Mr. MarGaFebruary 26, 20153min88243
ဒီနေ့ ထုံးစံအတိုင်း လိုင်းပေါ်မှာ ဟိုမွှေဒီမွှေလုပ်ရင်း စကားလုံးလေး (၂)လုံးကို သွားတွေ့တယ် By choice နဲ့ By chance တဲ့ ဖတ်ရင်းနဲ့ ရောလာတာမို့ နည်းနည်း ပိုပြီး ရေရေရာရာသိချင်တာနဲ့ ဟိုဂျီးဒေါ်ကို သွားမေးလိုက်တယ် (ပုံမှန်ဆို ကိုယ်တိုင်ရှာနေကျပေမယ့် နည်းနည်း အပျင်းဓာတ်ဝင်နေလို့)   သူ့ကိုမေးမှ သူပါ လည်ထွက်သွားသလားမသိပါဘူးဗျာ ရှင်းရင်း ရှုပ်နေရော အဲ့လိုပြောနေရင်း ဘယ်နားက ရှာလာတယ်မသိ စာလေးတစ်ပုဒ် ပို့လာတယ်။ (အဲဒီစာကိုဖတ်လိုက်တာ အစက သိချင်နေတဲ့ကိစ္စလေးတောင် မေ့တေ့တေ့ဖြစ်သွားတဲ့အထိ)     ဆိုတော့ အဲဒီစာလေးဖတ်ပြီး ပြန်ချပြချင်စိတ်ပေါက်လာတာမို့ မတောက်တခေါက် ဘာသာပြန်စွမ်းရည်နဲ့ ပေါင်းပြီး ဘာသာပြန်ပေးလိုက်ပါတယ်။ ဖတ်ကြည့်ကြပါဦး။ (အင်္ဂလိပ်လိုက ပိုလှတယ်၊ ကျနော် ဘာသာပြန်လိုက်တာ တချို့နေရာတွေ ကပေါက်ကချော်ဖြစ်နေတယ်) […]


တောင်ပေါ်သားFebruary 26, 20151min79844
တွံတေးသိန်းတန်က လေးဆယ်ကျော်အချစ်တဲ့ ၊ ဪ လေးဆယ်ကျော်ဆိုတော့ ချစ်ခွင့် လွမ်းခွင့် တမ်းတခွင့်ရှိသင့်တယ်လို့ ဆိုရမလား ၊ ဒါဖြင့်  ငါးဆယ်စွန်းစွန်းသမားတွေမှာကော အဲဒီလိုုအခွင့်အရေး ရှိသေးဦးမလားးလို့ မေးချင်တယ်ဗျာ ၊ ဘာလို့လည်းဆိုတော့ အဲဒီ ငါးဆယ်ကျော်ကြီးရဲ့   အချစ်အကြောင်း ရေးချင်လို့ ၊ သတင်းတွေထဲမှာတော့ ၆ဝ ၊ ၇ဝ ကျော်တွေ ချစ်သွားကြတာတို့ လက်ထပ်ကြတာတို့ ဖတ်ဘူးလို့ပါ ၊ ဒီတော့ ဟောဒီ ငါးဆယ်ကျော်ကြီးမှာ အချစ် ရှိနေတာ မလွန်လောက်ပါဘူးလေ နော့ ၊ သိကြတဲ့အတိုင်း ကျုပ်က အိမ်ထောင်ပျက် ၊ ကလေး ၃ ယောက်နဲ့ ၊ ဒီခေတ် ကုန်ဈေးနှုန်းကို မမီမကမ်းနဲ့ အသေအလဲ လိုုက်ရင်း ရုန်းနေရသူ ၊ တစ်ခါတစ်လေတော့လည်း […]


တောင်ပေါ်သားFebruary 25, 20151min55822
ဒီမနက် သူ့ကိုဖွင့်ပြောမယ်ဆိုတဲ့စိတ်ကြောင့် ညက ကောင်းကောင်းအိပ်မပျော်ပါဘူး ၊ မနက် ၅ နာရီကတည်းက နိူးနေပြန်ရပါတယ် ၊ ၅ နာရီခွဲမှာတော့ အိပ်ယာကထ ရေချိုးလိုက်တယ် ၊ ကျနော်တို့အိမ်က ၂ ထပ် ၊ အပေါ်ထပ်မှာ အမေ ကျနော်ကအောက်ထပ် ၊ ရေက အိမ်ရှေ့ထောင့် မာလကာပင်အောက်မှာ တိုင်ကီနဲ့ပါ ၊ ရေစက်မရှိ ၊ ဝယ်သုံးရတာပါ ၊ စောစောစီးစီးကြီး ရေချိုးနေတဲ့ကျနော့်ကို ဝရန်တာကနေ အမေက အံ့အံ့ဩဩ ကြည့် လို့ ၊ လှည်းတန်းဘူတာအလာ အာတီးယားလမ်းထဲမှာ တိတ်ဆိတ်စွာပေါ့ ၊ ကျေးဇူးှင်ရထားက အချိန်မှန်လို့ ၆ နာရီခွဲမှာ ဟုမ်းလမ်းဘူတာ ရောက်လာပါတယ် ၊ ထုံးစံအတိုင်း ရွာမလက်မှတ် ၂ စောင်ဝယ်ပြီး […]


alinsettFebruary 25, 20151min69131
                                ##################################################   ဆူးလေဘုရားလမ်းပေါ်၊ မဟာဗန္ဓုလပန်းခြံဘေးက သစ်ပင်တန်းလေးများ စီစီရီရီ… သစ်ပင်ကလေးများအောက်က အုတ်ခုံကလေးများပေါ်မှာ လမ်းဘေးဗေဒင်ဆရာများ ဟိုနားတစ်ယောက် သည်နားတစ်ယောက်. . . သစ်တစ်ပင်အောက်မှာ ဗေဒင်ဆရာတစ်ယောက်နဲ့ အမျိုးသမီးတစ်ယောက် ခွန်းကြီးခွန်းငယ် စကားများနေကြတယ်. . . အနားရောက်တော့မှ သူတို့ဟာ လင်မယားတော်စပ်မှန်း သိရတယ်။ ထုံးစံအတိုင်း အိမ်ရှင်မက အိမ်စရိတ်မလောက်ငလို့ ငွေအရှာအဖွေညံ့တဲ့ ဗေဒင်ဆရာ လင်ယောကျာ်းကို ဆူပူဆောင့်အောင့်နေတာပါပဲ။ သိပ်မထူးဆန်းလှတဲ့ ဖြစ်ပျက်မှုပေမဲ့ ကျနော့်ရင်ထဲ ကလိကလိဖြစ်သွားတယ်။ အဲ့ဒါနဲ့ပဲ ကျနော် အဲဒီနား ရစ်သီရစ်သီလုပ်နေပြီး […]


တောင်ပေါ်သားFebruary 24, 20151min43914
တကယ်တော့ မိန်းကလေးတစ်ယောက်လက်ကို ကိုင်ဘူး ဆွဲဘူးတာ ဒါ ပထမဆုံးပဲ ၊ စက္ကန့်ပိုင်းလေးပါ ၊ ကျနော် ပြန်လွှတ်ပေးလိုက်တယ် ၊ သူ့အတန်းဖော် မိန်းကလေး၂ ယောက် ၃ ယောက် ရောက်လာပြီး ဘာဖြစ်သေးလဲ ? ဘယ်ထိသွားလဲ မေးရင်း ကားလမ်းတစ်ဘက်ရောက်သွားတယ် ၊ ကျနော်က အနောက်မှာ ကျန်ခဲ့တယ် ၊ သူ လှည့်ကြည့်တော့ ကျနော်က သွားနှင့်ဆိုတဲ့သဘောနဲ့ လက်ပြလိုက်တယ် ၊ သူ ကျောင်းထဲဝင်သွားချိန်မှာ ကျနော်က ကျောင်းရှေ့ စိမ်းကဖီးမှာထိုင်ရင်း သူငယ်ချင်းတွေကို မျှော်ရင်းပေါ့ ၊ (  မြန်မာ့မီးရထားမှာ အလုပ်ဝင်တယ်ကြားပြီး အခုနောက်ပိုင်း အဆက်အသွယ်မရတော့တဲ့ မောင်မောင်အောင် ၊ ရမည်းသင်းမှာ ကျူရှင်ဆရာလုပ်နေတဲ့ လူပျိုကြီး ကိုညွန့်ဝေ ၊ မိတ္ထီလာ […]


တောင်ပေါ်သားFebruary 23, 20151min2878
၁၉၈၃   အင်းစိန်ဂျီတီအိုင်တက်တုန်းကပေါ့ဗျာ ၊ ဝင်ခွင့်ဖြေရတုန်းက ကျောင်း ဦးစားပေး အင်းစိန် ဒုတိယ မန္တလေး ၊  မေဂျာ ဦးစားပေး အမ်ပီ ဒုတိယ အီးပီ ၊ အဲသမှာ ကျောင်းက အင်းစိန် မေဂျာက အီးပီရခဲ့ပါတယ် ၊ ကျောင်းသွားရင်လှည်းတန်းဘူတာကနေ မနက် ရ နာရီ ၅ မိနစ် မြို့ပါတ်နဲ့ ၊ ငယ်ကတည်းက ကျနော့်အဖြစ်ချင်ဆုံးဟာ  ရထားစက်ခေါင်းမောင်း ၊ အခုဖြစ်နေတာနဲ့ တစ်ခြားစီ ၊ အဲ   အဲသလို ရထားနဲ့ကျောင်းသွားတဲ့ကျနော် တစ်နေ့သောအခါမှာ သူနဲ့ စတွေ့ခဲ့ပါတယ် ၊ မနက်ခင်း မြို့ပြင်ထွက်တဲ့ရထားမို့ ရထားက အတော်ချောင်ပါတယ် ၊ သူကကျနော်နဲ့ မျက်နှာချင်းဆိုင် ၊ ပြတင်းပေါက်ကနေအပြင်ကိုငေးနေတဲ့ သူ့မျက်နှာလေးက အလှသား […]


ဦးေက်ာက္ခဲFebruary 23, 20151min89841
ဟိုဘက်က ခင်ဇော်ရဲ့ ပို့စ် “ဒန်ပေါက်တွေ ဝယ်ဒယ် – KZ’s ထမင်းဆိုင်” မှာ မန့်မလို့ စာရှည်သွားလို့ပါ…   အာရပ်ဒန်ပေါက်ကို Machboos (သို့) Majboos လို့ ခေါ်ပါတယ် ခင်ဗျ… အိန္ဒိယ ပါကစ္စတန် ဒန်ပေါက်ချက်နည်းနဲ့ ဘာကွာလည်းဆိုတော့ အဆီ အဆိမ့်နည်းပြီး ချဉ်ဖြုံးလေးပါ ။ ဘာရိန်း (Bahrain) ၊ ဆော်ဒီ (Saudi) နဲ့ ကာတာ (Qatar) နိုင်ငံတွေဘက်မှာ တမြတ်တနိုးထားပြီး စားကြပါတယ် ။ အာရပ်ရိုးရာ စားပုံကတော့ ဒေါင်းလန်းလိုမျိုး ဗန်းအကြီး ကြီးထဲမှာ အသားစုံနဲ့ ချက်ထားတဲ့ Machboos ကို တယောက်တစ်လက် ဝိုင်းသမကြတာပါပဲ … လက်ရည်တပြင်တည်းပေါ့ ခင်ဗျာ… ။   […]


ムラカミFebruary 22, 20151min72110
​မောင်​ဂီ့ ကို တ​ကောင်​ကြွက်​များ မှတ်​သလား ညင်​းညင်​း ရွာထဲမယ်​ တ​ကောင်​ထဲ ဒါမျိုးမ​ကြောက်​လို့ ရွာရိုး​လျောက်​​နေတယ်​များ မှတ်​သလား မထင်​နဲ့ ရွာထဲမယ်​ ကျုပ်​ အမျိုး ရှိသဗျ ရှိဆို ကျုပ်​​ဒေါ်​လေး​လေ ​မောင်​ဂီ့ အမျိုးပီပီ ဒင်​းကလည်​း ​ပေါင်​းရသင်​းရခက်​သဗျ ဂျစ်​ကန်​ကန်​နိုင်​တာက​တော့ ​ပြောစရာလိုအံ့မထင်​ ဆစ်​ဂ​နေချာ အေ​န နဲ့က ပါးမှာ အေ​ပေါက်​​ကြီးနှစ်​​ပေါက်​နဲ့ဗျ   အသက်​က ဘတ်​​နေ​ပေမယ်​့ အရွယ်​တင်​တုန်​းဗျ တင်​မေ​ပါ့အေ ရွာ့ အဆဲချန်​ပလုံ ဇာယိ တို့ မွသဲတို့လို ဖရုသဝါစာကို ဂါထာလိုရွတ်​​နေသူမှမဟုတ်​တာ   စကားပြာရင်​လည်​း အသံ​အေး​အေး​လေး ဟိုဟာမယီး​တေလို ဆိုမာလီပင်​လယ်​ဒမြသံမဟုတ်​ အဲ တခုပဲ ရှိတယ်​ သူရိချင်​ရင်​ ​ကျော့်​ကို ဆြာ ​ခေါ်​လေ့ရှိတယ်​ ပီးရင်​ ​ကောင်​း​ကောင်​း သမ​တော့တာပဲ […]


ムラカミFebruary 17, 20151min34211
  မျဉ်းပြိုင်နှစ်ကြောင်းဟာ infinity မှာဆုံတယ်ဆိုတဲ့ စကားကို ဘယ်သူစပြောခဲ့သလဲတော့ မသိဘူး သေချာတာကတော့ ဒါဟာ ဂရုဏာပါတဲ့ အဖြူရောင်လိမ်လည်မှု     ဆန်​့ကျင်​ဘက်​အရပ်​ကို ​ကျောချင်​းခိုင်​းပြီး ထွက်​သွားမယ်​ဆိုရင်​​တောင်​ ကမာ္ဘကြီးကလုံးပြီးဝိုင်​း​နေ​တော့ တချိန်​မှာ ပြန်​ဆုံကြမှာပါတဲ့     ဒီနိယာမ ကိုကျ​နော်​လက်​မခံနိုင်​ဘူးရယ်​     အ​ခြေအ​နေ နဲ့ အချိန်​အခါ ဆိုတာကို ထည်​့မတွက်​သူ​တွေ အလွယ်​​ပြောတဲ့စကား ဆိုပါ​တော့     ဒီ​နေရာမှာ သချင်္ာ နဲ့ ​လော့ဂျစ်​ သဘာဝကွာတာကို လှစ်​ကနဲ​တွေ့လိုက်​ရ     ဘဝမှာလည်​း သည်​လိုပဲ တွက်​ချက်​မှုတိုင်​းဟာမှန်​နိုင်​​ခြေရာနှုန်​းတခုသာ ရှိမယ်​ဆိုတာ     အဲ့ဒါက ကျိန်​စာလား     နိုး နိုး   […]


alinsettFebruary 16, 20155min117133
                ပတ်ဝန်းကျင်သည် အကျည်းတန်မှုများနှင့် ဝန်းရံပစ်လိုက်သောအခါ ထိုပတ်ဝန်းကျင်အတွင်းမှ လူသားသည် သိမ်မွေ့လှပနိုင်စွမ်းဖို့ရာ မလွယ်ကူတော့ချေ။ အဲသည် ဝါကျကလေးကို ချရေးဖြစ်ပြီးနောက် လက်ရှိ ကိုယ် ဖြစ်နေတာတွေကို ပြန် တွေးတောမိသည်။ ညနေက ကျွတော် ဆံပင်ညှပ်ပါသည်။ ဖြစ်ချင်တော့ မြေနီကုန်း ဘဏ်မှ ထုတ်ယူလာသော ငွေကျပ် သုံးသိန်းက လွယ်အိတ်ထဲ ရှိနေသည်။ ဆံပင်ညှပ်ဦးမှပဲ လို့ စိတ်ကူးရပြီး ဆံသဆိုင်ထဲ ဝင်လိုက်ချိန်မှာ အချိန်က ညနေမှောင်ရီပျိုးစဖြစ်နေပြီ။ ဆိုင်ထဲမှာ ကျွန်တော်နှင့် ဆံပင်ညှပ်သူပါဆိုမှ နှစ်ယောက်။ ထို့အပြင် ပို မရှိပါ။ ဆိုင်သည် တိတ်ဆိတ်ငြိမ်သက်စွာဖြင့်  အနည်းငယ် ဆိုင်မပီမသများ ဖြစ်နေသလားလို့။ သို့သော် ဒါက […]


ムラカミFebruary 15, 20151min59221
ချကုန်​ဂျပဒဲ့ ​ဆော်​ကုန်​ဂျဘီ ​သေတဲ့ ကျတဲ့ လူ​တွေလည်​းမနည်​း ဟိုလူကြီး​ပြောတာက​တော့ ဆီခိုးထုတ်​တဲ့ ကမတ်​တို့ မ​ဝေတို့ကို မသိချင်​​ယောင်​​ဆောင်​တုန်​းက ​ဆောင်​ပြီး ခုကျမှ အလုံးအရင်​း ဖမ်​းတဲ့ကိစ္စနဲ့ ဆက်​စပ်​ပါသတဲ့ ​အဲ့လို လုပ်​ခဲ့တာ အဒူ​တေတုန်​း​ဟင်​င်​? ကျုပ်​တို့​ရွှေပြည်​ကြီးလည်​း ​ရှေ့ကအိမ်​နီးချင်​းနဲ့​ကွိုင်​လိုက်​ အ​နောက်​ဘက်​ အိမ်​နီးချင်​းနဲ့ ပတနာတက်​လိုက်​နဲ့ လုံးလည်​ကိုလိုက်​​နေတာပဲ အ​နောက်​အိမ်​နီးချင်​းဆိုလို့ တ​လောကပဲ အဖြူ​ရောင်​ ကတ်​​တွေကိစ္စကွိုင်​ပြီးပြီ အဲ ​ဘေတား တို့ ဘင်​ဂါဘလက်​ တို့ကို ဝှိုက်​ကတ်​ ထုတ်​​ပေးခဲ့တာ​ရော အဒူ​တေတုန်​း​ဟင်​င်​? ​ဘေတားက​တော့ထားပါ​လေ ဘင်​ဂါဘလက်​ကိုက ဝှိုက်​ကတ်​အစား ဘလက်​ကတ်​ ထုတ်​​ပေးရမှာ အံမယ်​ ဒင်​းကဒါကို ဘလက်​​လေဘယ်​ ကတ်​လိုက်​ဒုတ်​​ပေးမယ်​မှတ်​ပီး ​ပျော်​ချင်​​ပျော်​အူးမှာဗ​ျ ဟာဂျီမွသဲ က​တော့ ဂလို​တေပြသနာတက်​တာမဆုံးရင်​ဖြင်​့ သူ့အ​ရှေ့အလည်​ပိုင်​းခရီးစဉ်​အတွက်​စိုးထိတ်​မိတယ်​လို့ ပါ့စ်​့ပို့​လေးတုန်​တုန်​ရီရီကိုင်​ရင်​းဆိုရှာတယ်​ ​ရွှေပြည်​ကြီးတိုင်​ပတ်​တာ ဒါနဲ့တင်​ဘယ်​ကမတုန်​းဗျာ ​မောင်​​ကျောင်​းသား​တေကလည်​း သပိတ်​​မှောက်​ကြ​သေးရဲ့ တကယ်​က […]


ムラカミFebruary 14, 20151min91828
​ပြောရအုံးမယ်​ မိညီမ​ရေ ပဲပြုတ်​ နံပြား​ပေါ့ အ​တော်​ဂယက်​ထတာ တနိုင်​ငံလုံး ပဲပြုတ်​ နံပြား အလှူလုပ်​သဗျာ မည်​သူမဆို စားနိုင်​ပါသည်​ ဘာညာဆိုင်​းဘုတ်​​တွေနဲ့ ​ကောင်​းပါတယ်​ ဗိုလ်​ချုပ်​အမှတ်​တရ အ​နေနဲ့လုပ်​တာ စိတ်​ရင်​း ရည်​ရွယ်​ချက်​ကို​တော့ ​ပြောစရာမရှိပါဘူး ဒါ​ပေမယ်​့ဗျာ ခိညားတို့ စဉ်​းစားကျိ ဗိုလ်​ချုပ်​ရဲ့ ထရိတ်​မာ့ခ်​ က ပဲနံဖြစ်​သင်​့လားဗျာ ဒီဂျားထဲ ပဲပြုတ်​က ​ဆော်​ဒါပါလို့ ဘလားဘလား ဆိုတဲ့ ကျန်​းမာ​ရေးသမား​တွေကတမျိုး နံပြားက အင်​ဒိယအစာမို့ ဗိုလ်​ချုပ်​ကို ကီလားစာကြိုက်​တယ်​ ​ပြောသူ​တွေကတဖုံ တကယ်​ဆို ဗိုလ်​ချုပ်​​မွေး​နေ့က က​လေးများ​နေ့ဗျ ဖတ်​မိသ​လောက်​​တော့ အရင်​က က​လေး အားကစားပြိုင်​ပွဲ​တွေ ကျပန်​းစကား​ပြော​တော လုပ်​ကြတယ်​ သည်​နှစ်​ ပြည်​​ထောင်​စု​နေ့မှာ အာ့​တွေလုပ်​သဗျာ ဗိုလ်​ချုပ်​​မွေး​နေ့ကျ​တော့ ပဲနံ ​ပွဲ​တော်​ကြီး ကျင်​းပကြတယ်​ မဟုတ်​​သေးဘူး​နော ပဲနံဝိုက်​မယ်​့အစား ပိုက်​ပိုက်​စုပီး […]


ဆုျမတ္မိုးFebruary 11, 20151min2998
ငါတို့မြို့က ဘယ်လောက် မိုးဘယ်လောက်များလဲနင်အသိပဲ ။ မိုးတွင်းစာ ဆိုပြီး သိမ်းဆည်းရတာ ငါတို့ရယ် ပုရွက်ဆိတ်ရယ်ပဲရှိတယ်လို့ အဘွားက ခဏခဏနောက်ပြီး ပြောတယ် ။ ဒီဘက်ခေတ်မှာတော့ မိုးတွင်းစာဆိုတာဘာကြီးလဲဆိုပြီး ပြန်မေးရမလိုဖြစ်နေပြီ။ တစ်လတစ်လ တိုးလာတဲ့ လူနေမှုစရိတ်တွေနဲ့ တစ်လစာတောင် အလျဉ်မမှီဘူးလေ ။ တို့ အဘွားမှာဆို မိုးတွင်းစားဖို့ ငပိ၊ ဆား ၊ ဆီ ၊ ငရုတ်သီးခြောက် ၊ ငါးခြောက် ၊ ချဉ်ဖတ် ၊ အသီးအရွက်ခြောက် ၊ အာလူး တွေကို သေသေချာချာသိမ်းထားတာဟ ။ မိုးတွင်းမှာ အရမ်းမိုးကြီးတော့ လေမုန်တိုင်းတွေဘာတွေတိုက်ရင် အပြင်မထွက်ဘဲ အိမ်ထဲမှာပဲနေကြတယ်လေ ။ ဒီတော့ မိုးတွင်းစာဆိုပြီး တခုတ်တရသိမ်းထားရတယ်ဟ ။ လေမုန်တိုင်းလား နင်သိတဲ့အတိုင်းပဲ မိုးရာသီလေးလမှာအနည်းဆုံး […]