Pakistan သွားရမယ် ဆိုတဲ.order ရချိန်မှာ ဝမ်းသာမိတယ်။ Google ခေါက်ထားတာမို့ Pakistan ဟာ သိပ်လှတာ သိနေလို့ပါ။ စက်ာပူလို၊ထိုင်းလို ရုပ်အသားပေးနိုင်ငံတွေထက် တောတောင်ကုန်းမြင့် သဘာဝအလှအပရှိတဲ့နိုင်ငံ၊လူတိုင်းသွားနေကျမဟုတ်တဲ့နိုင်ငံတွေကို သဘောပိုကျမိတယ်။ သို့ပေမယ့် မြန်မာဆိုတော့ မြန်မာပီပီအာရှအလယ်ပိုင်းနိုင်ငံတွေကို လန့်မိ​တာတော့ငြင်းမရ။ မုတ်ဆိတ်မြင်တာနဲ့ အလာ့ဂျစ်ထတတ်တဲ့လူတွေထဲမပါပေမယ့် အတွေးပေါင်းများစွာကြောင့် အပူတွေဖြစ်ခဲ့ရတာတော့အမှန်။ ထိုင်းထရန်စစ်ကနေ လေယာဉ်ကူးသွားလောက်ပြီ ဆိုတဲ့အချိန်တည်းက အိပ်မရနိုင်ပဲ Islamabad ရောက်လို့ internet သုံးပြီးပြန်ဆက်သွယ်မယ့် reply message မရမချင်း မအိပ်ချင်။ ဒါပေမယ့် အိပ်ပျော်သွားခဲ့ပါတယ်။ မနက်စောစောမှာ ပြည်ပမှာအခြေချနေတဲ့ မြန်မာအဖော်တစ်ယောက်နဲ.hotel မှာဆုံဆည်းမိတယ် ဆိုတဲ့ စာ၊ဓာတ်ပုံတင်မက Video file ပါ မြင်တွေ့ရမှ စိတ်ချလက်ချဖြစ်ခဲ့ရတယ်။ အစည်းအဝေးအချိန်ဇယားတွေမှာနိုင်ငံစုံမှဖိတ်ကြားခံတွေနဲ့အတူ ပြုံးပြုံးရွှင်ရွှင်မြင်တွေ့ရမှကျေနပ်ခဲ့ရတယ်။ လေ့လာရေးအချိန်ဇယားတွေထဲက ရေမြေ​သဘာဝအလှအပတွေမြင်မှ ကိုယ်မျှော်မှန်းတဲ့အတိုင်း အတည်ပြုမိရတယ်။ […]


ကျွန်မနှင့် ဉာဏ်ကောင်းခြင်း   (ကိုယ့်ဂုဏ်ကိုယ်ဖော် မသူတော်ဟု ဆိုလျှင် ဤစာကိုရေးသော ကျွန်မသည် မသူတော်တစ်ဦးဖြစ်ကြောင်း ဦးစွာဝန်ခံလိုပါသည်။)   ကျွန်မကို ငယ်စဉ်ကတည်းကပင် ဉာဏ်ကောင်းသည် ဟု ဆိုကြသည်။ အထူးသဖြင့် ဆရာ၊ ဆရာမများနှင့် ဆွေမျိုးများက ပြောကြခြင်းဖြစ်သည်။ စာကျက်လျှင် ခဏလေးနှင့် စာရခြင်း နှင့် ဉာဏ်စမ်းမေးခွန်းများကို အများအားဖြင့် မှန်အောင်ဖြေဆိုနိုင်ခြင်းတို့ကြောင့် ဖြစ်မည်ထင်၏။ ထို့ကြောင့် စာမြန်မြန်ရအောင် ဘယ်လိုကျက်သလဲ၊ စာကျက်နည်း ပြောပြပါဟုလည်း မကြာခဏ အမေးခံခဲ့ရဖူးသည်။   ကျွန်မကတော့ ကိုယ့်ကိုယ်ကို သူများထက် ဉာဏ်ပိုကောင်းသည်ဟု မထင်မိချေ။ ကျောင်းသားအားလုံးသည် ဉာဏ်ရည်အတူတူပင် ဖြစ်သည်။ သို့သော် စာကို နားလည်သည့်အပေါ်မူတည်၍ စာမြန်မြန်ရခြင်း၊ မရခြင်း ကွဲပြားသွားသည်ဟုသာ ယူဆမိပါသည်။ ထို့ကြောင့် ကျွန်မ ပြန်ဖြေလေ့ရှိသည်မှာ […]


တစ်နေ့တစ်လံ ပုဂံဘယ်ပြေးမလဲဆိုတဲ့စကားအတိုင်း ကျွန်တော်အောင်မိုးသူဟာ မြန်မာဂဇက်ဆိုတဲ့ ရွာကြီးဆီကို လျှောက်လာခဲ့တာ နှစ်များစွာကြာခဲ့ပါပြီ။ ဒါပေမယ့်လည်း မြန်မာဂဇက်ကြီးရဲ့ ပန်းတိုင်ကိုတော့ မရောက်ရှိခဲ့သေးပါဘူး။ ပန်းတိုင်ဆိုတာ ငွေကျပ်တစ်သိန်းဆိုတဲ့ ပန်းတိုင်ပါ။ ကျွန်တော့်နောက်ကလူတွေသာ ကျွန်တော့်ကို ကျော်တက်သွားမယ် ကျွန်တော်ကတော့ တလှုပ်လှုပ်ပါပဲ။ အခုတော့ ငွေကျပ်တစ်သိန်းသို့ဆိုတဲ့ ဆယ်ယောက်ထဲတော့ ဝင်လာခဲ့ပါပြီ။ အဲ့သည်ဆယ်ယောက်ကနေ ထိပ်ဆုံးရောက်ဖို့ တွေးမျှော်ရင်း တစ်နေ့တစ်လံ တစ်သိန်းဘယ်ပြေးမလဲဟဲ့ ခင်မင်စွာဖြင့် အောင်မိုးသူ


Facebook ပေါ်မှာ့ကျင့်ဝတ်ဆိုတာ ဘယ်မှာလဲ။ ကျင့်ဝတ်ဆိုပြီး တွင်တွင်အော်နေတဲ့ နာမည်ကြီးတွေမှာတောင် ရှေ့ဖုံးနောက်ပေါ်အဖြစ်ရယ်ပါ။ လူတွေဟာ ဖြစ်ပျက်သမျှအရာရာတိုင်းကို FB ဆိုတဲ့ ကမာ္ဘကြီးတစ်ခုထဲ မှတ်ချက်တွေကောင်းအပေးခံရဖို့ အချိန်နှင့်တစ်ပြေးညီ အလုအယက်တင်နေကြတယ်။ ပြုလုပ်သမျှ အရာတိုင်းကလည်း FB တင်ဖို့ချည့်သက်သက်ဖြစ်နေတယ်။ (ဥပမာ တရားနာနေသူ၊တရားထိုင်နေသူ တစ်ယောက်ဟာ ဘယ်လိုစိတ်နဲ့ တရားနှလုံးသွင်းပြီး တရားနာနေဟန်၊တရားထိုင်နေဟန်ကို ဓာတ်ပုံအရိုက်ခံပါသလဲ။) ပရဟိတအဖွဲ့တွေ၊နာရေးကူညီမှုအသင်းတွေဟာ နာရေးပုံတွေ၊အနိဌာရုံတွေ ခွင့်ပြုချက်မဲ့ တင်ခွင့်ရနေကြတယ်။ မီးလောင်၊ရေကြီး စတဲ့ ဘေးအန္တရာယ်တစ်ခုခုကျရောက်လိုက်တာနဲ့ ဆင်းရဲ၊ချမ်းသာ ဘယ်လူတန်းစားမဆို ဒုက္ခသည်တွေအသွင် လူတကာ စုပ်တစ်သပ်သပ်နဲ့ အသနားခံဘဝရောက်ကုန်ရှာတယ်။ လူတိုင်းဟာ မိမိတို့ပြုမူနေထိုင် သွားလာမှုတိုင်းမှာ မိမိကိုယ်မိမိမပိုင်သလိုဖြစ်လာကြတယ်။ မိမိတို့ရဲ့ကိုယ်ပိုင်ပြဿနာတွေကို လူအများရဲ့ဆုံးဖြတ်၊သုံးသပ်၊အမိန့်ချ၊ဝေဖန်မှုတွေကြားအလဲထိုးခံနေကြရတယ်။ အမှန်တကယ် တတ်ကျွမ်းနားလည်တဲ့လူတွေဟာ ဟိတ်ဟန်ကြီးကြီး ဆရာကြီးအသွင်ယူထားသူများရဲ့အာဘော်တွေနဲ့ ယှဉ်ပြောနေကြရတယ်။ တစ်ခါတစ်ရံ အတုအယောင်များရဲ့ဝေဖန်မှုကို အစစ်အမှန်တွေက ခံနေကြရတယ်။ ကောသလမင်းရဲ့ […]


#Okja လို့နာမည်ရတဲ့ ဒီဇာတ်ကား 2017, 28 June မှာ လတ်လတ်ဆတ်ဆတ် ထွက်ရှိထားတဲ့ ရုပ်ရှင်ဇာတ်ကားပါ။ NETFLIX က ထွက်ရှိထားတာဖြစ်ပြီး။ Netflix ဟာ ရုပ်ရှင်ဖြစ်ပြီး “13 Reason Why” mini series မှာ နာမည်ကြီးခဲ့ပါသေးတယ်။ အဲ့သည်နောက်ပိုင်း NETFLIX ကထွက်ရှိတဲ့ လုံးချင်းရုပ်ရှင်တွေဟာ သပ်ရပ်ပြီး ကြည့်ရတာတန်တဲ့ ရုပ်ရှင်ဇာတ်လမ်းတွေဖြစ်နေပာတယ်။ ဒီဇာတ်ကားမတိုင်ခင်မှာ NETFLIX ကပဲ ထွက်တဲ့ “The Shimmer Lake” ဆိုတဲ့ ဇာတ်ကားဟာလည်း အတော်လေး ကျေနပ်စရာကောင်းပါတယ်။ အခု ဒီ #Okja ဆိုတဲ့ ဇာတ်ကားကိုတော့ အတော်လေးသဘောကျခဲ့ရပြန်ပါတယ်။ ဒရာမာ ၊ အက်ရှင်အမျိုးအစားဖြစ်ပြီး ဇာတ်လမ်းကိုတော့ နယူးယောက်နဲ့ ကိုရီးယားနိုင်ငံမှာအခြေတည်ထားပါတယ်။ အဓိက ဇာတ်ဆောင်ကတော့ […]


Tom Holland ကို ကျွန်မ မကြိုက်ခဲ့ဘူး ကျွန်မ စသိခဲ့တဲ့ Tom Holland ဆိုတဲ့ ပိန်ပိန်ပါးပါးနဲ့ ကောင်လေးတစ်ယောက်ပါး။ 2012 က ထွက်ရှိခဲ့တဲ့ The Impossible ဆိုတဲ့ ဆူနာမီ ရေကြီးတဲ့အခါ ထိုင်းမှာရောက်နေတဲ့ မိသားစုတစ်စု ကွဲကွာသွားရာကစလို့ ပြန်ဆုံစည်းနိုင်ဖို့ ကြိုးစားကြတာကို ရိုက်ကူးထားတဲ့ ရုပ်ရှင်ဇာတ်ကားမှာ ကျွန်မစသိခဲ့တာပါ။ သူ့ဇာတ်ကားအများကြီးထဲက ကျွန်မသူ့ကိုစသိခဲ့တာဟာ “The Impossible” မှာပါ။ နောက်ထပ် သူ့ကို ထပ်ကြုံရတဲ့ ဇာတ်ကားကတော့ “In The Heart Of The Sea” ပါ။ အသက်ငယ်ငယ်နဲ့ ကြိုးစားတဲ့ သရုပ်ဆောင်တစ်ယောက်လို့သာ ကျွန်မမြင်ခဲ့မိတာပါ။ နောက်ဇာတ်ကားတစ်ခုကတော့ လတ်တလောထွက်ထားတဲ့ “The Lost City Of Z” […]


ဦးကျောက်ခဲတို့ ကျောင်းသားဘဝက ကွင်းဆင်းရတာ့မယ်ဆို ပျော်လည်းပျော်တယ် စိတ်လည်းပိန်တယ်ခင်ဗျ ။ ပျော်တယ်ဆိုတာက ကျောင်းနေဘက် ဘော်ဒါတွေတလှေကြီးနဲ့ လွတ်လွတ်လပ်လပ်ခရီးထွက်ရတာရယ် ၊ မရောက်ဖူးတဲ့ တောကြိုအုံကြား သွားရတာရယ်ကြောင့်ပါ ။ ညဘက်ဆို ဆရာတွေမသိအောင် ခြင်ထောင်တွေ ပိတ်ကာပြီး အံစာခေါက် ဖဲခိုးရိုက်လို့ရတာလည်း ပါတာပေါ့လေ ။ စိတ်ပိန်တယ်ဆိုတာကတော့ အထွေအထူးပြောစရာမလို အနေအစား ဆင်းရဲလို့ခင်ဗျ ။ ယောက်ျားလေးမို့ ဖြစ်သလိုနေ ဖြစ်သလိုအိပ်ရတာ ထူးထူးထွေထွေ ကိစ္စမရှိလှပေမယ့် ဝါးတီးမကောင်းတာတော့ အတော် ဆယ့်တစ်ကျပ်ကျဖို့ကောင်းတဲ့ အမှုဗျို့ ။ လူတွေက တနေကုန် ပင်ပင်ပန်းပန်း ကွင်းဆင်း ကျောက်နမူနာရှာ သယ်ရပိုးရတဲ့အထဲ ခါနာမဂွဒ်ရင် ရူပါက မလန်းဘူးလေ ။   ကွင်းဆင်းရိက္ခာ ဆိုတာကလည်း ရန်ကုန်က ဝယ်ပြီးသယ်လာတဲ့ ဘဲဥသေတ္တာလိုက်နဲ့ ညောင်ပင်လေးဈေးက ငါးကွမ်းရှပ်ခြောက် […]


တစ်နေ့က မိုးရာသီထဲပို့စ်ထဲမှာ တီဒုံလာမန့်ထားတဲ့စာလေးမြင်မှ ငါးပေါင်းထုပ်အကြောင်းသတိရတယ်။ တီဒုံလည်း တော်တော်စုံစုံလင်လင် မန့်သွားတော့ မိုးရာသီမှာ ငါးပေါင်းထုပ်ပူပူနွေးနွေးလေး စားရတာလည်း အရမ်းကောင်းတာပါပဲ။ ငါးပေါင်းထုပ်ဆိုတာနဲ့ ကျွန်တော်သိတာလေးက နည်းနည်းပါ။ စားဖူးတာလည်း အမျိုးမျိုးထဲက အများကြီးမစားဖူးခဲ့ပါဘူး။ နှစ်မျိုး သုံးမျိုးစားဖူးတာလေး ရေးချင်နေတာနဲ့ ငါးပေါင်းထုပ်အကြောင်းလေး ပြောလိုက်ပါဦးမယ်။ ခဲပတ်ငါးပေါင်းထုပ် ဒါကတော့ ဘီယာဆိုင်မှာစားဖူးခဲ့တာ။ သူက ခဲပတ်ထဲမှာ လက်လေးလုံးစာလောက် ငါးဒန်ငါးကို တုံးပြီး ဂျင်း ၊ ကြက်သွန်ဖြူ ၊ စပါးလင် ၊ ပူစီနံ ၊ ငရုတ်သီးစိမ်းတို့ကို ကြိတ်ပြီးထည့်ပြီးပေါင်းထားတာ။ အရသာက မဆိုးဘူး။ စားဖူးတဲ့အသိတွေကတော့ ကြိုက်ကြတယ်။ ကျွန်တော်ကတော့ ခဲပတ်ကြီးနဲ့ပေါင်းတာကို သိပ်မကြိုက်ချင်တာပါ။ နောက် ငါးဒါန်ကို သုံးလို့လည်း သိပ်မကြိုက်တာ။ သူက ပူပူလေးဆိုတော့လည်း မဆိုးဘူးပေါ့။ ငှက်ပျောဖတ်ငါးပေါင်းထုပ် […]


မိုးဆိုတာနဲ့ အမှတ်ရနေတာ အကျင့်ဖြစ်နေပါပြီ။ ဘာလို့လဲဆိုတော့ကိုယ်တိုင်ကလည်း မေ(31) မိုးတွေရွာတဲ့ နေ့မှာ မွေးခဲ့တာကိုး။ ဘဝမှာ အဲ့သီချင်းက တော်တော်လေး အမှတ်တရ ဖြစ်ခဲ့သေးတာ။ သီချင်းတွေထဲမှာလည်း မိုးရာသီနဲ့ပတ်သက်တဲ့သီချင်းတွေဟာလည်း စွဲစွဲမြဲမြဲပါပါပဲ။ မေ (၃၁) မိုးသည်းထဲမှာ မိုး ရွာသာရွာပါမိုး မိုးရာသီထဲ မိုးရေထဲမှာ အင်းလေမှာ ရွာတဲ့မိုး မနိုးပါစေနဲ့မိုးရယ် စတဲ့သီချင်းတွေဟာလည်း အခုအချိန်အထိ အမှတ်ရဆဲပါပဲ။ အသီးထဲမှာဆိုရင်တော့ မိုးတွင်းဆို သရက်သီး ၊ ဒူးရင်းသီးက ဘဝမှာ အမှတ်တရအဖြစ်ဆုံး အသီးတွေ။ ဘာလို့လဲဆို ကြိုက်တာကိုး။ နောက် သပြေသီး ငယ်ငယ်တုန်းက သပြေသီးဆိုတာကို မမြင်ဖူးဘူး။ အိမ်ပြောင်းတော့ ပြောင်းနေတဲ့ အိမ်နားမှာ သပြေပင်အကြီးကြီးရှိတာ မိုးတွင်း သပြေသီးတွေသီးတော့မှ သပြေသီးမှန်သိတော့တာ။ စပျစ်သီးလိုလို ဘာလိုလိုဆိုတော့ သိပ်ကိုသဘောကျခဲ့တာ အရသာကတော့ […]


သီးကင်းလေးတွေ တဖြုတ်ဖြုတ်ကြွေ—- !!!!!!!!!! သီးကင်းလေးတွေ တဖြုတ်ဖြုတ်ကြွေနေ့ကြပြီ နေ့မြင်ညပျောက် ကျွန်မအနီးတဝိုက်တွေမှာ သီးကင်းလေးတွေဘာ့ကြောင့်အရင်ကြွေ မိုးဒဏ် လေဒဏ် ပတ်ဝန်းကျင်ဒဏ် မခံနိုင်ကြလို့ကြွေ လူငယ်လေးတွေဟာ အရာရာကို အလေးအနက်မထားတတ် ပေါ့ပေါ့နေ၊ ပေါ့ပေါ့တွေး။ အိုရခြင်း၊ နာရခြင်းရဲ့ ဒုက္ခကြီးမှုကို လက်တွေ့ရင်မဆိုင်ကြရသေးတာမို့ စိုးရိမ်ကြောက်ရွံ့ ့ခြင်း ကင်းကာ နေ့စဉ် နေထိုင်စားသောက်တဲ့ပုံစံမှာ အဆင်အခြင်ကင်းကြပါတယ်။ အပြင်စာ- လမ်းဘေးအစားအစာ၊ ပြင်ပအစားအစာမှန်သမျှ ကြိုက်တတ်တာလည်း လူငယ်တွေပါ။ အစာလည်း အဆိပ် အဆိပ်လည်းအစာဆိုသလိုဖြစ်နေရတဲ့အရပ်မှာ လမ်းဘေးအစားအစာတွေဟာ ပိုဆိုးရွားတဲ့ရလာဒ်တွေကိုပေးပါတယ်။ လူကြီးတွေအဖို့ကတော့ ပါးစပ်အလိုမလိုက်ခြင်း၊ ပြင်ပအစားအစာကို အိမ်အစားအစာလောက်ခုံမင်မှုမရှိခြင်း တို့က ကျန်းမာရေးအတွက် အားသာချက်(၁)ဖြစ်စေပါတယ်။ ကူးစက်ရောဂါ- လူကြီးတွေအဖို့က နေရာတကာ မဖြစ်မနေသွားလာရမယ့်နေရာလောက်သာ အသွားအလာရှိ၊ မိတ်ဟောင်းဆွေဟောင်း ဆွေမျိုးညှာတကာတို့နဲ့သာ ဆက်ဆံစရာများတာမို့ အများနေတဲ့နေရာ အများသုံးပစ္စည်း အစရှိသည်တို့နှင့် […]


    ယနေ့ခေတ် မြန်မာနိုင်ငံသား အမျိုးသား၁ဝယောက်မှာ ၉ယောက်ခန့်ရဲံ့ ခန္ဓာကိုယ်အရွယ်အစားဟာ အလွန်မှ အားမရစရာလေးတွေ တွေ့တွေ့နေရပါတယ်။နိုင်ငံတကာအားကစားပြိုင်ပွဲတွေမှာ ဝင်ရောက်ယှဉ်ပြိုင်နေတဲ့ အားကစားသမားတွေတောင်မှ တောင့်တောင့်တင်းတင်းသန်သန်မာမာ အရွယ်အစားမရှိတာမို့ သာမာန်အမျိုးသားတွေအနေနဲ့ ပြောဖွယ်ရာမရှိပါ။ ဒါပေမယ့် ယခုနောက်ပိုင်းခေတ်မြန်မာလူငယ်တွေဟာ စာသင်ကျောင်းမှာတည်းကိုက သေးသေးညှက်ညှက်အရွယ်အစားတွေကို ပုံမှန်အရွယ်အစားလို့ခံယူထားကြပြီး အတန်းထဲမှာ အရပ်အမောင်းကောင်းတဲ့လူပါလာပြီဆို လောရှည် လောရှည်နဲ့စနောက်ကြတဲ့အစဉ်အလာတောင် ဖြစ်နေကြပါပြီ။ မိန်းကလေးတွေထဲမှာဆိုလည်း ကျွန်မတို့လို သာမာန်အမျိုးသမီးတစ်ယောက်ရှိသင့်တဲ့အရပ်အမောင်းရှိတဲ့လူတောင် အတန်းထဲမှာ အရပ်ရှည်ထွက်နေမှာစိုးလို့ ဒူးကွေးထားရလောက်အောင် ရှက်စရာတစ်ခုဟု ခံယူလာခဲ့မိတာအမှန်ပါ။ လူငယ်လေးတွေစိတ်မှာ ဘာလို့ရှက်စရာတစ်ခုလိုလှောင်ပြောင်ကြလဲ၊ဘာလို့ ရှက်စရာတစ်ခုဟုခံယူကြလဲဆိုရင် မြန်မာလူငယ်တွေအများစုဟာ သေးသည်ထက်သေးငယ်လာကြတဲ့အတွက် အများဖြစ်နေတာကိုပဲပုံမှန်လို့လက်ခံကုန်ကြလို့ပါပဲ။   အရင်းကိုစစ်ရရင် အစိုးရမကောင်းခဲ့လို့၊တိုင်းပြည်ဆင်းရဲမွဲတေလို့ ဆိုတဲ့ခေါင်းစဉ်အောက်ပဲပြန်ရောက်ရမှာပါ။ မှားယွင်းမှုပေါင်းများစွာနဲ့ပညာရေးယန္တရားကြီးဟာ လူငယ်တွေကို တုံးအ ညံ့ဖျင်းစေရုံမက ဖွံ့ဖြိုးကြီးထွားမှုကိုပါဖိနှိပ်ပစ်ခဲ့ပါတယ်။   အစိုးရစာသင်ကျောင်းတွေမှာ အားကစားကိုလောက်လောက်လားလားအားပေးမှုမရှိခဲ့ခြင်း၊ကစားရန်နေရာလုံလုံလောက်လောက်မရှိခြင်း၊ ကာယအချိန်တွေမှာ ခြေမြှောက်၊လက်မြှောက်၊အမှိုက်ကောက်လောက်သာ အဖြစ်သဘောလုပ်ဆောင်စေခြင်း […]


မြန်မာပြည်မှာ ကျေးလက်နဲ့မြို့ပြရှိလူတွေရဲ့ ပညာရေးကအစပြုလို့ အတွေးအခေါ်၊အသိအမြင်၊ဗဟုသုတတွေဟာ ကွာခြားချက်အရမ်းကိုမြင့်မားလှပါတယ်။ အဓိကတရားခံကတော့ ဆင်းရဲကြလို့ပါ။ဆင်းရဲခြင်းရဲ့နောက်မှာ ထမင်းစားဖို့အရေးထက် ဘာကိုမှပိုအရေး မပေးနိုင်ကြတာပါပဲ။ ၅နှစ်၊၆နှစ်အရွယ် အိမ်မှာထိန်းကျောင်းရလည်းသက်သာအောင် ကျောင်းကိုစပို့လိုက်ကြပေမယ့် ၈နှစ်ကျော် ၉နှစ်လောက်ကစလို့ ပိုက်ဆံရမယ့်အလုပ်တစ်ခုခုမှာကူစေချင်နေပြီ။ဒီလိုမှမဟုတ်ရင်တောင် အိမ်အလုပ်တွေမှာအားတစ်ခုအနေနဲ့ထည့်သွင်းအသုံးချဖို့တွေးလာပြီ။၁ဝနှစ်လောက်ကျော်ပြီဆိုတာနဲ့ ကလေးတွေကိုယ်တိုင်ပိုက်ဆံရှာပေးနိုင်မယ့်နေရာတစ်ခုခုကိုပို့ချင်လာကြပြီ။ပညာရေးဟာ ဝါဝါဝင်းဝင်းအရောင်တင်ထားတဲ့ ၁၃ပဲရည်ရွှေတိုရွှေစလေးတွေလောက်မက်စရာလို့မထင်နိုင်ကြဘူး။တရုတ် ဆိုင်ကယ်ကနေ ယိုးဒယားဆိုင်ကယ်ပြောင်းစီးနိုင်တာမှဘဝလို့ထင်နေကြရှာတယ်။ နောက်တစ်ချက် ကျေးလက်နေကလေးတွေဟာ ရှိရင်းစွဲမှတ်ဉာဏ်အားကြောင့် စာတွေမှာထက်မြတ်ထူးချွန် ရင်ထူးချွန်လာမယ် မြို့နေကလေးတွေအခြေခံကိုမမှီကြဘူး။ အခြေခံကတော့ နည်းပေးလမ်းညွှန်နိုင်မှုကွာခြားချက်ကြောင့်ပါပဲ။သင်ကြားပုံနည်းစနစ်မကောင်းတာရယ် ဆရာ၊ဆရာမတွေရဲ့ တတ်ကျွမ်းမှုအခြေခံမတူညီကြတာရယ်တွေကြောင့်ပါ။ တတ်ကျွမ်းမှုအခြေခံဆိုတာကလည်း မြို့မှာပညာသင်ကြားပြီး ဆရာဖြစ်လာသူတွေဟာ ကျောင်းပညာကစေ့စေ့ငှငှနားလည်မှုကိုမပေးစွမ်းနိုင်တောင် အပြင်ကျူရှင်ကောင်းကောင်းတွေ ကြောင့်အားသာအောင်ထောက်ပံ့ပေးနိုင်ပါတယ်။မြို့ကဆရာမတွေဟာကျေးလက်ကျောင်းလေးတွေမဆင်းချင် ကြပါဘူး။မဖြစ်မနေသွားရရင်တောင် မြို့ပေါ်ပြန်ရောက်အောင်ကြိုးစားယူတတ်ကြတယ်။ ဒီတော့ ကျေးလက်ကျောင်းလေးတွေရဲ့အမာခံဆရာတွေဟာ ရွာခံဆရာ၊ဆရာမတွေပဲဖြစ်နေတတ်တယ်။ သင်ကြားရည်မဝသေးတဲ့၊ကိုယ်တိုင်သိမြင်တတ်ကျွမ်းမှုအားနည်းသေးတဲ့၊ အဝေး့သင်လေးပြီးလို့ လူရိုသေရှင်ရိုသေအလုပ်ကလေးတစ်ခုရရင်တော်ပြီဆိုတဲ့ ဆရာ၊ဆရာမလေးတွေနဲ့သာနှစ်ပါး သွားရပါတော့တယ်။ မြန်မာပြည်မှာ ထူးချွန်ထက်မြတ်တယ်လို့သတ်မှတ်ခံရတဲ့လူတန်းစားဟာ ကျောင်းဆရာအလုပ်ကို လုပ်ဖို့စိတ်မကူးကြပါ။ မိဘကလည်း ငါ့သားသမီးကြီးလာရင်ထူးချွန်တဲ့ကျောင်းဆရာ၊ဆရာမဖြစ်ရမယ် ဆိုပြီးရည်မှန်းတာမျိုးတွေမရှိသလောက်ရှားလှပါတယ်။ဆယ်တန်းပွတ်ကာသီကာလေးအောင်ပြီး […]


ဦးေက်ာက္ခဲFebruary 23, 20171min47114
ဖွဘုတ်မှာ ရေကျော်မောင်အေးကဖီးက စမူဆာအကြောင်းပြောရင်းနဲ့ “မိကျော်” ကို သွားသတိရမိတယ်…   ဒီလိုခင်ည … မောင်ကျောက် တက္ကသိုလ်ကျောင်းသားဘဝကို ပြန်စဉ်းစားမိရင် အတော် တုန်လှုပ်မိပါတယ် ။ ဖြတ်သန်းခဲ့ရတာ တကယ့် “ခရောင်းလမ်း” မို့ပါ ။ မိဘအိမ်ပေါ်က ကန်ချခံထားရချိန်မို့ ကိုယ့်ဝမ်းကိုယ်ကျောင်း ၊ အဆောင်လခ ၊ ကျောင်းလခ ကိုယ့်ဟာကိုယ်ရှာပြီး ဘူမိဘွဲ့ကို ရအောင်ယူခဲ့ရတာပါ ။ အဲသည့်ခေတ် အစိုးရ အဆောင်လခ ၄၄၀-ကျပ် ၊ ကျောင်းလခ ၇၅-ကျပ် … အဲသည့်တော့ လဘက်ရည်ဖိုးနဲ့ဘာနဲ့ စားရိတ်ရအောင် ကျောင်းဆင်းချိန်မှာ အလုပ် လုပ်ရပါတယ် ။ မီးကြိုးရိုက် ၊ အောက်ဆိုက်ကားမောင်း ၊ ခရီးဝေး ဘုရားဖူးကားမောင်း ၊ ကားရေဆေး ပေါ်လစ်တိုက် […]