alinsettJanuary 22, 201413min29344
ဆောင်းရယ် . . .နှင်းရယ်. . .ဗုံဗုံရယ်. . .လို ့ ပြောရမလိုပါပဲ ။   🙂   ဇန်နဝါရီ ၂၂ ရက်နေ့ဟာ. . . ကျွန်တော်. . . ညီမလေးတစ်ယောက်လို. . . ချစ်ခင်တွယ်တာရပါသော. . . ရွာသူပျိုဖြူချောလေး ဗုံဗုံရဲ့ . . .မွေးနေ့ပါ။       မွေးနေ့မှာ . . .မင်္ဂလာရှိစွာ ပျော်ရွှင်ပါစေ. ..စိတ်နဲ့ကိုယ် ကျန်းမာလို့ ချမ်းသာပါစေ. . . ဆိုတဲ့ ဆုမွန်ဆန္ဒ စကားလက်ဆောင်တွေအပြင် . . . ထပ်လောင်းပြောချင်တာလေးတွေ ရှိနေပါသေးတယ် ။ […]


sorrowJanuary 20, 20141min36422
အလွမ်းသည် ရင်နှင့်ရင်းပြီး အတောင်ပံမရှိပါပဲနှင့်  ကောင်းကင်တွင် အနေများသည့်  ကျွန်ုပ်၏ နတ်သမီးလေးကို လွမ်းပါသည် ။ ချစ်ခြင်းသည် ပျံသန်းနိုင်သည့် အမြင့်ပျံအတောင်ပံ တစ်စုံကို မွေးဖွားပေးနိုင်လျှင်  ချစ်သူလေး၏ လေယာဉ်ပျံနောက် တကောက်ကောက် ပျံသန်းစောင့်ရှောက်ချင်ပါသည် ။ လွမ်းသည် ဟန်နီ ….. ( ကြည့်…ငတို့ ကချင်တွေက ဘာဆိုဘားမှ  သိပ်မကြူတတ်ဘူး..အာဟိ ) ***************************** ***************************** ***************************** “” ငါကတော့ ကြီးလာရင် ခရီးသွားကုန်ပဏီမှာGM ကြီး လုပ်မယ် “” ”  ဟင့်အင်း ..ငါကတော့ ပါးပါးတို့မာမားတို့လို  ချစ်တီးမကြီးပဲလုပ်မယ် ..အတိုးအကြီးကြီးစားမယ်..နင့်ကိုအကြွေးနဲ့သိမ်းမယ်လေ..ခိခိခိ  ” “” ရော့ မာမား ထည့်ပေးလိုက်တာ ..ချာပါတီနဲ့ မလိုင်နဲ့စား ” “” အင်း ..ရော့… […]


(၁) သည်ရွာကလေးအေးဆေးလွန်းသည်။ စိမ်းလန်းသော တောင်တန်းများနှင့် ရွာပတ်လည် ယာခင်းများက သည်ရွာ၏ အလှကိုပံ့ပိုးပေးထားသည်။ မြေနီနီလမ်းလေးတစ်လျှောက် ဖုန်မည်မျှထူပါစေ ရွာထဲရောက်လျှင်တော့ စိတ်အမောတွေ တစ်ဟုန်ထိုးလျှောကျသွားရစမြဲ။ ရွာသူ ရွာသားများ၏ နူးညံ့ဖော်ရွေမှု၊ ဧည့်ဝတ်ကျေပွန်မှုတွေနှင့်တင် မောသမျှ ပမ်းသမျှပြေပျောက်သွားရသည်။ ဒါက ပြီးခဲ့သော တစ်နှစ်နှစ်ခန့်က။ ခုတော့ ရွာထဲဝင်လိုက်သည်နှင့် မာထန်နေသော မျက်နာများက အိမ်တိုင်း အိမ်တိုင်းဆီမှာ။ မလိုလားသည့်အရိပ်အရောင်တွေကိုယ်စီကိုယ်ငှနှင့်အရင်လို အရယ်အပြုံး မျက်လုံးတွေနှင့် မကြိုတော့။ ရွာကိုမည်သည့်အရာတွေက ပြောင်းလဲပစ်လိုက်သလဲ မပြောတတ်။ အထူးခြားဆုံးက စိတ်သဘောထား နူးညံ့လှသော ရွာလူကြီး ဦးမော်ရယ် ပင်ဖြစ်သည်။ ဦးမော်ရယ် မည်သည့်အကြောင်းကြောင့် သူတို့အဖွဲ့ကို ရွာထဲမလာစေချင်ရတော့သည်လဲ။ မလိုလားသည့် စကားများပြောလာရသည်လဲ။ သူ သိချင်နေသည်။ သူတို့အဖွဲ့သားတွေလည်း သိချင်နေသည်။ သို့သော် မည်သူမျှ ထုတ်ဖော်မမေးကြ။ လူဖြောင့်စိတ်တိုဖြစ်သူ […]


ဓမ္မာ သောက (လက်ခံရမလား)   ကျွန်မတို့ရဲ့ဖေဖေဟာ သားသမီးတွေရဲ့စားဝတ်နေရေး၊ပညာရေးတွေကြောင့် အစိုးရဝန်ထမ်းဘဝကနေ အသက်ငယ်ငယ်နဲ့ဆေးပင်စင်ယူကာ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းမျိုးစုံမှာ ကျင်လည်ခဲ့ရတယ်။ ကိုယ်ပိုင်စီးပွားရေးလို့ဆိုပေမယ့် စီးပွားရေးလုပ်ငန်းအခက်အခဲတွေကြား စိတ်မောလူမောနဲ့ ပင်ပမ်းကြီးစွာ နှစ်ပေါင်းများစွာ ရုန်းကန်လို့ သားသမီးတွေအတွက်တာဝန်ကျေခဲ့ရှာတယ်။   ဆေးလိပ်၊အရက်၊လောင်းကစား၊အပျော်အပါးကင်းစွာ နှစ်ပေါင်းများစွာ စီးပွားရေးလုပ်ငန်း အမျိုးပေါင်းများ စွာကို အခြေကျတိုးတက်လိမ့်နိုးနိုး အကြိုးစားကြီးကြိုးစားခဲ့သော်ငြားလည်း မိသားစုစားလောက်ရုံ၊ သားသမီးတွေပညာသင်နိုင်ရုံကလွဲပြီး ကြီးပွားချမ်းသာမှုမရှိနိုင်ခဲ့ဘူး။ လုပ်ငန်းတစ်မျိုးဟာ အောင်မြင်လာပြီဆိုတိုင်း အခက်အခဲတစ်ခုခုကြောင့် ပျက်စီးခဲ့ရတယ်။ ဒါပေမယ့် ဖေဖေဟာ စိတ်ဓာတ်မကျပဲ သားသမီးတွေအတွက် လုပ်ငန်းမျိုးစုံအောင် လုပ်ကိုင်ရှာဖွေခဲ့ရှာ တယ်။ ဆေးလိပ်ခုံ၊ငပိပွဲရုံ၊မုန့်ဟင်းခါးဖို၊တရုတ်မုန့်ဖုတ်လုပ်ငန်း၊ပဲကြော်/လှော်ဖိုနဲ့လ္ဘက်ခြောက်လုပ်ငန်း၊စက်ဘီးပစ္စည်းအရောင်းဆိုင်၊ သစ်လုပ်ငန်း၊အုတ်ဖုတ်လုပ်ငန်း၊ကားရထားအငှားလုပ်ငန်း၊ခရီးသည်တင်ယာဉ်လေး၊ ကုန်တင်ယာဉ်ကြီး လလ္ဘက်ရည်ဆိုင် စသည်ဖြင့် လုပ်ငန်းမျိုးစုံအောင် တစ်မျိုးမျိုးပြီးတစ်မျိုးပြောင်းလဲစီးပွားရှာခဲ့လိုက်တာ အသက်သာ ၆ဝကျော်သွားတယ် ကျွန်မတို့မိသားစုမချမ်းသာခဲ့ပါဘူး။ အခုဆိုရင် ဖေဖေဟာ သားသမီးလုပ်စားကိုအားကိုးရတဲ့ ဘဝရောက်နေရှာပါပြီ။   ။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။ […]


ခေါင်းစဉ်ကို ထွေထွေထူးထူး ပေးမနေတော့ပါဘူး။ ကြွားချင်လို့ တင်တဲ့ပို့စ်ဆိုတော့လည်း အကြွားပို့စ်လို့ပဲ ခေါင်းစဉ်တပ်လိုက်တယ်။ ငယ်ငယ်တုန်းက အကြောင်းလေးကို ကြွားမလို့ပါ။ အားနာပါးနာ အကြွားခံကြပါဦးနော..။ စာရေးစာဖတ် ဝါသနာပါတဲ့သူဆိုတော့ ငယ်ငယ်ကတည်းက စာစီစာကုံးတွေ ရေးဖြစ်တာတော့ မထူးဆန်းဘူးပေါ့နော်။ စာစီစာကုံး ပြိုင်ပွဲတွေဆိုလည်း ဝင်ပြိုင်ဖြစ်တယ်။ ဆုရတာလည်းရှိ၊ မရတာလည်း ရှိ ပေါ့။ ဘာပဲဖြစ်ဖြစ် အတွေ့အကြုံရတယ်လို့ သဘောထားပြီး ဘာပြိုင်ပွဲမဆို ဝင်ပြိုင်ဖြစ်နေတော့ ပါလေရာပေါ့။ (ဦးဦးပါလေရာ မဟုတ်။) တစ်ခါသားကျတော့ ကိုးတန်းနှစ်မှာ စာစီစာကုံး ပြိုင်ပွဲတစ်ခုအတွက် စာကြည့်တိုက်ထဲ စာသွားဖတ်ရင်းနဲ့ မင်္ဂလာမောင်မယ် ဆိုတဲ့ စာစောင်လေးကို သွားတွေ့တယ်။ အဲဒီမှာ လစဉ် စာစီစာကုံးပြိုင်ပွဲရှိတယ်။ ခေါင်းစဉ်တွေကို သုံးလလောက် ကြိုပေးထားတယ်။ ရေးပြီးရင် စာတိုက်ကနေ ပို့ရတယ်။ ကျွန်မတို့ သူငယ်ချင်းတွေ စိတ်ဝင်စားသွားကြတယ်။ […]


Paing LayJanuary 16, 20141min22617
ကျွန်တော် ငယ်ငယ်တုန်းက နေခဲ့ဖူးတဲ့ အ.ထ.က ၂ ကျောင်းကို ဆရာမဆီ လည်လည်သွားရင် ကျွန်တော့်ညီ ဆုပေးပွဲမှာ ပါဝင်ဖျော်ဖြေမည်ဟု သိရသဖြင့် သွားဖြစ်ခဲ့ပါသည်။   ဖျော်ဖြေမည့် တစ်ခန်းရပ် ပြဇာတ်နာမည်ကား ဆရာကြီး “မင်းသုဝဏ်” ၏ “ဘကြီးအောင် ညာတယ်” စကားပြေကို တင်ဆင်ကပြမည်ဖြစ်သည်။ နောက်ခံပန်းချီကားမရှိ၊ နောက်ခံတီးလုံးမရှိ၊ ဆလိုက်မီး မရှိ။ ရှိတဲ့ ပစ္စည်းများ ဖြင့် ထိထိရောက်ရောက်တင်ဆက်သွားပုံမှာ နှစ်ထောင်းအားရဖွယ်ဖြစ်သည်။   စူး၊ဆောက်၊တူ များကိုကိုင်ပြီး ပါးစပ်တွင် ဆေးတံခဲထားသော လူကြီးတစ်ယောက်က ကြမ်းပြင်ပေါ်တွင် ပန်းပုရုပ်တစ်ခုကို ထုဆစ်နေသည်။ သူ့အမည်က “ဦးအောင်ချာ(ခ) ဘကြီးအောင်”။ ထိုအချိန်တွင် လွယ်အိတ်လွယ်လျက်ဝင်လာသော လူငယ်လေးတစ်ယောက်။ သူက အဓိကသရုပ်ဆောင် “မောင်ဖိုးချစ်”။ အပြန်အလှန်စကားပြောကြသည်။ “ဘကြီးအောင် မင်္ဂလာပါဗျ။” “မင်္ဂလာပါမြေး၊ […]


  ညနေခြောက်နာရီထိုးတော့မယ်ဆိုရင်မယ်ရင့် စိတ်တွေလှုပ်ခတ်နေပြီ။ ခြေလက်မျက်နာသန့်စင်ရုံပဲ သန့်စင်နိုင်ပြီး အကြီးကောင်ကိုမြန်မြန်လှမ်းခေါ်ရတယ်။ အရေးအကြောင်းဆို အကြီးကောင်လည်း အိမ်မှမရှိတတ်ဘူး။ ပျောက်ရင်အိမ်နောက်ဘေးလမ်းမှာ ချည်းပဲ။ မယ်ရင် ခြံစည်းရိုးပေါ်ကနေ လှမ်းခေါ်မှ မျက်နာစူအောင့်အောင့်နဲ့မလာချင်လာချင်ပြန်လာတာ။ ဒီလိုဆိုရင်တော့ လာထားပဲ။ မယ်ရင့်လက်ကလည်းမြန်သလားမမေးနဲ့ အကြီးကောင်ရဲ့ခေါင်းကိုဒေါက်ခနဲခေါက်ချပြီး မယ်ရင် သိချင်တာကို ခိုင်းရတယ်။   “သွား အဘရုံဒီနေ့ညဘာကားလဲလို့၊သေသေချာချာဖတ်ခဲ့နော်၊ လွဲလို့ကတော့ အသေပဲ၊ သွားမြန်မြန်“ အကြီးကောင်က မဲ့တဲ့တဲ့ထွက်သွားပြီဆိုမယ်ရင် အငယ်နှစ်ယောက်ကို ခေါ်ရပြန်တယ်။ အငယ်နှစ်ယောက်ကလည်း အကြီးကောင်လိုပဲ နောက်ဖေးလမ်းကြားထဲမှာကျွတ်ကျွတ်ကိုညံအောင် ဒီး ကူ ဒီး ကူ ဒိုင်း ဒိုင်းလို့ အော်နေတုန်း။ နေပါလေ့စေဦး..။   (၁)   “ ဒါက ဘယ်လဲ“   ကျွတ်။ နေ့တိုင်းလည်း မယ်ရင်ညနေခြောက်နာရီကျော်ရင် ဘယ်သွားမလဲဆိုတာသိနေရက်နဲ့ထပ်ထပ်မေးတာလောက် စိတ်ပျက်တာမရှိဘူး။မေးလိုက်ရင် […]


San Hla GyiJanuary 12, 20141min25918
(ယခင်လမှ အဆက်) အခန်း(၆) ပြန်ခါနီး မစ္စတာလိုကျင်း တယောက် စိတ်ပျက်စွာဖြင့် ရုံးခန်းထဲ ထိုင်နေမိသည်။ ဖြစ်ရပုံက မိမိဌာနမှ ဘူးဆန်းဆိုသော လူငယ် တယောက်ကြောင့် ဖြစ်သည်။ မစ္စတာလိုသည် တခြားဌာနမှ လူများ အတွက်သာ ကြောက်စရာ ဖြစ်နေသော်လည်း မိမိဌာနမှ တပည့်တွေ အတွက်တော့ ကြက်သားအုပ်မကြီးက ကြက်ကလေးတွေကို အကာအကွယ် ပေးသလို စောင့်ရှောက် ကာကွယ်ပေးတတ်သည်။ ဒီနေ့ ဖြစ်ရပုံများတော့ မပြောချင်တော့ဟု မစ္စတာလို တွေးနေမိသည်။ ဒါရိုက်တာအဖွဲ့ အစည်းအဝေး ရှိသဖြင့် သူ့အနေနဲ့ နေသိပ်မကောင်းတာတောင် ရုံးကို လာခဲ့သည်။ အစည်းအဝေးခန်းထဲမှာ သူဌေးကြီး ကေကေဝမ် အပါအဝင် အခြားဌာနများမှ လူကြီးများနဲ့ ဆွေးနွေးအပြီး အစည်းအဝေး ပြီးခါနီးတွင် မစ္စတာဝမ်က သူ့ကို ပြောစရာရှိလို့ ဆိုပြီး […]


လူဖြစ်ရခြင်း၏ ဒုက္ခကို ကျွန်မတော့ ကောင်းကောင်းကြီးခံစားဖူးပြီ။ ထိုအထဲမှာမိန်းမသားဖြစ်ရသော ဘဝကို ရွံရှာစက်ဆုပ်လာမိပြန်သည်။ ထိုအတွေးကိုမတွေးမိအောင် နေခဲ့ရင်းမှ ယနေ့ညအော်နေသောသံဆိုးသံကြောင်များကြောင့် ဆက်လက်တွေးတောမိရသည်။ နားနှစ်ဖက်ကိုပိတ်ဆို့ထားသည့် ခေါင်းအုံးထူထူသည်ပင် ထုတ်ချင်းပေါက်သည့် ထိုအသံများကို ကျွန်မမကြားချင်။ ည ရှစ်နာရီသာရှိသေးသော်လည်းတိတ်ဆိတ်ငြိမ်သက်နေသော ကျွန်မ၏ အိမ်သည့် ခြောက်ခြားစရာကောင်းလွန်းသည်ဟုထင်သည်။ ကျွန်မ၏ အိမ်ကလမ်းမကြီးဘေးတွင်ကပ်လျှက် တည်ရှိသည့်တိုင် သည်ညတိတ်ဆိတ်လွန်းလှသည်။ ရံဖန်ရံခါ ဖြတ်သန်းသွားသောဆိုင်ကယ်သံများပင်လျှင် မကြားရ။ သို့သော် နားစည်တွင် လာလာရိုက်ခတ်နေသောအသံများကိုဆက်တိုက်ကြားလာနေရသည်။ ကျွန်မစိတ်ကို ကျွန်မအတတ်နိုင်ဆုံးထိန်းချုပ်ထားလျှက် အခန်းပြင်ကိုမထွက်မိအောင် အောင့်အည်းနေရသည်။ ထိုဒုက္ခသည် ကျွန်မအတွက် မသေးလှ။ ကျွန်မအိပ်ခန်းအပြင်ကိုခြေကျွံမိလျှင် ဘာတွေဖြစ်လာမလဲမပြောနိုင်။ ထိုအသံများရပ်တန့်သွားအောင် ကျွန်မဘယ်လိုနည်းနှင့်မှ မစွမ်းဆောင်နိုင်သည်ကတော့ သေချာသည်။ ဒါသည်ပင် မိန်းမသားဖြစ်ရသောမိန်းမတစ်ယောက်၏ ဒုက္ခဟု ကျွန်မခံယူထားရသည်။ (၁) နံနက်တွင်တော့ သူဟူသော ကျွန်မခင်ပွန်း၏ မျက်နာသည် တည်ကြည်လေးနက်လွန်းသည်။ ကျွန်မ၏ […]


marblecommetJanuary 10, 20141min20011
(၁) လူတစ်ယောက် ကျွန်မကို ကြည့်နေတာ ကြာပြီ။ ကျွန်မလည်း ဆုံးဖြတ်ထားပြီးပါပြီ။ အချိန်လည်း မရှိတော့ဘူးမဟုတ်လား။ နောက်ခဏဆိုရင် ဆိုင်လည်း သိမ်းတော့မယ်လေ။ ကျွန်မ ဒီဆိုင်မှာ ထိုင်နေခဲ့တာ အချိန်အတော်ကြာခဲ့ပြီပဲ။ ဘာတွေ တွေးနေလို့ဒီလောက်အကြာကြီး ထိုင်နေမိတာလဲဆိုတာကိုတောင် ကျွန်မကိုယ်ကျွန်မ မမှတ်မိတော့ပါဘူး။ ကျွန်မအတွက် တကယ်တမ်းကျတော့ တွေးစရာတွေလည်း များများစားစား မရှိတော့ပါဘူး။ အခုအချိန်မှာ အရာရာကို အရှုံးပေးလိုက်ဖို့ ကျွန်မ ပြင်ဆင်ထားခဲ့ပြီးပါပြီ။ ဘုရားသခင်ကိုလည်း ကျွန်မ လက်မြှောက်ကြောင်းကို လွန်ခဲ့တဲ့အချိန်အနည်းငယ်က အသိပေးခဲ့ပြီးပါပြီ။ ကျွန်မ မျှော်လင့်ထားတဲ့အတိုင်းပါပဲ။ ဟိုလူ ကျွန်မဆီကို ထလာတယ်။ “သွားရအောင်လေ” ဘုရားရေ့…ကျွန်မ ထင်ထားတာထက် ပိုပြီး တိကျတဲ့အသုံးအနှုန်းနဲ့ ကျွန်မကို ခေါ်နေပါပြီ။ လွန်ခဲ့တဲ့တစ်လလောက်က နယ်မြို့ကြီးတစ်မြို့ရဲ့ တက္ကသိုလ်တစ်ခုက တတိယနှစ်ကျောင်းသူတစ်ယောက်ဟာ အခုအချိန်မှာ လူစိမ်းတစ်ယောက်ရဲ့ တိတိကျကျ […]


alinsettJanuary 6, 20144min15011
ပန်းတစ်ပွင့် ___________________________________   ညက အိပ်မပျော်ခဲ့သောကြောင့် မကြည်လင်သော အမြင်ဖြင့် . . . လောကကို ဇောက်ထိုးကြည့်မိသည်။   မလှ ။ ဘယ်အရာမှ မလှ ။   ညက ဘာလို့ အိပ်မပျော်ခဲ့သလဲဆိုတာလည်း . . . ပြန်မတွေးချင် ။   ဒါပေမယ့် အတွေးဆိုတာ မသိစိတ်ရဲ့ခေါ်ဆောင်ရာ ဘယ်ဋ္ဌာနမဆို လိုက်သွားရတာပဲ မဟုတ်လား ။   အိပ်မက် မက်ခြင်းမဟုတ် ။   စိတ်ကူးယဉ်ခြင်း မဟုတ် ။   အနာဂတ်အတွက် အစီအစဉ်တွေ ရေးဆွဲနေခြင်းလည်း . . . မဟုတ် ။   ဘာဆိုဘာမှ မဟုတ်ဘူးတော့လည်း. […]


ကျော်ဘသစ်January 4, 20141min18611
သားပိုက်ကောင်ဟာ သားပိုက်ကောင်မေတ္တာနဲ့ သူ့ရင်သွေးသူ သားလိုပိုက်ထားတာ ကိစ္စမရှိဘူး။ ဝက်တစ်ကောင်က သားပိုက်ကောင်ဘာသာစကားပြောပြီး သူ့ဗိုက်အောက်ချိတ်ဆွဲထားတဲ့ ကြွပ်ကြွပ်အိတ်ထဲမှာ ကြက်ပေါက်စလေးတွေ ထည့်လွယ်ထားမယ်ဆိုရင်တော့ ဒါဟာ မေးခွန်းထုတ်စရာ ဖြစ်တယ်။ ခင်ဗျား ဒီကြက်ကလေးတွေ ကြီးအောင်မွေးပြီး ဥကိုစားမှာလား အသားကို စားမှာလား…လို့။ ပြီး ခင်ဗျားကိုယ်တိုင် ခင်ဗျားလည်း မေး ခင်ဗျားရင်သွေးကို ခင်ဗျား တကယ်ချစ်သလား တစ်ဦးချင်းရဲ့ဘဝအား တကယ်တမ်း လေးစားမိသလား လွတ်လပ်မှုဆိုတာကို ခင်ဗျား ယုံကြည်ပါသလား။ ခင်ဗျားလို ဖြစ်တည်နေသူ သတ္တခန္ဓာတစ်ခုရဲ့ ယုံကြည်ခွင့် ရွေးချယ်ခွင့် ပြုမူလှုပ်ရှားခွင့် မှန်ခွင့်၊ မှားခွင့် ရင့်ကျက်ခွင့်၊ တည့်မတ်ခွင့် ကိုယ့်တရားကိုယ် စီမံ ကိုယ့်အန္တရာယ်ကိုယ် ကာကွယ်ပိုင်ခွင့် ဒါတွေခွင့်ပြုဖို့ အဆင်သင့်ဖြစ်ပြီလား။ လဲလျှောင်းနေတဲ့ဘဝဟာ ဘယ်တော့မှ ဖြစ်တည်လာမှာ မဟုတ်ဘူး။ တစ်သက်တာ ကိုယ်မှာပိုက်ထားသမျှ […]


johnnydeerJanuary 2, 20141min18716
ကျွန်တော် လုပ်ခဲ့ဘူးတဲ့ အလုပ်တွေထဲမှာ လိုင်းကားမောင်းတဲ့ ကားဒရိုင်ဘာဘဝကို ငါးနှစ်လောက် ဖြတ်သန်းခဲ့ဘူးတယ်…နေ့ဓဒူဝ မနက်ငါးနာရီဆို အိပ်ယာထ…အလှည့်ချိတ်…လူပြည့်ရင် မန်းလေးဆင်း…မန်းလေးနေပူပူကို တနေ့လုံးခံ…လမ်းဘေးမှာ နေစရာမရှိ…ထိုင်စရာမရှိ…ရှိတဲ့အရိပ်သေးသေးလေးအောက် စုပြုံတိုး….ညနေစောင်း လူရရ မရရ မေမြို့ ပြန်တက်…ပြန်ရောက်တော့မောမောနဲ့အိပ်… ဒီလို နေ့တွေကို အကြာကြီး ဖြတ်သန်းခဲ့ရဖူးတယ်..သူငယ်ချင်းတွေကြားထဲ ဒီကောင်က ကားသမားလေ…ဆိုပြီးလဲ မိတ်ဆက်ပေးခြင်းမျိုး ခံခဲ့ရဘူးတယ်…သည့်အတွက် စိတ်ထဲလဲ ဘာမှ ရှက်စရာ…သိမ်ငယ်စရာ လို့မယူဆခဲ့ပါဘူး…အခုထက်ထိလဲ ကားမောင်းခဲ့ရတုန်းက အချိန်တွေကို သတိတရ ပြောဆိုနေတုန်းပါပဲ…ငါးနှစ်ဆိုတဲ့ အဲ့ဒီကာလလေးက ဘာမှ သိပ်မကြာလိုက်ပေမယ့် လူတွေပေါင်းစုံနဲ့ ဆက်ဆံခဲ့ရတယ်…လူတွေအကြောင်းကို အရင်ကထက် ပိုသိခဲ့ရတယ်…အထူးသဖြင့် လူတွေ ဘယ်လိုလေသံနဲ့ ဘယ်လိုစကားဟလာရင် ဘာကိုဆိုလိုတယ်ဆိုတာကို အရင်ကထက် ကောင်းကောင်းကြီး သဘောပေါက်လာခဲ့ရတယ်…လူ့သဘော လူ့မနောကို အရင်ကထက် ပိုသိနားလည်ခဲ့ရလို့ ကားမောင်းနေရတဲ့ဘဝကို အခုထက်ထိလဲ ဂုဏ်ယူမိနေတုန်းပါပဲ… လူတွေအကြောင်းတွေးမိရင် တခါတလေ […]