TheWinner GetprizeJune 29, 20141min25411
မပြီးဆုံးနိုင်သော ပုံပြင် တစ်ပုဒ် ကန်စပ်နဘေးက ဒီဆိုင်လေးကို ကျွန်မ မရောက်ဖြစ်ခဲ့တာ နှစ်နှစ်နီးပါးကြာခဲ့ပါပြီ။ ယခင်ကတော့ ဒီဆိုင်ကလေးက Tourist တွေလည်း အစားများပြီး၊ အစားအသောက် ကောင်းလွန်းတာကြောင့် ကျွန်မတို့မိသားစု အပတ်စဉ်လိုလို၊ တခါတရံ တစ်ပတ် နှစ်ရက်လောက်လိုလို ရောက်ဖြစ်ကြပါသည်။ ဒါပေမယ့် နောက်ပိုင်း စင်တင်တေးဂီတနဲ့ တွဲလိုက်တော့ ပိုမိုစည်ကားလာပြီး လူလည်း ပိုများလာတာကြောင့်ရယ်၊ မျက်စေ့နည်းနည်း ရှုပ်လာတာရယ်၊ တချို့တချို့သော မိန်းကလေးတွေနဲ့ အမျိုးသားတွေရဲ့ နေပုံထိုင်ပုံတွေရယ်ဟာ ကျွန်မရဲ့သားအတွက် စပ်စုစရာလေးတွေ ဖြစ်လာတာတွေ ရယ်ကြောင့် ကျွန်မ မရောက်ဖြစ်တော့ပါ။ ဒီနေ့တော့ သူငယ်ချင်းက သူ့ရဲ့ မင်္ဂလာဧည့်ခံပွဲအပြီး အရင်းနှီးဆုံး သူငယ်ချင်းတွေကို ပွဲလေး တစ်ပွဲလုပ်ပေးတော့ ကျွန်မ ဒီဆိုင်လေး ကို ပြန်ရောက်လာမိပါတယ်။ ကျွန်မကိုတွေ့တယ်ဆိုရင်ပဲ ဆိုင်မှ စားပွဲထိုးကောင်လေးတွေက […]


Mee WahJune 28, 20141min24910
သူငယ်ချင်းတစ်ယောက် မိတ်ဆက်ပေးလို့ ဒီ မန်းဒလေး ဂဇက် ကိုဝင်ဖတ်ကြည့်ပီး တစ်ယောက်ရေးထားတာကို ကျန်တဲ့သူတွေ မန့်ကြ ၊ ပြန်ဖြေကြနဲ့ ပျော်ဖို့ကောင်းသလို တချို့ပို့စ်လေးတွေကလည်း အန်တာတိန်း ဖြစ်လို့သဘောကျနေတာကြာပါပီ..အလုပ်တစ်ဖက်နဲ့မို့မဝင်ဖြစ်ခဲ့ပါ။ဒီဇွန်လမှပဲ ဝင်ဖြစ်ခဲ့ပါတယ်….စာရေးဆရာ၊ကဗျာဆရာ မဟုတ်ပါ…ပို့စ်တင်၊မန့်ကြ၊အဲဒါလေးကိုပျော်တာနဲ့ စည်းကမ်းချက်လေးတွေဖတ်ပြီး မတက် တတက် နဲ့ မတောက် တခေါက်လေး ဝင်ရေးမယ်ပေါ့..ဒါပေမယ့် မရဲတာနဲ့ ဒီမန်းတလေး ဂဇက် မှာရှိတဲ့ ရွာသူ၊ရွာသားတွေနဲ့ ခင်မင်အောင်ဆိုပီး အရင် လူလက်ခံလောက်မယ့်ပို့စ်လေးတွေကို အရင်တင်ကြည့်တာပါ…ကိုယ်ပိုင် ရေးထားတဲ့ ကဗျာ၊စာလေးတွေတော့ ပီးမှပဲ တင်မယ်လေဆိုပီး အရင်ရင်းနှီးအောင်လုပ်တာပါ…ဒါပေမဲ့လည်း ဆရာ့ဆရာမဂျီးများ တချို့ တချို့ပေါ့လေ အသစ်လေးတွေကို လက်တွဲမခေါ်ပဲ အကောင့်သစ်တွေနဲ့$ဖောင်းထုပါတယ်…ပို့စ်တွေ လိုက်ဖတ်ကြည့်တော့ ဘယ်သူ၊ဘယ်သူဆိုတာ ရိပ်မိသလိုလိုပါပဲ…:) လယ်တီဆရာတော်ဘုရားကြီးရဲ့ ကဗျာလေးကောင်းလို့ ဖတ်စေချင်တဲ့စေတနာပါရှင့်….ပိုက်ဆံ 200 ကြောင့်မဟုတ်ပါ….အဲဒီနေ့က အလုပ်မှာ အဆင်မပြေမှုလေးတွေ ရှိလို့ […]


kotun winlattJune 27, 20142min1787
ပြာလဲ့လဲ့ ကောင်းကင် ဖြူလွှလွှတိမ်တိုက် စိမ်းလန်းတဲ့ တောတန်း ရွှေရောင်တောက်နေတဲ့ လယ်ကွင်း မော်လူးကို စာပေဟောပြောဖို့ ရောက်လာကြတဲ့ ဆရာ/ဆရာမတွေနဲ့ အမှတ်တရ မင်္ဂလာပါ ရွာသူ/သားအပေါင်းတို့ ခင်ဗျာ… ရွာထဲကို ပြန်ရောက်လာပါပြီ… မျက်စိလည် လမ်းမှားပြီး ရောက်လာပါတယ်… ပြန်လာပါပြီ… စသဖြင့်…စသဖြင့်… အကြောင်းအမျိုးမျိုးပြပြီး.. ရွာထဲရောက်လာလိုက် တော်ကြာ ပြန်ပျောက်သွားလိုက်နဲ့ ဖြစ်နေတဲ့ ကျနော် အခုရက်ပိုင်းတွေမှာ ရွာထဲကို ဝင်ဖို့ ကြိုးစားပေမယ့် အဆင်မပြေတဲ့ ကွန်နက်ရှင်ကြောင့် ဘာလုပ်လို့ လုပ်ရမှန်းမသိ ဖြစ်ပြီး…ဟိုလူ့ အကူအညီတောင်း..ဒီလူ့အကူအညီတောင်းနဲ့ လုပ်ရတော့တာပါပဲ…..။ ဒီလိုနဲ့ အလင်းဆက်က ကူညီပေးပါမယ်ဆိုပြီး ပြောလာလို့ မေလ်းကနေ စာတွေ ပုံတွေ ပို့ပေးမယ်ပြောပြီး မပို့ဖြစ်ခဲ့ပြန်ပါဘူး။ ကျနော်ဟာ တော်တော်ကို အလုပ်ရှုပ်နေတာပါလားလို့လည်း တွေးမိပါတယ်။ အိမ်က လူတွေကတော့ အိမ်ကစီးပွားရေးကို […]


politicalviewJune 24, 20141min850
ဒီကောင်တွေဖုန်းတွေပါပါတယ်။ ဖြစ်နိုင်ရင်အားလုံးဖုန်းနဲ ့ဒီကောင်တွေလုပ်ရပ်တွေကို တားစီး စေချင်တယ်။ အားလုံးဆက်မယ်ဆိုရင် ဒီကောင်တွေ လန် ့လောက်မယ်။ ပြည်သူအားနဲ ့ဝိုင်းဝန်းတားစီးကျပါစို ့။ စစ်မှန်တဲ့ ၉၆၉ တွေ အကြောင်းတွေ ဖြစ်စေ ဖုန်းနံပါတ်တွေ ရခဲ့ရင် ဖြစ်စေ ထပ်တင်ပေးပါ့မယ်ခင်ဗျာ။ အခု ဒီဖုန်းတွေနဲ ့နှောင့်ယှက်ခံနေရတဲ့သူတွေ ရှိနေပါတယ်။ ပြည့်ဖြိုးသူ ၏ ဖုန်းနံပါတ်မှာ 09422560815 လရောင်မိုး 09 31270100 ဝက်ချီးစားကုလား ဆိုသူကတော့ – 09 423714987 ဖေ့ဘွတ် (https://www.facebook.com/profile.php?id=100007903062173&fref=ts) အဲဒီအကောင့်နဲ ့လှုပ်ရှားနေပါတယ် အဲဒီကောင်က။


moonpoemJune 21, 20141min25611
အဆိုတော် မိစန္ဒီ၏ ရေခဲရိုက်အပြုံးသီချင်းကို ရေခဲချောင်းစက်ရုံတွင် MTV ရိုက်မည် ပြုစဉ် မီးပျက်သွားသဖြင့်ရေခဲမရိုက်နိုင်တော့ဘဲအရည်ပျော်သွားကြောင်း သိရပါတယ်။ ထို ့အတွက် ရိုက်ကွင်းမန်နေဂျာမှရေခဲရိုက်အပြုံး သီချင်းအစား ရေခဲချောင်းများအရည်ပျော်နေသောအပုံပေါ်တွင် မိစန္ဒီအားထိုင်ခိုင်းစေကာ ဇော်ဝင်းထွဋ်၏အရည်တွေ ပျော်ကုန်ပြီ သီချင်းဖြင့် အစားထိုး ရိုက်ကူးလိုက်ရကြောင်း သတင်းရရှိထားပါတယ်။ ထို ့နောက် ခိုင်ထူး၏ အားလုံးကို ကျော်ဖြတ်ရမယ် သီချင်းရိုက်ကွင်းတည်နေရာအဖြစ် ရွေးချယ်ထားသည့် ရန်ကုန်၊မော်လမြိုင် အဝေးပြေးလမ်းသည်လည်း တိုးဂိတ်များပြီး ပိုက်ဆံပေးရလွန်းသောကြောင့် ရိုက်ကွင်းမန်နေဂျာအနေဖြင့် အားလုံးကို မပြောနှင့် တိုးဂိတ်ကိုပင် မကျော်ဖြတ်နိုင်ကြောင်း သိရပါတယ်။ ဒီအတွက်လည်း အားလုံးကို ကျော်ဖြတ်ရမယ်သီချင်း အစား အဆိုတော်ခိုင်ထူးမှ တိုးဂိတ်တစ်ခုတွင် ငွေချေနေပုံကို ရိုက်ကူးကာ အဆိုတော်ကော်နီ၏ ရော့ယူလိုက် သီချင်းဖြင့် အစားထိုးရိုက်ကူးသွားကြောင်းလည်း ထပ်မံ သတင်းရရှိထားပါတယ်။ နောက်ဆုံးရ သတင်းတစ်ရပ်အနေဖြင့် အကယ်ဒမီရ […]


naywoon niJune 21, 20141min1674
ပညာ​ရေး လို့ ​ပြောလိုက်​တာနဲ့ ​နေဝန်​းနီ မျက်​​စေ့ထဲမှာ တန်​းကနဲ မြင်​လိုက်​တာက ပတ်​ဝန်​းကျင်​မှာ ​တွေ့​နေကျ ​ကျောင်​းဝတ်​စုံ ခပ်​နွမ်​းနွမ်​းနဲ့ ​လွယ်​အိတ်​ပြဲ​လောက်​​အောင်​ စာအုပ်​​တွေ ထည်​့ကာ ခပ်​​လေး​လေး လမ်​း​လျှောက်ပြီး ​ကျောင်​းသွား ​ကျောင်​းပြန်​ လုပ်​​နေကြတဲ့ က​လေး​တွေပါပဲ ။ စက်​ဘီး​လေးမှ မစီးနိုင်​ ၊ ဝန်​ထုတ်​ တစ်​နင်​့တစ်​ပိုးလွယ်​ပြီး ​ခြေလှမ်​း​တောင်​ မြန်​မြန်​မ​လျှောက်​နိုင်​တဲ့ က​လေး​တွေ ကြည်​့ရတာ မျက်​နှာ​လေး​တွေ သုန်​မှုန်​​နေတာက များပါတယ်​ ။ ​နောက်​ဆက်​လက်​ပြီး အ​တွေးထဲဝင်​လာတာက ကျူရှင်​ ဆိုင်​းဘုတ်​​တွေနဲ့ ​ဘော်​ဒါ​ဆောင်​ ​ကျော်​ညာ​တွေပါ ။ က​လေး​တွေ ပညာ​ရေးနဲ့ ပတ်​သက်​လို့ စကားစပ်​မိရင်​ ဘယ်​နှစ်​တန်​း​ရောက်​ပြီလဲ လို့ ​မေးပြီးတာနဲ့ တစ်​ပြိုင်​နက်​ သူ့အတန်​းပိုင်​ ဆီမှာ ကျူရှင်​ထားသလား ဆိုတာက ဒုတိယ ​မေးခွန်​း […]


နေရာပေါင်းများစွာ ထိုင်ခဲ့ဖူးပါသည်။ နေရာပေါင်းများစွာလည်း ရွှေ့ခဲ့ဖူးပါသည်။ တစ်ခါတစ်ရံ ထိုနေရာများကိုလည်း တမ်းတမ်းတတ လွမ်းဆွတ်ခဲ့ဖူးပါသည်။ ထိုကဲ့သို့ လွမ်းဆွတ်သတိရမိလေတိုင်း ထိုင်ခဲ့ဖူးသော နေရာလေးများ၏ အငွေ့အသက်သည် ချက်ချင်း ပြန်လည် အသက်ဝင်လာသည်ဟု ထင်မှတ်မှားသည့်အချိန်တွေလည်း ရှိနေပါသည်။ ထိုသည်က အိပ်မက်သာသာ ဖြစ်နေခြင်းကိုမူ ကျွန်တော်မေ့လျော့နေခဲ့မိပါ၏။ ***** အရှေ့သို့ခြေတစ်လှမ်းချင်းဆီလှမ်းပြီးတိုင်း အနောက်သို့လှည့်ကြည့်မိတတ်သည့်အကျင့်သည် ငယ်ငယ်ကတည်းက ကျွန်တော့်ထံတွင် အကျင့်ပါခဲ့ဟန်တူပါသည်။ ငယ်ရွယ်စဉ် မူလတန်းကျောင်းသားဘဝမှစ၍ အထက်တန်းအောင် တက္ကသိုလ်တက်သည်အထိ ရှေ့ဆုံးတန်းစာသင်ခုံတွင်ထိုင်ပြီး နောက်သို့လှည့်ကြည့်ရြုခင်းကိုလည်း ကျွန်တော် ဝါသနာထုံခဲ့၏။ အရှေ့တန်းမှ မြင်ရသော နောက်တန်းထိုင် ကျောင်းနေဖက်သူငယ်ချင်းများ၏ မျက်နာအားလုံးကို မြင်ရခြင်းကြောင့်လော၊ သို့မဟုတ်၊ ကျွန်တော်ကိုယ်တိုင် ရှေ့ဆုံးတန်းတွင် ထိုင်ရခြင်းကို ဂုဏ်ယူမိ၍လော ဟူသည်ကို မသိခဲ့ပေ။ ထိုစဉ်ကတည်းက ရှေ့ဆုံးဟူသော ခုံတစ်လုံး၏ နေရာတွင် ထိုင်ရခြင်းကို ကျေနပ်နေခဲ့ခြင်းသည် […]


moonpoemJune 17, 20141min23413
လကမာ္ဘသို ့သွားရန် မွန်းပိုအမ်တို ့သူငယ်ချင်းများ ကြိုးစားပြီး ငွေရှာနေကြသည်။မိဘများ ပိုက်ဆံအိတ်ထဲတွင် လည်းကောင်း၊ ဦးလေးများ ပိုက်ဆံအိတ်ထဲတွင်လည်းကောင်း ကြိုးစားပမ်းစား ရှာဖွေခြင်း ဖြစ်ပြီး အိမ်တိုင်းတွင် အပေါဆုံးက ပိုက်ဆံဖြစ်လေရာ တစ်ပတ်အတွင်းတွင်ပင် လကမ္ဘာသွားရန် ငွေပြည့်ပြီ ဖြစ်လေသည်။ လကမ ္ဘာတွင် နေထိုင်စဉ် လိုအပ်မည့် ပစ္စည်းတစ်ခုသာ ယူခွင့်ပြုလေရာ သူငယ်ချင်းတစ်ယောက်က နေ ့တိုင်း ဖေ့ဘွတ်တွင်ဓာတ်ပုံရိုက်ပြီး တင်နိုင်ရန် လေထဲတွင်ဝဲပျံနိုင်သည့် ကင်မရာ၊ နောက်တစ်ယောက်က လကမ္ဘာရှိ ဂြိုလ်အစားအစာများကို မကြိုက်ပါက အစာပြေစားနိုင်ရန် ပဲကြီးလှော်နှင့် မွန်းပိုအမ်က နေ ့တိုင်း စာရေးနိုင်ရန် ဒေါ်လာ၁.၅ဘီလီယံတန်ဖောင်တိန်တစ်ချောင်းကို ယူသွားကြမည်ဟု ဆုံးဖြတ်ထားကြသည်။ လကမ္ဘာသွားမည့် သတင်းကို သိကြသည့် သူငယ်ချင်းများကလည်း ရေချိုးချိန် ချေးတွန်းရန် ကျောက်ခဲကောက်ခိုင်းသူများ၊ ကျွန်ုပ်အစ်မ အပါအဝင်၊သူငယ်ချင်းအပျိုကြီးများ […]


ဗုံဗုံJune 15, 20141min42931
ပထမည…….. ည နှစ်နှစ်ရီ ထိုးလောက်အချိန်ကြီးပေါ့….. ငိုသံ..တစ်ခုကြားလိုက်ရတယ်.. ကြိတ်ပြီးရှိုက်ငိုနေတဲ့အသံ… ကိုယ်လည်းလန့်သွားတယ်.. လှုပ်လဲမလှုပ်ရဲဘူး.. ငါ အိမ်မက်မက်နေတာလားလို့ ပြန်တွေးတော့ မဟုတ်ဘူး..တစ်ကယ်ကြားရတာ…. အသံက.. .အောက်ထပ်က လာတဲ့အသံ.. အခန်းပြတင်းပေါက်တွေ အကုန်ဖွင့်ထားတာဆိုတော့.. ဘေးက ဗာဒံပင်က လေတိုက်လို့လှုပ်နေတာလည်းမြင်နေရတယ်… ပြတင်းပေါက်ကနေ အောက်ကိုငုံ့ကြည့်လိုက်ရင်တော့ မြင်ရမှာဘဲလို့ တွေးမိတယ်… ဒါပေမယ့် နေရာကနေ တစ်လက်မတောင် မရွှေ့ရဲဘူး..ဝိဉာဉ်တွေ တစ္တေတွေ ပုံတွေကလည်း ဘယ်ကဘယ်လို မျက်လုံးထဲ ပေါ်လာတယ်မသိဘူး.. လူကအလိုလိုနေရင်း ချွေးတွေပျံပြီးမောလာတယ်… ဘေးက အပျိုကြီးကိုနှိုးမှဘဲ ဆိုပြီး လက်နဲ့ လှမ်းဆိတ်လိုက်တော့ သူက နိုးလာပြီး.. “ ဘာဖြစ်တာလဲ ဘာဖြစ်လို့လဲ” “ ငိုသံလေ ကြားရလား ” ”ဘယ်မှာလဲ” ဆိုပြီး သူကမီးထဖွင့် လိုက်တော့.. အသံက တိတ်သွားတယ်… […]


sorrowJune 11, 20141min25510
ကြယ်တွေအကြောင်းပြောရအောင်… ဖြူဖွေးလေးရေ … တကယ်တမ်းက .. ကျုပ်ကြီးက မင်းလေးရဲ့ ကောင်းကင်အမိုးအောက်မှာ … ကိုယ့်ကိုကိုယ်… ကျပျောက်ခဲ့တဲ့ ကြယ်ပါ… မင်းရဲ့တစ်လောကလုံးမှောင်ပါစေ.. မင်းဘက်မှာမတ်မတ်ရပ်ပြီး… ကိုယ်ကိုကိုယ်လောင်ကျွမ်းပြီး …အစွမ်းကုန်တဖျပ်ဖျပ်လက်ပေးမယ် ငါကြီးက မင်းလေးရဲ့ မိုက်ရူးရဲကြယ်…. မင်းမှားနေပါစေ .. ကိုးကွယ်မှုဆန်တဲ့ ချစ်ခြင်းတွေနဲ့ .. ငါကောင်းကင်ကို အန်တုမယ် … ကျမ်းစာထဲက ဘေဘီလုံ မိုးပျံရဲတိုက်ကြီးလိုမျိုး …. မျက်နှာမမဲ့လိုက်ပါနဲ့ … ငါ့ရဲ့ကောင်းကင်အမိုးက မင်းရဲ့အပြုံးနဲ့ထောက်ထားတာရယ်… ( မနက်က ငယ်ထိပ်မှာ တောင်ပို့လိုမျိုး ဖုဖု ထွက်လာလို့ …ဆရာဝန်သွားပြတယ်…. ဘာပြောတယ်မှတ်သလဲ ..အဲ့တာအချစ်တဲ့ …ရင်ဘတ်တခုလုံး ပြည့်လာလို့ ငယ်ထိပ်ရောက်လာတယ်ပြောတယ်….ကယ်ပါ…ဖြူဖွေးလေးရေ…)  


marblecommetJune 7, 20141min27712
ကိုယ့်ရေဒါမှာ နန္ဒာဟာ မြောက်ဘက်စူးစူးကနေ ညှို့နေတယ် အလင်းပြန်တဲ့ နိယာမဟာ မင်းနှလုံးသားကို မရိုက်ခတ်ဘူးလားကွယ် ရိုက်ခတ်သမျှ လှိုင်းတိုင်း နန္ဒာ့ဆီကိုပဲ ရောက်တယ် ကျော်ကြားနေတဲ့ ဘာသာစကားဟာလည်း နန္ဒာ ပါပဲ တင်းထားတဲ့ လေးကိုင်းရဲ့ အားမာန်လို နှုတ်ခမ်းလေးကို ဖူး ထားပါ နန္ဒာ နန္ဒာ့ အနမ်းဆီကို ကိုယ် ဖြတ်လမ်းက မလာပါဘူး တိုးတိုးလေး ကြွေသွားတဲ့ သက်ပြင်းကအစ နန္ဒာ့ ဆီက မခွာပါဘူး ထိ၊ သိ၊ သတိလေးမှာ နန္ဒာ့ လှိုင်းတွေပဲ မိနေတယ် အရေးပေါ် အကြောင်းပြချက်တစ်ခု မြန်မြန်ထုတ်ပြန်ပါတော့ နန္ဒာ D Day ရဲ့ နော်မန်ဒီမှာ နန္ဒာ့ ဆံပင်လေးဖြစ်ဖြစ် ဟူးကောင်းလီဒိုလမ်းမကြီးမှာ နန္ဒာ့ နားသယ်စက သနပ်ခါးမှုန်လေး ဖြစ်ဖြစ် […]


  ကျွန်မရဲ့ ဆယ်တန်းဘဝ (သို့မဟုတ်) ဘဝတစ်ဆစ်ချိုး ဖြတ်သန်းမှု – ၁ ကျွန်မရဲ့ ဆယ်တန်းဘဝ (သို့မဟုတ်) ဘဝတစ်ဆစ်ချိုး ဖြတ်သန်းမှု   ကျွန်မရဲ့ ဆယ်တန်းဘဝ (သို့မဟုတ်) ဘဝတစ်ဆစ်ချိုး ဖြတ်သန်းမှု – ၂ ကျွန်မရဲ့ ဆယ်တန်းဘဝ (သို့မဟုတ်) ဘဝတစ်ဆစ်ချိုး ဖြတ်သန်းမှု – ၂   ကျွန်မရဲ့ ဆယ်တန်းဘဝ (သို့မဟုတ်) ဘဝတစ်ဆစ်ချိုး ဖြတ်သန်းမှု – ၃ ကျွန်မရဲ့ ဆယ်တန်းဘဝ (သို့မဟုတ်) ဘဝတစ်ဆစ်ချိုး ဖြတ်သန်းမှု – ၃   ကျွန်မရဲ့ ဆယ်တန်းဘဝ (သို့မဟုတ်) ဘဝတစ်ဆစ်ချိုး ဖြတ်သန်းမှု – ၄ ကျွန်မရဲ့ ဆယ်တန်းဘဝ (သို့မဟုတ်) ဘဝတစ်ဆစ်ချိုး […]


ကျွန်မရဲ့ ဆယ်တန်းဘဝ (သို့မဟုတ်) ဘဝတစ်ဆစ်ချိုး ဖြတ်သန်းမှု – ၁ ကျွန်မရဲ့ ဆယ်တန်းဘဝ (သို့မဟုတ်) ဘဝတစ်ဆစ်ချိုး ဖြတ်သန်းမှု   ကျွန်မရဲ့ ဆယ်တန်းဘဝ (သို့မဟုတ်) ဘဝတစ်ဆစ်ချိုး ဖြတ်သန်းမှု – ၂ ကျွန်မရဲ့ ဆယ်တန်းဘဝ (သို့မဟုတ်) ဘဝတစ်ဆစ်ချိုး ဖြတ်သန်းမှု – ၂   ကျွန်မရဲ့ ဆယ်တန်းဘဝ (သို့မဟုတ်) ဘဝတစ်ဆစ်ချိုး ဖြတ်သန်းမှု – ၃ ကျွန်မရဲ့ ဆယ်တန်းဘဝ (သို့မဟုတ်) ဘဝတစ်ဆစ်ချိုး ဖြတ်သန်းမှု – ၃   ကျွန်မရဲ့ ဆယ်တန်းဘဝ (သို့မဟုတ်) ဘဝတစ်ဆစ်ချိုး ဖြတ်သန်းမှု – ၄ ကျွန်မရဲ့ ဆယ်တန်းဘဝ (သို့မဟုတ်) ဘဝတစ်ဆစ်ချိုး ဖြတ်သန်းမှု […]