောက် လူသားထု တရပ်လုံးအတွက်ဝိုင်းဝန်းဖေးမပေးဖို့ လိုပါတယ်။ ငွေကြေးအင်အားကြီးမားပြီး စိတ်ထားပြည့်ဝတဲ့ ဘီလ်ဂိတ်တို့လို့ ကမာ္ဘ့လူသား အားလုံးအတွက် ဝိုင်းဝန်းဖေးမနေကြသူတွေလည်း ရှိတာပေ့ါ။ ကိုယ်စွမ်းဉာဏ်စွမ်းရှိပြီး […]


ရွှေအိမ်စည်November 23, 20111min59937
မင်္ဂလာပါ..ကျမmandalaygazetteထဲ မရောက်တာတပါတ်လောက်ရှိပါပြီ..။ ဒီနေ ့တော့..ဝင်ဝင်ခြင်းစိတ်ဝင်းတစားဖတ်မိတာက… တဏှာရူးတွေသတိထား..https://myanmargazette.net/?p=81272.. ဒါကြောင့်..ဒီကြော်ငြာလေးလက်ဆင့်ကမ်းပါတယ်။ စိတ်ဝင်စားသူ..။ ကူညီမဲ ့စီးပွားရေးလုပ်ငန်းရှင်များကိုလည်းဖိတ်ခေါ်ပါတယ်..။ ကျမအနေနဲ ့ဒါဟာ..လုပ်သင့်တယ်လို ့ထင်မိပါတယ်.. လူဦးရည်နဲ ့ကာစီးရေ မညီမျှသေးတဲ ့ကျမတို ့နိုင်ငံမှာ လုပ်ဆောင်သင့်တယ်ထင်မိပါတယ်။ တဘက်ကို ကြည့်ရင်လူသားခြင်း..နှမသားခြင်းမစာနာဘူးလို ့လည်းမပြောနိုင်သလို တချို ့ကလည်းမရည်ရွယ်ပေမဲ ့…လူသားနဲ ့ကား ဝန်မမျှတဲ ့အခါ…စိတ်အနှောက်ယှက်လည်း ြကြုံကြဘူးမှာပါ..။ဒါကြောင့်..မင်္ဂလာသတင်းလေးဝေမျှတယ်နော်.. အမျိုးသမီးသီးသန် ့ မော်တော်ယာဉ်လိုင်းပြေးဆွဲရန် အစီအစဉ်များချမှတ်…………. ယနေ ့ခေတ်၌ အများပြည်သူလူထုတို ့သည် ရုံးလုပ်ငန်းခွင်သို ့သွားရောက်ရာတွင် ဘတ်စ်ကားများ ၊ ဝန်ထမ်းကြို ပို ့ကားများ ကို အသုံးပြုလျက်ရှိကြသည်။ သို ့သော် ဘတ်စ်ကားများ ကိုသာ ပိုမိုသုံးစွဲကြသည်။သို ့ရာတွင် ဘတ်စ်ကားဖြင့် ရုံးတက်၊ ရုံးဆင်းသွားလာနေရသော အမျိုးသမီး […]


chityimhtooNovember 21, 20111min2192
ဘုရားကိုစေတီကွယ်တယ်တဲ့။ တရားကိုပိဋကတ်ကွယ်တယ်တဲ့။ သံဃာကိုဘုန်းကြီးကွယ်တယ်တဲ့။ ရှေးဆရာတော်ကြီးများမိန့်ကြားခဲ့တဲ့စကားတွေပါဘဲ။ အလွန်ကိုလေးနက်တာမို့သေသေချာချာစဉ်းစားဖို့ကောင်းပါတယ်။ ကျွန်တော်တို့တွေဘုရားမသွားကြဘူးလား၊သွားကြတာပါဘဲ။ရွှေတိဂုံကိုမဖူးကြဘူးလား။ဖူးကြတာပါပဲ။ကျွန်တော်တို့ဘုရား ရှင်ရဲ့ဂုဏ်တော်၊ကျေးဇူးတော်ကိုရည်မှန်းမိသလား၊ ပြန်ပြီးစဉ်းစားကြည့်ပါလား။ရွှေရောင်တစ်ဝင်းဝင်းဖြစ်နေတဲ့ စေတီတော် ကြီးကိုသာအာရုံပြုနေတာပဲ။ဘုရားဆီကိုရောက်မသွားမိဘူး။ဘုရားပေါ်တက်လိုက်ရင်ကောင်မလေးတွေကိုပါလိုက်ကြည့် မိနေတော့ ဘုရားကိုစေတီကွယ်တာမကတော့ဘဲ ကောင်မလေးတွေပါကွယ်သွားတယ်လို့ဆိုရမယ်ထင်တယ်။ ပဓာနထားပြီးပြောချင်တာကတော့ကျွန်တော်တို့တွေဟာလုပ်နေရင်းကိုင်နေရင်းကကိုပဲကိုယ်ဘာလုပ်နေတယ်၊ဘာကြောင့်လုပ်နေတယ်ဆိုတာ မျက်ခြည်ပြတ်လာတဲ့သဘောကိုရှေးဆရာတော်ကြီးများကထောက်ပြလိုက်တာလို့ပဲဆိုရမှာပေါ့။ တရားကိုပိဋကတ်ကွယ်တယ်ဆိုတာကတော့ ဘုရားဟောဒေသနာ ပိဋကတ်တွေကိုကျတ်မှတ်ရွတ်အံနေပြီးပိဋကတ်နှံ့စပ်တာလောက်နဲ့ ကျေနပ်နှစ်သေိမ့်နေလို့တရားတော်အတိုင်းမဂ်ပေါက် ဖိုလ်ပေါက်ဖြစ်အောင်အားထုတ်ဖို့မေ့နေတာမျိုးကိုပြောတာပါ။အက္ခရာများပေါ် မှာပျော်မွေ့မိန်မူးနေတာမျိုးလို့ပဲဆိုကြပါစို့။ သံဃာကိုဘုန်းကြီးကွယ်တယ်ဆိုတာတော့ သံဃာဆိုတာဟာဘုရားတပည့်သားတော်များ၊ဘုရားရှင်ရဲ့အဆုံးအမကိုလိုက်နာပြီး တရားအားထုတ်ခြင်း တရားပြခြင်းစတဲ့လုပ်ငန်းဆောင်တာတွေကိုလုပ်နေတဲ့ ရဟန်းတော်အားလုံးကိုခြုံပြီးပြောတာ။သို့သော်လည်း ကိုယ့်ဘုန်းကြီး၊သူ့ဘုန်းကြီး ဆိုတာမျိုးတွေဘယ်ဘုန်းကြီးကအဆောင်ပေးလိုက်တယ် ဘယ်ဘုန်းကြီးကချဲနံပါတ်ပေးတာကောင်းတယ် ဆိုတာမျိုးတွေဖြစ်လာတတ်တာကိုအားလုံးသိကြတဲ့အတိုင်းပဲ။ဗေဒင်အဟောကောင်းတဲ့ဘုန်းကြီး၊ယတြာအပေးတောင်းတဲ့ဘုန်းကြီး စသည်အားဖြင့်မူလသဘောကြီးပျောက်သွားတတ်တာကိုပြောတာပါ။


three colorsNovember 13, 20111min34512
ရန်ကုန်မြို့ကြီးမှာ နိုင်ငံခြားမြို့ကြီးများလောက် ကားအရေအတွက် မများသေးပဲယာဉ်ကြောပိတ်ဆို့မှူဖြစ်နေသည်၊ အကြောင်းရင်းများစွာအနက် အဓိက မှာ ကားများ လမ်းပေါ ်parking ပြုလုပ်ခြင်းပင်ဖြစ်သည်၊ ပိတ်ဆို့မှူအများဆုံးမှာ မြို့လယ်ရှိမြို့နယ်များတွင် ဖြစ်ပြီးကားရပ်နားမှူ အများဆုံးလဲဖြစ်သည်။ လမ်းသွယ်များတွင် တခြမ်းမှာ ပါ့ကင်ကားများကြောင့်တခြမ်းပဲမောင်းနိုင်သည်၊ဒါတောင် လူတွေက ပလက်ဖေါင်းပျောက်နေလို့လမ်းပေါ ်တက်လျှောက်နေသေးသည်၊ လမ်းသွယ်အကျယ်ကျတော့ဘယ်ရောညာပါ ရပ်ကြသည်၊လမ်းအားလုံး တလမ်းသွားဖြစ်လို့အလယ် ကြောက တန်းစီမောင်းရသည်၊ပစ္စည်းရပ်ချသောကားရှိနေရင် တလမ်းလုံးရပ်စောင့်ပေ ရော့။ အရှေ့အနောက်တလမ်း သွားလမ်းမကြီးများမှာယာဉ်ကြော၆ခု-ဘယ်အစွန်၂လိုင်းမှာစောင်းစောင်းရပ်သောကားများ၊ ရပ်ဘို့နောက်ဆုတ်နေသောကား များနဲ့နေရာယူသည်၊ ညာဘက်ဆုံးကြောက ဘတ်စ်ကားကြီးများက ပိတ်ထားသည်၊ဘေးလဲချမရပ်၊ အလယ်-၁ကြောသာသာမှာ rush hours တွင်ကား စုပြုံတိုးနေသည်၊ရပ်နားခ ကောက်ခံရုံနဲ့ မရတော့၊ ထို့ကြောင့်ကားပါကင် သည်ရန်ကုန်မြို့အတွက် မရှိမဖြစ် ဖြစ်နေပြီ၊ စင်္ကာပူတွင် လမ်းပေါ ်ကားရပ်နားခွင့်မရှိ၊တက္ကစီ ပင် လူတင်ရုံ စက်မသတ်ပဲခဏရပ်နိုင်သည်၊ တိုက်မြင့်အားလုံး  မြေညီထပ်ကို ကားရပ်နားဘို့ထားရသည်၊လိုရင် […]


three colorsNovember 9, 20111min31911
ငယ်ငယ်တုံးက မွန်သူဌေးကြီး ဦးနာအောက် နဲ့ ဧရာဝတီ သင်္ဘောကုမ္ပဏီတို့ရေကြောင်းခရီးသည်ပို့ဆောင်ရေးမှာ ပြိုုုင်ကြတဲ့အကြောင်းသင်ဘူးတယ်၊ အင်္ဂလိပ်တွေ မြန်မာပြည်ကိုသိမ်းပြီးတော့ ဦးနာအောက် ပြေးဆွဲနေတဲ့ရေကြောင်းပို့ဆောင်ရေး မှာ အင်္ဂလိပ်ပိုင် ဧရာဝတီကုမ္ပဏီက ဝင်လာတယ်၊ ပြီးတော့ သင်္ဘောခ ကိုလျော့ချ ပြေး တယ်(ဥပမာ-နဂိုက ၁ကျပ်ဆို သုံးမတ်ပေါ့) အဲဒီအခါ ခရီးသည်တွေ ရွှင်လန်းအားရ ဖြစ်ကြရတယ်၊ ဟိုဘက်ကို စီးတဲ့ ခရီးသည်တွေပိုများသွားတဲ့အခါ ဦးနာအောက် ကလဲ လျော့ချပြေးတယ်၊ ခရီးသည်တွေပြန်မျှသွားတယ်၊ ဒီအခါ ဧရာဝတီကုမ္ပဏီက ငါးမူးနဲ့ပြေးတယ်၊ ဦးနာအောက်က လဲလိုက်လျော့တယ်၊ ဒီလိုနဲ့ခရီးသည်တွေကိုလျော့ပေးရုံမက ပုဝါတပိုင်စီပေးတဲ့အထိ service ကောင်းလာခဲ့တယ်၊ အရင်းရှင်ဒီမိုကရေစီ စနစ်ရဲ့ အနှစ်သာရ က လွတ်လပ်စွာယှဉ်ပြိုင်ခြင်းပဲ၊ ဥပမာ-ကွန်ပြူတာမှာ intel နဲ့ အခြားcompany တွေယှဉ်ပြိုင် microprocessor တွေ, chip […]


တစ်ဦးဆောင်သော်မရ အများဆောင်သော်ရ၏ ဆိုတဲ့ ဆိုရိုးစကားလေးအတိုင်း ကျနော်တို့ မနှစ် 2010တုန်းက ပရဟိတ အဖွဲ့ကလေးဖွဲ့ဖြစ်တယ်။ ခုဆိုရင် ကျနော်တို့အဖွဲ့လေးဟာ အဖွဲ့ရယ်လို ပီပီသသ ဖြစ်လာပြီး ၂ရဦးအထိရှိလာပြီဖြစ်တယ်။ ဒါပေမယ့် ခုချိန်ထိ အဖွဲ့ရဲ့ အမည်နာမ မရှိသေးပါဘူး။ တပိုင်တနိုင်အားဖြင့် လှုပ်ရှားနေတဲ့ အဖွဲ့ကလေးပါ။ အဓိက လှူဒါန်းဖြစ်လာတာကတော့ ပညာရေးဘက်အပိုင်းပါ။ ကျနော်တို့ ဖားကန့်မှာဆိုရင် ရာသီအစလို့ပြောလို့ရတဲ့ အောက်တိုဘာ လကနေစပြီး ရာသီသိမ်းချိန်ဖြစ်တဲ့ မေလအထိ အဖွဲ့ဝင်များဆီက လစဉ်လစာငွေများထဲကနေ စေတနာ ရှိသလောက်လှူဒါန်းထားတာတွေကို ကောက်ခံပြီး စုပေါင်းထားခဲ့တာပါ။ 2010ထဲမှာတော့ ကျနော်တို့ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်ရှိ ဖားပြင်ကျေးရွာ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းမှာ စတင်လှူဒါန်းဖြစ်ပါတယ်။ ခုလက်ရှိလည်း 2011ခုနှစ်အတွက် စတင်ကောက်ခံနေကြပါပြီ။ နောက် အဖွဲ့ကိုလည်း ရေရှည်တည်တံ့စေချင်တဲ့အတွက် ကျနော်တို့ ဆက်လက် ကျိုးစား […]


KyaemonNovember 7, 201121min2554
  ————————————————————————————————————————————————————- “အလုပ်လက်မဲ့နှုန်း၊ (၉.၆) ရာခိုင်နှုန်းကြီးဖြင်၊့ နှစ်ချီပြီး ကြာမြင့် ခဲ့ရခြင်း အကြောင်းရင်းကို အမေရိကန်နိုင်ငံရေးသမား တွေက မိမိတို့ရဲ့ပြည်သူများ အား အဖြေမပေးနိုင်လို့ ငွေလဲလှယ်နှုန်းကို ချယ်လှယ်တယ်ဆိုပြီး၊ တရုပ်ကြီးကိုဘဲ အလွယ်တကူ လွဲချ ပုံချ တော့တယ်၊ဝမ်းနဲစရာ ပါဘဲ၊” —————————————————————————————————————————————————————————————————– Stephen Roach: The Future of China – YouTube http://www.youtube.com/watch?v=np83fgGOJKs&feature=related Uploaded by YaleUniversity on Nov 1, 2010 Mr. Roach has spent twenty-eight years in senior positions at Morgan Stanley — the bulk of […]


koyin sithuNovember 2, 20111min26813
ဆယ့်​တရက်၊​ ဆယ့်​တလ၊​ နှစ်​ထောင့်​ဆယ့်​တစ် တစ်​ခြောက်လုံး​နေ့​မှာ နိုင်ငံသစ် ပုံစံသစ်ကို ငြိမ်း​ငြိမ်း​ချမ်း​ချမ်း​နဲ့​ ​ပြောင်း​လဲဖို့​ ဖြစ်ရပ်​တွေဖြစ်မယ်လို့​ နက္ခ​ဗေဒ ပညာရှင် စံဇာဏီဘိုက အတိအကျ ​ဟောကိန်း​ထုတ်လိုက်ပါတယ်။ တကယ်တမ်းပြောရရင်တော့ ဆရာစံဇာဏီကလည်း ကျွန်တော်တို့ အဘခနဲ့ အင်းစိန် ထောင်ကျစဉ်တုန်းက နင်းနှိပ် ဂျီးတွန်းပေးခဲ့ရတဲ့ တပည့်တစ်ယောက်ဖြစ်ခဲ့တာပါပဲ…။ နောက်ပိုင်းတော့ ရာသီခွင်ဗေဒင်တွေမှာ ဘာကြောင့်မှန်းတော့မသိဘဲ အဘမင်းသိင်္ခရဲ့နာမည်ကို အပြည့်အစုံမရေးပဲ ဆရာခဆိုပြီး သင်ဆရာဖြစ်ကြောင်း ရေးနေတာတွေ့တော့ မေးခွန်းထုတ်စရာတွေဖြစ်ခဲ့ပါတယ်…။ (ဘာပဲဖြစ်ဖြစ် ကိုယ့်ကို ပညာသင်ပေးခဲ့တဲ့ ဆရာတစ်ယောက်ရဲ့ အမည်ကို အပြည့်အစုံ ဖော်ပြသင့်တယ် ကျွန်တော် မြင်မိပါတယ်) ကျွန်တော့်က တာရော့ခ်ပညာနဲ့ ၁၁.၁၁.၂၀၁၁ ကနေ ဘာဆက်ဖြစ်မလဲ ကျနော်အတွေးအခေါ်နဲ့ တွက်ကိန်းအရ အဖြေဆက်ထုတ်ရင်…. တားရော့ခ်မှာ ၁၁ နံပါတ်ဟာ တရားမျှတခြင်းပါ။… Justice မိန်းမတစ်ယောက်ဟာ […]