ခုတလော art တို့ craft တို့ကိုအရမ်းစိတ်ဝင်စားနေတော့ အချိန်ရှိတိုင်း craft blog တွေဖတ်ဖြစ်ပါတယ် ။ မီးခြစ်ဆံဗူးသာသာအခန်းလေးကို စိတ်တိုင်းကျပြင်ချင်ပေမယ့် အချိန်မရတော့ ရတဲ့အချိန်လေးမှာ craft ဆိုင်လေးတွေကိုငေးဖြစ်ပါတယ်။ craft ပစ္စည်းတွေက ဈေးအရမ်းကြီးတော့ ငွေပိုအကုန်မခံချင်တာနဲ့မဝယ်ဖြစ်ပါဘူး ။ ဒီရက်ပိုင်းမှာ ကျမအတောင့်တဆုံးအရာက ဖယောင်းတိုင် ။ ရောင်စုံ ဖယောင်းတိုင်တွေဝယ်ပြီးထွန်းချင်တာပါ ။ ဧည့်ခန်းထဲမှာ ထိုင်နေတုန်း ဖယောင်းတိုင်လေးထွန်းပြီးနေချင်တယ် ။ အိပ်ခန်းထဲမှာလည်း အဲကွန်းမဖွင့်ခင် ဖယောင်းတိုင်လေးထွန်းပြီး အလှအပကိုခံစားချင်တာပါ ။ ခက်တာပါ ကျမနေတဲ့အိမ်နားက ဈေးမှာ ရောင်စုံဖယောင်းတိုင်တွေကမရှိ ။ သာမန်ဖယောင်းတိုင်ရယ် တရုတ်ဘုရားမှာထွန်းတဲ့ အနီရောင်ဖယောင်းတိုင်ရယ်ပဲရှိတာပါ ။ ကျမလိုချင်တာက scented candle လို့ခေါ်တဲ့ အမွှေးနံ့ပါတဲ့ဖယောင်းတိုင် ။ ဒီတော့ လိုချင်တာ တစ်ပတ် ၊ နှစ်ပတ်ကျော်သွားတဲ့ ကျမလိုတဲ့ ဖယောင်းတိုင်က ရှာမရပါဘူး ။ တစ်နေ့က […]