Debt CollectionMarch 9, 20165min1210
Belajar tentang SEO bisa menjadi pengalaman menakutkan. Ini adalah alat pemasaran online yang efektif yang dapat membantu bisnis Anda tumbuh, meningkatkan lalu lintas situs dan meningkatkan omset tahunan. Dianjurkan untuk menemukan layanan SEO terbaik yang akan memenuhi kebutuhan perusahaan Anda, tujuan dan sasaran, memastikan Anda sukses bergerak maju. Sebuah Perusahaan SEO yang baik akan melakukan […]


padonmarJanuary 10, 20164min58229
(Facebook မိတ်ဆွေ ဒေါက်တာ မောင်မောင်မြင့် ဆီက ခွင့်တောင်းပြီး မျှဝေပါတယ်။ ဆရာက မင်္ဂလာဈေး ဒုတိယအကြိမ် မီးလောင်မှု အပြီးမှာ မီးဘေးအန္တရာယ်ကို ကြိုတင်ကာကွယ်ဖို့ နည်းစနစ်ကောင်းတွေ၊မလွှဲမရှောင်သာ ကြုံလာရင်လည်း ဆုံးရှုံးမှု အနည်းဆုံး ဖြစ်စေမယ့် အစီအမံတွေကို ကိုယ်တွေ့အဖြစ် ရေးပေးထားတာပါ။FB မှာ တရက်အတွင်း 1500 ကျော် Share ယူသွားကြလို့ ဖတ်ပြီးသားလည်း ဖြစ်ချင်ဖြစ်နေနိုင်ပေမယ့် မဖတ်ရသေးတဲ့ ဂဇက်မိတ်ဆွေများအတွက် လာတင်ပေးပါတယ်။) ၂၀၀၂ခုနှစ်လောက်က မိတ်ဆွေတစ်ယောက်ရဲ့ လှိုင်သာယာမှာလည်ပတ်နေတဲ့ ပလတ်စတစ်ပုံနှိပ်လုပ်ငန်းမှာ မနက်လင်းအားကြီးအချိန် မတော်တဆမှုတစ်ခုဖြစ်ပါတယ်။ ပလတ်စတစ် ပုံနှိပ်လုပ်ငန်းဆိုတာ ပလတ်စတစ် အလိပ်လိုက်ကို ဆေးရောင် Dot လေးများ နှစ်ထားတဲ့ Rollerပေါ်ဖိ .. တင်ဒါနဲ့ ဖျော်ထားတဲ့ ဆေးရောင်ကန်ထဲ ဖြတ်ပြေးစေပြီး ပုံနှိပ်ရတာပါ။ အရောင် […]


Shwe EiNovember 18, 20151min25410
တကယ်လို့ ရှင်သာ အလုပ်ဖြုတ်ခံရဘူးတယ်ဆိုရင် ဒီ Pink Slip (dismissal notice) လေးက ရှင့်ကို ဘယ်လောက်ထိ ဝမ်းနည်းထိခိုက်စေသလဲဆိုတာကို ကောင်းကောင်းသိပါလိမ့်မယ်။ ရှင့်အနေနဲ့ အမှားတစ်ခုမှ မလုပ်ခဲ့ရင်တောင် ရုံးတော်က သေမိန့်ချလိုက်သလိုမျိုး၊ တရားခံပြေးကြော်ငြာမှာ ကိုယ့်မျက်နှာကြီး မြင်လိုက်ရသလိုမျိုး ခံစားရတတ်တာပါ။ တကယ်လို့ အလုပ်ဖြုတ်ခံရခြင်းမှာ အကြောင်းအရင်းခံ တစ်ခုခုသာ ရှိခဲ့မယ်ဆိုရင်တော့ ဒီခံစားချက်က ပိုမိုဆိုးရွားပြင်းထန်လာဖို့ဘဲရှိပါတယ်။ ဒီတော့ ကိုယ့်ကိုယ်ကို ချောက်ထဲဆွဲမချခင် အရင်စဉ်းစားရမှာက ငါအလုပ်လုပ်တဲ့ ကုမ္ပဏီက သိပ်ကောင်းတဲ့ ကုမ္ပဏီဘဲလို့ ။ ကမာ္ဘ့ အအောင်မြင်ဆုံးဆိုတဲ့ထဲက လူတစ်ချို့..ကျမတို့ သိပ်ကြိုက် တဲ့ အသုံးအဆောင် ပစ္စည်းတွေကို တီထွင်ခဲ့တဲ့ အမျိုးကောင်းသားတွေ..ကမ္ဘာ့ အအောင်မြင်ဆုံး Brand တွေကို တည်ဆောက်ခဲ့တဲ့ လူတွေ… ဒါတင်မကသေးဘူး.. လူမှုအဖွဲ့အစည်းမှာပါ အကောင်းစားပုံရိပ်တွေ […]


Sithu AungOctober 5, 20151min1551
မှန့်ဖုတ်စက်မှာ ပိတ်လှောင်ပြီး သင့်ရဲ့ စွမ်းအားတွေကိုုစုပ်ယူမဲ့ ကောက်ကျစ်တဲ့ စုန်းမလက်ထဲကလွှတ်အောင်ပြေးရအောင်။ ပြေး ၊ ခုန် ၊ ခြေထိုး ပြီးတော့လွတ်လမ်းကိုရှာမယ်။ ဘယ်သူက အမှတ်အများဆုံးလုပ်နိုင်လဲဆိုတာသူငယ်ချင်းတွေနဲ့ပြိုင်ရအောင်။ အချို့သောအထူးပစ္စည်းတွေကို unlock လုပ်နိုင်ဖိုု့ သူငယ်ချင်းတွေဖိတ်ခေါ်ပြီးကစားလိုက်ပါ။ အခုပဲ ပြေးနိုင်သလောက်ဝေးဝေးပြေးပြီးတော့သူငယ်ချင်းတွေကိုအနိုင်ယူလိုက်နော်။ Download >> Download >> http://bit.ly/1KfPgC8 ( Andriod ) http://bit.ly/1QevwmW ( IOS )


ဇီဇီSeptember 21, 20151min59225
အခြေခံကျတဲ့ “လမ်းသွားလမ်းလာ လုံခြုံမှု” တွေက… လမ်းမှာ ဖြစ်စေ၊ ရုံးမှာဖြစ်စေ၊ ကားမောင်းနေရင်းဖြစ်စေ၊ ဘတ်(စ)ကားစောင့်နေရင်းဖြစ်စေ သတိလက်လွတ်မနေပါနဲ့တဲ့။ (ဖုန်းချည်းပဲ ငုံ့ပွတ်မနေနဲ့ပေါ့။ ဟိဟိ)   ကိုယ့်ရဲ့ပုံက ကယောင်ချောက်ချားမဖြစ်စေပဲ၊ ယုံကြည်မှုရှိရှိနဲ့ ဦးတည်ရာသိတဲ့ ပုံစံမျိုးဖြစ်ပါစေတဲ့။ (ယောင်နနပုံ မပေါက်စေနဲ့ပြောတယ်ထင်)   အိမ်ဝန်းကျင်၊ အလုပ်ဝန်းကျင် ပြန်တဲ့ တောက်လျှောက်က အိမ်နားနီးချင်း၊ ဆိုင်၊ ဈေးသည် စတာတွေနဲ့ အကျွမ်းတဝင်ဖြစ်နေပါစေ။ (လိုအပ်ရင်အကူအညီပေးချင်အောင်လို့ပါ)   သွားရာ အနီးအနား ရဲစခန်း၊ မီးသတ်၊ ဆေးရုံ၊ တယ်လီဖုန်းရုံ စတာတွေကို လည်း ဘယ် အချိန်ထိ ဖွင့်တတ်ရှိတတ်တယ်ဆိုတာ သိထားသင့်ပါတယ်တဲ့။ (ရဲစခန်းရှေ့လူသတ်လူယက်ခိုးဝင်မှုဖြစ်တဲ့နိုင်ငံမှာတော့ အသုံးဝင်မလားမသိ) ကားတို့ ပစ္စည်းတို့ လုယက်ခံရရင်…. လူမထိခိုက်အောင်ပစ္စည်းကိုလက်လွှတ်ဖို့ ပြီးမှ ရဲစခန်းကို သွားဖို့ပြောထားတာပါ။ အဲဒီ အချက်က […]


ဇီဇီSeptember 18, 20151min62543
ခုချိန်မှာ ….. အိမ်မှာလည်း အိမ်မှာမို့… လမ်းမှာလည်း လမ်းမှာမို့ ခိုးမှု လူယက်မှု အကြမ်းဖက်မှုတွေနဲ့ ရင်ဆိုင်နေတယ်။ ကိုယ့်ကို ကာကွယ်နိုင်တဲ့ အစိုးရနဲ့ ဥပဒေ မရှိတာမို့ (ရှိပြီး သုံးစားမရ) ကာကွယ်နည်းတွေ လိုက်ရှာနေတယ်။ :a:   ပထမဆုံး အိမ် တစ်အိမ် အတွက် ကာကွယ်နည်းတွေ ပြောပါမယ်… သိပြီးသားတွေပါ၊ သတိမမူမိတာ၊ မအားလို့ အချိန်ပေးမလုပ်နိုင်တာတွေ ရှိတာမို့ပါ။ ကိုယ့်ကိုယ့်ကို ကာကွယ်မှ ရတော့မှာမို့ အားစိုက်ပြီး လုပ်စေချင်ပါတယ်။ . . ကိုယ့်အိမ်နဲ့ပတ်သက်ပြီး ကိုယ့်ကိုယ်ကို ဘယ်လို ကာကွယ်မလဲ??? . ၁) ခြံ တံခါး၊ အိမ်မကြီးတံခါးအပြင် ကိုယ့် အခန်းကို ကိုယ် သစ်သား တံခါးနဲ့ ကောင်းမွန်တဲ့ သော့စံနစ်၊ […]


ムラカミSeptember 10, 20152min59047
တောတွင်းပျော် အိုင်ဒီယာပေးပြီး အလင်းဆက် စလိုက်တဲ့ Myanma Gazette ပြက္ခဒိန် ကိစ္စ အတော်လေး ခရီးရောက်နေပြီမို့ လက်ရှိ အနေအထား ကို အစီရင်ခံရင်း (လိုရင်း) ဓာတ်ပုံ တောင်းခံတဲ့ ကိစ္စ ကို ပိုစ့်အဖြစ်တင်လိုက်ပါတယ်။ ဓာတ်ပုံမတောင်းခံခင် ယနေ့(၂၀၁၅/၀၉/၁၀) ကြာသပတေး နေ့လည် အထိ နောက်ဆုံးအတည်ပြုချက်ကတော့… ၂၀၁၅-၂၀၁၆ မြန်မာ့ဂဇက် ပြက္ခဒိန် အမျိုးအစား – စားပွဲတင် ပြက္ခဒိန် ရွက်ရေ – ရရွက် ကျောကပ် (၁၂လ  ၆ရွက်+ မျက်နှာဖုံး) အရေအတွက် – ၃၀ဝ ခု တခု ကျသင့်ငွေ – ၂၅၀ဝ ကျပ်    မေးထားတဲ့ အော့ဖ်ဆက်တွေ ဈေးမကွာသမို့ အနီးစပ်ဆုံး တခုကို […]


ဖြစ်ပုံက ဒီလိုပါ။ ကျတော်က Web နဲ့ ပတ်သက်တဲ့ ကုမ္ပဏီတစ်ခုမှာအလုပ်လုပ်ပါတယ်။ ရုံးမှာက POS တွေလည်းရောင်းပါတယ်။ Web Server တွေလည်းရောင်းပါတယ်။ ကျွန်တော်ကတော့ Graphic ပိုင်းပေါ့။ အဲ့ဒါတွေအပြင် Facebook Page တွေကို Admin ယူပြီး ဝန်ဆောင်မှုတွေပေးပါသေးတယ်။   ကိုယ်ပိုင်သတင်းနဲ့ ဗဟုသုတ Facebook Page လည်းတစ်ခုရှိပါတယ်။ တော်တော်အောင်မြင်တဲ့ Pageပါ။ စာဖတ်သူ Like (၂)သန်းကျော်ရှိပါတယ်။ အဲသည် Page ကနေ စာဖတ်သူ (၂)သန်းကျော်ကို မှီခိုပြီး ကြော်ငြာတွေလည်းလက်ခံပါတယ်။   ပြသနာက သည်လိုပါ။ Page က Like (၂)သန်းကျော်လာပေမယ့် Page Name ဘေးမှာ Facebook က အသိအမှတ်ပြု Blue […]


ဇီဇီAugust 15, 20151min104616
ရေးချင်တာတော့ အေအိုင် အကြောင်းရိုက်ထားတဲ့ ရုပ်ရှင်ကားတွေ စု ညွှန်းတဲ့ ပို့(စ) အကြီး တစ်ပုဒ် ရေးချင်တာ။ စာပြန်ဖတ်ရမှာရော၊ ရုပ်ရှင်တွေက စုံအောင် မကြည့်ရသေးလို့ရော မစနိုင်သေးဘူးး :mrgreenn: :mrgreenn: ေအေအိုင် မလာခင်ကို ဖဘ ကြီး ရဲ့ အော်တို အလုပ်လုပ်ပုံတွေကို ကြည့်ပြီး ကိုယ့်မှာလန့်နေတုန်း ဒီ ရုပ်ရှင်ကို ကြည့်မိပြီး ပိုကြောက်သွားသလိုပဲ။ :mrgreenn: :mrgreenn:   Unfriended (2014) Rating 5.4/10 IMDb   သရဲကားမို့ ယုတိ ရှိမရှိ က နောက်မှပေါ့နော့။ ဝက်ဆိုက်တွေရဲ့ ဆက်စပ် အလုပ်လုပ်ပုံတွေ အကြောင်း ခပ်ပါးပါးသတိထားမိရင် အွန်လိုင်းမှာလည်း အနေအထိုင်ဆင်ခြင်သင့်တယ် ဆိုတာလေး သတိချပ်မိရတာပေါ့။ 😕 ဇာတ်လမ်းက […]


ムラカミJuly 19, 20156min61710
နောက်ထပ် တနှစ် ဇူလိုင် ၁၉ ကို ပြန်ရောက်လာပြန်သပေါ့။ နောက်ထပ် အာဇာနည် နေ့ တနေ့..။ မနှစ်က သည်လို နေ့မျိုး မှာ အတော်လေး အသံတွေ ဆူခဲ့တာ မှတ်မိသေးရဲ့…။   ချီတက် အလေးပြုမယ် ၊ ခွင့်ပြုမယ် မပြုဘူး။ ဥဩ ဆွဲ မဆွဲ ကစလို့ နောက်ဆုံး ဟွန်းတီးရင် ဘာဖြစ်တယ် ညာဖြစ်တယ် အဆုံးပေါ့..။   သည်နှစ်ကျတော့ အသံတွေ ပြန် တိတ်နေလိုက်ကြတာ…။ တခါက ယဉ်ကျေးမှု ဌာနက ကိုယ်ဖိရင်ဖိ စောင့်ရှောက်ထားတဲ့ မီးနည်းနည်း လောင်သွားသော ဗိုလ်ချုပ်အိမ်ကလေး ဖွင့်တုန်း လူစုပြီး သွားလည်ကြမယ်လို့ ဘယ်သူငယ်ချင်းမှ ပြောတာ ရှဲတာမတွေ့ရ..။ ရွာထဲမှာလည်း သဂျီး ကစပြီး ဘယ်သူမှ အစဖော်ရေးတာ ပြောတာ မမြင်မိသေး။     […]


ムラカミJuly 16, 20155min81515
  ခုရက်ပိုင်း အရေးများနေတဲ့ Photoshop တွေအကြောင်းပဲ မသွားဘဲ … ဘယ်ကင်မရာနဲ့ မဆို ဘာ Software မှလည်း တတ်ကျွမ်းဖို့မလိုဘဲ.. ဓာတ်ပုံရိုက်ဖို့အတွက် အသုံးတည့်မည့် အကြောင်းအရာတချို့ ပြန်လည်တူးဆွမိပါတယ်။ အိမ်စာလုပ်ရင်း မှတ်မှတ်ထင်ထင်ရှိတာတချို့ ဖောက်သည်ချပါရစေ။     ဂုရု ကြီး တပါးဖြစ်တဲ့ Steve McCurry ရဲ့ Composition Tips ၉ခု ကို နားလည်သလို ပြန်ဆိုရေးသားလိုက်ပါတယ်။ သူ့အကြောင်းကို သိချင်ရင်တော့ သည်မှာ သွားဖတ်နိုင်ပါတယ်။ နားလည်သလို ပြန်ရေးတာနဲ့ ပတ်သတ်ပြီး လင်းရရင်တော့ … ကျနော် လေ့လာခဲ့ဖူးတာက ဗီဒီယိုဖိုင် ဖြစ်ပြီး .. သူကိုယ်တိုင်တင်တာမဟုတ်ဘဲ ..သူ့ခွင့်ပြုချက်ယူပြီး ချန်နယ်တခုက တင်ထားတာပါ။ (သူ sample ပြတဲ့ ပုံတွေက Copyright […]


ムラカミJuly 15, 20155min5898
    Post Production အကြောင်း အစပျိုး ရေးထားပြီးတော့ အဲ့ဒါရဲ့ အဆက် အနေနဲ့ သည်စာစု ကို ဆက်ရေးလိုက်ပါတယ်။ ပိုစ့် ရဲ့ size ကို ငဲ့ကွက်လို့ ဘယ်နေရာမှာ သွားပြင်တယ် ဆိုတာ ထက် ဘယ်လိုပုံ ဖြစ်သွားတယ် ဆိုတာကိုပဲ ပြထားတာမို့ပထမပိုစ့် နဲ့ တွဲဖတ်မှ အဆင်ပြေပါလိမ့်မယ်။     0. Original RAW file ဘာမှ မပြုမပြင်ရသေးတဲ့ Original RAW ပုံဖြစ်ပါတယ်။ လမ်းဘေးက ပန်းပေါက်စလေး တပွင့်ကို နေရောင်အောက်မှာ ဆင်ခြေလျော တခုက ကွန်ကရစ် မြောင်းဘောင် အမြင့် ကို နောက်ခံထားပြီး ရိုက်ထားတာပါ။ စူးရှတဲ့ နေရောင်ကြောင့် အရောင်အသွေးအချို့ ဆုံးရှုံးနေပါတယ်… ဒါကို ပြင်ဆင်ဖို့ လိုအပ်ပါတယ်။ သည်တော့ အောက်မှာ အဆင့်ဆင့် ပြင်သွားပါမယ်။ 1. White […]


မြစပဲရိုးJuly 13, 20152min2187
ဒီအကြောင်းကို ပို့စ်တင်ဖို့လုပ်နေခဲ့တာ အတော်ကြာပြီ။ Technical အကြောင်းရေးရမယ် ဆိုတော့ လက် က မသွက်တာ မို့ စကားအကြွေး ရှိ မှန်းသိသိကြီး နဲ့ အကောင်အထည် မဖော်နိုင်ခဲ့။ ဟိုးအရင်က အလုပ်ထဲ မှာ ကိုယ့်ဂွင်  မို့ ကွန်ပျူတာ တွေထဲ ကြိုက်တဲ့ ပရိုဂရမ်၊ Font install  လုပ်နိုင်တယ်။ အခုတော့ ကွန်ပျူတာ တွေ အတွက် Admin Right မရှိ တော့ တဲ့ အခြေမို့ ဘာမှ ကြိုက်သလို ချယ်လှယ်လို့ မရ တာမို့ ရွာထဲ ဝင်ရင် လေးထောင့် တွေချည်း မြင်နေရတယ်။ ရွာမှာ Default က ဇော်ဂျီဖြစ်နေလို့ ဘဲ။ ကိုယ့်မှာရှိတဲ့ တစ်ခြား […]