Wai Aung Chan MyoAugust 28, 20121min6206
သဘာဝ လယ်ယာစိုက်ပျိုးရေးစနစ်အတွက် အဓိက မရှိမဖြစ်လိုအပ်ပြီး အင်မတန်အကျိုးရှိစေတဲ့ EM ဖျော်ရည်ပါ။ အပင်အတွက် အားဆေးအပြင် မြေဆီလွှာပြုပြင်ပေးခြင်း၊ ရောဂါခုခံကာကွယ်ပေးခြင်း၊ ရာသီဥတုဒဏ်ကြောင့် အပင်နွမ်းနယ်ထိခိုက်ခြင်းတို့မှ သက်သာပျောက်ကင်းစေခြင်း၊ စတဲ့ ကောင်းကျိုးများစွာကို ပေးစွမ်းနိုင်ပါတယ်။ ပြုလုပ်နည်းကတော့… ၁။ ငှက်ပျေားသီး၊ သင်္ဘောသီး၊ ရွေဖရုံသီး (အမှည့်လွန်နေလျှင် ပိုကောင်းသည်။) တို့ကို ၁ပိဿာစီ စုပြီး ဓါးဖြင့်ပါးပါးလှီးပါ။ အခွံများပါ အသုံးပြုနိုင်သည်။ ဆန်ဆေးရည် ၂ဂါလံခွဲ (၁ဝလီတာ)ခန့်ကို ၁ပတ်ခန့် ကြိုတင်စုဆောင်းပါ။ ၂။ သကြားအညိုကြမ်း၊ ကြံသကာအညိုကြမ်း၊ ထန်းလျက်အညိုကြမ်းစသည် ဈေးသက်သာသော ကုန်းကြမ်းတခုခုကို ၂ပိဿာခန့်ဝယ်ပြီး ရေဖြင့်ကြိုပါ။ ၃။ ထို့နောက် အသီး ၃မျိုး၊ ဆန်ဆေးရည်၊ သကာရည် (အချိုရည်)၊ ကြက်ဥ ၅လုံး(လတ်လတ်ဆက်ဆက်ကို ဖောက်ထည့်ပါ)၊ ထိုအရောများကို စဉ့်အိုးအသန့်ထဲရောထည့်ပါ။ စဉ့်အိုးအပေါ်ပိုင်း ၃ပုံ ၁ပုံခန့် လစ်ဟာနေပါစေ။ ထို့ နောက် ပိတ်စဖြင့် လုံအောင်အုပ်၍ စီးထားပါ။ ၁ဝရက်ကြာလျှင် အပေါ်ယံမျက်နှာပြင်တွင် […]


ムラカミAugust 1, 20128min76914
  ၁။ ဘာမှ မပြင်မဆင်ရသေးတဲ့ ကင်မလာထဲက ထွက်ကျလာတဲ့ RAW file ဖြစ်ပါတယ်..။ နည်းနည်း Under ဖြစ်နေသလို highlight နဲ့ mid tones တွေ ပြေပြစ်မှုမရှိနေပါဘူး … ဒါကြောင့် ကျနော် Digital Photo Professional Module သုံးပြီး နည်းနည်း ချိန်ညှိကြည့်ပါမယ်။   ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~ ၂။ ပထမဆုံးအနေနဲ့ Sharpness ကို တင်လိုက်ပါတယ်… ။ သည်လိုလုပ်လို့ မျက်နှာပေါ်က အရေးအကြောင်းတွေ ပို ထင်မလာဘူးလား မေးစရာ ရှိပါတယ်..။ ဟုတ်ကဲ့… ကျနော် Structure ပိုင်းကို ထင်ရှားပေါ်လွင်စေချင်လို့ သည်လို လုပ်ခဲ့တာပါ ..မျက်နှာ အရေးအကြောင်းကို နောက်မှ ပြန် ရှင်းပါမယ်။ […]


ムラカミAugust 1, 20121min49513
  လက်ကျန်၂ပုံ ထဲက ၁ပုံ ဖြတ်ပြီး တင်လိုက်ပါတယ်..       EOS 5D Mark II f/3.2 1/50s ISO-320 95mm Flash/ compulsory       မနက်စောစော ထ လုပ်တဲ့ အိမ်စာလို့ပဲခေါ်ရမလား … အင်း ….အိမ်စာ ဟာ အိမ်စာပေါ့ဗျာ…                 မနက်ဖန် နောက်ဆုံးလက်ကျန် အိမ်စာလေးတွေ ဖြတ်ဖို့ရှိပါတယ်…   အဲ့သည့်အခါကျတော့မှ တို့သမျှ step-by-step ကို screen capture ဖမ်းထားမလားလို့ … ဒါပြီးရင်တော့ ကျနော် ဓါတ်ပုံ အတို့ နည်းသွားတော့မှာပါ ….. […]


ムラカミJuly 31, 20121min54016
      ဖြောင့်ချက် လေးတော့ ပေးခဲ့ပါရစေဗျာ… ★Taken by Canon EOS 5D Mark II f/3.5 1/125s ISO-400 140mm flash/ compulsory ★Retouched by – Digital Photo Professional – Highlights – Sharpness – Lighting Optimizer – Noise Reduction – (-1) Shadow – (+1) Contrast – Adobe Photoshop CS5 – Nik Software (Define 2.0, Color Efex Pro 4,) – […]


Wai Aung Chan MyoJuly 24, 20121min60314
ဒိုချက်ကင်မြေဩဇာ ပြုလုပ်ခြင်း ဒိုချက်ကင်သည် ဂျပန်စကားဖြစ်ပြီး မှိုနှင့် ဒေသခံအဏုဇီဝပိုးများမွေးမြူပြီး သဘာဝမြေဆွေးပြုလုပ်ခြင်းဖြစ်သည်။ ပြုလုပ်နည်း ပထမအဆင့်မှာ- ၁။ သစ်ရွက်၊ ဝါးရွက်အောက်မှ ဆွေးမြေ့နေသောမြေဆွေးများကို အပေါ်ယံ ၄၊ ၅လက်မခန့် ဂေါ်ဖြင့် ပြည်တောင်း ၁ဝတောင်းခန့်ယူပါ။ (အထူးသဖြင့် ဝါးရွက်အောက်ကမြေဆွေး ဆိုလျှင် ပိုကောင်းသည်။ ဝါးရွက်သည် အင်မတန်မာသဖြင့် ဝါးရွက်ကိုတောင် ဆွေးအောင် ပြုလုပ်နိုင်သော အဏုဇီဝသည် အခြားအရာများကိုလည်း လွယ်လင့်တကူ ဆွေးမြေ့စေသည်။) မိုးရေမတိုက်စားစေရန် ကုန်းမြင့်မြင့်တွင် ပြုလုပ်ရန်လိုသည်။ ၂။ တချိန်တည်းမှာပင် ကြံသကာအညို၊ သို့မဟုတ် ထန်းလျက်အညိုကြမ်း ၆ဝကျပ်သားခန့်ကို အရည်ပျစ်ပျစ်ကြိုကာ အအေးခံထားပြီး ရေ ၄ဂါလံဖြင့်ရောမွှေထားပါ။ ၃။ ထို့နောက်ဖွဲနု ၁ဝပြည်ခန့်ကို ဝါးရွက်ဆွေးအောက်ကမြေဆွေးနှင့် ဆတူရောပြီး ကြံသကာရည်အရောကို မနည်းလွန်းမများလွန်း လက်ဖြင့်ဆုပ်လုံး၍ရရုံ သမအောင်မွှေလိုက် ရေရောလိုက် […]


Kaung Myat HtutJuly 24, 20125min116614
Data သူခိုးများ နေ့စဉ်နှင့်အမျှ online အပေါ်မှာ အလုပ်လုပ်နေရတဲ့အခါမှာ ကိုယ့်ရဲ့ကိုယ်ရေးကိုယ်တာအချက်အလက် တွေကိုအခိုးခံရမှာကိုစိုးရိမ်ရပါတယ်။ မိမိရဲ့ကိုယ်ရေးကိုယ်တာအချက်အလက်တွေဟာ ယခုခေတ်မှာတော့ သင်တစ်ယောက်တည်းသာသိတဲ့ အချက်အလက်တွေမဟုတ်တော့ပါဘူး။ Facebook page မှာ Like လုပ် တဲ့အချိန်၊ Credit card လျှောက်ထားတဲ့အချိန်၊ ကြော်ငြာတစ်ခုကို click နှိပ်လိုက်တဲ့အချိန်၊ MP3 သီချင်း တစ်ပုဒ်ကို online မှာနားထောင်တဲ့အချိန်၊ YouTube video တစ်ခုကို comment လုပ်လိုက်တဲ့အချိန် စသည့်အချိန်တိုင်းမှာ သင်ဟာသင့်ကိုယ်ရေးကိုယ်တာအချက်အလက်တွေကို တိရစာ္ဆန်ကြီးတစ်ကောင်ကို ကျွေးလိုက်သလိုမျိုးဖြစ်နေတာ သင်သတိထားမိမှာ မဟုတ်ပါဘူး။ သင့်အချက်အလက်များကို ပုံစံမျိုးစုံ ပြောင်းလဲပြီး ထပ်ဆင့်ရောင်းချနေတာကိုလည်း သင်သတိထားမိမှာမဟုတ်ပါဘူး။ ကိုယ်ရေးကိုယ်တာအချက်အလက် Personal data များကို ကြော်ငြာလုပ်ငန်းရှင်များ၊ ဈေးကွက်ရှာဖွေသူများ၊ social network တည်ထောင်သူများ၊ website […]


phone_kyawJuly 21, 20121min156624
၂ဝ၁၂-ခုနှစ်ရောက်လာတော့ ရွှေကြောအသစ်တွေ ့ဖို ့ကို အင်မတန်ခက်လာတယ်။ ဘာ့ကြောင့်လဲဆိုတော့ ခေတ်မှီနည်းပညာတွေနဲ ့တူးတဲ့လူတွေများလာလို ့ပါ။ လွန်ခဲ့တဲ့နှစ်ပေါင်းတစ်ရာလောက်က အခြေအနေနဲ ့ အခု အခြေအနေမတူတော့ပါဘူး။ သယံဇာတတွေကုန်လာနေပြီ။ ရွှေဈေးကလည်း မကျတဲ့အပြင် တရိပ်ရိပ်နဲ ့တက်လာတယ်။ ကုန်ဈေးနှုံးကလည်း ကြီးလာတော့ အရင်ကလောက် ရွှေတူးတဲ့ကုမ္မဏီတွေ မမြတ်တော့ဘူး။ တွေ ့ပြီးသားရွှေကြောတွေကို တူးတာကလည်း နှစ်အနည်းငယ်အတွင်းမှာ ကုန်သွားမှာဆိုတော့ ရွှေကြောအသစ်အသစ်တွေကို ကုမ္မဏီတွေက အပြိုင်အဆိုင်ရှာလာပါတော့တယ်။ ရွှေတူးတဲ့ ကုမ္မဏီကြီးတွေမှာ ကမ္ဘာပတ်ပြီး ရွှေရှာဖို ့အတွက် သီးသန် ့ဖွဲ ့ထားတဲ့ ဌာနရှိတယ်။ The Growth and International Project Team လို ့ခေါ်တယ်။ သူတို ့အလုပ်က နယ်လှည့်ပြီး ရွှေကြောဖြစ်နိုင်ခြေကို လိုက်ပြီး ရှာတယ်။ […]


ムラカミJuly 20, 20121min81718
    Texture ပိုင်း ပြန်လေ့လာဖြစ်တယ်… Ambiance ဆိုတဲ့ စကားလုံး ကို ဘယ်လို အဓိပ္ပါယ်နဲ့များ …dynamic range တွေ ကြားမှာ ဟိုပညာရှိတွေ ဝှက်ခဲ့တယ် မသိ .. တခါတလေတော့လည်း recipe  ဆိုတာတွေက အတော်လေး ကသုတ်ကရက်နိုင်ရဲ့…   ပြောရရင် .. မသိကိန်း၁လုံးပါ ပုဒ်စာ တောင် တွက်နည်း အမျိုးမျိုး ရှိလေတော့… လိုချင်တဲ့ final image ရဖို့ ..ဘယ်သူတွေ ဘယ်လမ်းက သွားသလဲတော့ ကျနော် မသိ .. ကျနော်သိတာက ..တော့ ..ခုတလော ..စိမ်ပြေနပြေ ..bottom-up လုပ်ရတာ ကို ကြိုက်နေလေရဲ့…. TIFF/16 ပြောင်းသုံးကြည့်ထားပါသည် … ဘာမှန်းမသိသော တခုခုတော့ ကွာမည် ထင်ပါအိ…။   […]


ムラカミJuly 17, 20125min55019
    ယနေ့ခေတ် compact camera တွေမှာတောင် RAW file format နဲ့ ရိုက်လို့ ရနေပါပြီ .. သို့သော် pro photographers အချို့တောင် JPEG ဖိုင် အမျိုးအစားနဲ့ ရိုက် တုန်းပါ.. JPEG ကိုရွေးချယ်ရခြင်းရဲ့ ကောင်းကျိုး အချို့ ကတော့ ပိုမို မြန်ဆန် ပိုမို သေးငယ်တဲ့ file အမျိုးအစား ဖြစ်လို့ပါပဲ .. ဒါပေမယ့် အချို့ ကတော့ RAW file နဲ့ ရိုက်တဲ့ ကောင်းကျိုးအချို့ ကို မသိနားမလည်ကြသေးတဲ့အတွက် JPEG ကို အသုံးပြု နေကြတာ ဖြစ်ပါတယ်။ အဆိုပါ ကောင်းကျိုးတချို့ ကို သည် tutorial […]


woo warrJuly 5, 20122min3906
အခုပေါ်နေတဲ့ Windows 8 အကြောင်းပါ။Windows 8 ဟာ Microsoft ရဲ့ Generation အသစ်ဖြစ်ပါတယ်။ Latest Generation ပေါ့။ဒီ Windows အသစ်မှာ system-on-a-chip နည်းပညာ နဲ့ mobile ARM processors နည်းပညာ တွေကိုထောက်ပံ့ပေးနိုင်တယ်လို့ Microsoft ကကြေညာထားပါတယ်။ Windows 8 ဟာ Windows 7 ထက် Hardware Requirement နည်းပါတယ်။အောက်မှာလေ့လာကြည့်ပါ။ 1 GHz or Higher 32bit or 64bit processor 1 GB RAM(for 32bit OS)or 2 GB RAM(for 64bit OS) 16 GB hard […]


woo warrJuly 4, 20121min101719
အားကိုးရသူကြီးဆိုလို့တခြားမထင်ပါနဲ့ ကျွန်တော်တို့ရဲ့ အခိုင်းအစေကြီး Microsoft Windows OS ကိုဆိုလိုတာပါ။ကျွန်တော်တို့ရဲ့ နေ့စဉ် အလုပ်တွေကို ဒီကောင်ကြီးက မြန်ဆန်အောင် လုပ်ဆောင်ပေးနေတာပါ။တခြားအခိုင်းအစေကြီးတွေဖြစ်တဲ့ Linux တို့ Mac တို့ရှိပါသေးတယ်။ဒါပေမဲ့ ကျွန်တော်တို့ဆီမှာက Windows ပဲအသုံးများ ပါတယ်။ အခု ပွတ်ဖုန်း တွေမှာ ခေတ်စားနေတဲ့ Android ကလည်း Jelly Bean ဆိုတဲ့ Generation အသစ်ကို နောက်လာမဲ့ Notebook  တွေမှာ တင်ပြီး ဈေးကွက်ကို တင်တော့မှာပါ။ ဒီWidowsဆိုတဲ့ကောင်ကြီးရဲ့သမိုင်းကတော်တော်ရှည်လျားပါတယ်။ဒီဟာ ကြီးကို Bill Gate ဆိုတဲ့ လူကြီးကမွေးဖွားပေးခဲ့တာပါ။ အစပိုင်းမှာ ဒီ window ကို ၁၉၈၅ခုနှစ် နိုဝင်ဘာလောက်က DOS version(Disk Operating System) နဲ့စတင်ခဲ့တာပါ။Windows 1.0,Windows […]


woo warrJuly 4, 20121min57413
ပထမဦးဆုံး www.blogger.com       ကိုသွားပါ။ ပြီးရင် ကိုယ့် Gmail account username နဲ့ password ကို ရိုက်ပါ။ Sign in ဝင်ပါ။ တက်လာတဲ့ page က Create a limited profile ကို နှိပ်ပါ။ Display Name ဆိုတဲ့ Textbox ပေါ်လာပါမယ်။ အဲဒီမှာ ကိ်ုယ်ကြိုက်တဲ့နာမည် ပေးပါ။ ပြီးရင် အောက်က Continue to Blogger ကိုနှိပ်ပါ။ Blogger Home Page တက်လာပါမယ်။ အဲဒီမှာ New Blog ဆိုတဲ့ Button ကို နှိပ်ပါ။ Box တစ်ခုတက်လာပါပြီ။Title မှာ Blog ခေါင်းစဉ်မှာ ပေါ်ချင်တဲ့ […]


woo warrJuly 3, 20121min6847
အရင်ဆုံး local host software ဖြစ်တဲ့ xampp ကို Install အရင်လုပ်ပါမယ်။ Download Link ကတော့ ဒီမှာပါ။ပြီးရင် xampp ကို run လိုက်ပါ။ Apache နဲ. MySql ကို Start လုပ်ထားလိုက်ပါ။ ပြီးလျှင် localhost အလုပ် လုပ်မလုပ် စမ်းကြည့်ပါမယ်။ mozilla firefox ၏ address bar မှာ localhost/wordpressလို.ရိုက်ကြည့်ပါမယ်။ xampp for windows ဆိုပြီး page တတ်လာရင် localhost ရသွားပါပြီ။ နောက်လိုအပ်တာကတော့ wordpress ပဲဖြစ်ပါတယ်။ wordpress.org မှာ Download ဆွဲလိုက်ပါ။ပြီးလျှင်ရလာတဲ့ zip file ကို စောစောကသွင်းထားတဲ့ xampp […]