ကျွန်တော် လုပ်ခဲ့ဘူးတဲ့ အလုပ်တွေထဲမှာ လိုင်းကားမောင်းတဲ့ ကားဒရိုင်ဘာဘဝကို ငါးနှစ်လောက် ဖြတ်သန်းခဲ့ဘူးတယ်…နေ့ဓဒူဝ မနက်ငါးနာရီဆို အိပ်ယာထ…အလှည့်ချိတ်…လူပြည့်ရင် မန်းလေးဆင်း…မန်းလေးနေပူပူကို တနေ့လုံးခံ…လမ်းဘေးမှာ နေစရာမရှိ…ထိုင်စရာမရှိ…ရှိတဲ့အရိပ်သေးသေးလေးအောက် စုပြုံတိုး….ညနေစောင်း လူရရ မရရ မေမြို့ ပြန်တက်…ပြန်ရောက်တော့မောမောနဲ့အိပ်… ဒီလို နေ့တွေကို အကြာကြီး ဖြတ်သန်းခဲ့ရဖူးတယ်..သူငယ်ချင်းတွေကြားထဲ ဒီကောင်က ကားသမားလေ…ဆိုပြီးလဲ မိတ်ဆက်ပေးခြင်းမျိုး ခံခဲ့ရဘူးတယ်…သည့်အတွက် စိတ်ထဲလဲ ဘာမှ ရှက်စရာ…သိမ်ငယ်စရာ လို့မယူဆခဲ့ပါဘူး…အခုထက်ထိလဲ ကားမောင်းခဲ့ရတုန်းက အချိန်တွေကို သတိတရ ပြောဆိုနေတုန်းပါပဲ…ငါးနှစ်ဆိုတဲ့ အဲ့ဒီကာလလေးက ဘာမှ သိပ်မကြာလိုက်ပေမယ့် လူတွေပေါင်းစုံနဲ့ ဆက်ဆံခဲ့ရတယ်…လူတွေအကြောင်းကို အရင်ကထက် ပိုသိခဲ့ရတယ်…အထူးသဖြင့် လူတွေ ဘယ်လိုလေသံနဲ့ ဘယ်လိုစကားဟလာရင် ဘာကိုဆိုလိုတယ်ဆိုတာကို အရင်ကထက် ကောင်းကောင်းကြီး သဘောပေါက်လာခဲ့ရတယ်…လူ့သဘော လူ့မနောကို အရင်ကထက် ပိုသိနားလည်ခဲ့ရလို့ ကားမောင်းနေရတဲ့ဘဝကို အခုထက်ထိလဲ ဂုဏ်ယူမိနေတုန်းပါပဲ… လူတွေအကြောင်းတွေးမိရင် တခါတလေ […]