ကိုမြင့်အောင် ရန်ကုန် ရက်စွဲ။ ။ ၁၂.၃ ၂၀၁၂ မိတ်ဆွေကြီး ကိုမြင့်အောင်ရေ ခင်ဗျားကတော့ ရန်ကုန်သားဆိုတော့ ရန်ကုန်မှာနေရတာ အထာကျနေလောက်ပြီ။ကျုပ်ကတော့ ရန်ကုန် ဆိုတဲ့ မြို့ကြီးဟာ ပျင်းစရာကြီးပါဗျာ။ညနေညိုဆိုကျုပ်တော့ မနေတတ်အောင်ပဲ။ဒီနေ့ကားစီးပြီးကုန်ဈေးတန်းကို သွားလို့ ပရဆေးပစ္စည်းလေးတွေဝယ်တယ်။ကားပေါ်တက်လာတာနဲ့ ခါးကြားက တယ်လီဖုန်းကမြည်ပါလေရော။ပိတ်လိုက်ရတယ် လက်တဖက်က ဆွဲထားတဖက်ကအထုပ်နဲ့ ဘယ်လိုဖုန်းပြောရမလဲလေ။ မိတ်ဆွေကြီး ကိုမြင့်အောင်ရေ .စပါယ်ယာကလည်း အပေါက်မပိတ်ဖို့ပြောလူတွေကလည်း အဝမှာပိတ်နေ ။ကျုပ်ကလည်း သတိနဲ့နေရတယ် ။ကောင်မလေးတွေတက်လာရင် မထိမိအောင်ကိုယ်ကိုကျုံ့လိုက်ရတယ်.သတိနဲ့ပေါ့ဗျာ။ဒီမှာတင် စပါယ်ယာနဲ့ အမျိုးသမီးတစ်ယောက် စကားများတာကြားရတယ်ဗျာ။ စပါယ်ယာ။ ။ပိုက်ဆံကစုတ်နေတယ် လဲပေးပါ အမျိုးသမီး။ ။ စပါယ်ယာအမ်းတာလေ စပါယ်ယာ။ ။ကျုပ်အမ်းတာမဟုတ်ဘူး ခင်ဗျားလဲပေး အမျိုးသမီး။ ။ငါ့ကို စပါယ်ယာအမ်းတာပဲ နင်ကလူပါးဝတယ် လဲမပေးနိုင်ဘူး နင်တို့ စပါယ်ယာကအမ်းတာငါ့မှာပိုက်ဆံမပါရင်ဘယ်လိုလုပ်မလဲ နင်တို့တွေသောက်ချိုးက….။ စပါယ်ယာ။ ။ပိုက်ဆံမပါရင်ကန်ချတာပေါ့..ခင်ဗျားကလူပါးဝတာအမ်းတဲ့လူကို […]