ကျွန်တော့်အတွက် မထူးခြားသောနေ့များသည် ထူးထူးခြားခြားဖြစ်တည်လာလေ၏။ ကဲပါလေ မထူးတော့ပါဘူးဆိုပြီး ကိုယ့်တစ်နေ့တာကြီးကို မျက်နှာသစ်ပြီး မြောက်ပြန်လေ နွေဦးကာလတွင် ဝှေ့ရမ်းသွားသကဲ့သို့ အေးစက်စက် ပူလောင်လောင်ကြီးဖြင့် နိုးထလာလေ၏။ မုတ်သုန်လေနံ့ပါသော ရေတစ်ခွက်ကို သစ်လိုက်ရင်း ကန္တာရ ညတစ်ညကို အေးမြခြင်းသက်သက်ဖြင့်သာ ကြိုလိုက်၏။ ကောင်းလေစွ…။ ကျွန်တော် ဝင်သက်တစ်ချက်တော့ မှတ်မိလိုက်သည်။ နောင်အကြိမ်များတော့ ဝင်လေလား ထွက်လေလားမသိ၊ သက်ပြင်းမောကြီးတွေ ဝင်သက်ထက် ပို်များတာတော့ အမှတ်ထားမိလေ၏။ +++++++++++++++++++++++++++++++++++++++++++++++++++++++ ကောင်းကင်တွင်မတော့ နေတစ်စင်း ရှင်းရှင်းလင်းလင်း ချိတ်ဆွဲထား၏။ ကိုရင်စိုင်းတစ်ယောက် လောင်ကျွမ်းနေသော ကိုယ်ခန္ဒာကြီးတစ်ခုကို ရေအနည်းငယ်မျှဖြန်းပြီး နေ့စဉ်ဝတ်ရုံနေကျ ဟန်ဆောင် မျက်နှာဖုံးကြီးတစ်ခုနှင့် လူရိုသေ ရှင်ရိုသေ ဝတ်ရုံတစ်ခုကို ချုံလွှမ်းပြီးသောအခါတွင်မတော့ တစ်နေ့တာကို လူသားတစ်ယောက်ပီသစွာ ဖြတ်သန်းရန် အခန်းတံခါးကို ဖွင့်လိုက်သည့် တစ်ခဏ…….. စူးရှစွာ ဝင်လာသော […]