naywoon niMay 19, 20141min24612
ကိုခိုင်​ကပါ စိတ်ဝင်​စားတယ်​ဆို​တော့ မြန်​မာပြည်​မှာ ​ကော်​ပီရိုက်​ ရှိတယ်​ / မရှိဘူး အထင်​အရှား ပြဆိုမရ​ပေမဲ့ လွန်​ခဲ့တဲ့ နှစ်​သုံးဆယ်​ ​လောက်​က စာ​ပေသမား​တွေ လက်​ခံ လိုက်​နာ​နေတဲ့ စည်​းကမ်​း​တော့ ရှိတယ်​ဗ​ျ ။ ​ကော်​မန်​့ တစ်​ခုမှာ ထည်​့​ရေးပြီးလို့ ဖြုတ်​ချထားခဲ တာ ပြန်​​ပြောဦးမယ်​ ။ အဲ့ဒိအချိန်​​လောက်​က ကိုခိုင်​ မြန်​မာပြည်​မှာရှိဦးမလား ??? ဒဂုန်​တာရာရဲ့ ​လေနု​အေးက ​နော့ဆဲကို ဆိုတဲ့စကား ။ ကဗျာမှာသုံးခဲ့တာ​တောင်​မဟုတ်​ဖူး ။ ” ​မေ” ဆိုတဲ့ ဝတ္ထုမှာ သုံးခဲ့တာ ။ ​နောက်​ပိုင်​း မင်​းသား ရန်​​အောင်​က ” ​လေနု​အေး” ဆိုတဲ့ နာမယ်​နဲ့ စီးရီး တစ်​​ခွေ ထွက်​​တော့ ဒဂုန်​တာရာ ရဲ့ ဘက်​​တော်​သား​တွေ […]


`ကထူးဆန်းနဲ့ထူးဆန်းတဲ့တွေ့ဆုံမှု´ ဒီနေ့ lu lu ရဲ့ “ဘာထူးဆန်းလို့လဲ´´ ဆိုတဲ့ပို့စ်မှာ ကထူးဆန်း ပျောက်နေတယ်လို့မန့်ထားတာ့တွေ့ လိုက်မှ ကထူးဆန်းနဲ့ကျွန်မချစ်သူ ထူးဆန်းစွာ အွန်လိုင်းမှာဆုံစည်းခဲ့ဖူးတာလေးကိုသတိယသွားတယ်။ ကထူးဆန်း နဲ့ ကိုပေတို့ဟာ ကျွန်မရဲ့ရွာအဝင် မှာ လှိုက်လှဲအားပေးခဲ့ကြသူတွေမို့ဘယ်တော့မှ မမေ့ပါ။ သူတို့ကမေ့သွားလောက်ရင်တောင် ကျွန်မကမေ့မည်မဟုတ်။ ကျွန်မရွာထဲတရားဝင်မရောက်ခင် တစ်နှစ်လောက်က ကျွန်မချစ်ချစ်ဟာ ကိုထူးဆန်းဆိုတဲ့လူတစ်ယောက်နဲ့ ဂျီတော့မှာ စကားစမြည်ကြာကြာပြောဖူးကြောင်း အစိုးရအလုပ်လုပ်နေနိုင်တာ လေးစားပါကြောင်း သူကတော့ပြည်ပမှာလုပ်နေတာဖြစ်ကြောင်း တွေပြောဖြစ်ကြသတဲ့။ အွန်လိုင်းပြတိုက်က ကိုထူးဆန်းဖြစ်တဲ့အတွက် ရွာက ကထူးဆန်းဟုတ်မဟုတ်ကျွန်မမသိပါ။ ဒါပေမယ့် အွန်လိုင်းမှာ ပုံစံတစ်မျိုးစီ အဖွဲ့တစ်ခုစီနဲ့သုံးနေတဲ ့ကျွန်မတို့နှစ်ယောက်လုံး ထူးဆန်းသောလူတစ်ဦးနှင့် တစ်နေရာစီမှာ ဆုံဆည်းမိကြောင်းလေးကို ထူးဆန်းစွာရေးချင်လာတာကြောင့် နုတ်ပက်ထဲတင်ရေးပြီးဖုန်းနဲ့ပင်တင်လိုက်မိပါတယ်။ စာစဉ်မပြေပြစ်က ဖုန်းအပြစ်ပါရှင်။့


naywoon niMay 16, 20141min81837
မန်​းဂဇက်​တက်​ကို ​နေဝန်​းနီ စ​ရောက်​တာ ၂၀၀၉ စက်​တင်​ဘာ ဆို​တော့ ​လေးနှစ်​​ကျော်​ ငါးနှစ်​နီးပါး ။ ဒီ ပို့စ်​နဲပါဆို ၃၂၂ လား ​ရေးတင်​ခဲ့ဖူးပါတယ်​ ။ ဒီလို ​ရေးတင်​ရာမှာ ကဗျာသမား စာ​ပေသမား ထုံးစံအတိုင်​း ​” စိတ်​ပါမှ ​ရေးမယ်​ ” ဆိုတဲ့ ထုံးနဲ့​ရေးခဲ့တာပါ ။ home page မှာတက်​လာတဲ့ ပို့စ်​တိုင်​းကို စိတ်​လိုလက်​ရ အင်​မတန်​ စိတ်​ဝင်​စားကာမှ ကိုယ်​က ​ကော်​မန်​့ ​ပေးခဲ့သလို ပို့စ်​တစ်​ခု တင်​ပီးတိုင်​း ဂျီ​တော့က​နေ ​ဖေ့စ်​ဘွတ်​က ​နေ ​ကော်​မန်​့ ​တောင်​းခဲ့တာမျိုးလဲ မရှိပါဘူး ။ သူတို့လဲ စိတ်​ဝင်​စားမှ နှစ်​ခြိုက်​မှ ​ကော်​မန်​့​ပေးပါ​စေ​ပေါ့​လေ ။ ဒါ​ပေမဲ့ ဗျ ။ လူဆိုတာက […]


လွန်ခဲ့တဲ့တစ်ပတ်ခန့်က သူငယ်ချင်းတစ်ယောက်ရဲ့အိမ်ကို မနက် ၉နာရီလောက်ကြီး ကျွန်တော်ရောက်သွားတယ်။ သူငယ်ချင်းက ကျွန်တော့်ကိုမြင်မြင်ချင်း “ဟာအတော်ဘဲ ဟေ့ကောင် ငါနဲ့အတူမင်္ဂလာဆောင် တစ်ခုကိုလိုက်ခဲ့စမ်းကွာ“ လို့ပြောတယ်။ အမှန်တော့ အဲဒီ မင်္ဂလာဆောင် ကလည်း ကျွန်တော်နဲ့ ခင်မင်ရင်းနှီးနေတဲ့ သူငယ်ချင်းတစ်ယောက်ရဲ့မင်္ဂလာဆောင်ပါ။ ဖိတ်စာ မရောက်တာတော့ ဘာကြောင့်လဲ မသိဘူးပေါ့ ။ ဒီတော့ “ငါက ဒီအတိုင်းလိုက်ရမှာလားကွ၊ အိမ်ခဏပြန် အဝတ်လဲလိုက်ဦးမယ်“ “လဲမနေနဲ့တော့ကွာ ငါ့အဝတ်အစားပဲမင်းယူဝတ်လိုက်တော့ ငါဝတ်တာ XL မင်းဝတ်တာလည်း XLပဲ၊ လာအခန်းထဲ သွားလဲရအောင်“ဆိုပြီး ခေါ်သွားရာက သူငယ်ချင်းရဲ့ ပွဲတက်ဝတ်စုံအပြည့်နဲ့ မင်္ဂလာဆောင်ကို ထွက်လာခဲ့ကြပါတယ်။ ကျွန်တော့် ကိုယ်ပေါ်က သူငယ်ချင်းရဲ့ ဝတ်စုံကိုဝတ်ရတာဟာ ကိုယ့်ကိုကိုယ် ယုံကြည်မှုမရှိသလို ခံစားနေရတာ လမ်းတစ်လျှောက်လုံးပါ။ ကျွန်တော့် အဝတ်အစားနဲ့ကျွန်တော်ဆို ယုံကြည်မှုအပြည့်နဲ့ ဖြစ်နေမှာလို့လည်း အိမ်ပြန် […]


စားပွဲတွင် ပြန့်ကျဲနေသော အရောင်များကို ကျွန်တော်မြင်သည်။ အဖြူ၊အစိမ်း၊ စိမ်းဖျော့၊ အနီ၊ ခဲပြာ၊ စသဖြင့် အရောင် ငါးမျိုးရှိသည်။ ထိုအရောင်များထဲမှ ကျွန်တော့်ကို ကြိုက်နှစ်သက်ရာတစ်ရောင်ကို ရွေးချယ်ခိုင်းမည်ဆိုလျှင် အကြိုက်နှစ်သက်ဆုံးကို ကျွန်တော် ရွေးချယ်နိုင်မည် မဟုတ်ပါ။ သို့သော် တစ်နေ့တစ်မျိုး သို့မဟုတ် တစ်ပတ်ကို အရောင် တစ်မျိုးမျိုးကိုတော့ ကျွန်တော် ပြောင်းလဲ ရွေးချယ်လေ့ရှိသည်။ ထိုသည်က အရောင်တွေကို ကြိုက်နှစ်သက်၍ မဟုတ်ပါ။ စိတ်၏ အခါအားလျှော်စွာ အာသီသပြင်းပျမှုအပေါ် ကျွန်တော် ရွေးချယ်လိုက်ခြင်း ဖြစ်ပါသည်။ (၁) ရုပ်ဝတ္ထုအစိတ်အပိုင်းတွေကို ပြင်ဆင်နေရာချဖို့ ကျွန်တော် တော်တော်ဝါသနာပါသည်။ ရုတ်တရက် ကျွန်တော့်အခန်းထဲကို ဝင်ကြည့်လိုက်မည်ဆိုလျှင် တစ်ယောက်မဟုတ် တစ်ယောက်ကတော့ ပြောင်းထားပြန်ပြီဟု လွှတ်ခနဲ ပြောမိတတ်ကြသည်။ ကျွန်တော့်အခန်းဖွဲ့စည်းပုံသည် အမြဲတသတ်မှတ်ထဲမရှိ။ ပြီးခဲ့သည့် အပတ်က […]


ムラカミApril 25, 20145min58634
ငါးအကြောင်း ရေးချင်နေတာ … ရေးမယ် ရေးမယ်နဲ့လည်း မရေးဖြစ်တဲ့အကြောင်း ဆိုပါတော့.. ရေးရမယ် ဆိုရင် ကျနော် ငယ်ငယ်ကလည်း ငါးမွေးသလို ..ခုလည်း ပြန်မွေးဖြစ်နေတယ်ဗျ ….. အဲ .. ကျနော် ငါးမွေးတဲ့ကိစ္စ မပြောခင် ခုတလော စိတ်ထဲ ဘဝင်မကျတဲ့ ကိစန လေးတခု ပြောအုံးမှ ဘာရယ်မဟုတ်ပါဘူး ..နှစ်ဆန်း ၁ရက်နေ့ ဇီဝိတဓါန ဆိုပီး ငါးပေါက်ကလေးတွေ ရေကန်တွေထဲ လွှတ်တဲ့ကိစ္စပါ. ..   အဟိ… ကိုယ်လွှတ်တာ ငါးပေါက်ကလေးတွေ … ဟိုကန်ထဲမယ် …ငါးကြီးတွေက တပြွတ်ကြီးရယ်…. ကိုယ်ကတော့ ..လွတ်စေ ဆိုပြီး လုပ်တာပဲ ..(အကောင်ညှက်တော့ ဈေးသက်သာသပေါ့ ..ဘတ်ဂျက်နဲ့ ကောင်ရေ အချိုးချရင် အီကိုနော်မီ ပိုဖြစ်သပေါ့ ..နော့ […]


alinsettApril 20, 20144min46930
  ဒီနှစ် သင်္ကြန်က ဟိုနှစ်သင်္ကြန်နဲ့အတော်လေး ကွဲလွဲခဲ့ပါတယ် ။   ဒီနှစ်ခရီးရက်ရှည် ထွက်ခဲ့မိတာ မှားယွင်းမှုတစ်ခုလား အမှန်တရားတစ်ခုလား ဘာမှန်းကို မရေရာတော့ပါဘူး။   မသေလို့ ပြန်ရေးပြနိုင်တဲ့ ခရီးစဉ်ဆိုတဲ့စကားက အလကားပြောခဲ့တာမဟုတ်ပါဘူး။   တကယ့်ကို သေမယ့်ဘေးနဲ့ သီသီကလေးတွေ ကပ်လွဲပြီးမှ သက်ပြင်းကြီး ဟင်းခနဲ ချရင်း ပြောရတဲ့စကားပါ ။   ဟုတ်ပါတယ်။ ဒီသူရ . . . ဒီခရီးကိုထွက်ခဲ့ပြီး. . . ဒီလိုပြန်ပြောပြနိုင်တာ. . . မသေခဲ့လို့ပါ ။   ဒီလိုပါ. . . . .   _____________   သူရ တည်းတဲ့ စိန္တာရွာ ဆိုတာက […]


မြို့မှာဖြစ်သွားတဲ့ ကိစ္စကြီးက ဟိုးလေးတကျော်ကျော်ဆိုတော့ ခုချိန်မှာ ပါပါရာဇီတွေ ကျွန်တော့်နောက် လိုက်နေကြတာ မဆန်းပါဘူး။ ပြီးတော့ ကျွန်တော်ကိုယ်တိုင်က ဒီနိုင်ငံမှာ နာမည်တစ်ခုအနေနဲ့ကျော်ကြားနေတော့ ခုဖြစ်တဲ့ကိစ္စကို လူတိုင်းသိချင်ကြမှာလည်း သေချာတယ်။ လောလောဆယ်တော့ ကျွန်တော့်အကြောင်း ကောလဟလက ဟိုဂျာနယ်မှာတစ်မျိုး၊ ဒီစာစောင်တစ်မျိုးနဲ့ အခြေအမြစ်မရှိတဲ့သတင်းတွေ အမျိုးမျိုးရေးနေကြတာကိုတွေ့ရတယ်။ ထားပါ။ ဒါကိုတော့ ကျွန်တော်ပြန်ဖြေရှင်းဖို့မရှိဘူး။ မဟုတ်တဲ့ကိစ္စကို အလုပ်ရှုပ်ခံပြီး ဟိုမေးသည်မြန်းနဲ့ဖြေရှင်းဖို့လည်း မလိုဘူးလို့ထင်တယ်လေ။ ဒါပေမယ့် အိမ်ကိုတော့ ဖုန်းတွေတဂွမ်ဂွမ်လာနေကြတယ်။ ကျွန်တော် ဟမ်းဖုန်းနံပါတ်ကိုတောင် ဘယ်ကဘယ်လိုသိကြတယ်မပြောတတ်ဘူး။ ဆက်လာလိုက်ကြတာစုံလို။ ဒါကြောင့် ခုဖုန်းကိုပိတ်ထားလိုက်တယ်။ အိမ်ဖုန်းကိုတော့ ချာတိတ်လေးတစ်ကောင်ကိုပဲကိုင်ခိုင်းပြီး ဘာမေးမေး မသိဘူး၊ ဖြေခွင့်မရှိပါဘူးဆိုတဲ့စကားနဲ့ ဘူးတစ်လုံးခံခိုင်းထားလိုက်တယ်။ ဒီတော့ ပြီးသွားလားဆို မပြီးသေးဘူး။ ဂျာနယ်အစုံစုံက စူပါမင်းသား ကျော်ကျော်လတ်နဲ့ဆက်သွယ်ရာမှာ ဖုန်းပိတ်ထားပါတယ်ဆိုတဲ့အကြောင်းကို သတင်းတစ်ပုဒ်ဖြစ်အောင် ရေးနေကြသေးတာကို အံ့ဩရတယ်။ ဒီတော့ […]


Sine SantApril 18, 20141min27717
ဒီနေ ့ကျောင်းခန်းထဲမှာလက်ဖဝါးနဲ ့ ဝါးခြမ်းပြားမိတ်ဆက်ခဲ့ရတယ်။ ကျောင်းစာကိုကျူရှင် မှာ လေ့ကျင့် ခွင့် မရ ၊ ကျူရှင် ကစာကိုကျောင်းမှာ မ ကြည့်အား ။ကျူရှင် နဲ ့ကျောင်းကြား ညှပ်နေလို ့ကျောင်းသား ဦးနှောက် စားနေရတယ် ။ ကျွန်မတို ့ သူငယ်ချင်းတဖွဲ ့ကျောင်း ရှေ့ကစိန်းပန်းပင် အောက်မှာထိုင် ရင်း မ ကျေနပ်ချက်ကိုယ်စီနဲ ့ဘော်ဒါဆောင် ကလာကြိုမယ့်ကားကို ထိုင် စောင့်နေ ကြတာပါ ။ ကျွန်မတို ့နေတဲ့ကျောင်း က အ.ထ.က (၁၃) ။ကူံးကြီးရှိတဲ့မြို ့။ မန်းမြို ့ကအားလုံးသိတဲ့အတိုင်း ဖုန်ထူထူ ပူအိုက်အိုက် စားစရာလည်း အင် မတန်ပေါတဲ့မြို ့။ အသုပ်စုံ ၊ ကြာ […]


alinsettApril 7, 20141min35739
  _____________   အခုခေတ် သင်္ကြန်ပွဲဆီကို . . . ဒီသိကြားမင်း အနေနဲ့ ဘာကိုမှ. . .စီးပြီးဆင်းမလာချင်တော့ပါဘူး။   ယဉ်ကျေးသိမ်မွေ ့မှုတွေ ပျောက်ဆုံးလာပြီ ဖြစ်တဲ့. . . ဒီခေတ်သင်္ကြန်ပွဲတွေရဲ့ အကြမ်းဆန်မှုကြား. . . သိကြားမင်းလည်း အနားကပ်လာချင်စိတ် မရှိ ။   ပြီးတော့ . . . . အစဉ်အလာ ပျက်စီးယိုယွင်းနေတဲ့ ပွဲတော်ခါးခါးကြီးနဲ့ပက်သက်ပြီး အစဉ်အလာအရ. . .သိကြားမင်းရဲ့ ခွေးသားရေ စာမျက်နှာထက် မှတ်ရမယ့်အရာတွေကလည်း များနေတာမို့ . . .စာမျက်နှာတောင် . . .ဆံ့လိမ့်မယ် မထင်. . .   ဒါကြောင့် […]


“အပြုံး”ဟုတ်သည်။ ဒီအပြုံးတစ်ခုနဲ့ လူ့ရင်ထဲ ရောက်နိုင်လွန်းလှပါဘိ။ သူ့နှုတ်ခမ်းမှာ သူ့ဖာသာ ပြုံးချင်းသက်သက်သာ။ တစ်ခြားသူတစ်ယောက်အဖို့ ရင်ထဲဆွဲသွင်းလိုက်ခြင်းဖြစ်၏။ ထိုအပြုံးတစ်ချက်သည် ကေသရာဇာ တစ်ထောင်အားကို စွမ်းဆောင်နိုင်သော မဟာပုရိသယောကျာ်းကြီးတစ်ယောက်ကို ဒူးထောက်ခစားနိုင်စေလေ၏။ အပြုံးသည် နှုတ်ခမ်းတစ်ချက်ကွေးခြင်းသာတည့်။ ထို့ထက်ဘာမှမထူးဆန်း။ တစ်ကယ့်တစ်ကယ်မှာတော့ အပြုံးတစ်ချက်၏ စွမ်းဆောင်ရည်များသည်ကား ရေးပြမကုန်။ ++++++++++++++++++++++++++++++++++++++++++ အပြုံး(၁) သူ ပြုံးပြလိုက်သည်။ ရင်ထဲ၊ အသည်းထဲမှလာသောအပြုံး၊ ကြည်နူးကျေနပ်သောအပြုံး။အဘယ့်ကြောင့်ဆိုသော် ယနေ့အဖို့ ဖောက်သည်တစ်ယောက် (မြန်မာလိုတွေးလျင် ရိုင်းသောကြောင့်) Customer တစ်ယောက်ရလေပြီ။ သူသည် ထမင်းရှင်ဖြစ်သည်၊ သူသည် သူ့အတွက် အလုပ်ရှင်ဖြစ်သည်၊ သူသည် ကိုရင်စိုင်းတို့ ကုမ္ပဏီအတွက် ကျေးဇူးရှင်ဖြစ်သည်။ သူ့အား ကောင်းမွန်စွာ ဝန်ဆောင်မှုပေးလိုက်ပါ၏။ သူဝယ်သွားသည်မှာကား ၁၂ ကျပ်ဖိုး။ ကိုရင်စိုင်းအတွက်မူ ယောကျာ်းသုံးရေမွှေးတစ်ပုလင်းစာသာဖြစ်၏။ ဘာမှမထူးဆန်း။သို့သော်… ထိုသို့သောသူများကြောင့် တစ်နိုင်ငံလုံး […]


အရှေ့တောင်အာရှအားကစားပွဲကြီးလည်းပြီးပါပြီ ၊ မြန်တျန့်ဘောအသင်းလည်း ဝက်ဝက်ကွဲခဲ့ပါသည် ။ အခု ပြည်သူပြည်သားအားလုံးလည်း သွေးအေးကြပြီဆိုမှ ဦးကျောက်ခဲက ပြန်ပြီးသွေးနွှေးပေးပါရစေ ။ ဟုတ်ကဲ့… ဦးကျောက်ခဲပြောချင်တာကတော့ “ဘော” အကြောင်းပါခင်ဗျာ ။ ဘောဆိုလို့ သည်လူကြီး ညစ်တီးညစ်စုတ်ရေးပြန်ပြီလို့ မယူဆပါနဲ့ ။ ယူဆရင်လည်း ဦးကျောက်ခဲသည် အနာရောဂါကင်းရှင်းကြောင်း ၊ ဘောပြသနာမရှိကြောင်း ၊ “ဘူမိကျောင်းတော်သား” ဆိုတဲ့ပို့စ်မှာ အရှက်တွေလည်းကုန်အောင် ၃၂ကောဋ္ဌာနကို လှစ်ဟလို့ မှတ်ကျောက်တင်ခံခဲ့ပြီးပါပြီ ဆိုတဲ့အကြောင်း မှတ်မိကြမယ်ထင်ပါတယ် ။ အခုဒီပို့စ်ကတော့ မြန်မာနိုင်ငံသားမှန်ရင် အသည်းကွဲခဲ့ကြရဖူးတဲ့ “ဘောလုံး” အကြောင်းပါခင်ဗျာ ။   ဦးကျောက်ခဲတို့ငယ်စဉ်က မဆလ ခေတ် ဆိုတာတောင်မှ (အမှန်က ပြည်တော်သာစီမံကိန်း အကြွင်းအကျန်တွေပါ) ၊ အားကစားနဲ့ပတ်သက်ရင် ရပ်ကွက်တိုင်းလိုလိုမှာ ဘောလုံးကွင်း ၊ […]


kotun winlattMarch 30, 20142min1306
  သူနာပြုဆရာမက ဘာပြောတယ်ထင်လည်း သမီးရဲ့…. အပြင်မှာ ဆေးခန်းထိုင်တဲ့ သားဖွားမီးယပ် အထူးကု ဆရာဝန်မကြီးဆီမှာ သွားပြလိုက်ပါ..သူက ဆေးရုံတက်ခိုင်းရင် လာတက်လိုက်ပါတဲ့..ဒီနေရာက ပြင်ပလူနာဋ္ဌာနဆိုတော့ ကိုယ်ဝန်ဆောင်တွေ အတွက် မပါဘူးဆိုပဲ … အံ့ဩလို့ မကုန်နိုင်အောင်ပါပဲ… ဗိုက်နာတယ်ဆိုရင် ဆေးရုံကို လာခဲ့ပါဆိုလို့  သွားလိုက်တဲ့ လူနာကို အပြင်ဆေးခန်းမှာ ပြန်ပြခိုင်းတယ်ဆိုတော့ စဉ်းစားသာကြည့်ပေတော့ သမီးရေ.. ဖေဖေတို့ကလည်း သမီးလေးအတွက် စိုးရိမ်သောကနဲ့ ပူပန်နေရတဲ့ အချိန်ဆိုတော့ သူနာပြုဆရာမလေး ပြောတဲ့အတိုင်း ဆရာဝန်မကြီးရဲ့ ဆေးခန်းကို ပြေးကြရပြန်တာပေါ့… ဖေဖေကတော့ ပြည်သူ့ဆေးရုံ ( ကိုယ်ဝန်ဆောင်များ မပါ) ဆိုပြီး ဆိုင်းဘုတ် တင်လိုက်ချင်တော့တာပါပဲ…. ဆရာဝန်မကြီးဆီရောက်တော့ ဘယ်မှာမွေးမှာလဲ ထပ်မေးပြန်ရော.. ဆေးရုံးကြီးမှာ မွေးမှာလို့ ဖြေတော့ .. နားကြပ်လေးနဲ့ ဗိုက်ကလေးကို […]