နေဝန်းနီ ဓာတ်သေ ဆြာဖြစ်သွားခြင်း -၁၂ စာကြည့်တိုက်မှူး လည်း ရှိသတဲ့ စာကြည့်တိုက် ဆိုတာနဲ့ နေဝန်းနီ စိတ်ဝင်စားသွားပါတယ် ။ တစ်ချို့ရွာတွေမှာတော့ စာကြည့်တိုက်အတွက် မြေနေရာတော့ ရွာလယ်ခေါင်မှာ ယူထားပါရဲ့ ။ ကွက်လပ် ။ တစ်ချို့ရွာတွေကျတော့လည်း အဆောက်အဦး လှူမဲ့သူရှိတာတောင် မြေနေရာမရှိလို့ ။ ခုတော့ အဆောက်အဦး ပါရှိပြီး နေဝန်းနီတို့ အလုပ် လုက်ဖို့တောင် ကျယ်ဝန်းတယ်ဆိုတော့ ။ စိတ်ဝင်တစားမေးကြည့်မိတယ် ။ “စာကြည့်တိုက်ဆိုတော့ လူရှုပ်နေမလား ရွာမှာ စာကြည့်တိုက်နဲ့ဆိုတော့ မြို့ပေါ်ရပ်ကွက်တွေထက် သာတာပေါ့ဗျာ ကျုပ်တို့ဆီမှာ စာပိတ်တိုက်တို့ စာလှောင်တိုက်တို့ပဲရှိတာ ။ စာအုပ်တွေ ထည့်ပိတ်ပြီး သော့ခတ်ထားတာရယ် ။ ဘီရိုထဲ စာအုပ်တွေထည့်လှောင်ပြီး သော့ပျောက်နေတာရယ် ” ပေါ့ ။ […]