ယနေ့ ကမ္ဘာကြီးက လျင်မြန်သွက်လက်သောနှုန်းနဲ့ ပြောင်းလဲနေပါတယ်။ ဒီအထဲမှာ နည်းပညာနယ်ပယ်က ပိုပြီး လွန်စွာမှပင် အပြောင်းအလဲမြန်ဆန်လွန်းလှပါတယ်။ တိုးတက်မှုကလည်း မြင့်မားလာနေပါတယ်။ ကွန်ပျူတာဆိုတာကလည်း နည်းပညာ တိုးတက်မြင့်မားလာမှုကြောင့် ဖြစ်ပေါ်လာတာပါ။ ယနေ့ လူတိုင်း နီးပါးက ကွန်ပျူတာကို အသုံးပြုနေပါပြီ။ ဒီတော့ ကျွန်မတို့ရဲ့ နေ့စဉ် နေထိုင်မှုစနစ်တွေကလည်း ပြောင်းလဲ လာခဲ့ပါတယ်။ ကွန်ပျူတာယဉ်ကျေးမှုလို့ ခေါ်နိုင်တဲ့စနစ်တစ်ခုအဖြစ် ခိုင်ခိုင်မာမာရပ်တည်နေခဲ့ပါပြီ။ ယခုဆိုရင်လည်း ကွန်ပျူတာအရောင်းပွဲတွေကို ကြိုကြားကြိုကြား ဈေးနှုန်းချိုသာစွာနဲ့ လူတိုင်း အသုံးပြုနိုင် သော ခေတ်ကို ရောက်ရှိလာခဲ့ပါပြီ။ လူငယ်တိုင်းကလည်း ကွန်ပျူတာမရှိရင် ခေတ်မမှီတော့ဘူးဆိုတဲ့ အတွေးအခေါ်တွေနဲ့ မိဘများကို ပူဆာလာကြတာလည်း တွေ့ရှိနေရပါတယ်။ ဘာအတွက်သုံးမလဲဆိုတော့ ဘယ်သူနဲ့မှ ဘာမှ မဖြေနိုင်ကြ ပါဘူး။ နယ်တွင် မပြောနဲ့ မြို့ပေါ်မှာတောင် ကွန်ပျူတာဆိုတာ ဘာလဲမေးရင် […]