http://www.sagarwarmyae.org/?p=8558 အမေရိကန်ဒေါ်လာ ၃၈ဝသန်းတန် မီဂါမီလျံထီလက်မှတ် ပေါက်မဲနှစ်စောင်ပိုင်ရှင်တွေကို စနိုုးတွေဖုံးလွှမ်းနေတဲ့ ပစိဖိတ် အနောက်မြောက်ဒေသက ၁၂၅မိုင်လောက်စီ အချင်းချင်းကွာဝေးတဲ့ မြျိ့ငယ်လေးမှာ ဗုဒ္ဓဟူးနေ့က ရှာဖွေတွေ့ရှိလိုက်ပါပြီ။ ပေါက်မဲလက်မှတ်တစောင်ကို ဝါရှင်တန်ပြည်နယ် အရှေ့ပိုင်းရှိ ဆူပါမားကက်တခုမှာ ရောင်းခဲ့ပြီး နောက်တစောင်ကိုတော့ အိုင်ဒါဟို ပြည်နယ်ရဲ့ ပို့စ်ဖေါမြို့လေးမှာ ရောင်းခဲ့သည်။ အငြိမ်းစားတဦးက ဝါရှင်တန်မှာပေါက်တဲ့ ထီလက်မှတ်ကို ဝယ်ခဲ့ပြီး ကြာသာပတေးနေ့မှာ သူ့မိသားစုနဲ့အတူ ဆုလက်မှတ်ကို တင်ပြတောင်းခံပါမယ်။ ဒါပေမဲ့ အခုချိန်ထိ အိုင်ဒါဟိုပြည်နယ်က တဦးတယောက်မှ ပေါက်မဲလက်မှတ်ကို တင်ပြတောင်းခံလာခြင်း မရှိသေးပါဘူး။ ပေါက်မဲတစောင်ကို အမေရိကန်ဒေါ်လာ ၁၉ဝသန်းစီတန်ပြီး၂၆ကြိမ်ခန့် အရစ်ကျနှစ်စဉ် ရရှိမှာဖြစ်သည်။ ထီဆုကြေးသမိုင်းမှာ ဒုတိယအများဆုံးဖြစ်လို့ နိုင်ငံတဝှန် စိတ်ဝင်စားမှု အကြီအကျယ်ခံရပြီး ပြည်နယ် ၄၁ပြည်နယ်နှင့် မြို့တော်ဝါရှင်တန်ဒီစီရှိ လူထောင်ပေါင်းများစွာဟာ ထီလက်မှတ်ဝယ်ဖို့ တန်းစီခဲ့ကြသည်။ ပေါက်မဲထီလက်မှတ်သည် […]