ဦးကျောက်ခဲ စာမရေးတာလည်းကြာပြီဆိုတော့ ရှေးဖြစ်ဟောင်း အောက်မေ့ဖွယ်ကလေးနဲ့ လက်ပြန်သွေးလိုက်ဦးမယ်ခင်ဗျ။ ဒီလိုပါ… ၈၈ အရေးတော်ပုံကြီးပြီးသွားတော့ မောင်ကျောက်ခဲ တက်ကြွတဲ့ကြက်ဖလုပ်လိုက်တာ ကံကောင်းလို့ အင်းစိန်တောရမှာ ဝါမဆိုရတာခင်ဗျ ။ ဒါတောင် အခုကော်ဖီဆိုင်ဖွင့်ထားတဲ့ ဘဘထောက်ချုပ်ဟောင်းကြီးရဲ့ တပည့်တွေ အတော် ထုထောင်းလွှတ်လိုက်တာတော့ ခံခဲ့ရသေးတာပေါ့။ သူ့စကားအရဆိုရင်တော့ ဥပဒေချိုးဖောက်တဲ့ ရာဇဝတ်သားတွေပေါ့ဗျာ ။ ပြန်စဉ်းစားမိရင် အဟောင်းတွေက အသစ်ဖြစ်လို့ မစဉ်းစားချင်ပေမည့် သင်းကိုတော့ ဘယ်လိုမှ မေတ္တာလည်းထားမရ ၊ ဥဒါန်းလည်းမကြေနိုင်ပါဘူး။ အနှီ ထောက်လှမ်းရေးများနှိပ်စက်လို့ ပျက်ခဲ့ရတဲ့ဘဝတွေ မရေတွက်နိုင်သလို ၊ သန်း၆ဝသော မြန်မာပြည်သားများရဲ့ စိတ်ဓာတ်တွေကို ရိုက်ချိုးသွားတဲ့ စာဖတ်နေတဲ့ ဘဘကြီးနဲ့အဖွဲ့ကိုလည်း အတော် မေတ္တာတုံးပါတယ်။ ထားပါတော့ဗျာ၊ အဲသည့်လို အငြိမ်မနေတတ်လေတော့ မာတာမိခင်စိတ်တွေပူပြီး မွေးသဖခင်ရဲ့ ဇာတိချက်ကြွေမွေးရပ်မြေကို ပို့လိုက်တယ်ခင်ဗျ။ […]