(၄) တစ်ရက်တွင်တော့ ကိုခန့်က ဖုန်းဆက်လာခဲ့သည်။ “မွန်မွန်.. မနက်ဖြန် အမေလာမှာ.. နင်နဲ့မိတ်ဆက်ပေးချင်လို့..” “အာ… နင်ကလည်း… ကိုယ့်ဘာသာပဲ တွေ့ပါ.. ငါ မလာချင်ပါဘူး..” “မဟုတ်ပါဘူးဟာ.. ငါက နင့်အကြောင်းတွေ အမေ့ကို ပြောပြထားတယ်ဟ… အရမ်းခင်ဖို့ကောင်းတယ်လို့လည်း ပြောထားတယ်… အမေကလည်း နင်နဲ့တွေ့ချင်တယ်တဲ့..” “ဘုရားရေ.. နင်ရိုးရိုးသားသားတော့ ဟုတ်ပါတယ်နော်.. တော်ကြာ သူ့ချွေးမလို့ ထင်နေဦးမယ်.. “ “ဟားဟား.. မထင်ပါဘူးဟာ.. ငါ့မှာ ရည်းစားရှိတာ အမေသိပါတယ်.. အဆင်ပြေရင် သူနဲ့ပါတွေ့ပေးမလို့… နင်နဲ့က ရိုးရိုးသူငယ်ချင်းပဲဆိုတာ သိပါတယ်ဟ.. စိတ်မပူနဲ့.. မနက်ဖြန် ကိုးနာရီ နင်လာခဲ့နော်..” “ဟဲ့.. နင်ပြောတော့ ယု ဆို.. အခုတစ်ယောက်ကို နင့်အမေနဲ့တွေ့ပေးမယ်ဆိုတော့ နင်က ဘာလဲဟ..” “ဒီလိုပါပဲဟာ.. ဟိုတစ်ယောက်က အမေလာမယ်ဆိုတာသိတော့ […]